အမေရိကန်နာမည်ကျော်ရက်ပ်ပါ Eminem ၏ မိခင်ဖြစ်သူ ကွယ်လွန်
 253
Pika (NP News) - ဒီဇင်ဘာ ၅
အမေရိကန်နာမည်ကျော်ရက်ပ်ပါတစ်ဦးဖြစ်သူ Eminem ၏မိခင် ဒက်ဘီနယ်ဆွန်သည် အသက်(၆၉)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒက်ဘီနယ်ဆွန်၏ သေဆုံးမှုကို Eminem ၏ကိုယ်စားလှယ်ဖြစ်သူ ဒန်းနစ်ဒန်နီဟေးက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဒက်ဘီနယ်ဆွန်သေဆုံးရသည့်အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း ဒက်ဘီနယ်ဆွန်သည် အဆုတ်ကင်ဆာရောဂါကို ခံစားနေရသူဖြစ်ကြောင်း အချို့သတင်းများအရ သိရသည် သို့သော်လည်း Eminem သည် ၄င်း၏မိခင်သေဆုံးမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သည့်နှစ်များအတွင်း Eminem နှင့် မိခင်ဖြစ်သူ ဒက်ဘီနယ်ဆွန်တို့ကြားတွင် အဆင်မပြေမှုများစွာရှိခဲ့ပြီး နှစ်ဦးကြားဆက်ဆံရေးမှာအလွန်ဆိုးရွားနေခဲ့ကြောင်း သိရသည်။ ၄င်း၏မိခင်ဖြစ်သူသည် မူးယစ်းဆေးဝါးသုံးစွဲနေသည်ဟု Eminem ကစွပ်စွဲပြောဆိုခဲ့ပြီးနောက် နှစ်ဦးကြားဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် Eminem နှင့်မိခင်ဖြစ်သူ ဒက်ဘီနယ်ဆွန်တို့ကြား ဆက်ဆံရေးမှာ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်ပိုင်းတွင် ၄င်း၏ စွပ်စွဲပြောဆိုမှုများအတွက် နောင်တရမိကြောင်း (၂၀၁၃)ခုနှစ်တွင် ထွက်ရှိခဲ့သော Headlights သီချင်းစာသားတွင် Eminem က ထည့်သွင်းသီဆိုထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
Eminem က''စွပ်စွဲပြောဆိုခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် အမေ။ အဲဒီအချိန်တုန်းက စိတ်ဆိုးဒေါသဖြစ်ခဲ့မိလို့ပါ။ ဒီအချိန်အထိ ယူသွားဖို့မရည်ရွယ်ပါဘူး”ဟု သီဆိုခဲ့သည်။ ထို့ပြင် Eminem သည် (၂၀၂၂)ခုနှစ်တွင် Rock & Roll Hall of Fame မှာပါဝင်လာခဲ့ပြီးနောက် ဒက်ဘီနယ်ဆွန်က ၄င်း၏သားဖြစ်သူကို လူသိရှင်ကြား ချီးကျူးဂုဏ်ပြုမှုများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။ ဒက်ဘီနယ်ဆွန်က "ကျွန်မရဲ့သားကို ဂုဏ်မပြုဘဲနဲ့မနေနိုင်ပါဘူး။ အရမ်းချစ်တယ် သား။တစ်နေ့ကြဒီနေရာကို ရောက်လာလိမ့်မယ်ဆိုတာ အမေသိပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။
zawgyi version
Pika (NP News) - ဒီဇင်ဘာ ၅
Related news
© 2021. All rights reserved.