ဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်သူ စွပ်စွဲပြစ်တင်မှုတွေကို ဒုတိယအကြိမ်ရင်ဆိုင်နေရ
510
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄
ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးဟာ ဒုတိယအကြိမ်မြောက်စွပ်စွဲပြစ်တင်မှုနဲ့ရင်ဆိုင်ရနေရကြောင်း သိရပါတယ်။
ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ့်ကို လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရချိန်မှာပဲ ၎င်းကို အစိုးရရန်ပုံငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက ဆာရာဒူတာတေးဟာ အများပြည်သူရန်ပုံငွေကို သုံးစွဲရာမှာယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ဆာရာဒူတာတေးဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းအနက် တစ်ဝက်ကျော်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်အစိုးရအဖွဲ့မှာ ဒုတိယသမ္မတအပြင် ပညာရေးဝန်ကြီး တာဝန်ကို ပူးတွဲရယူခဲ့ပေမယ့် ဇွန်လမှ ပညာရေးဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
အခြားတက်ကြွလှုပ်ရှားသူတွေကလည်း ဆာရာဒူတာတေးဟာ အကျင့်ပျက်လာဘ်စားမှုတွေကျူးလွန်ထားတယ်လို့ စွပ်စွဲထားပြီး လွှတ်တော်အတွင်းအယုံကြည်မရှိအဆိုတင်သွင်းဖို့ တောင်းဆိုခံနေရပါတယ်။ ဆာရာဒူတာတေးကတော့ အမှားအယွင်းတစ်စုံတရာမလုပ်ထားကြောင်း တုံ့ပြန်ထားပါတယ်။
zawgyi version
ဖိလစ္ပိုင္ဒုတိယသမၼတျဖစ္သူ စြပ္စြဲျပစ္တင္မႈေတြကို ဒုတိယအႀကိမ္ရင္ဆိုင္ေနရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄
ဖိလစ္ပိုင္ ဒုတိယသမၼတ ဆာရာဒူတာေတးဟာ ဒုတိယအႀကိမ္ေျမာက္စြပ္စြဲျပစ္တင္မႈနဲ႔ရင္ဆိုင္ရေနရေၾကာင္း သိရပါတယ္။
ဆာရာဒူတာေတးဟာ ဖိလစ္ပိုင္သမၼတဖာဒီနန္မာကိုစ့္ကို လုပ္ႀကံသတ္ျဖတ္မယ္လို႔ ၿခိမ္းေျခာက္မႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခံေနရခ်ိန္မွာပဲ ၎ကို အစိုးရရန္ပုံေငြသုံးစြဲမႈနဲ႔ပတ္သက္ၿပီး အလြဲသုံးစားလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
တက္ႂကြလႈပ္ရွားသူေတြ၊ ေက်ာင္းဆရာ၊ ဆရာမေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းေတြက ဆာရာဒူတာေတးဟာ အမ်ားျပည္သူရန္ပုံေငြကို သုံးစြဲရာမွာယုံၾကည္မႈကို အလြဲသုံးစားလုပ္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ဦးက ဆာရာဒူတာေတးဟာ အေမရိကန္ေဒၚလာ ၈ ဒသမ ၅ သန္းအနက္ တစ္ဝက္ေက်ာ္ကို အလြဲသုံးစားလုပ္ခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဆာရာဒူတာေတးဟာ ဖိလစ္ပိုင္အစိုးရအဖြဲ႕မွာ ဒုတိယသမၼတအျပင္ ပညာေရးဝန္ႀကီး တာဝန္ကို ပူးတြဲရယူခဲ့ေပမယ့္ ဇြန္လမွ ပညာေရးဝန္ႀကီးရာထူးကေန ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။
အျခားတက္ႂကြလႈပ္ရွားသူေတြကလည္း ဆာရာဒူတာေတးဟာ အက်င့္ပ်က္လာဘ္စားမႈေတြက်ဴးလြန္ထားတယ္လို႔ စြပ္စြဲထားၿပီး လႊတ္ေတာ္အတြင္းအယုံၾကည္မရွိအဆိုတင္သြင္းဖို႔ ေတာင္းဆိုခံေနရပါတယ္။ ဆာရာဒူတာေတးကေတာ့ အမွားအယြင္းတစ္စုံတရာမလုပ္ထားေၾကာင္း တုံ႔ျပန္ထားပါတယ္။