အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုမြင့်တက်လာမှုနဲ့အတူ ကတ်ရှ်မီးယားပြည်နယ်က ဘာသာရေးကျောင်းပေါင်း (၁၀၀၀)ကျော်ကို ပိတ်ပစ်

159

အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုမြင့်တက်လာမှုနဲ့အတူ ကတ်ရှ်မီးယားပြည်နယ်က ဘာသာရေးကျောင်းပေါင်း (၁၀၀၀)ကျော်ကို ပိတ်ပစ်
Pika (NP News) - မေ ၃
ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ လူအသေအပျောက်များတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယအစိုးရဘက်က စစ်ရေးအရတုံ့ပြန်မှုတွေကို စိုးရိမ်မှုတွေရှိနေမှုနဲ့အတူ ကတ်ရှ်မီးယားပြည်နယ် အာဏာပိုင် တွေဟာ ဘာသာရေးကျောင်းပေါင်း(၁၀၀၀)ကျော်ကို ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်က ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးသေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပါကစ္စတန်ကို အိန္ဒိယအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ၎င်းရဲ့စစ်တပ်ကို စစ်ဆိုင်ရေးဆိုင်ရာ လွတ်လပ်ခွင့်အပြည့်အဝပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း တောင်အာရှမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် အိန္ဒိယထိပ်တန်းသံတမန် Subrahmanyam Jaishankar နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif တို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
အိန္ဒိယရဲ့စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တဲ့ ပါကစ္စတန်အစိုးရက အိန္ဒိယဟာ မကြာခင်အချိန်အတွင်း စစ်ရေးအရတိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ယုံကြည်ရလောက်တဲ့သက်သေအထောက်အထား တွေ ၎င်းတို့မှာရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဘယ်လိုရန်လိုမှုကိုမဆို ပြတ်ပြတ်သားသား လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပါကစ္စတန်အစိုးရက ကတိပြုပြောခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ ပါကစၥတန္ၾကား တင္းမာမႈျမင့္တက္လာမႈနဲ႔အတူ ကတ္ရွ္မီးယားျပည္နယ္က ဘာသာေရးေက်ာင္းေပါင္း (၁၀၀၀)ေက်ာ္ကို ပိတ္ပစ္
Pika (NP News) - ေမ ၃
ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့တဲ့ လူအေသအေပ်ာက္မ်ားတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အိႏၵိယအစိုးရဘက္က စစ္ေရးအရတုံ႔ျပန္မႈေတြကို စိုးရိမ္မႈေတြရွိေနမႈနဲ႔အတူ ကတ္ရွ္မီးယားျပည္နယ္ အာဏာပိုင္ ေတြဟာ ဘာသာေရးေက်ာင္းေပါင္း(၁၀၀၀)ေက်ာ္ကို ပိတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလ(၂၂)ရက္က ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈအတြက္ ပါကစၥတန္ကို အိႏၵိယအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ၎ရဲ႕စစ္တပ္ကို စစ္ဆိုင္ေရးဆိုင္ရာ လြတ္လပ္ခြင့္အျပည့္အဝေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေတာင္အာရွမွာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ထိန္းသိမ္းဖို႔နဲ႔ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အိႏၵိယထိပ္တန္းသံတမန္ Subrahmanyam Jaishankar နဲ႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif တို႔ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
အိႏၵိယရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တဲ့ ပါကစၥတန္အစိုးရက အိႏၵိယဟာ မၾကာခင္အခ်ိန္အတြင္း စစ္ေရးအရတိုက္ခိုက္မႈတစ္ခုကိုျပဳလုပ္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ယုံၾကည္ရေလာက္တဲ့သက္ေသအေထာက္အထား ေတြ ၎တို႔မွာရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဘယ္လိုရန္လိုမႈကိုမဆို ျပတ္ျပတ္သားသား လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ပါကစၥတန္အစိုးရက ကတိျပဳေျပာခဲ့ပါတယ္။