ပို့ကုန်ပိုမိုဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများက ယခုထက်ပိုမိုပေါင်းစပ်ညှိနှိုင်းပေးစေလိုကြောင်း ဒုတိယဝန်ကြီးချုပ် ပြော
459
နာမူ (NP News) - နိုဝင်ဘာ ၂၈
ပို့ကုန်ပိုမိုဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများက ယခုထက်ပိုမိုပေါင်းစပ်ညှိနှိုင်းပေးစေလိုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်)က နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေးဗဟိုကော်မတီ၏ (၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်တန်ဖိုးမှာ သွင်းကုန်တန်ဖိုးထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ကုန် သွယ်မှုတန်ဖိုးအရ ပိုငွေ(Trade Surplus) ရရှိခဲ့ပြီး ထို့ကဲ့သို့ ရရှိခဲ့သော် လည်း CMP ပို့ကုန်ဆောင်ရွက်နိုင်မှုတွင် ကာလတူနှိုင်းယှဉ်ပါက လျော့ နည်းသွားသည့်အတွက် ပို့ကုန်ပိုမိုဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာများက ယခုထက် ပိုမိုပေါင်းစပ်ညှိနှိုင်းပေးစေလိုကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။
ပြည်ပပို့ကုန်လျာထားချက်များ ပြည့်မီကျော်လွန်စေရန် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် UMFCCI ၊ MRF တို့အပြင် ညီနောင်အသင်းအဖွဲ့များကပါ ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်ကြရန်လိုပြီး ပို့ကုန်အမယ်သစ်များတင်ပို့နိုင်ရေး ဈေးကွက်အသစ်များ ရှာဖွေနိုင်မှသာ ပြည်ပပို့ကုန်များ တိုးတက်တင်ပို့လာနိုင်ပြီး နိုင်ငံခြားသုံးငွေများ ပိုမိုဝင်ရောက်လာမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန် - ကော့သောင်း - ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာ စနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လမှစတင်ဆောင်ရွက်ခဲ့ရာ တင်ပို့မှုနှင့်တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများ၏ အခက်အခဲများကို တာဝန်ရှိသူများက စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးနေကြရမည်ဖြစ်ကာ အဆက်အသွယ်မရသည့် ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန် ပျက်ကွက်နေသည့် ကုမ္ပဏီများကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် အရေးယူဆောင်ရွက်သွားရမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
zawgyi version
ပို႔ကုန္ပိုမိုေဆာင္႐ြက္ႏိုင္ေရး ဌာနဆိုင္ရာမ်ားက ယခုထက္ပိုမိုေပါင္းစပ္ညႇိႏႈိင္းေပးေစလိုေၾကာင္း ဒုတိယဝန္ႀကီးခ်ဳပ္ ေျပာ
နာမူ (NP News) - ႏိုဝင္ဘာ ၂၈
ပို႔ကုန္ပိုမိုေဆာင္႐ြက္ႏိုင္ေရး ဌာနဆိုင္ရာမ်ားက ယခုထက္ပိုမိုေပါင္းစပ္ညႇိႏႈိင္းေပးေစလိုေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၂၇ ရက္)က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးတြင္ က်င္းပခဲ့သည့္ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ ဆန္ေစေရးဗဟိုေကာ္မတီ၏ (၄) ႀကိမ္ေျမာက္လုပ္ငန္းညႇိႏႈိင္းအစည္း အေဝး၌ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လုပ္ငန္းညႇိ ႏႈိင္းအစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီးက ပို႔ကုန္တန္ဖိုးမွာ သြင္းကုန္တန္ဖိုးထက္ ပိုမိုေဆာင္႐ြက္ႏိုင္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ကုန္ သြယ္မႈတန္ဖိုးအရ ပိုေငြ(Trade Surplus) ရရွိခဲ့ၿပီး ထို႔ကဲ့သို႔ ရရွိခဲ့ေသာ္ လည္း CMP ပို႔ကုန္ေဆာင္႐ြက္ႏိုင္မႈတြင္ ကာလတူႏႈိင္းယွဥ္ပါက ေလ်ာ့ နည္းသြားသည့္အတြက္ ပို႔ကုန္ပိုမိုေဆာင္႐ြက္ႏိုင္ေရးဌာနဆိုင္ရာမ်ားက ယခုထက္ ပိုမိုေပါင္းစပ္ညႇိႏႈိင္းေပးေစလိုေၾကာင္း ဒုတိယဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။
ျပည္ပပို႔ကုန္လ်ာထားခ်က္မ်ား ျပည့္မီေက်ာ္လြန္ေစရန္ ပိုမိုတိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ ဆက္စပ္ဝန္ႀကီးဌာနမ်ားႏွင့္ UMFCCI ၊ MRF တို႔အျပင္ ညီေနာင္အသင္းအဖြဲ႕မ်ားကပါ ပူးေပါင္း၍ တက္ညီလက္ညီေဆာင္႐ြက္ၾကရန္လိုၿပီး ပို႔ကုန္အမယ္သစ္မ်ားတင္ပို႔ႏိုင္ေရး ေဈးကြက္အသစ္မ်ား ရွာေဖြႏိုင္မွသာ ျပည္ပပို႔ကုန္မ်ား တိုးတက္တင္ပို႔လာႏိုင္ၿပီး ႏိုင္ငံျခားသုံးေငြမ်ား ပိုမိုဝင္ေရာက္လာမည္ျဖစ္သည္ဟု ၎က ေျပာၾကားခဲ့သည္။
နယ္စပ္ကုန္သြယ္မႈနည္းလမ္း (Border Trade Method) ျဖင့္ (ရန္ကုန္ - ေကာ့ေသာင္း - ရေနာင္း) ႏွင့္ (ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္) သို႔ ကြန္တိန္နာ စနစ္ျဖင့္ တင္ပို႔/တင္သြင္းျခင္းအား ျမန္မာ့စက္မႈဆိပ္ကမ္း (MIP) ႏွင့္ The Myanmar Terminal (TMT) ဆိပ္ကမ္းမ်ားတြင္ ၂၀၂၄ ခုႏွစ္ ဇြန္လမွစတင္ေဆာင္႐ြက္ခဲ့ရာ တင္ပို႔မႈႏွင့္တင္သြင္းမႈမ်ား ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယာယီအျပည္ျပည္ဆိုင္ရာ ကုန္တင္/ ကုန္ခ်ဆိပ္ကမ္းမ်ားတြင္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလအထိ အေမရိကန္ေဒၚလာ ၅၉ ဒသမ ၉၉၆ သန္းဖိုး တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက ပို႔ကုန္ရေငြ ဝင္ေရာက္ရန္ က်န္ရွိသည့္ကုမၸဏီမ်ား၏ အခက္အခဲမ်ားကို တာဝန္ရွိသူမ်ားက စဥ္ဆက္မျပတ္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီး ကူညီေဆာင္႐ြက္ေပးေနၾကရမည္ျဖစ္ကာ အဆက္အသြယ္မရသည့္ ကုမၸဏီမ်ားႏွင့္ ဝန္ခံကတိျပဳထားၿပီး ေပးသြင္းရန္ ပ်က္ကြက္ေနသည့္ ကုမၸဏီမ်ားကို သက္ဆိုင္ရာဌာနမ်ား၏ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း အဆင့္ဆင့္ အေရးယူေဆာင္႐ြက္သြားရမည္ဟုလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။