(၁၀)လတာ ကာလအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၁၂)ရာခိုင်နှုန်းခန့် ကျဆင်း
206
စော (NP News) - နိုဝင်ဘာ ၃ဝ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လတာကာလအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်(၂၀၂၃ ခုနှစ်) နှင့် နှိုင်းယှဉ်ပါက (၁၂)ရာခိုင်းနှုန်းခန့် ကျဆင်းလာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
(၁၀)လအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား (၈၉၈,၉၇၁) ဦး ဝင်ရောက်ခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ခရီးသွား(၃)ထောင်ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် (၂၀၂၃) ခုနှစ်၊ အလားတူကာလ၌ ပြည်ပ ခရီးသွား (၁,၀၂၅,၅၀၃)ဦးဝင်ရောက်ခဲ့ရာ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ခရီးသွားဧည့်သည် (၁၂၆,၅၃၂)ဦး လျော့ကျသွား ၍ ရာခိုင်နှုန်းအားဖြင့် (၁၂)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
“၂၀၁၉ (ကိုဗစ်ကာလမတိုင်ခင်) အခြေအနေတော့ ပြန်တော့မရောက်သေးဘူး” ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလပိုင်းက ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄)ခုကို ခရီးသွားအကြံပြုချက်တွင် ဖော်ပြထားပြီး ယခုနှစ် ၌ ဒေသအတွင်း မတည်ငြိမ်မှုများနှင့် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကြောင့် တစ်ချို့နေရာများသို့ သွားရောက်လည်ပတ်ရန် အခက်အခဲများရှိနေခဲ့သည်။
“ခရီးသွားတွေက ပြည်တွင်းကိုလာတာတွေက နည်းသွားတယ်ဆိုတာက မှန်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပွင့်လင်းရာသီမှာ ပြီးခဲ့နှစ်က သွားလာနိုင်တဲ့နေရာတွေထက် ဒီနှစ်မှာ သွားနိုင်တဲ့နေရာတွေက ပိုနည်းသွားတယ်။ ဒီလိုဟာတွေကြောင့်မိုလို့ ခရီးသွားတွေနည်းလာတာလို့ ကျွန်တော်တို့ ယူဆရပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ပါ တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ အကျိုးသက်ရောက်မှု ဖြစ်ပေါ် လာတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောသည်။
မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားခရီးသွားများသည် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ နှင့် ဗီယက်နမ်တို့မှလည်း လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပခရီးသွားများအတွက် တရုတ်နှင့် ရုရှားအပါအဝင် အိန္ဒိယ၊ ဟောင်ကောင်၊ ကိုရီးယား နှင့် ဂျပန် တို့ကို Visa on Arrival (ဆိုက်ရောက်ဗီဇာ) ခွင့်ပြုပေးထားပြီး မလေးရှားနိုင်ငံမပါ အာဆီယံနိုင်ငံ(၈)နိုင်ငံကိုလည်း ဗီဇာကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။
“ဒီထိုင်းနိုင်ငံဈေးကွက်ကိုကတော့ ကျိုက်ထီးရိုးကို မဖြစ်မနေ Promote လုပ်ရမယ့် အခြေအနေရှိပါတယ်။ ကျိုက်ထီးရိုးကို ဥပမာအားဖြင့်ဆို ထိုင်းနိုင်ငံသားတွေလာတာလျော့နည်းသွားပေမယ့်လည်း ဒီနှစ်မှာဆို ပြည်တွင်း ခရီးသွားတွေက အများအပြားသွားရောက်ခဲ့တာရှိတယ်။ အဲဒီအများအပြားသွားရောက်ခဲ့တဲ့ ပုံရိပ်ပေါ့နော်။ စိတ်ချရတယ်။ သွားလို့ရတယ်ဆိုတဲ့ပုံရိပ်ကို အသုံးပြုပြီးတော့ ထိုင်းနိုင်ငံဈေးကွက်မှာ ပြန်ပြီးတော့ မြန်မာနိုင်ငံ သားခရီးသွားတွေကတော့ အများအပြား သွားရောက်နေကြပါပြီဆိုတဲ့ ထိုင်းနိုင်ငံဘက်ကို ဆွဲဆောင်ပြီးတော့ သွားမယ်ဆို ထိုင်းနိုင်ငံသားတွေအနေနဲ့လည်း သွားရောက်လည်ပတ်လိုတဲ့ဆန္ဒတွေ ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် မို့ တိတိကျကျလေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဥပမာ-ထိုင်းနိုင်ငံဈေးကွက်ကို ပုဂံတို့၊ အင်းလေးတို့ဒေသကို ဆွဲဆောင်ရင် စိတ်မဝင်စားဘူး။ အဲဒါကြောင့် ကျိုက်ထီးရိုးနဲ့ ပဲခူး၊ ရန်ကုန်ကို Target ပြီးတော့ Marketing သေချာ လုပ်ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ သွားရောက်ရှင်းလင်းပြတာမျိုးတွေ ဆက်တိုက်လုပ်မှ ခရီးသွားတွေ ပိုပြီး တော့ စိတ်ဝင်စားလာမယ့် အခြေအနေရှိပါတယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။
ဟိုတယ်နှင့်သွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာရန် ခရီးသွား မြှင့်တင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး Online ဖြင့် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ခြင်း နှင့် ပြပွဲ များသို့သွားရောက်ကာ ခရီးသွားဖိတ်ခေါ်ခြင်းများလည်း ရှိကြောင်း သိရသည်။
Zawgyi Version;
(၁၀)လတာ ကာလအတြင္း ျပည္ပခရီးသြားဝင္ေရာက္မႈ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက (၁၂)ရာခိုင္ႏႈန္းခန႔္ က်ဆင္း
ေစာ (NP News) - ႏိုဝင္ဘာ ၃ဝ
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (၁၀)လတာကာလအတြင္း ျပည္ပခရီးသြားဝင္ေရာက္မႈ ယခင္ႏွစ္(၂၀၂၃ ခုႏွစ္) ႏွင့္ ႏႈိင္းယွဥ္ပါက (၁၂)ရာခိုင္းႏႈန္းခန႔္ က်ဆင္းလာေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
(၁၀)လအတြင္း ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြား (၈၉၈,၉၇၁) ဦး ဝင္ေရာက္ခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ ခရီးသြား(၃)ေထာင္ခန႔္ ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ (၂၀၂၃) ခုႏွစ္၊ အလားတူကာလ၌ ျပည္ပ ခရီးသြား (၁,၀၂၅,၅၀၃)ဦးဝင္ေရာက္ခဲ့ရာ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ခရီးသြားဧည့္သည္ (၁၂၆,၅၃၂)ဦး ေလ်ာ့က်သြား ၍ ရာခိုင္ႏႈန္းအားျဖင့္ (၁၂)ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း သိရသည္။
“၂၀၁၉ (ကိုဗစ္ကာလမတိုင္ခင္) အေျခအေနေတာ့ ျပန္ေတာ့မေရာက္ေသးဘူး” ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလပိုင္းက ပြင့္လင္းရာသီကာလအတြင္း ဦးစားေပးသြားလာလည္ပတ္သင့္သည့္ ခရီးစဥ္ေဒသ (၁၄)ခုကို ခရီးသြားအႀကံျပဳခ်က္တြင္ ေဖာ္ျပထားၿပီး ယခုႏွစ္ ၌ ေဒသအတြင္း မတည္ၿငိမ္မႈမ်ားႏွင့္ ေရေဘးျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေၾကာင့္ တစ္ခ်ိဳ႕ေနရာမ်ားသို႔ သြားေရာက္လည္ပတ္ရန္ အခက္အခဲမ်ားရွိေနခဲ့သည္။
“ခရီးသြားေတြက ျပည္တြင္းကိုလာတာေတြက နည္းသြားတယ္ဆိုတာက မွန္ပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြအရ ပြင့္လင္းရာသီမွာ ၿပီးခဲ့ႏွစ္က သြားလာႏိုင္တဲ့ေနရာေတြထက္ ဒီႏွစ္မွာ သြားႏိုင္တဲ့ေနရာေတြက ပိုနည္းသြားတယ္။ ဒီလိုဟာေတြေၾကာင့္မိုလို႔ ခရီးသြားေတြနည္းလာတာလို႔ ကြၽန္ေတာ္တို႔ ယူဆရပါတယ္။ စီးပြားေရးနဲ႔ ႏိုင္ငံေရးနဲ႔ပါ တိုက္႐ိုက္ခ်ိတ္ဆက္ေနတာျဖစ္တဲ့အတြက္ အဲဒီအေပၚမွာ အက်ိဳးသက္ေရာက္မႈ ျဖစ္ေပၚ လာတယ္လို႔ပဲ ကြၽန္ေတာ္တို႔ ယူဆပါတယ္”ဟု ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ဒုဥကၠ႒ ဦးေနာင္းေနာင္းဟန္ က ေျပာသည္။
ျမန္မာႏိုင္ငံသို႔လာေရာက္သည့္ ႏိုင္ငံျခားသားခရီးသြားမ်ားသည္ ထိုင္းႏိုင္ငံမွ အမ်ားဆုံးျဖစ္ၿပီး တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ ႏွင့္ ဗီယက္နမ္တို႔မွလည္း လာေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပည္ပခရီးသြားမ်ားအတြက္ တ႐ုတ္ႏွင့္ ႐ုရွားအပါအဝင္ အိႏၵိယ၊ ေဟာင္ေကာင္၊ ကိုရီးယား ႏွင့္ ဂ်ပန္ တို႔ကို Visa on Arrival (ဆိုက္ေရာက္ဗီဇာ) ခြင့္ျပဳေပးထားၿပီး မေလးရွားႏိုင္ငံမပါ အာဆီယံႏိုင္ငံ(၈)ႏိုင္ငံကိုလည္း ဗီဇာကင္းလြတ္ခြင့္ေပးထားေၾကာင္း သိရသည္။
“ဒီထိုင္းႏိုင္ငံေဈးကြက္ကိုကေတာ့ က်ိဳက္ထီး႐ိုးကို မျဖစ္မေန Promote လုပ္ရမယ့္ အေျခအေနရွိပါတယ္။ က်ိဳက္ထီး႐ိုးကို ဥပမာအားျဖင့္ဆို ထိုင္းႏိုင္ငံသားေတြလာတာေလ်ာ့နည္းသြားေပမယ့္လည္း ဒီႏွစ္မွာဆို ျပည္တြင္း ခရီးသြားေတြက အမ်ားအျပားသြားေရာက္ခဲ့တာရွိတယ္။ အဲဒီအမ်ားအျပားသြားေရာက္ခဲ့တဲ့ ပုံရိပ္ေပါ့ေနာ္။ စိတ္ခ်ရတယ္။ သြားလို႔ရတယ္ဆိုတဲ့ပုံရိပ္ကို အသုံးျပဳၿပီးေတာ့ ထိုင္းႏိုင္ငံေဈးကြက္မွာ ျပန္ၿပီးေတာ့ ျမန္မာႏိုင္ငံ သားခရီးသြားေတြကေတာ့ အမ်ားအျပား သြားေရာက္ေနၾကပါၿပီဆိုတဲ့ ထိုင္းႏိုင္ငံဘက္ကို ဆြဲေဆာင္ၿပီးေတာ့ သြားမယ္ဆို ထိုင္းႏိုင္ငံသားေတြအေနနဲ႔လည္း သြားေရာက္လည္ပတ္လိုတဲ့ဆႏၵေတြ ျဖစ္လာလိမ့္မယ္။ အဲဒါေၾကာင့္ မို႔ တိတိက်က်ေလး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဥပမာ-ထိုင္းႏိုင္ငံေဈးကြက္ကို ပုဂံတို႔၊ အင္းေလးတို႔ေဒသကို ဆြဲေဆာင္ရင္ စိတ္မဝင္စားဘူး။ အဲဒါေၾကာင့္ က်ိဳက္ထီး႐ိုးနဲ႔ ပဲခူး၊ ရန္ကုန္ကို Target ၿပီးေတာ့ Marketing ေသခ်ာ လုပ္ၿပီးေတာ့ သက္ဆိုင္ရာႏိုင္ငံေတြမွာ သြားေရာက္ရွင္းလင္းျပတာမ်ိဳးေတြ ဆက္တိုက္လုပ္မွ ခရီးသြားေတြ ပိုၿပီး ေတာ့ စိတ္ဝင္စားလာမယ့္ အေျခအေနရွိပါတယ္” ဟု ၎က အႀကံျပဳေျပာၾကားသည္။
ဟိုတယ္ႏွင့္သြားလာေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားမ်ား ဝင္ေရာက္လာရန္ ခရီးသြား ျမႇင့္တင္ေရးလုပ္ငန္းကိုလည္း ေဆာင္႐ြက္လ်က္ရွိၿပီး Online ျဖင့္ ခရီးသြားျမႇင့္တင္ေရးေဆာင္႐ြက္ျခင္း ႏွင့္ ျပပြဲ မ်ားသို႔သြားေရာက္ကာ ခရီးသြားဖိတ္ေခၚျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။