မြန်မာ့လက်မှုထုတ်ကုန်များကို အမေရိကန်နှင့်ဒူဘိုင်းဘက်မှ အဝယ်လိုက်နေသော်လည်း ကုန်ကြမ်းနှင့် လက်မှုပညာရှင် ရှားပါးခြင်းကြောင့် အခက်တွေ့နေရ
1656
စော (NP News) - ဒီဇင်ဘာ ၅
မြန်မာ့လက်မှုထုတ်ကုန်များကို အမေရိကန်နှင့်ဒူဘိုင်းဘက်မှ အဝယ်လိုက်နေသော်လည်း ကုန်ကြမ်းနှင့် လက်မှုပညာရှင် ရှားပါးခြင်းကြောင့် အခက်တွေ့နေရကြောင်း မြန်မာ့လက်မှုပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင် မညိုနီထွန်းက NP News ကို ပြောသည်။
မြန်မာ့လက်မှုထုတ်ကုန်ပစ္စည်းကို ပြည်ပနိုင်ငံများက ဝယ်ယူရန် စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။ “အဝယ်လိုက်နေတယ်။ အဝယ်လိုက်နေတယ်ဆိုတာက အမေရိကန်ရှိတယ်။ ဒူဘိုင်းက distributor တွေ ကမ်းလှမ်းထားတာ ရှိပါတယ်။ သူတို့အတွက်လည်း processing လုပ်ပေးနေပါတယ်”ဟု မညိုနီထွန်းက ပြောသည်။
အဆိုပါမြန်မာ့လက်မှုထုတ်ကုန်များတွင် ဝါး၊ အုန်းခွံ၊ သင်၊ ဗေဒါ၊ ထန်ဖူး၊ ဂျုံရိုး၊ ကြိမ်တို့ဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများ အဝယ်လိုက်နေပြီး ဂုန်လျှော်လက်မှု ၊ ဗေဒါလက်မှုများကို လူစိတ်ဝင်စားမှု ပိုမိုများပြားနေကြောင်း သိရသည်။
“ကိုယ်ရဲ့ Own Production ဖြစ်တဲ့ အုန်းခွံ၊ နောက် ဝါး အဲဒီနှစ်ခုကို လုပ်လည်းလုပ်နေပါတယ်။ ဒါပေမဲ့ တချို့သော ပညာရှင်တွေက Customer တွေ အော်ဒါတက်လာတာနဲ့အမျှ ဒါက Handmade ဖြစ်တဲ့အခါကျတော့ Production က အရေအတွက်တွေက သူတို့မှာသလောက် မထုတ်ပေးနိုင်ဘူး။ မထုတ်ပေနိုင်တဲ့အခါကျတော့ အဲဒီလိုပညာရှင်တွေ ရှာရတဲ့အနေအထားမှာ အစ်မအနေနဲ့ အရမ်းကိုအခက်အခဲဖြစ်နေတဲ့ အခြေအနေလေးနဲ့ ကြုံရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် လက်မှုပစ္စည်းများကို ဝယ်ယူသည့်အရေအတွက် နှင့် လက်မှုပညာရှင်အရေအတွက် မမျှတခြင်းကြောင့် လက်မှုပညာရှင်များ ပြန့်ပွားလာစေရန် သင်တန်းများကို ပြုလုပ်ပေးရန်စီစဉ်နေကြောင်း သိရသည်။ “လုပ်ဖို့ အခုဆိုရင် ဝါးလက်မှုပညာရှင်တစ်ယောက်နဲ့ စကားပြောထားတယ်။ ပြောထားပြီးတော့ ဒီဟာကနောက်လတွေပေါ့။ အတိအကျတော့ ပြောလို့မရသေးဘူး။ အဓိက ကတော့ စလုပ်မယ်ဆိုရင်တော့ ဝါးကို Training ပေးဖို့ စဉ်းစားထားတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထုတ်ကုန်များအတွက် ကုန်ကြမ်းဈေးတက်ခြင်း၊ မှာယူသယ်ယူစရိတ် နှင့် ဝန်ထမ်းစရိတ်များအတွက် အခက်အခဲကြုံတွေ့နေရပြီး အဆိုပါအခက်အခဲကို ရင်ဆိုင်ရန်အတွက် ဝယ်ယူရရှိသည့် ကုန်ကြမ်းများကိုသာ အရေအတွက်အများဆုံး ထုတ်လုပ်နေရကြောင်း ၎င်းကဆိုသည်။
“ကုန်ကြမ်းက ရာသီဥတုအလိုက်ကို စုဆောင်းထားရတဲ့အနေအထားပေါ်မှာ မိုးများရင် မိုးများသလို လုပ်ရတဲ့ Process လေးတွေရှိတဲ့အခါကျတော့ အခက်အခဲကတော့ရှိပါတယ်။ တချို့ အပြင်ကနေဝယ်ရတဲ့အနေအထားဆိုရင် ကုန်ကြမ်းမရတာမျိုးတို့ အဲဒီလိုမျိုး အခက်အခဲတွေတော့ရှိတာပေါ့”ဟု မညိုနီထွန်းက ဆက်လက်ပြောသည်။
zawgyi version
ျမန္မာ့လက္မႈထုတ္ကုန္မ်ားကို အေမရိကန္ႏွင့္ဒူဘိုင္းဘက္မွ အဝယ္လိုက္ေနေသာ္လည္း ကုန္ၾကမ္းႏွင့္ လက္မႈပညာရွင္ ရွားပါးျခင္းေၾကာင့္ အခက္ေတြ႕ေနရ
ေစာ (NP News) - ဒီဇင္ဘာ ၅
ျမန္မာ့လက္မႈထုတ္ကုန္မ်ားကို အေမရိကန္ႏွင့္ဒူဘိုင္းဘက္မွ အဝယ္လိုက္ေနေသာ္လည္း ကုန္ၾကမ္းႏွင့္ လက္မႈပညာရွင္ ရွားပါးျခင္းေၾကာင့္ အခက္ေတြ႕ေနရေၾကာင္း ျမန္မာ့လက္မႈပစၥည္းမ်ား ေရာင္းခ်ေနသည့္ လုပ္ငန္းရွင္ မညိဳနီထြန္းက NP News ကို ေျပာသည္။
ျမန္မာ့လက္မႈထုတ္ကုန္ပစၥည္းကို ျပည္ပႏိုင္ငံမ်ားက ဝယ္ယူရန္ စိတ္ဝင္စားမႈရွိေနေၾကာင္း သိရသည္။ “အဝယ္လိုက္ေနတယ္။ အဝယ္လိုက္ေနတယ္ဆိုတာက အေမရိကန္ရွိတယ္။ ဒူဘိုင္းက distributor ေတြ ကမ္းလွမ္းထားတာ ရွိပါတယ္။ သူတို႔အတြက္လည္း processing လုပ္ေပးေနပါတယ္”ဟု မညိဳနီထြန္းက ေျပာသည္။
အဆိုပါျမန္မာ့လက္မႈထုတ္ကုန္မ်ားတြင္ ဝါး၊ အုန္းခြံ၊ သင္၊ ေဗဒါ၊ ထန္ဖူး၊ ဂ်ဳံ႐ိုး၊ ႀကိမ္တို႔ျဖင့္ ျပဳလုပ္ေသာ လက္မႈပစၥည္းမ်ား အဝယ္လိုက္ေနၿပီး ဂုန္ေလွ်ာ္လက္မႈ ၊ ေဗဒါလက္မႈမ်ားကို လူစိတ္ဝင္စားမႈ ပိုမိုမ်ားျပားေနေၾကာင္း သိရသည္။
“ကိုယ္ရဲ႕ Own Production ျဖစ္တဲ့ အုန္းခြံ၊ ေနာက္ ဝါး အဲဒီႏွစ္ခုကို လုပ္လည္းလုပ္ေနပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ေသာ ပညာရွင္ေတြက Customer ေတြ ေအာ္ဒါတက္လာတာနဲ႔အမွ် ဒါက Handmade ျဖစ္တဲ့အခါက်ေတာ့ Production က အေရအတြက္ေတြက သူတို႔မွာသေလာက္ မထုတ္ေပးႏိုင္ဘူး။ မထုတ္ေပႏိုင္တဲ့အခါက်ေတာ့ အဲဒီလိုပညာရွင္ေတြ ရွာရတဲ့အေနအထားမွာ အစ္မအေနနဲ႔ အရမ္းကိုအခက္အခဲျဖစ္ေနတဲ့ အေျခအေနေလးနဲ႔ ႀကဳံရပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ လက္မႈပစၥည္းမ်ားကို ဝယ္ယူသည့္အေရအတြက္ ႏွင့္ လက္မႈပညာရွင္အေရအတြက္ မမွ်တျခင္းေၾကာင့္ လက္မႈပညာရွင္မ်ား ျပန႔္ပြားလာေစရန္ သင္တန္းမ်ားကို ျပဳလုပ္ေပးရန္စီစဥ္ေနေၾကာင္း သိရသည္။ “လုပ္ဖို႔ အခုဆိုရင္ ဝါးလက္မႈပညာရွင္တစ္ေယာက္နဲ႔ စကားေျပာထားတယ္။ ေျပာထားၿပီးေတာ့ ဒီဟာကေနာက္လေတြေပါ့။ အတိအက်ေတာ့ ေျပာလို႔မရေသးဘူး။ အဓိက ကေတာ့ စလုပ္မယ္ဆိုရင္ေတာ့ ဝါးကို Training ေပးဖို႔ စဥ္းစားထားတယ္”ဟု ၎ကေျပာသည္။
လက္ရွိတြင္ ထုတ္ကုန္မ်ားအတြက္ ကုန္ၾကမ္းေဈးတက္ျခင္း၊ မွာယူသယ္ယူစရိတ္ ႏွင့္ ဝန္ထမ္းစရိတ္မ်ားအတြက္ အခက္အခဲႀကဳံေတြ႕ေနရၿပီး အဆိုပါအခက္အခဲကို ရင္ဆိုင္ရန္အတြက္ ဝယ္ယူရရွိသည့္ ကုန္ၾကမ္းမ်ားကိုသာ အေရအတြက္အမ်ားဆုံး ထုတ္လုပ္ေနရေၾကာင္း ၎ကဆိုသည္။
“ကုန္ၾကမ္းက ရာသီဥတုအလိုက္ကို စုေဆာင္းထားရတဲ့အေနအထားေပၚမွာ မိုးမ်ားရင္ မိုးမ်ားသလို လုပ္ရတဲ့ Process ေလးေတြရွိတဲ့အခါက်ေတာ့ အခက္အခဲကေတာ့ရွိပါတယ္။ တခ်ိဳ႕ အျပင္ကေနဝယ္ရတဲ့အေနအထားဆိုရင္ ကုန္ၾကမ္းမရတာမ်ိဳးတို႔ အဲဒီလိုမ်ိဳး အခက္အခဲေတြေတာ့ရွိတာေပါ့”ဟု မညိဳနီထြန္းက ဆက္လက္ေျပာသည္။