ထိုင်းနိုင်ငံရဲ့တုန်ယမ်းဟင်းလျာ ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်
1403
ရောင်နီ (NP News) - ဒီဇင်ဘာ ၆
ပါရာဂွေးနိုင်ငံ၊ Asuncion မှာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၄ ရက်) က ပြုလုပ်တဲ့ ယူနက်စကိုအစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့တုန်ယမ်းဟင်းလျာကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ထိုင်းယဉ်ကျေးမှုဝန်ကြီး ဆူဒါဝမ်ဝမ်ဆူဖာကစ်ကိုဆိုလ် က တုန်ယမ်းဟင်းဟာ ထိုင်းလူမျိုးတွေရဲ့ နေထိုင်မှုပုံစံကို ရောင်ပြန်ဟပ်ပြီး ထိုင်းနိုင်ငံအလယ်ပိုင်း လွင်ပြင်မြစ်ကမ်းစပ်ရှိ စိုက်ပျိုးရေးဒေသတွေက ထွက်ပေါ်လာတဲ့ဟင်းလျာဖြစ်တယ်လို့ ဆိုပါတယ်။
"ပါဝင်ပစ္စည်းတွေဟာ ဒေသခံပြည်သူတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အစားအစာတွေအဖြစ် ပြောင်းလဲပေးပါတယ်လို့ ၎င်းက ဆိုပါတယ်။ အဆိုပါ ဟင်းလျာမှာ ငါးငံပြာရည်၊ ငရုပ်သီး၊ ပုဇွန်နဲ့ အခြား ဆေးဖက်ဝင် အရွက်တွေ ပေါင်းစပ် ပါဝင်ပါတယ်။
ထိုင်းနိုင်ငံဟာ အခုဆိုရင် ယဉ်ကျေးမှု အမွေအနှစ် လေးခု ယူနက်စကိုစာရင်းထဲကို ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ယခင်က ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ်တွေထဲဝင်ခဲ့တာတွေကတော့ ခွန်မျက်နှာဖုံး အက၊ နိုရာ အက၊ ထိုင်းအနှိပ်တို့ပဲဖြစ်ပါတယ်။
အဆိုပါယဉ်ကျေးမှုအမွေအနှစ်စာရင်းကို ယူနက်စကိုက ၂၀၀၈ ခုနှစ်မှာ ရေးဆွဲခဲ့ပြီး နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စုဆောင်း မှတ်တမ်းတင်ထားပါတယ်။
Zawgyi Version;
ထိုင္းႏိုင္ငံရဲ႕တုန္ယမ္းဟင္းလ်ာ ယူနက္စကိုယဥ္ေက်းမႈအေမြအႏွစ္စာရင္းမွာ ပါဝင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၆
ပါရာေဂြးႏိုင္ငံ၊ Asuncion မွာ ဗုဒၶဟူးေန႔ (ဒီဇင္ဘာ ၄ ရက္) က ျပဳလုပ္တဲ့ ယူနက္စကိုအစည္းအေဝးမွာ ထိုင္းႏိုင္ငံရဲ႕တုန္ယမ္းဟင္းလ်ာကို ယဥ္ေက်းမႈအေမြအႏွစ္စာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။
ထိုင္းယဥ္ေက်းမႈဝန္ႀကီး ဆူဒါဝမ္ဝမ္ဆူဖာကစ္ကိုဆိုလ္ က တုန္ယမ္းဟင္းဟာ ထိုင္းလူမ်ိဳးေတြရဲ႕ ေနထိုင္မႈပုံစံကို ေရာင္ျပန္ဟပ္ၿပီး ထိုင္းႏိုင္ငံအလယ္ပိုင္း လြင္ျပင္ျမစ္ကမ္းစပ္ရွိ စိုက္ပ်ိဳးေရးေဒသေတြက ထြက္ေပၚလာတဲ့ဟင္းလ်ာျဖစ္တယ္လို႔ ဆိုပါတယ္။
"ပါဝင္ပစၥည္းေတြဟာ ေဒသခံျပည္သူေတြကို က်န္းမာေရးနဲ႔ ညီၫြတ္ေစတဲ့အစားအစာေတြအျဖစ္ ေျပာင္းလဲေပးပါတယ္လို႔ ၎က ဆိုပါတယ္။ အဆိုပါ ဟင္းလ်ာမွာ ငါးငံျပာရည္၊ င႐ုပ္သီး၊ ပုဇြန္နဲ႔ အျခား ေဆးဖက္ဝင္ အ႐ြက္ေတြ ေပါင္းစပ္ ပါဝင္ပါတယ္။
ထိုင္းႏိုင္ငံဟာ အခုဆိုရင္ ယဥ္ေက်းမႈ အေမြအႏွစ္ ေလးခု ယူနက္စကိုစာရင္းထဲကို ဝင္ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ ယခင္က ယူနက္စကိုယဥ္ေက်းမႈအေမြအႏွစ္ေတြထဲဝင္ခဲ့တာေတြကေတာ့ ခြန္မ်က္ႏွာဖုံး အက၊ ႏိုရာ အက၊ ထိုင္းအႏွိပ္တို႔ပဲျဖစ္ပါတယ္။
အဆိုပါယဥ္ေက်းမႈအေမြအႏွစ္စာရင္းကို ယူနက္စကိုက ၂၀၀၈ ခုႏွစ္မွာ ေရးဆြဲခဲ့ၿပီး ႏိုင္ငံအသီးသီးရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို စုေဆာင္း မွတ္တမ္းတင္ထားပါတယ္။