ပြင်သစ်အမတ်များက ဝန်ကြီးချုပ်ကို အယုံကြည်မရှိ အဆိုတင်သွင်းကာ ရာထူးမှ ဖြုတ်ချ

 1697

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

ပြင်သစ်လွှတ်တော်အမတ်များသည် ဝန်ကြီးချုပ် မိုက်ကယ်ဘာနီယာကို အယုံကြည်မရှိကြောင်း အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ပြင်သစ်အစိုးရအဖွဲ့ပြိုကွဲသွားခဲ့ကြောင်း သိရသည်။

ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတမက်ခရွန်က အဆိုပြုခန့်အပ်ထားသော ဝန်ကြီး ချုပ်နှင့်ပတ်သက်ပြီး (၃)နာရီကြာ လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကြား ဘတ်ဂျက်အသုံးစရိတ်ကိစ္စအငြင်းပွားခဲ့ပြီး အတိုက်ခံပါတီအမတ်များက ဝန်ကြီးချုပ်ကို အယုံကြည်မရှိအဆိုတင်သွင်းကာ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် ၁၉၆၂ ခုနှစ်နောက်ပိုင်း အယုံအကြည်မရှိအဆိုကြောင့် အစိုးရအဖွဲ့ ပထမဆုံးအကြိမ် ပြိုကွဲသွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ရွေးကောက်ပွဲတွင် ပါတီများကြား ပြတ်ပြတ်သားသား အနိုင်ရခြင်းမရှိခဲ့ဘဲ လွှတ်တော်ကို ထိန်းချုပ်နိုင်သော ပါတီမရှိဘဲ ဖြစ်ခဲ့ရသည်။ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှု အောင်မြင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ထောက်ခံမဲ (၂၂၈)မဲ လိုအပ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် (၃၃၁)ဦးက ထောက်ခံမဲပေးခဲ့ကြောင်းသိရသည်။ ဘာနီယာသည် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ယာယီဆက်ရှိမည်ဖြစ်ပြီး သမ္မတ မက်ခရွန်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံရွေးချယ်ခန့်အပ်ဖွယ်ရှိနေသည်။

zawgyi version
ျပင္သစ္အမတ္မ်ားက ဝန္ႀကီးခ်ဳပ္ကို အယုံၾကည္မရွိ အဆိုတင္သြင္းကာ ရာထူးမွ ျဖဳတ္ခ်
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

ျပင္သစ္လႊတ္ေတာ္အမတ္မ်ားသည္ ဝန္ႀကီးခ်ဳပ္ မိုက္ကယ္ဘာနီယာကို အယုံၾကည္မရွိေၾကာင္း အဆိုတင္သြင္းကာ မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ ျပင္သစ္အစိုးရအဖြဲ႕ၿပိဳကြဲသြားခဲ့ေၾကာင္း သိရသည္။

ျပင္သစ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ သမၼတမက္ခ႐ြန္က အဆိုျပဳခန္႔အပ္ထားေသာ ဝန္ႀကီး ခ်ဳပ္ႏွင့္ပတ္သက္ၿပီး (၃)နာရီၾကာ လႊတ္ေတာ္အတြင္း ေဆြးေႏြးဆုံးျဖတ္ခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ခဲ့ျခင္း ျဖစ္သည္။ ျပင္သစ္ဝန္ႀကီးခ်ဳပ္ ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားၾကား ဘတ္ဂ်က္အသုံးစရိတ္ကိစၥအျငင္းပြားခဲ့ၿပီး အတိုက္ခံပါတီအမတ္မ်ားက ဝန္ႀကီးခ်ဳပ္ကို အယုံၾကည္မရွိအဆိုတင္သြင္းကာ ျဖဳတ္ခ်ခဲ့ျခင္းျဖစ္သည္။

ျပင္သစ္ႏိုင္ငံတြင္ ၁၉၆၂ ခုႏွစ္ေနာက္ပိုင္း အယုံအၾကည္မရွိအဆိုေၾကာင့္ အစိုးရအဖြဲ႕ ပထမဆုံးအႀကိမ္ ၿပိဳကြဲသြားခဲ့ျခင္း ျဖစ္သည္။ ၿပီးခဲ့ေသာ ေ႐ြးေကာက္ပြဲတြင္ ပါတီမ်ားၾကား ျပတ္ျပတ္သားသား အႏိုင္ရျခင္းမရွိခဲ့ဘဲ လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏိုင္ေသာ ပါတီမရွိဘဲ ျဖစ္ခဲ့ရသည္။ ဝန္ႀကီးခ်ဳပ္ကို အယုံအၾကည္မရွိ အဆိုတင္သြင္းမႈ ေအာင္ျမင္ရန္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံး၏ေထာက္ခံမဲ (၂၂၈)မဲ လိုအပ္ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ (၃၃၁)ဦးက ေထာက္ခံမဲေပးခဲ့ေၾကာင္းသိရသည္။ ဘာနီယာသည္ အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္အျဖစ္ ယာယီဆက္ရွိမည္ျဖစ္ၿပီး သမၼတ မက္ခ႐ြန္က ဝန္ႀကီးခ်ဳပ္အသစ္ကို ထပ္မံေ႐ြးခ်ယ္ခန္႔အပ္ဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.