လှပတဲ့တူးမြောင်းတွေအပြင် အနုပညာအမွေအနှစ်တွေကြောင့် နာမည်ကျော်ကြားတဲ့နယ်သာလန်မြို့တော် အမ်စတာဒမ် အကြောင်း
53
NP News - နိုဝင်ဘာ ၃ဝ
နယ်သာလန်နိုင်ငံ၏ မြို့တော်ဖြစ်သော အမ်စတာဒမ်မြို့သည် နိုင်ငံတွင်းတွင် လူဦးရေအများဆုံး မြို့တစ်မြို့ဖြစ်ပြီး ကြွယ်ဝသော သမိုင်းကြောင်း၊ အနုပညာအမွေအနှစ်များနှင့် လှပသောတူးမြောင်းများကြောင့် နာမည်ကျော်ကြားသည်။ အမ်စတာဒမ်မြို့တွင် နေထိုင်သူလူဦးရေ (၉၂၁၄၀၂) ဦးရှိပြီး မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေ(၁၄၅၇၀၁၈)ဦးရှိကာ မြို့တော်ဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၂၄၈၀၃၉၄) ဦး ရှိကြောင်း သိရသည်။
North Holland ပြည်နယ်တွင်တည်ရှိသော အမ်စတာဒမ်မြို့သည် ၎င်း၏လှပသော တူးမြောင်း အများအပြား ကြောင့် မြောက်ပိုင်းဗင်းနစ်မြို့ဟု ရည်ညွှန်းခေါ်ဆိုခံရကြောင်း သိရသည်။ ထို့ပြင် အမ်စတာဒမ်မြို့၏တူးမြောင်း အများ အပြားသည် လက်ရှိအချိန်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ကြောင်းလည်း သိရ သည်။ အမ်စတာဒမ်မြို့ကို အမ်စတယ် မြစ်ဝတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။(၁၂) ရာစုတွင် တံငါရွာငယ်လေးအဖြစ် စတင်ခဲ့သော အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်ခဲ့သည့် (၁၇)ရာစု၏ ဒတ်ချ် ရွှေရောင်ကာလအတွင်း အဓိက ကမ္ဘာ့ဆိပ်ကမ်းဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် အမ်စတာ ဒမ်မြို့သည် ဘဏ္ဍာရေးနှင့်ကုန်သွယ်ရေးတို့အတွက် ထိပ်တန်းစင်တာတစ်ခုဖြစ်ခဲ့သည့်အပြင် လောကီရေးရာ အနုပညာ ထုတ်လုပ်မှု၏ အချက်အချာနေရာတစ်ခု ဖြစ်ခဲ့ကြောင်းလည်းသိရသည်။ (၁၉) ရာစုနှင့် (၂၀) ရာစုအတွင်း အမ်စတာ ဒမ်မြို့ကိုချဲ့ထွင်ခဲ့ပြီး ရပ်ကွက်များနှင့် ဆင်ခြေဖုံး ရပ်ကွက်အသစ်များကိုတည် ဆောက်ခဲ့ကြောင်း သိရသည်။ စက်ဘီး စီးခြင်းသည် အမ်စတာဒမ်မြို့၏ ခေတ်မီသော စရိုက်လက္ခဏာ၏ အဓိကသော့ချက်ဖြစ်ပြီး စက်ဘီးစီးသည့် လမ်း ကြောင်းများနှင့် လမ်းသွယ်များ ပျံ့နှံ့လျက်ရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။
အမ်စတာဒမ်မြို့၏ အဓိက ဆွဲဆောင်မှုနေရာများတွင် သမိုင်းဝင် တူးမြောင်းများ ၊ Rijksmuseum ပြတိုက်၊ ဒတ်ချ်ရွှေရောင်ခတ်အနုပညာပြတိုက်၊ Van Gogh ပြတိုက်၊ အမ်စတာဒမ်၏တော်ဝင်နန်းတော်နှင့် ယခင်မြို့တော် ခန်းမတည်ရှိရာ Dam ပြည်သူ့ ရင်ပြင်၊ အမ်စတာဒမ်ပြတိုက်၊ Stedelijk ပြတိုက်၊ Concertgebouw ဖျော်ဖြေပွဲခန်းမ၊ Anne Frank House ပြတိုက်၊ အမျိုးသားရေကြောင်းပြတိုက်၊ Artis တိရစ္ဆာန်ရုံ၊ ortus Botanicus ဥယျာဉ်၊ NEMO သိပ္ပံပြတိုက်၊ မီးနီခရိုင်နှင့် ဆေးခြောက် ကော်ဖီဆိုင်များ ပါဝင်ကြောင်းသိရသည်။ အမ်စတာ ဒမ်မြို့သည် ၎င်း၏ညဘက် ပွဲလမ်းသဘင်များနှင့် ပွဲတော်များအပြင် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး နိုက်ကလပ်များစွာတို့ကြောင့် နာမည် ကျော်ကြားသည်။
အမ်စတာဒမ်မြို့၏ အနုပညာအမွေအနှစ်များ၊ (၁၇)ရာစု ရွှေရောင်ခေတ်၏ ကောင်းမွန်စွာ ထိန်းသိမ်းထားသော အမွေအနှစ်များပါရှိသည့် တူးမြောင်းများနှင့် ကျဉ်းမြောင်းသောမျက်နှာစာရှိသည့် တူးမြောင်းနေအိမ်များသည် နှစ်စဉ် သန်းနှင့်ချီသော ခရီးသွားများကို ဆွဲဆောင်လျက်ရှိကြောင်းလည်း သိရသည်။ (၁၆၀၂) ခုနှစ်တွင် စတင်တည် ထောင်ခဲ့သော အမ်စတာဒမ်စတော့အိတ်ချိန်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ခေတ်မီသော စတော့အိတ်ချိန်းအဖြစ် သတ်မှတ်ခံထားရသည်။
နယ်သာလန်နိုင်ငံ၏ စီးပွားရေးမြို့တော်နှင့် ဥရောပတွင် ထိပ်တန်းဘဏ္ဍာရေးစင်တာများထဲမှ တစ်ခုဖြစ်သော အမ်စတာဒမ်မြို့ကို အယ်လ်ဖာ ကမ္ဘာ့မြို့တော်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ထို့ပြင် အမ်စတာ ဒမ်မြို့သည် နယ်သာလန် နိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်ပြီး ကြီးမားသော ဒတ်ချ် အဖွဲ့အစည်း အများအပြား၏ ရုံးချုပ်များသည် အမ်စတာဒမ်မြို့တွင် တည်ရှိကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီအများစုသည် အမ်စ တာဒမ်မြို့တွင်အခြေစိုက်သည် သို့မဟုတ် Uber ၊ Netflix နှင့် Tesla နည်းပညာ ကုမ္ပဏီများကဲ့သို့ပင် ၎င်းတို့၏ ဥရောပရုံးချုပ်များကို အမ်စတာဒမ်မြို့တွင် တည်ထောင်ထားကြ သည်။ (၂၀၂၂) ခုနှစ်တွင် အမ်စတာဒမ်မြို့သည် Economist Intelligence Unit ကော်ပိုရေးရှင်း၏ (၉) ခုမြောက် နေထိုင်ရန်အကောင်းဆုံးမြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး Mercer ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်နှင့် အခြေခံ အဆောက်အအုံဆိုင်ရာ လူနေမှု အရည်အသွေး တွင် အဆင့်(၁၂)နေရာ၌ရှိကြောင်းသိရသည်။
(၂၀၁၉)ခုနှစ်တွင် အမ်စတာဒမ်မြို့သည် ထိပ်တန်းနည်းပညာ အချက်အချာနေရာတစ်ခုအဖြစ် ကမ္ဘာ့အဆင့်တွင် အဆင့်(၄)နေရာမှ ရပ်တည်နိုင်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် အမ်စတာဒမ် ဆိပ်ကမ်းသည် ဥရောပတွင် (၅)ခုမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး KLM လေကြောင်းလိုင်းနှင့် အမ်စတာဒမ်၏ အဓိကလေဆိပ်သည် နယ်သာလန်နိုင်ငံအတွင်း တွင် အလုပ်အများဆုံး လေဆိပ်ဖြစ်ကာ ဥရောပတွင် တတိယမြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် (၁၁)ခုမြောက် အလုပ်အများဆုံး လေ ဆိပ်ဖြစ်ကြောင်းလည်းသိရသည်။
အမ်စတာဒမ်မြို့သည် ကမ္ဘာပေါ်တွင် ယဉ်ကျေး မှုပေါင်းစုံရှိသည့် မြို့တစ်မြို့ဖြစ်ပြီး လူမျိုးပေါင်း(၁၈၀)ခန့်ကို ကိုယ်စားပြုထားကြောင်း သိရသည်။ သို့သော်လည်း အမ်စတာဒမ်မြို့တွင် လူမျိုးရေးခွဲခြားမှုနှင့် လူဝင်မှုကြီးကြပ် ရေးသည် လက်ရှိဖြစ်ပွားနေသော ပြဿနာဖြစ်ကြောင်းလည်း သိရသည်။ သမိုင်းတစ်လျှောက် အမ်စတာမြို့တွင် နေထိုင်ခဲ့သော နာမည် ကျော်ပုဂ္ဂိုလ်များမှာ ပန်းချီဆရာ Rembrandt ၊ ပန်းချီ ဆရာ Vincent van G1၊ (၁၇) ရာစု ဒဿနပညာရှင်များဖြစ်သည့် Baruch Spinoza၊ John Locke ၊ René Descartes တို့နှင့် နေ့စဉ်မှတ်တမ်းစာပေရေး ဆရာ အန်နီဖရန့်ခ်တို့ဖြစ်ကြောင်းသိရသည်။
တူးမြောင်းများ
အမ်စတာဒမ်မြို့တွင် တူးမြောင်းများ (၁၀ဝ) ကီလိုမီတာကျော်ရှိပြီး အများစုကို လှေဖြင့်သွားလာနိုင်သည်။ အမ်စတာဒမ်မြို့၏ အဓိကတူးမြောင်း(၃)ခုမှာ rinsengracht ၊ Herengracht နှင့် Keizersgracht တူးမြောင်း တို့ဖြစ်သည်။ အလယ်ခေတ်တွင် အမ်စတာဒမ်မြို့သည် Singel ဟုခေါ်သော ကျုံးတစ်ခုဖြင့် ဝန်းရံထားပြီး လက်ရှိ အချိန်တွင် မြို့၏အတွင်းအကျ ဆုံးနေရာဖြစ်လာခဲ့ကာမြို့လယ်ကို မြင်းခွာပုံသဏ္ဌာန် ဖြစ်စေခဲ့ကြောင်း သိရသည်။ အမ်စတာဒမ်မြို့ကို ပင်လယ်ဆိပ်ကမ်းတစ်ခုဖြင့် ဝန်ဆောင်မှုပေးထားပြီး တံတားပေါင်း (၁၂၀ဝ) ကျော်ဖြင့် ဆက်သွယ် ထားသည့် ကျွန်းပေါင်း (၉၀) ခန့်ကို ပိုင်းခြားထားမှုနှင့်အတူ အီတလီနိုင်ငံ ဗင်းနစ်မြို့နှင့် နှိုင်းယှဉ်တင်စားကြ ကြောင်းလည်း သိရသည်။
စီးပွားရေး
အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးမြို့တော်ဖြစ်သည်။ (၂၀ဝ၇) European Cities Monitor (ECM) စစ်တမ်းအရ အမ်စတာဒမ်မြို့သည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း တည်ရှိသည့် ဥရောပမြို့များ ထဲမှတစ်မြို့ဖြစ်ပြီး အဆင့်(၅)နေရာတွင် ရပ်တည်ခဲ့သည်။
အဆိုပါ စစ်တမ်းအရ လန်ဒန်၊ ပဲရစ်၊ ဖရန့်ခ်ဖာ့တ်နှင့် ဘာစီလိုနာမြို့တို့သည် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း တည်ရှိသည့် ထိပ်တန်းဥရောပမြို့လေးမြို့ဖြစ်ကြောင်းသိရသည်။ AkzoNobel ၊ Heineken International ၊ ING Group ၊ ABN AMRO ၊ TomTom ၊ Delta Lloyd Group ၊ Booking.com နှင့် Philips တို့အပါအဝင် ကြီးမားသော ကော်ပိုရေးရှင်းကြီးများနှင့် ဘဏ်များ၏ ရုံးချုပ်သည် အမ်စတာဒမ်မြို့ဧရိယာတွင် တည်ရှိကြသည်။
သမိုင်းဝင် တူးမြောင်းများတစ်လျှောက် ရုံးခန်းငယ်များစွာ ကျန်ရှိနေသော်လည်း မြို့လယ်အခြေစိုက် ကုမ္ပဏီများသည် အမ်စတာဒမ်၏ မြို့လယ်အပြင် ဘက်သို့ ပြောင်းရွှေ့နေရာချထားမှုများ ပိုမိုများပြား လာခဲ့ကြောင်း လည်းသိရသည်။ ထို့ကြောင့် အမ်စတာဒမ်မြို့၏ တောင်ဘက်ပိုင်းသည် နိုင်ငံ၏အကြီးဆုံး ဥပဒေကုမ္ပဏီ (၅) ခုအပြင် Boston Consu- lting Group နှင့် Accenture ကဲ့သို့သော အတိုင်ပင်ခံကုမ္ပဏီကြီးများ၏ လုပ်ငန်းခွဲများစွာနှင့်အတူ မြို့၏ ဘဏ္ဍာရေးနှင့် တရားဝင် အချက်အချာနေရာ ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် အမ်စတာဒမ်မြို့သည် ကုန်ကြမ်းအသုံး ပြုမှုကို လျှော့ချနေသည့် ထိပ်တန်းမြို့တစ်မြို့ဖြစ်ပြီး (၂၀၅၀) ပြည့်နှစ်တွင် စက်ဝိုင်း ပုံစံမြို့တော်ဖြစ်လာရန် စီစဉ်ထားကြောင်း သိရသည်။ Euronext စတော့ ဈေးကွက်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အမ်စတာဒမ်စတော့ အိတ်ချိန်း (AEX) သည် ကမ္ဘာ့သက်တမ်း အရင့်ဆုံး စတော့အိတ်ချိန်းဖြစ်ပြီး မြို့လယ်ရှိ Dam ပြည်သူ့ရင်ပြင်အနီးတွင် တည်ရှိသည်။
အမ်စတာဒမ်ဆိပ်ကမ်း
အမ်စတာဒမ် ဆိပ်ကမ်းသည် ဥရောပတွင် (၄)ခုမြောက်အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာပေါ်တွင် (၃၈)ခု မြောက်အကြီးဆုံး ဆိပ်ကမ်းဖြစ်ကာ ကုန်တင်ကုန်ချမက်ထရစ်တန်ဖြင့် နှိုင်းယှဉ်မည်ဆိုပါက နယ်သာလန်နိုင်ငံ အတွင်းတွင် ဒုတိယမြောက်အကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။ (၂၀၁၄) ခုနှစ်တွင် အမ်စတာဒမ် ဆိပ်ကမ်းသည် ကုန်တင်ကုန်ချ တန်ချိန် စုစုပေါင်း (၉၇ ဒသမ ၄) သန်းရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အမ်စတာဒမ်မြို့တွင် နှစ်စဉ်နှစ်တိုင်း အပျော်စီးသင်္ဘော(၁၅၀)ကျော်နှင့်အတူ နယ်သာ လန်နိုင်ငံအတွင်းတွင် အကြီးဆုံး အပျော်စီးဆိပ်ကမ်း လည်းရှိသည်။ (၂၀၁၉) ခုနှစ်တွင် IJmuiden ပင်လယ်ပေါက်အဝကို ဖွင့်လှစ် ပြီးတည်းက အမ်စတာဒမ် ဆိပ်ကမ်းသည် ကုန်တင်ကုန်ချ တန်ချိန်စုစုပေါင်း (၁၂၅) သန်းအထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။
Zawgyi Version;
လွပတဲ့တူးေျမာင္းေတြအျပင္ အႏုပညာအေမြအႏွစ္ေတြေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့နယ္သာလန္ၿမိဳ႕ေတာ္ အမ္စတာဒမ္ အေၾကာင္း
NP News - ႏိုဝင္ဘာ ၃ဝ
နယ္သာလန္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ အမ္စတာဒမ္ၿမိဳ႕သည္ ႏိုင္ငံတြင္းတြင္ လူဦးေရအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ႂကြယ္ဝေသာ သမိုင္းေၾကာင္း၊ အႏုပညာအေမြအႏွစ္မ်ားႏွင့္ လွပေသာတူးေျမာင္းမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ အမ္စတာဒမ္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရ (၉၂၁၄၀၂) ဦးရွိၿပီး ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရ(၁၄၅၇၀၁၈)ဦးရွိကာ ၿမိဳ႕ေတာ္ဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၂၄၈၀၃၉၄) ဦး ရွိေၾကာင္း သိရသည္။
North Holland ျပည္နယ္တြင္တည္ရွိေသာ အမ္စတာဒမ္ၿမိဳ႕သည္ ၎၏လွပေသာ တူးေျမာင္း အမ်ားအျပား ေၾကာင့္ ေျမာက္ပိုင္းဗင္းနစ္ၿမိဳ႕ဟု ရည္ၫႊန္းေခၚဆိုခံရေၾကာင္း သိရသည္။ ထို႔ျပင္ အမ္စတာဒမ္ၿမိဳ႕၏တူးေျမာင္း အမ်ား အျပားသည္ လက္ရွိအခ်ိန္တြင္ ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခံထားရၿပီျဖစ္ေၾကာင္းလည္း သိရ သည္။ အမ္စတာဒမ္ၿမိဳ႕ကို အမ္စတယ္ ျမစ္ဝတြင္ စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။(၁၂) ရာစုတြင္ တံငါ႐ြာငယ္ေလးအျဖစ္ စတင္ခဲ့ေသာ အမ္စတာဒမ္ၿမိဳ႕သည္ နယ္သာလန္ႏိုင္ငံ စီးပြားေရးအင္အားႀကီး ႏိုင္ငံျဖစ္ခဲ့သည့္ (၁၇)ရာစု၏ ဒတ္ခ်္ ေ႐ႊေရာင္ကာလအတြင္း အဓိက ကမာၻ႔ဆိပ္ကမ္းျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အမ္စတာ ဒမ္ၿမိဳ႕သည္ ဘ႑ာေရးႏွင့္ကုန္သြယ္ေရးတို႔အတြက္ ထိပ္တန္းစင္တာတစ္ခုျဖစ္ခဲ့သည့္အျပင္ ေလာကီေရးရာ အႏုပညာ ထုတ္လုပ္မႈ၏ အခ်က္အခ်ာေနရာတစ္ခု ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ (၁၉) ရာစုႏွင့္ (၂၀) ရာစုအတြင္း အမ္စတာ ဒမ္ၿမိဳ႕ကိုခ်ဲ႕ထြင္ခဲ့ၿပီး ရပ္ကြက္မ်ားႏွင့္ ဆင္ေျခဖုံး ရပ္ကြက္အသစ္မ်ားကိုတည္ ေဆာက္ခဲ့ေၾကာင္း သိရသည္။ စက္ဘီး စီးျခင္းသည္ အမ္စတာဒမ္ၿမိဳ႕၏ ေခတ္မီေသာ စ႐ိုက္လကၡဏာ၏ အဓိကေသာ့ခ်က္ျဖစ္ၿပီး စက္ဘီးစီးသည့္ လမ္း ေၾကာင္းမ်ားႏွင့္ လမ္းသြယ္မ်ား ပ်ံ႕ႏွံ႔လ်က္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။
အမ္စတာဒမ္ၿမိဳ႕၏ အဓိက ဆြဲေဆာင္မႈေနရာမ်ားတြင္ သမိုင္းဝင္ တူးေျမာင္းမ်ား ၊ Rijksmuseum ျပတိုက္၊ ဒတ္ခ်္ေ႐ႊေရာင္ခတ္အႏုပညာျပတိုက္၊ Van Gogh ျပတိုက္၊ အမ္စတာဒမ္၏ေတာ္ဝင္နန္းေတာ္ႏွင့္ ယခင္ၿမိဳ႕ေတာ္ ခန္းမတည္ရွိရာ Dam ျပည္သူ႔ ရင္ျပင္၊ အမ္စတာဒမ္ျပတိုက္၊ Stedelijk ျပတိုက္၊ Concertgebouw ေဖ်ာ္ေျဖပြဲခန္းမ၊ Anne Frank House ျပတိုက္၊ အမ်ိဳးသားေရေၾကာင္းျပတိုက္၊ Artis တိရစာၦန္႐ုံ၊ ortus Botanicus ဥယ်ာဥ္၊ NEMO သိပၸံျပတိုက္၊ မီးနီခ႐ိုင္ႏွင့္ ေဆးေျခာက္ ေကာ္ဖီဆိုင္မ်ား ပါဝင္ေၾကာင္းသိရသည္။ အမ္စတာ ဒမ္ၿမိဳ႕သည္ ၎၏ညဘက္ ပြဲလမ္းသဘင္မ်ားႏွင့္ ပြဲေတာ္မ်ားအျပင္ ကမာၻေပၚတြင္ အေက်ာ္ၾကားဆုံး ႏိုက္ကလပ္မ်ားစြာတို႔ေၾကာင့္ နာမည္ ေက်ာ္ၾကားသည္။
အမ္စတာဒမ္ၿမိဳ႕၏ အႏုပညာအေမြအႏွစ္မ်ား၊ (၁၇)ရာစု ေ႐ႊေရာင္ေခတ္၏ ေကာင္းမြန္စြာ ထိန္းသိမ္းထားေသာ အေမြအႏွစ္မ်ားပါရွိသည့္ တူးေျမာင္းမ်ားႏွင့္ က်ဥ္းေျမာင္းေသာမ်က္ႏွာစာရွိသည့္ တူးေျမာင္းေနအိမ္မ်ားသည္ ႏွစ္စဥ္ သန္းႏွင့္ခ်ီေသာ ခရီးသြားမ်ားကို ဆြဲေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။ (၁၆၀၂) ခုႏွစ္တြင္ စတင္တည္ ေထာင္ခဲ့ေသာ အမ္စတာဒမ္စေတာ့အိတ္ခ်ိန္းသည္ ကမာၻေပၚတြင္ ေရွးအက်ဆုံး ေခတ္မီေသာ စေတာ့အိတ္ခ်ိန္းအျဖစ္ သတ္မွတ္ခံထားရသည္။
နယ္သာလန္ႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ႏွင့္ ဥေရာပတြင္ ထိပ္တန္းဘ႑ာေရးစင္တာမ်ားထဲမွ တစ္ခုျဖစ္ေသာ အမ္စတာဒမ္ၿမိဳ႕ကို အယ္လ္ဖာ ကမာၻ႔ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ထားေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အမ္စတာ ဒမ္ၿမိဳ႕သည္ နယ္သာလန္ ႏိုင္ငံ၏ယဥ္ေက်းမႈၿမိဳ႕ေတာ္ျဖစ္ၿပီး ႀကီးမားေသာ ဒတ္ခ်္ အဖြဲ႕အစည္း အမ်ားအျပား၏ ႐ုံးခ်ဳပ္မ်ားသည္ အမ္စတာဒမ္ၿမိဳ႕တြင္ တည္ရွိေၾကာင္းသိရသည္။
ကမာၻ႔အႀကီးဆုံး ကုမၸဏီအမ်ားစုသည္ အမ္စ တာဒမ္ၿမိဳ႕တြင္အေျခစိုက္သည္ သို႔မဟုတ္ Uber ၊ Netflix ႏွင့္ Tesla နည္းပညာ ကုမၸဏီမ်ားကဲ့သို႔ပင္ ၎တို႔၏ ဥေရာပ႐ုံးခ်ဳပ္မ်ားကို အမ္စတာဒမ္ၿမိဳ႕တြင္ တည္ေထာင္ထားၾက သည္။ (၂၀၂၂) ခုႏွစ္တြင္ အမ္စတာဒမ္ၿမိဳ႕သည္ Economist Intelligence Unit ေကာ္ပိုေရးရွင္း၏ (၉) ခုေျမာက္ ေနထိုင္ရန္အေကာင္းဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရၿပီး Mercer ကုမၸဏီ၏ သဘာဝပတ္ဝန္းက်င္ႏွင့္ အေျခခံ အေဆာက္အအုံဆိုင္ရာ လူေနမႈ အရည္အေသြး တြင္ အဆင့္(၁၂)ေနရာ၌ရွိေၾကာင္းသိရသည္။
(၂၀၁၉)ခုႏွစ္တြင္ အမ္စတာဒမ္ၿမိဳ႕သည္ ထိပ္တန္းနည္းပညာ အခ်က္အခ်ာေနရာတစ္ခုအျဖစ္ ကမာၻ႔အဆင့္တြင္ အဆင့္(၄)ေနရာမွ ရပ္တည္ႏိုင္ခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ အမ္စတာဒမ္ ဆိပ္ကမ္းသည္ ဥေရာပတြင္ (၅)ခုေျမာက္ အႀကီးဆုံးဆိပ္ကမ္းျဖစ္ၿပီး KLM ေလေၾကာင္းလိုင္းႏွင့္ အမ္စတာဒမ္၏ အဓိကေလဆိပ္သည္ နယ္သာလန္ႏိုင္ငံအတြင္း တြင္ အလုပ္အမ်ားဆုံး ေလဆိပ္ျဖစ္ကာ ဥေရာပတြင္ တတိယေျမာက္ အလုပ္အမ်ားဆုံး ေလဆိပ္ျဖစ္ၿပီး ကမာၻေပၚတြင္ (၁၁)ခုေျမာက္ အလုပ္အမ်ားဆုံး ေလ ဆိပ္ျဖစ္ေၾကာင္းလည္းသိရသည္။
အမ္စတာဒမ္ၿမိဳ႕သည္ ကမာၻေပၚတြင္ ယဥ္ေက်း မႈေပါင္းစုံရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး လူမ်ိဳးေပါင္း(၁၈၀)ခန႔္ကို ကိုယ္စားျပဳထားေၾကာင္း သိရသည္။ သို႔ေသာ္လည္း အမ္စတာဒမ္ၿမိဳ႕တြင္ လူမ်ိဳးေရးခြဲျခားမႈႏွင့္ လူဝင္မႈႀကီးၾကပ္ ေရးသည္ လက္ရွိျဖစ္ပြားေနေသာ ျပႆနာျဖစ္ေၾကာင္းလည္း သိရသည္။ သမိုင္းတစ္ေလွ်ာက္ အမ္စတာၿမိဳ႕တြင္ ေနထိုင္ခဲ့ေသာ နာမည္ ေက်ာ္ပုဂၢိဳလ္မ်ားမွာ ပန္းခ်ီဆရာ Rembrandt ၊ ပန္းခ်ီ ဆရာ Vincent van G1၊ (၁၇) ရာစု ဒႆနပညာရွင္မ်ားျဖစ္သည့္ Baruch Spinoza၊ John Locke ၊ René Descartes တို႔ႏွင့္ ေန႔စဥ္မွတ္တမ္းစာေပေရး ဆရာ အန္နီဖရန႔္ခ္တို႔ျဖစ္ေၾကာင္းသိရသည္။
တူးေျမာင္းမ်ား
အမ္စတာဒမ္ၿမိဳ႕တြင္ တူးေျမာင္းမ်ား (၁၀ဝ) ကီလိုမီတာေက်ာ္ရွိၿပီး အမ်ားစုကို ေလွျဖင့္သြားလာႏိုင္သည္။ အမ္စတာဒမ္ၿမိဳ႕၏ အဓိကတူးေျမာင္း(၃)ခုမွာ rinsengracht ၊ Herengracht ႏွင့္ Keizersgracht တူးေျမာင္း တို႔ျဖစ္သည္။ အလယ္ေခတ္တြင္ အမ္စတာဒမ္ၿမိဳ႕သည္ Singel ဟုေခၚေသာ က်ဳံးတစ္ခုျဖင့္ ဝန္းရံထားၿပီး လက္ရွိ အခ်ိန္တြင္ ၿမိဳ႕၏အတြင္းအက် ဆုံးေနရာျဖစ္လာခဲ့ကာၿမိဳ႕လယ္ကို ျမင္းခြာပုံသဏၭာန္ ျဖစ္ေစခဲ့ေၾကာင္း သိရသည္။ အမ္စတာဒမ္ၿမိဳ႕ကို ပင္လယ္ဆိပ္ကမ္းတစ္ခုျဖင့္ ဝန္ေဆာင္မႈေပးထားၿပီး တံတားေပါင္း (၁၂၀ဝ) ေက်ာ္ျဖင့္ ဆက္သြယ္ ထားသည့္ ကြၽန္းေပါင္း (၉၀) ခန႔္ကို ပိုင္းျခားထားမႈႏွင့္အတူ အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕ႏွင့္ ႏႈိင္းယွဥ္တင္စားၾက ေၾကာင္းလည္း သိရသည္။
စီးပြားေရး
အမ္စတာဒမ္ၿမိဳ႕သည္ နယ္သာလန္ႏိုင္ငံ၏ ဘ႑ာေရးႏွင့္ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္သည္။ (၂၀ဝ၇) European Cities Monitor (ECM) စစ္တမ္းအရ အမ္စတာဒမ္ၿမိဳ႕သည္ ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္း တည္ရွိသည့္ ဥေရာပၿမိဳ႕မ်ား ထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး အဆင့္(၅)ေနရာတြင္ ရပ္တည္ခဲ့သည္။
အဆိုပါ စစ္တမ္းအရ လန္ဒန္၊ ပဲရစ္၊ ဖရန႔္ခ္ဖာ့တ္ႏွင့္ ဘာစီလိုနာၿမိဳ႕တို႔သည္ ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္း တည္ရွိသည့္ ထိပ္တန္းဥေရာပၿမိဳ႕ေလးၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ AkzoNobel ၊ Heineken International ၊ ING Group ၊ ABN AMRO ၊ TomTom ၊ Delta Lloyd Group ၊ Booking.com ႏွင့္ Philips တို႔အပါအဝင္ ႀကီးမားေသာ ေကာ္ပိုေရးရွင္းႀကီးမ်ားႏွင့္ ဘဏ္မ်ား၏ ႐ုံးခ်ဳပ္သည္ အမ္စတာဒမ္ၿမိဳ႕ဧရိယာတြင္ တည္ရွိၾကသည္။
သမိုင္းဝင္ တူးေျမာင္းမ်ားတစ္ေလွ်ာက္ ႐ုံးခန္းငယ္မ်ားစြာ က်န္ရွိေနေသာ္လည္း ၿမိဳ႕လယ္အေျခစိုက္ ကုမၸဏီမ်ားသည္ အမ္စတာဒမ္၏ ၿမိဳ႕လယ္အျပင္ ဘက္သို႔ ေျပာင္းေ႐ႊ႕ေနရာခ်ထားမႈမ်ား ပိုမိုမ်ားျပား လာခဲ့ေၾကာင္း လည္းသိရသည္။ ထို႔ေၾကာင့္ အမ္စတာဒမ္ၿမိဳ႕၏ ေတာင္ဘက္ပိုင္းသည္ ႏိုင္ငံ၏အႀကီးဆုံး ဥပေဒကုမၸဏီ (၅) ခုအျပင္ Boston Consu- lting Group ႏွင့္ Accenture ကဲ့သို႔ေသာ အတိုင္ပင္ခံကုမၸဏီႀကီးမ်ား၏ လုပ္ငန္းခြဲမ်ားစြာႏွင့္အတူ ၿမိဳ႕၏ ဘ႑ာေရးႏွင့္ တရားဝင္ အခ်က္အခ်ာေနရာ ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ အမ္စတာဒမ္ၿမိဳ႕သည္ ကုန္ၾကမ္းအသုံး ျပဳမႈကို ေလွ်ာ့ခ်ေနသည့္ ထိပ္တန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး (၂၀၅၀) ျပည့္ႏွစ္တြင္ စက္ဝိုင္း ပုံစံၿမိဳ႕ေတာ္ျဖစ္လာရန္ စီစဥ္ထားေၾကာင္း သိရသည္။ Euronext စေတာ့ ေဈးကြက္၏ တစ္စိတ္ တစ္ပိုင္းျဖစ္ေသာ အမ္စတာဒမ္စေတာ့ အိတ္ခ်ိန္း (AEX) သည္ ကမာၻ႔သက္တမ္း အရင့္ဆုံး စေတာ့အိတ္ခ်ိန္းျဖစ္ၿပီး ၿမိဳ႕လယ္ရွိ Dam ျပည္သူ႔ရင္ျပင္အနီးတြင္ တည္ရွိသည္။
အမ္စတာဒမ္ဆိပ္ကမ္း
အမ္စတာဒမ္ ဆိပ္ကမ္းသည္ ဥေရာပတြင္ (၄)ခုေျမာက္အႀကီးဆုံးဆိပ္ကမ္းျဖစ္ၿပီး ကမာၻေပၚတြင္ (၃၈)ခု ေျမာက္အႀကီးဆုံး ဆိပ္ကမ္းျဖစ္ကာ ကုန္တင္ကုန္ခ်မက္ထရစ္တန္ျဖင့္ ႏႈိင္းယွဥ္မည္ဆိုပါက နယ္သာလန္ႏိုင္ငံ အတြင္းတြင္ ဒုတိယေျမာက္အႀကီးဆုံး ဆိပ္ကမ္းျဖစ္သည္။ (၂၀၁၄) ခုႏွစ္တြင္ အမ္စတာဒမ္ ဆိပ္ကမ္းသည္ ကုန္တင္ကုန္ခ် တန္ခ်ိန္ စုစုေပါင္း (၉၇ ဒသမ ၄) သန္းရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အမ္စတာဒမ္ၿမိဳ႕တြင္ ႏွစ္စဥ္ႏွစ္တိုင္း အေပ်ာ္စီးသေဘၤာ(၁၅၀)ေက်ာ္ႏွင့္အတူ နယ္သာ လန္ႏိုင္ငံအတြင္းတြင္ အႀကီးဆုံး အေပ်ာ္စီးဆိပ္ကမ္း လည္းရွိသည္။ (၂၀၁၉) ခုႏွစ္တြင္ IJmuiden ပင္လယ္ေပါက္အဝကို ဖြင့္လွစ္ ၿပီးတည္းက အမ္စတာဒမ္ ဆိပ္ကမ္းသည္ ကုန္တင္ကုန္ခ် တန္ခ်ိန္စုစုေပါင္း (၁၂၅) သန္းအထိ တိုးျမင့္လာခဲ့ေၾကာင္း သိရသည္။