“အုပ်စုတက်ရေးက ပထမဦးစားပေး အုပ်စုတက်ရမယ်လို့ ခံယူချက်ထားတယ်” နည်းပြဦးမျိုးလှိုင်ဝင်း

 487

(2024 AFF Mitsubishi ဖလားအတွက် နည်းပြ ဦးမျိုးလှိုင်ဝင်း နှင့် တွေ့ဆုံမေးမြန်းခြင်း)
သန့်ဇင် (NP News) - ဒီဇင်ဘာ ၈

မေး - တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ နည်းပြတာဝန်လက်ခံ လိုက်ပြီးတဲ့နောက် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲက Mitsubishi ဖလားဖြစ်နေတယ်။ ဒီပြိုင်ပွဲအတွက် နည်းပြ တစ်ယောက်အနေနဲ့ ဘာတွေပြင် ဆင်ထားပြီလဲ သိပါရစေ။
ဖြေ - တာဝန်ထမ်းဆောင်တယ်ဆိုတာက ကျွန်တော့် နည်းပြ Life မှာက မြန်မာ့လက်ရွေးစင်ဆိုတာက အမြင့်ဆုံးပဲ လေ။ အခုခတ်မှာ ပိုဆိုးတာက လိုင်စင်တွေနဲ့သွားရတဲ့ခေတ်တွေဖြစ်သွားပြီ။ အရင်ခေတ်က လိုမဟုတ်တော့ဘူး။ ကျွန်တော်တို့ လိုင်စင်တွေအဆင့်ဆင့်ရှိတာမှာ PRO လိုင်စင်ဆိုတာက အမြင့်ဆုံးပေါ့။ အခုလက်ရှိကတော့ ကျွန်တော်က AFC (A) လိုင်စင်ပေါ့။ ဒီမှာကတော့ အမြင့်ဆုံးလိုင်စင်ပဲ။ အကုန်လုံးကတော့ နည်းပြတိုင်း AFC (A) လိုင်စင်အမြင့်ဆုံးပဲ ရထားတယ်လေ။ Professional လိုင်စင် တော့မရှိဘူး။ ဒါပေမဲ့ ဒီပွဲစဉ်က FIFA ရဲ့ပွဲစဉ် မဟုတ်တဲ့အတွက် ကျွန်တော်တို့က ဒီမှာလုပ်ခွင့်ရတယ်ပေါ့နော်။ လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီပွဲစဉ်က အားလုံးလည်းသိပြီးသားပဲလေ။ Mitsubishi ဆိုတာ နှစ်နှစ်တစ်ခါ တစ်ကြိမ်လုပ်တဲ့ပွဲလေ။ National Team အမြင့်ဆုံးပွဲပေါ့။ အဲဒီတော့ ဒီပြိုင်ပွဲမှာ လုပ်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင် တယ်။ တခြားအသင်းတွေကိုပြန်ကြည့်တော့လည်း အကုန်လုံးက Local coach မဟုတ်ဘူး။ နိုင်ငံခြားသားနည်းပြတွေ ချည်းပဲ။ ဒီထဲမှာ ကျွန်တော်တာဝန်ယူရတဲ့အတွက် Challenge ဖြစ်တယ်။ ပိုပြီးတော့လည်း ဂုဏ်ယူပါတယ်။ စောစောက ပြောသလိုပေါ့။ ကျွန်တော့်ကို တာဝန်ပေးတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အုပ်စုထွက်ပြီးသား လည်းဖြစ်တယ်လေ။ အုပ်စုမှာ လည်း သိတဲ့အတိုင်းပဲ အင်ဒိုနီးရှားလိုအသင်းမျိုး နောက်ပြီးတော့ သူတို့က လက်ရှိမှာ အရမ်းကိုအားထည့်နေတယ်။ ကမ္ဘာ့အဆင့် ထိသွားနေတယ်ပေါ့နော်။ ခြေစစ်ပွဲအထိသွားနေတယ်။ နောက်ပြီးတော့ အမြင့်ဆုံးဖြစ်တဲ့ ဗီယက်နမ်အသင်းလည်းပါတာပေါ့။ ဒါမျိုးတွေပြောလို့ ဆင်ခြေပေးတယ်တော့ မဟုတ်ဘူးပေါ့နော်။ ဖြစ်လာတာကို ကျွန်တော်တို့က လက်ခံရမယ်လေ။ ကျွန်တော့်မှာရှိတဲ့ ဉာဏ်စွမ်း၊ အတွေ့အကြုံတွေ နောက်ပြီးတော့ ကျွန်တော့် ဆရာ့ဆရာတွေနဲ့ တွဲလုပ်တဲ့အတွေ့အကြုံတွေ။ ကျွန်တော့်ရဲ့ကစားသမားဘဝအတွေ့ အကြုံတွေနဲ့ နောက်ပြီး MNL မှာလုပ်ခဲ့တဲ့အတွေ့အကြုံတွေနဲ့ ဒီကလေးတွေနဲ့ပေါင်းစပ်ပြီးတော့ နောက်မှာ ကျွန် တော့်နည်းစနစ်ပိုင်းတွေ ကျွန်တော့်ကို အကြံဥာဏ်ပေးမယ့်အဖွဲ့တွေနဲ့ ကျွန်တော့်နည်းပြအဖွဲ့တွေနဲ့ အကုန်လုံးပေါင်းစပ် ပြီးတော့သွားနေ တာ။ ကျွန်တော့် Decision တစ်ခုဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အကုန်လုံးပူးပေါင်းပြီးသွားနေတာပါ။

မေး - အစ်ကိုနည်းပြအဖြစ် စပြီးတာဝန်ယူတဲ့အချိန်မှာ နည်းပြတိုင်းလုပ်ရတဲ့ ပထမဆုံးအလုပ်က ကိုင်တွယ်ရမယ့် ကစားသမားကို စပြီးစဉ်းစားရတာကိုး။ အဲဒီတော့ ကစားသမားရွေး ချယ်ရတဲ့အပိုင်း။ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်သွားချင်တဲ့ကစားကွက်နဲ့ ပုံဖော်ရတဲ့အပိုင်းကကော ကျွန်တော် တို့မြန်မာနိုင်ငံကစားသမားတွေ ထဲမှာ စိတ်ကြိုက် ရရဲ့လား။
ဖြေ - လက်ရှိအဲဒါက ဘာလေးပြဿနာရှိလဲဆိုတော့ ကျွန်တော်တို့ Level ပေါ့။ Level ဆိုတာက ကျွန်တော်တို့ league Level က ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်တုန်းက ကျွန်တော်တို့ league Level သူများတွေနဲ့ ယှဉ်ရင်နည်းနည်းလေး နိမ့်ကျနေတာပေါ့နော်။ ပြည်ပထွက်ခွာပြီးကစားနေတဲ့ Player တွေကတော့ သူဟာနဲ့သူသွားနေတာပေါ့နော်။ သူ့ဟာနဲ့သူကတော့ ရှိတာပေါ့။ ဒီကလေးတွေကိုလည်း အပြစ်ပြောတာ မဟုတ်ပါဘူး။ ကလေးတွေကလည်း သူတို့ league Level မှာတော့ အမြင့်ဆုံးပဲပေါ့နော်။ ကျွန်တော် ရွေးချယ်တာကလည်း နည်းပြအဖွဲ့တွေနဲ့ အကောင်းဆုံး ရွေးချယ်တာပဲလေ။ ဘယ်နည်းပြကမှတော့ ကိုယ့်အသင်းရှုံးအောင်မလုပ်ပါဘူး။ နောက်ပြီးတော့ သူတို့ဆီက ဘယ်လောက်ရနိုင်မလဲ ချိန်ထားတယ်။ ဒီပြိုင်ပွဲကလည်း အစ်ကိုပြောသလိုပဲ။ ခက်ခဲတယ်။ ဘာလို့ဆိုတော့ နိုင်ငံတိုင်းခက်ခဲတာပဲလေ။ ဘာလို့ ဆို ကိုယ့်တစ်သင်းတည်းမဟုတ်ဘူး။ ဘာကိုခက်ခဲလည်း ဆိုတော့ Oversea player တွေနဲ့ league တွေက မရပ်ဘူး။ ကျွန်တော်တို့နိုင်ငံပဲ league ပဲ ရပ်လိုက်တာ။ ဗီယက်နမ်တို့ ထိုင်းတို့က league တွေက ပုံမှန် တိုင်းပဲသွားနေ တယ်ဆိုတော့ သူတို့မှာက ရွေးချယ်ရမယ့် Player တွေက များတယ်လေ။ ကျွန်တော်တို့က ဘာလေးပြဿနာရှိလဲဆို တော့ အခု Oversea ထွက်ကစားတဲ့ ထိုင်းတို့မလေးရှားတို့ အဲဒီ Player တွေကတော့ သူတို့ League တွေနဲ့ ဆွေးနွေး ပြီးတော့ ပြန်ကစားဖို့အတွက် တောင်းထားတယ်ပေါ့နော်။ တချို့ Player တွေလည်းရောက်နေတာရှိတယ်။ တချို့က စားသမားတွေကလည်း (၅၀/၅၀)လာနိုင်လား။ ဒီဘက်က ခွင့်ပေးလား။ ခွင့်ပြုလားပေါ့ ဒါလေးတွေ တော့ရှိပါတယ်။

မေး - မြန်မာပရိသတ်တွေရဲ့ အနီးစပ်ဆုံးပြိုင်ပွဲအနေနဲ့ ကိုမျိုးလှိုင်ဝင်းကိုင်တွယ်မယ့်ပြိုင်ပွဲက Mitsubishi ဖလား ပြိုင်ပွဲဖြစ်တယ်။ နောက်ပြီး ပထမဆုံးကန်ရမယ့်ပွဲက အင်ဒိုနီးရှားလိုအသင်းဖြစ်နေတယ်။ ကြည့်လိုက် တော့လည်း အင်ဒိုနီးရှားကလည်း တစ်ဖက်မှာ အရမ်းကောင်းနေတယ်။ အာရှအဆင့်မှာတောင် ခြေစွာ နေတာကိုတွေ့ရတယ်။ အိမ်ကွင်းမှာလည်း လက်ခံ ကျင်းပရမယ်ဆိုတော့ တော်တော်တော့ စိန်ခေါ်မှုကြီး တယ်လို့တွေ့ရတယ်။ အဲဒီတော့ ဒီအနီးစပ်ဆုံးပွဲကနေ ကျွန်တော်တို့ကစားသမားတွေဆီကနေ ဘာတွေ မျှော်လင့်လို့ရနိုင်မလဲ။
ဖြေ - ကျွန်တော်တို့ကတော့ အခုသတင်းရတာတော့ သူတို့ကစားနေတဲ့ ကမ္ဘာ့အဆင့်ကစားနေတဲ့ ကစားသမား တွေတော့ မပါလောက်ဘူးလို့ပြောတယ်။ သူတို့ လက်ရှိ (U-23) ပေါ့။ (၂၂)အောက်ကစားသမားတွေနဲ့လာဖို့ ပြင်ဆင်ထားတယ်။ အဲဒီကစားသမားတွေက သူတို့လည်း ဆာလောင်မွတ်သိပ်နေမှာပေါ့။ သူတို့ဆီ မှာလည်း နိုင်ငံသားခံတဲ့ကစားသမားတွေက ကစားထားတာဆိုတော့ သူတို့အခွင့်အရေးရတဲ့အချိန်မှာလည်း သူတို့တိုင်းပြည် အတွက် အကောင်းဆုံးပေးဆပ်ကြမှာပဲ။ ဘာလို့ဆို သူတို့(၉)ရက် ကစားမှာတောင်မှ (၅)ရက်ကတည်းက ရောက်ပြီးတော့ ပြင်ဆင်မှုတွေကို ဒီမှာလာနေပြီးတော့ ပြင်ဆင်ထားတဲ့အနေအထား ဆိုတော့။ ဒါကတော့ သူတို့တင်မဟုတ်ဘူး။ အသင်းတိုင်း၊ နိုင်ငံတိုင်း ပြင်ဆင်နေပါတယ်။ ကိုယ့်လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် အားသာချက် ကတော့ ကိုယ့်အိမ်ကွင်း ဖြစ်တယ်။ ကိုယ့်နောက်မှာ ကိုယ့်ပရိသတ်ရှိတယ်။ ဒီကလေးတွေလည်း ပြီးခဲ့တဲ့ပွဲတွေမှာ၊ ခြေစမ်းပွဲတွေမှာ အပြည့်အဝကစားထားတယ်ဆိုတော့ အဲဒီပွဲတွေရဲ့အမှားလေးတွေ၊ နောက်ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ့။ ပရိသတ်ရဲ့အားပေးမှုကတော့ အဓိက ကျလိမ့်မယ်လို့ထင်ပါတယ်။
မေး - နောက်တစ်ခုက အုပ်စုတွင်းပြိုင်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ကိုမျိုးလှိုင်ဝင်းတာဝန်ထမ်းဆောင်ပြီဆိုကတည်း က ကိုယ်ကစားရမယ့်ပြိုင်ပွဲတွေကို လေ့လာရမယ်လို့ ယူဆပါတယ်။ အဲဒီတော့ ပြိုင်ဘက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး လေ့လာထားလဲ။ ဥပမာ - ဘယ်အသင်းကိုတော့ ငါတို့နိုင်အောင်ကန်ရမယ်။ ဘယ်အသင်းမှာတော့ သရေလောက်တော့ ရအောင် ကန်ရမယ်။ ရမှတ်ဘယ်လောက်စုရမလဲဆိုတာကော အစ်ကိုပြောလို့ရလားခင်ဗျ။
ဖြေ - လက်ရှိမှာတော့ ကျွန်တော်တို့က အုပ်စု(A)ပဲကျကျ၊ အုပ်စု(B)ပဲကျကျ။ အုပ်စုက ကျပ်နေမှာပဲ လေ။ နောက်ပြီးတော့ အသင်းကြီးတွေကပါနေမှာပဲ။ ဒါကို ကျပ်တယ်ချောင်တယ်လို့ပြောလို့မရဘူး။ တွေ့တဲ့တစ်ပွဲချင်း ကိုသွားရမယ်။ နောက်ပြီးတော့ ကျွန်တော်တို့အုပ်စုအတွင်းမှာ ကျွန်တော်တို့က (၄)ပွဲက စားရမှာပေါ့။ (၄)ပွဲကစားရမှာဆိုတော့ အိမ်ရှင်လည်း ဖြစ်တယ်။ နောက်ပြီးတော့ အင်ဒိုနီးရှားလိုအသင်းကြီးကို ကျွန်တော်တို့ အသင်းကတော့ အနိမ့်ဆုံးအဆင့်ကတော့ လိုချင်တာတော့ သရေတစ်မှတ်ရရင်ကို ကျွန်တော်တို့အခြေအနေ ကောင်းနိုင်တယ်။ အဲဒီကမှ ကျွန်တော်တို့ကို ဘုရားပေးမယ့် ကံပါတယ်ဆိုရင်တော့ ကျွန်တော်တို့ အနိုင်ရရှိမှာ ပေါ့နော်။ အနိုင်ရရင် (၃)မှတ်ရမှာပေါ့။ အဲဒါပြီးရင် ကျွန်တော်တို့ ဖိလစ်ပိုင်နဲ့။ ဖိလစ်ပိုင်နဲ့ကတော့ ကျွန်တော်တို့က (၉)ရက်နေ့က စားပြီးတော့ (၁၀)ရက် မနက်ကို ကျွန်တော်တို့က ထွက်ရမယ်။ (၁၀)ရက် တစ်ရက်လုံး ထွက်ပြီး တော့ ညကျမှရောက်မှာ။ (၁၁)ရက် တစ်ရက်ပဲ နားပြီးတော့ (၁၂)ရက်မှာ ကန်ရမယ်။ အဲဒါကို ကျွန်တော်တို့ နည်းပြအဖွဲ့တွေနဲ့အကြံပေးတွေနဲ့ အကုန်လုံး ညှိနှိုင်းတယ်။ လူအပြောင်းအလဲလေးတွေ နဲ့ဘောလုံးပွဲဆိုတာ Injury လည်းရှိနိုင်တယ်လေ။ ဒါတွေလည်း ပြင်ဆင်ထားတယ်။ ဖိလစ်ပိုင်ကိုတော့ မဖြစ်မနေနိုင်ကိုနိုင်ရမယ်။ ကျွန်တော်တို့ကစားဖို့ပြင်ဆင်ထားတယ်။ နောက်တစ်ပွဲကတော့ (၁၃)ရက် ပြန်လာမယ်။ (၁၈)ရက်မှဆိုတော့ ကြား ထဲမှာ ကျွန်တော်တို့ (၄)ရက် (၅)ရက်ရတဲ့အချိန်ဖြစ်တယ်။ နောက်ပြီးတော့ လာအိုနဲ့လည်း အိမ်ကွင်းမှာကန်ရမယ် ဆိုတော့ လာအိုကိုတော့ ကျွန်တော်တို့ သေချာပေါက် နိုင်မယ်ဆိုရင် ကျွန်တော်တို့ (၆)မှတ်ရသွားမယ်။ နောက်ဆုံးပွဲကတော့ အဝေးကွင်းသွားကစားရမယ်။ (၁၈)ရက်နေ့ပြီး တော့(၁၉)ရက် အဲဒီလိုပဲသွားမယ်။ (၂၀) ရက် တစ်ရက်နားမယ်။ (၂၁)ရက်နေ့ ဗီယက်နမ်နဲ့။ အဲဒီအချိန်ကျရင်တော့ ဗီယက်နမ်လည်း သူတို့ရသင့်ရထိုက်တဲ့ အမှတ်တွေ ရှိကောင်းရှိနိုင်တာပေါ့။ ကျွန်တော်တို့လည်း ရသင့်တဲ့ရမှတ် (၆)မှတ်၊ (၇)မှတ်ရထားမယ်ဆိုရင်တော့ နောက်ဆုံးပွဲသာ ကျွန်တော်တို့ရဲ့အသက်ပဲလို့ ကျွန်တော်တို့က တွက်ထားတာပေါ့။

မေး - အခုလက်ရှိမှာ ရွေးချယ်ထားပြီးသား မြန်မာ့လက်ရွေးစင်ကစားသမားတွေထဲမှာ ပွဲရလဒ်တစ်ခုလုံးကို အပြောင်းအလဲလုပ်ပေးနိုင်တဲ့၊ စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးတွေ တွေ့မိလားခင်ဗျ။
ဖြေ - ရှိပါတယ်။ ကစားသမားတွေကတော့ သူတို့မှာ သူတို့ကိုယ်ပိုင်အရည်အချင်းလေးတွေနဲ့ ကိုယ့်ရဲ့ စကေးလေး တွေ။ နောက်ပြီးတော့ သူတို့ ဂိုး Luck ကခု ရှိတဲ့ကစားသမားတွေလည်း ရှိပါတယ်။ သုံးလေးယောက်လောက် ရှိပါတယ်။ တစ်ခါတလေကျရင်လည်း နောက်တန်းကနေတက်သွင်းတဲ့ ဂိုး Luck ကခု ရှိတဲ့ နောက်တန်း ကစားသမားတွေလည်း ရှိပါတယ်။ ပွဲအဖြေကိုပြောင်းလဲနိုင်မယ့် ကစားသမားတွေပေါ့။

မေး - အခုကတော့ Mitsubishi cup ပေါ့။ အရင်တုန်းကတော့ Tiger ဖလားပေါ့နော်။ Tiger ဖလားတုန်းက အစ်ကို ကိုယ်တိုင်လည်း ပါဝင်ကစားခဲ့ဖူးတယ်။ နောက်ပြီးတော့ ရွှေဖိနပ်ဆုတောင်ရခဲ့သေး တယ်။ အစ်ကိုကစားသမား ဘဝတုန်းကလည်း ပြောရရင်တော့ မြန်မာလူထုရဲ့မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီနည်းပြဘဝ ရောက်လာတယ်။ မြန်မာလူထုရဲ့မျှော်လင့်ချက်ကလည်း ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရင်ဘတ်ကြီးနဲ့ အားပေးကြတာပေါ့ဗျာ။ အဲဒီရင်ဘတ်ကြီးနဲ့အားပေးကြတဲ့ မျှော်လင့်ချက်ကြီးနဲ့ အားပေးကြတဲ့ အပေါ်ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတာကလည်း တော်တော်ကို စိန်ခေါ်မှုကြီးတယ်။ ကစားသမားဘဝက မဖြည့်ဆည်း ပေးနိုင်တာကို နည်းပြဘဝမှာလုပ်ပေးနိုင်မလား။
ဖြေ - ကျွန်တော်တို့ ဒီလက်ရွေးစင်နည်းပြချုပ်ကို စပြီး တာဝန်ယူတည်းက ဒါကြီးကိုရင်ဆိုင်ရမယ်။ ဒါကိုလည်း ပရိသတ် ကြီးကိုလည်း အကောင်းဆုံးပုံစံမျိုးဖြစ်စေချင်တယ်။ ပြီးရင်လည်း ရလဒ်ကောင်းအောင် နောက်ဆုံးရလဒ် မကောင်းရင်တောင်မှ ပရိသတ်လက်ခံတဲ့ ကစားနည်းကစားဟန်ကိုတော့ ကျွန်တော်တို့က အကောင်းဆုံးချပြသွား မယ်။ အကောင်းဆုံး ကျွန်တော့်ဘက်ကနဲ့ ကလေးတွေဘက်ကလည်း အခုအချိန်ထိ ကွင်းတွင်းရော ကွင်းပြင်ရော စည်းကမ်းပိုင်းကအစ အကုန်လုံးကောင်းတယ်။ တက်ညီလက်ညီဖြစ်နေတော့ ကျွန်တော်တို့ကတော့ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မေး - ကျွန်တော်တို့ မြန်မာပရိသတ်တွေ အကြမ်းဖျင်းအားဖြင့် မေးချင်နေတာက အုပ်စုအောင်ပါ့မလားဆိုတဲ့ မေးခွန်းပေါ့။ အဲဒါမျိုးအတွက်ကော ဘယ်လိုမျိုး Message ပေးနိုင်မလဲ။
ဖြေ - ကျွန်တော်ကတော့ ယုံကြည်တာပေါ့။ လူတစ်ယောက်က ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ရှိတယ်။ ယုံကြည်ချက် ရှိမှပဲ အောင်မြင်မှာလေ။ ကျွန်တော်ကတော့ ကျွန်တော်တို့အုပ်စုတက်ရေးကိုပဲ ပထမဆုံးကြိုးစားမယ်။ ဖြစ်လည်း ဖြစ်မယ်။ အုပ်စုတက်ရမယ်ဆိုတဲ့ ခံယူချက်ရှိထားတယ်။ နောက်ပြီးတော့ ပထမဆုံးပွဲမှာ ကျွန်တော်တို့ ရလဒ် ကောင်းကောင်းရမယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံးပွဲကန်ပြီးသွားရင်တော့ ကျွန်တော်တို့ အဖြေထွက်မှာပေါ့။

မေး - ကစားသမားတွေတချို့တလေမှာ လက်ရှိအသင်းနဲ့ပြန်လာပူးပေါင်းဖို့ကြန့်ကြာနေတဲ့ ကစားသမားတွေ ရှိ တယ်။ မပူးပေါင်းတဲ့ ကစားသမားတွေရှိတယ်။ သူတို့မပါရင်ကော ကျွန်တော်တို့ ဆက်သွားနိုင်ပါ့မလား။
ဖြေ - ဒါကတော့ ပါတယ်ဆိုရင်တော့ ကျွန်တော်တို့အားပြည့်တာပေါ့။ တချို့ကစားသမားတွေလည်း သိရသလောက် မပါဖို့လည်း ရှိတာပေါ့လေ။ တစ်ယောက်နှစ်ယောက်လောက်။ ဒါပေမဲ့ ပြဿနာတော့ မရှိဘူး။ ရှိတဲ့ အင်အားနဲ့ ကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့လုပ်ဖို့ ကြိုးစားပြင်ဆင်ထားပါတယ်။

မေး - တခြားကလပ်အသင်းတွေလည်း အစ်ကိုနည်းပြလုပ်ခဲ့ဖူးတဲ့နိုင်ငံအသင်းကိုတော့ ပထမဆုံးအကြိမ် နည်းပြ လုပ်တာဆိုတော့ ကစားသမားတွေဆီမှာတွေ့ရတဲ့စိတ်ခွန်အားပေါ့။ အနီးကပ်ဆုံးပြိုင်ပွဲနဲ့ပတ်သက်ပြီး သူတို့ ပြင်ဆင်ထားတဲ့ စိတ်ဓာတ်ခွန်အားက ဘယ်လောက်ထိရှိတယ်လို့ ပြောလို့ရမလဲခင်ဗျ။
ဖြေ - ပြီးခဲ့တဲ့ခြေစမ်းပွဲကရလဒ်တွေကို ပရိသတ်လည်း တွေ့ပါတယ်။ သူတို့ကွင်းထဲမှာ အကောင်းဆုံး ကစားတာ တွေ့ရတယ်။ အဲဒီခွန်အားကိုတွေ့ရတဲ့အတွက် သူတို့ကို ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော် ထင်ပါတယ်။ သူတို့ အထဲမှာလည်း မောင်မောင်လွင်ဆိုရင် အသင်းခေါင်း ဆောင်အဖြစ် (၂၀၁၄) ခုနှစ်တုန်းက သူတို့ကစားပြီးသွားပြီ။ ဆီမီးဖိုင်နယ်အထိတက်အောင် သူတို့ ကစား တယ်။ ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ ဆီမီးဖိုင် နယ်မရောက်တာ အုပ်စုမကျွတ်တာ တော်တော်ကြာပြီပေါ့။ အဲဒါကိုလည်း သူတို့ကို Message ပေးထားတယ်။ နှစ်နှစ်တစ်ကြိမ်မှ လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဒီဟာပြီးရင် ကျွန်တော်တို့က နောက်နှစ်နှစ်တောင် ကျွန်တော်တို့က စောင့်ရမယ်လေ။ အခုလက်ရှိအချိန်ကို ကျွန်တော်တို့ ဘယ်လောက်အဆင့်ထိသွားနိုင် မလဲဆိုတာကို ကျွန်တော်တို့က သူတို့ကို Message လေးတော့ အကောင်းဆုံးပေးထားပြီး အကောင်း ဆုံးကစားမယ်လို့တော့ထင်ပါတယ်။

မေး - (၉)ရက်ကတော့ အင်ဒိုနီးရှားနဲ့ပွဲပေါ့နော်။ အင်ဒိုနီးရှားနဲ့ပွဲမှာ မြန်မာပရိသတ်တွေရဲ့စိတ်ပါဝင်စားမှုက ကြည့်ရသလောက်ဆိုရင်တော့ အားလျော့နေသလိုဖြစ်နေတာကိုတွေ့ရတယ်။ အဲဒီတော့ သူတို့ ပိုပြီးတော့ ပူးပေါင်း ပါဝင်ချင်လာအောင် အားပေးလာအောင် ဒီပွဲမှာ ပြည့်ပြီးတော့ အားရှိစရာဖြစ်လာအောင် နည်းပြဘက်ကကော ဘာများပြောပြချင်လဲ။
ဖြေ - ကျွန်တော်ကတော့ စောစောကပြောပြီးသလိုပေါ့နော်။ ကွင်းထဲအထိလာအားပေးနိုင်ရင်တော့ ဒါဟာ စနစ်ဟောင်းလမ်းစဉ်အောက် ကစားသမားပေါ့နော်။ တကယ်လည်းဖြစ်ခဲ့ဖူးတယ်လေ။ ကမ္ဘာ့ဖလား U-20 တုန်း ကလည်းပဲ ဒီအားနဲ့ ဒီတစ်ကွင်းလုံး ပြည့်လျှံတဲ့အားနဲ့ ကလေးတွေကြိုးစားအားထုတ်မှုနဲ့ကန်ခဲ့တာ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုက တကယ်တမ်းက ပရိသတ်ပဲ။ တစ်ကွင်းလုံးအားပေးတဲ့စိတ်က အဲဒီမှာ ကမ္ဘာ့ဖလားခြေ စစ်ပွဲ့-၂၀ အောင်တာပေါ့။ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အခက်အခဲတွေ ကြားထဲကနေလာပြီးတော့ အားပေးပါလို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဒီလိုအားပေးခြင်းအားဖြင့် ဒီကလေးတွေနဲ့ ကျွန်တော့်မှာ အများကြီးအားရှိပါ တယ်။ အဲဒါတော့ တောင်းဆိုချင်ပါတယ်။

မေး - နောက်တစ်ခုက တစ်သင်းချင်းစီရဲ့အနေအထားကိုကြည့်ပြီးတော့ သုံးသပ်စေချင်ပါတယ်။ ပထမဆုံး ကန်ရ မယ့် အင်ဒိုနီးရှားနဲ့ပတ်သက်လို့ အားသာချက်၊ အားနည်းချက်ကို သူတို့ကို ဘယ်လိုပုံစံမျိုးကစားဖို့သင့်သလဲပေါ့ နော်။ အဲဒီ အားနည်းချက်၊ အားသာချက်ကို ပြောပေးပါဦး။
ဖြေ - အုပ်စုထွက်ပြီးတည်းက ကျွန်တော်တို့ လေ့လာထားတယ်။ လေ့လာထားတယ်ဆိုတာ သူတို့လည်း သူတို့ ကစားထားတဲ့ ပွဲတွေရှိတယ်လေ။ ကမ္ဘာ့ခြေစစ်ပွဲတွေ။ ဂျပန်လိုအသင်းမျိုးတွေနဲ့ ကစားထားတာတွေ ရှိတယ်။ တစ်ခုပြောင်းလဲသွားတာက အခုလက်ရှိက သူတို့က U-20 နဲ့ သွားမယ်ဆိုတော့ ဖောင်ဒေးရှင်းဘယ်လိုပြောင်းမယ် မသိသေးဘူး။ အများအားဖြင့် ပုံမှန်ကစားနေတဲ့ (၃-၄-၃) ပုံစံနဲ့ ပြန်ထွက်လာမလား။ အဲဒါတော့ တွက်ဆလို့မရဘူး။ ကျန်တာတော့ ကျွန်တော်တို့က analysis လုပ်နေတယ်။ ကျွန်တော်တို့ဒီမှာ နည်းစနစ်အကြံပေးတွေရော နည်းပြအဖွဲ့ တွေရော ကျွန်တော်တို့ နိုင်ငံတကာက ဂျပန်လူမျိုး နည်းစနစ်အကြံပေးနဲ့ analysis လုပ်ပြီး တစ်ပွဲနဲ့ တစ်ပွဲကစားထားတဲ့ ပြီးခဲ့တဲ့ အင်ဒိုနီးရှားကစားထားတဲ့ ပွဲတွေကိုလည်း ကျွန်တော်တို့ analysis လုပ်ပြီး အားနည်း ချက်၊ အားသာချက်တွေကြည့်ထားတယ်။ နောက်ပြီးတော့ ဒုတိယပွဲကစားမယ့် ဖိလစ်ပိုင်ကိုလည်း အဲဒီလိုမျိုးတွေ ကြည့်ထားတယ်။ လာအိုတို့ ဗီယက်နမ်တို့ကတော့ ကျွန်တော်တို့လည်းကစားနေတယ်။ သူတို့လည်းကစားနေ တယ်။ အဲဒီတော့ ပွဲတွေကိုပြန်ကြည့် ပြီးတော့ သူတို့ကိုကစားဖို့လုပ်တယ်။ လက်ရှိကတော့ အင်ဒိုနီးရှားကို Target ထား ပြီးတော့ ပြင်ဆင်တယ်။

မေး - အဲဒီတော့ ဒီအုပ်စုကိုကြည့်ပြီးတော့ နည်းပြအနေနဲ့ ငါတို့ကတော့ အင်ဒိုနီးရှားကို မနိုင်လောက်ဘူးလို့ စိုးရိမ်ချက်တစ်ခုခုခံစားမိလား အဲဒါလည်း ပြောပြပေးပါဦး။
ဖြေ - ဒါကတော့ ပုံမှန်သဘာဝအရဆို ဒါကြီးက ဖင်ခေါင်းကျယ်တယ်၊ လျှောက်ပြောနေတယ်ဆိုပေမယ့် ဒါကတော့ အဖြေထွက်နေတာပဲလေ။ နိုင်ရမယ်လို့ အဲဒီလိုမျိုးကြီးသွားပြောနေရင်တော့ ဒီကောင်တွေ လျှောက်ပြောနေတာ ပေါ့။ ဒါပေမဲ့ သိတဲ့သူကတော့ သိတယ်။ ဘောလုံးကိုတကယ် ထဲထဲဝင်ဝင်ကြည့်တဲ့ သူက နားလည်တဲ့သူကတော့ သိတာပေါ့။ ဘယ်သူသည် ဘယ်အဆင့်မှာရှိနေတယ်။ ဘယ်လောက်ထိ ကိုယ့်မှာဒုက္ခကြီးနေတယ်။ ဒါကို ဘယ်လိုလုပ်ပြနိုင်မလဲ ဆိုတဲ့ဥစ္စာလည်းရှိတာပဲ။ ကမ္ဘာ့ဖလားမှာဆိုလည်း အာဂျင်တီးနားရှုံးသွားသေးတာပဲ။ ဆော်ဒီကိုလေ။ အားလုံးက ဘယ်သူမှ ဆော်ဒီက အာဂျင်တီးနားနိုင်ရ မယ်လို့ ဘယ်သူကပြောမလဲ။ ဒါပေမဲ့ ကွင်းထဲ မှာဆိုရင် ဘောလုံးဆိုတာ အမျိုးမျိုးပြောင်းနေတာ။ ဒါကြောင့်မို့လည်း ဘောလုံးကို လူတိုင်းက နံပါတ်တစ်ပဲလေ။ အားကစားမှာက နံပါတ်တစ်ဖြစ်နေတာလေ။ အမြဲတမ်းစက္ကန့်ပိုင်းအတွင်း အပြောင်းအလဲတွေဖြစ်နေတာ။ ဒါတွေ လည်းရှိထားတယ်ဆိုတော့ ကိုယ်တွေက ဒါကြီးကို မင်းတို့ကနိုင်ရမယ်ဆိုပြီး ပါးစပ်က သာပြောလို့လွယ်တာပေါ့။ လက်တွေ့မှာတော့ ခက်တယ်လေ။ ဒါပေမဲ့ နည်းပြတစ်ယောက်အနေနဲ့ကတော့ အကောင်းဆုံး သူတို့ကိုဘယ်လို ပြင်မယ်။ ကွင်းထဲမှာ ကစားသမားတွေက သူတို့ကိုပေးထားတဲ့ Duty ထက်ပိုပြီး သူတို့အလုပ်လုပ်မယ်။ သူတို့မှာရှိတဲ့ ဉာဏ်စွမ်းရှိသမျှ အားကုန်စိုက်ထုတ်မယ်ဆိုရင် သူတို့ကြိုးစားမယ်ဆိုရင် ရလဒ်ကောင်းတစ်ခုထွက် လိမ့်မယ်လို့တော့ ထင်ပါတယ်။

မေး - နောက်တစ်ခုက ကစားသမားတွေကိုကြည့်ပြီးတော့ တော်တော်များများဝေဖန်ကြတာတွေရှိတာပေါ့လေ။ ဘာကိုတွေ့ရလဲဆိုတော့ မိနစ်(၇၀)နောက် ပိုင်းဆိုရင် ကျွန်တော်တို့ကစားသမားတွေကတော် တော်လေးကျသွား တဲ့ သဘောမျိုးအတော်များများက ထောက်ပြတာတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ကစားသမားတွေက မိနစ်(၇၀) လောက်ပဲကစားနိုင်ကြ ပြီးတော့ ကျန်တာမလုပ်နိုင်ကြတာလားဆိုတဲ့ မေးခွန်းမျိုးတွေပေါ့။ ကစားရင်း ကစားရင်းနဲ့ အလွဲအချော်တွေ လုပ်လာတာလေ။ အဲဒီလိုမျိုးတွေပြောကြတာတွေ့ရတယ်။ ဒီအစုအဖွဲ့မှာ ဘယ်လိုမျိုးပြင်ဆင်ထားလဲ။
ဖြေ - သွားတာက ကျွန်တော်ပြောသလိုပေါ့။ level နှစ်ခုဖြစ်နေတာပေါ့။ MNL Level နဲ့ ပြည်ပထွက် ကစားတဲ့ ကစားသမားက First Lineup နဲ့ Second Lineup ရှိတာ မဟုတ်ဘူးနော်။ အရန်ကစားသမား အဲဒီအပြောင်းအလဲ လေးမှာ တနေုလေးတွေဖြစ် တဲ့အချိန်တွေပေါ့။ အဲဒါကိုလည်း ကျွန်တော်တို့ analysis လုပ်ထားတယ်ပေါ့နော်။ ဒါမျိုးထပ်မဖြစ် အောင်တော့ ကျွန်တော်တို့သေချာလေး ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ ပိုပြီးတော့ကောင်း အောင်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ Fitness နိုင်ငံခြား Coach တွေကျွန်တော်တို့ သေချာလေး ထည့်ထားပြီး တော့ GPS စနစ်တွေနဲ့ သေချာလေး ပြင်ဆင်ထားပြီးတော့ အလုပ်လုပ်နေပါတယ်။

မေး - နောက်တစ်ခုက ကျွန်တော်တို့ ကစားသမား တွေက တစ်ဦးကောင်းတစ်ယောက်ကောင်းပုံစံကစားတာမျိုး တွေကို တစ်ခါတလေမှာ တချို့သောပွဲတွေမှာ တွေ့ရတယ်။ ဒီနောက်ပိုင်း ဘောလုံးပွဲတွေတော်တော်များများက ကစားတာမှာ တစ်ဦးကောင်းတစ်ယောက် ကောင်းထက်စာရင် စုဖွဲ့မှုကို အားပြုတာတွေ့ရတယ်။ ကျွန်တော်တို့ဆီ မှာ Messi မရှိဘူး။ Ronaldo မရှိဘူး။ ဒီကစားသမားတွေက Messi လောက်လည်းရှိမှာ မဟုတ်ဘူး။ ဒီတော့ တစ်ဦးကောင်းတစ်ယောက် ကောင်းနဲ့ကစားကြရင်းနဲ့ ကစားကွက်ကြီးတစ်ခုလုံးက ဖရိုဖရဲဖြစ်သွားတာမျိုးတွေဆို တော့ မြန်မာအသင်းမှာလည်း တစ်ခါတလေမှာ တွေ့တွေ့နေရတာ။ တချို့ပွဲတွေမှာ တအားကောင်းတယ်။ အဲဒါကိုလည်း ဘယ်လိုမျိုးဖြစ်တာလဲ ရှင်းပြပေးပါဦး။
ဖြေ - အဲဒါကလည်း ကျွန်တော်တို့ပွဲပြီးတဲ့အချိန်မှာ analysis လုပ်တယ်။ သူတို့ကို TV မှာပြန်ပြီးပြပြီးတော့ သူတို့ကို ပြင်ဆင်ဖို့အတွက် Message တွေ ပေးထားတယ်။ ကွင်းထဲမှာတော့ individual ပြတဲ့ Skill တွေကို နည်းသထက် နည်းအောင်တော့ ပြုပြင်ပေးနေတယ်။

မေး - ကျွန်တော်တို့ ပရိးမီးယားလိဂ်ပွဲတွေကြည့်တဲ့အခါကျရင် ပေးသင့်တဲ့အချိန်မှာတောင်မပေးလို့ အားမရတဲ့ အချိန်တွေရှိတယ်။ မြန်မာအသင်းဆိုရင် ပိုအားမရတာတွေရှိတယ်။ ဘောလုံးကိုဆွဲသွားတယ်။ ပေးသင့်တဲ့အချိန်မှာ မပေးဘူး။ နေရင်းထိုင်ရင်းနဲ့ အဲဒီအချိန်တွေက စက္ကန့်ပိုင်းတွေမိနစ်ပိုင်းတွေ ဆုံးရှုံးတာတွေရှိလို့ ရလဒ်တွေ မပြောင်းလဲနိုင်ခဲ့ဘူး။ အဲဒီလိုမျိုးတွေက တကယ့်နိုင်ငံတကာပြိုင်ပွဲတွေကျရင် ဆုံးရှုံးတာ နစ်နာတာပေါ့။ ဒါအတွက်ကော ဒီကစားသမားတွေဆီမှာ အဲဒီစိတ်နည်းအောင် ဘယ်လိုမျိုးလုပ်ဆောင်ပေးထားတာရှိလဲ။
ဖြေ - အဲဒါတော့ ကျွန်တော်က Training ကွင်းထဲမှာပဲ ပြင်ဆင်မှုတွေလုပ်တာပေါ့။ Training ကွင်းထဲမှာ Without Exercise တွေရှိတယ်။ Without နဲ့သွားတဲ့ Exercise တွေရှိတယ်။ ဒီနေ့ဆိုရင် ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့က အမြဲတမ်း Defending ကျွန်တော်တို့လူမျိုးက အားနည်းတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အားနည်းတယ်။ ကိုယ်က ရှေ့တန်း ဆိုတော့ လုံးဝပဲ ဘောလုံးဆုံးတဲ့အထိသွားစောင့်တယ်။ လုံးဝတစ်ယောက်လျော့လို့မရဘူး။ အကုန်လုံးက Team Organize နဲ့သွားနေတဲ့ System ကြီး နဲ့ သွားနေတဲ့ပုံစံဖြစ်နေတဲ့အတွက် အဲဒီဟာ Section တွေမှာ Training တွေမှာ ရသမျှအချိန်ကို ရသလို အချိန်တိုတိုအတွင်းမှာ message ပေးတယ်။ ကျွန်တော်တို့က အချိန်အများကြီးမရတော့ National Team ဖြစ်တဲ့အတွက် သူရတဲ့အချိန်မှာ (၃)ရက်ရရင်လည်း (၃)ရက် အတွင်းမှာ သူတို့ရဲ့ individual နဲ့ ကျွန်တော်လိုချင်တဲ့ဥစ္စာလေးနဲ့ အသက်သွင်းနေရတာပေါ့။ အဲဒါလေးတွေတော့ ရှိတာပေါ့။
မေး - ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ တချို့ဟာလေးတွေမှာ မမေးမိလိုက်တာပဲဖြစ်ဖြစ်ကျန်ခဲ့တာပဲဖြစ်ဖြစ် အစ်ကို လည်း ထည့်ပြောဖို့လိုအပ်တာရှိရင် ဘာများထည့်ပြောချင်ပါသလဲ။
ဖြေ - မရှိပါဘူး။ မေးတဲ့အတွက်လည်း ကျွန်တော်လည်းပြောရမှာလေးတွေ နားထောင်တဲ့လူလည်းသိ သွားတာပေါ့။ အဓိကပြောချင်တာကတော့ ပြိုင်ပွဲကြီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်အခက်အခဲတွေ မအားမလပ်အချိန်တွေမရှိတဲ့ကြား ကနေ ကွင်းထဲထိလာပြီးတော့ အားပေးပါလို့ တောင်းဆိုချင်ပါတယ်။ လာအားပေးပါလို့ မြန်မာအသင်းအတွက်။

ဖြေကြားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Zawgyi Version;
“အုပ္စုတက္ေရးက ပထမဦးစားေပး အုပ္စုတက္ရမယ္လို႔ ခံယူခ်က္ထားတယ္”
(2024 AFF Mitsubishi ဖလားအတြက္ နည္းျပ ဦးမ်ိဳးလႈိင္ဝင္း ႏွင့္ ေတြ႕ဆုံေမးျမန္းျခင္း)
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၈

ေမး - ေတြ႕ဆုံေမးျမန္းခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ပထမဆုံးအေနနဲ႔ကေတာ့ နည္းျပတာဝန္လက္ခံ လိုက္ၿပီးတဲ့ေနာက္ ပထမဆုံး ႏိုင္ငံတကာၿပိဳင္ပြဲက Mitsubishi ဖလားျဖစ္ေနတယ္။ ဒီၿပိဳင္ပြဲအတြက္ နည္းျပ တစ္ေယာက္အေနနဲ႔ ဘာေတြျပင္ ဆင္ထားၿပီလဲ သိပါရေစ။
ေျဖ - တာဝန္ထမ္းေဆာင္တယ္ဆိုတာက ကြၽန္ေတာ့္ နည္းျပ Life မွာက ျမန္မာ့လက္ေ႐ြးစင္ဆိုတာက အျမင့္ဆုံးပဲ ေလ။ အခုခတ္မွာ ပိုဆိုးတာက လိုင္စင္ေတြနဲ႔သြားရတဲ့ေခတ္ေတြျဖစ္သြားၿပီ။ အရင္ေခတ္က လိုမဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ လိုင္စင္ေတြအဆင့္ဆင့္ရွိတာမွာ PRO လိုင္စင္ဆိုတာက အျမင့္ဆုံးေပါ့။ အခုလက္ရွိကေတာ့ ကြၽန္ေတာ္က AFC (A) လိုင္စင္ေပါ့။ ဒီမွာကေတာ့ အျမင့္ဆုံးလိုင္စင္ပဲ။ အကုန္လုံးကေတာ့ နည္းျပတိုင္း AFC (A) လိုင္စင္အျမင့္ဆုံးပဲ ရထားတယ္ေလ။ Professional လိုင္စင္ ေတာ့မရွိဘူး။ ဒါေပမဲ့ ဒီပြဲစဥ္က FIFA ရဲ႕ပြဲစဥ္ မဟုတ္တဲ့အတြက္ ကြၽန္ေတာ္တို႔က ဒီမွာလုပ္ခြင့္ရတယ္ေပါ့ေနာ္။ လုပ္ခြင့္ရတဲ့အတြက္ ကြၽန္ေတာ့္ကို ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ဒီပြဲစဥ္က အားလုံးလည္းသိၿပီးသားပဲေလ။ Mitsubishi ဆိုတာ ႏွစ္ႏွစ္တစ္ခါ တစ္ႀကိမ္လုပ္တဲ့ပြဲေလ။ National Team အျမင့္ဆုံးပြဲေပါ့။ အဲဒီေတာ့ ဒီၿပိဳင္ပြဲမွာ လုပ္ခြင့္ရတဲ့အတြက္လည္း ေက်းဇူးတင္ တယ္။ တျခားအသင္းေတြကိုျပန္ၾကည့္ေတာ့လည္း အကုန္လုံးက Local coach မဟုတ္ဘူး။ ႏိုင္ငံျခားသားနည္းျပေတြ ခ်ည္းပဲ။ ဒီထဲမွာ ကြၽန္ေတာ္တာဝန္ယူရတဲ့အတြက္ Challenge ျဖစ္တယ္။ ပိုၿပီးေတာ့လည္း ဂုဏ္ယူပါတယ္။ ေစာေစာက ေျပာသလိုေပါ့။ ကြၽန္ေတာ့္ကို တာဝန္ေပးတဲ့အတြက္ လည္း ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနက အုပ္စုထြက္ၿပီးသား လည္းျဖစ္တယ္ေလ။ အုပ္စုမွာ လည္း သိတဲ့အတိုင္းပဲ အင္ဒိုနီးရွားလိုအသင္းမ်ိဳး ေနာက္ၿပီးေတာ့ သူတို႔က လက္ရွိမွာ အရမ္းကိုအားထည့္ေနတယ္။ ကမာၻ႔အဆင့္ ထိသြားေနတယ္ေပါ့ေနာ္။ ေျခစစ္ပြဲအထိသြားေနတယ္။ ေနာက္ၿပီးေတာ့ အျမင့္ဆုံးျဖစ္တဲ့ ဗီယက္နမ္အသင္းလည္းပါတာေပါ့။ ဒါမ်ိဳးေတြေျပာလို႔ ဆင္ေျခေပးတယ္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ျဖစ္လာတာကို ကြၽန္ေတာ္တို႔က လက္ခံရမယ္ေလ။ ကြၽန္ေတာ့္မွာရွိတဲ့ ဉာဏ္စြမ္း၊ အေတြ႕အႀကဳံေတြ ေနာက္ၿပီးေတာ့ ကြၽန္ေတာ့္ ဆရာ့ဆရာေတြနဲ႔ တြဲလုပ္တဲ့အေတြ႕အႀကဳံေတြ။ ကြၽန္ေတာ့္ရဲ႕ကစားသမားဘဝအေတြ႕ အႀကဳံေတြနဲ႔ ေနာက္ၿပီး MNL မွာလုပ္ခဲ့တဲ့အေတြ႕အႀကဳံေတြနဲ႔ ဒီကေလးေတြနဲ႔ေပါင္းစပ္ၿပီးေတာ့ ေနာက္မွာ ကြၽန္ ေတာ့္နည္းစနစ္ပိုင္းေတြ ကြၽန္ေတာ့္ကို အႀကံဥာဏ္ေပးမယ့္အဖြဲ႕ေတြနဲ႔ ကြၽန္ေတာ့္နည္းျပအဖြဲ႕ေတြနဲ႔ အကုန္လုံးေပါင္းစပ္ ၿပီးေတာ့သြားေန တာ။ ကြၽန္ေတာ့္ Decision တစ္ခုျဖစ္ေပမယ့္လည္း ကြၽန္ေတာ္တို႔ အကုန္လုံးပူးေပါင္းၿပီးသြားေနတာပါ။

ေမး - အစ္ကိုနည္းျပအျဖစ္ စၿပီးတာဝန္ယူတဲ့အခ်ိန္မွာ နည္းျပတိုင္းလုပ္ရတဲ့ ပထမဆုံးအလုပ္က ကိုင္တြယ္ရမယ့္ ကစားသမားကို စၿပီးစဥ္းစားရတာကိုး။ အဲဒီေတာ့ ကစားသမားေ႐ြး ခ်ယ္ရတဲ့အပိုင္း။ ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ကိုယ္သြားခ်င္တဲ့ကစားကြက္နဲ႔ ပုံေဖာ္ရတဲ့အပိုင္းကေကာ ကြၽန္ေတာ္ တို႔ျမန္မာႏိုင္ငံကစားသမားေတြ ထဲမွာ စိတ္ႀကိဳက္ ရရဲ႕လား။
ေျဖ - လက္ရွိအဲဒါက ဘာေလးျပႆနာရွိလဲဆိုေတာ့ ကြၽန္ေတာ္တို႔ Level ေပါ့။ Level ဆိုတာက ကြၽန္ေတာ္တို႔ league Level က ၿပီးခဲ့တဲ့ တစ္ႏွစ္ ႏွစ္ႏွစ္တုန္းက ကြၽန္ေတာ္တို႔ league Level သူမ်ားေတြနဲ႔ ယွဥ္ရင္နည္းနည္းေလး နိမ့္က်ေနတာေပါ့ေနာ္။ ျပည္ပထြက္ခြာၿပီးကစားေနတဲ့ Player ေတြကေတာ့ သူဟာနဲ႔သူသြားေနတာေပါ့ေနာ္။ သူ႔ဟာနဲ႔သူကေတာ့ ရွိတာေပါ့။ ဒီကေလးေတြကိုလည္း အျပစ္ေျပာတာ မဟုတ္ပါဘူး။ ကေလးေတြကလည္း သူတို႔ league Level မွာေတာ့ အျမင့္ဆုံးပဲေပါ့ေနာ္။ ကြၽန္ေတာ္ ေ႐ြးခ်ယ္တာကလည္း နည္းျပအဖြဲ႕ေတြနဲ႔ အေကာင္းဆုံး ေ႐ြးခ်ယ္တာပဲေလ။ ဘယ္နည္းျပကမွေတာ့ ကိုယ့္အသင္းရႈံးေအာင္မလုပ္ပါဘူး။ ေနာက္ၿပီးေတာ့ သူတို႔ဆီက ဘယ္ေလာက္ရႏိုင္မလဲ ခ်ိန္ထားတယ္။ ဒီၿပိဳင္ပြဲကလည္း အစ္ကိုေျပာသလိုပဲ။ ခက္ခဲတယ္။ ဘာလို႔ဆိုေတာ့ ႏိုင္ငံတိုင္းခက္ခဲတာပဲေလ။ ဘာလို႔ ဆို ကိုယ့္တစ္သင္းတည္းမဟုတ္ဘူး။ ဘာကိုခက္ခဲလည္း ဆိုေတာ့ Oversea player ေတြနဲ႔ league ေတြက မရပ္ဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံပဲ league ပဲ ရပ္လိုက္တာ။ ဗီယက္နမ္တို႔ ထိုင္းတို႔က league ေတြက ပုံမွန္ တိုင္းပဲသြားေန တယ္ဆိုေတာ့ သူတို႔မွာက ေ႐ြးခ်ယ္ရမယ့္ Player ေတြက မ်ားတယ္ေလ။ ကြၽန္ေတာ္တို႔က ဘာေလးျပႆနာရွိလဲဆို ေတာ့ အခု Oversea ထြက္ကစားတဲ့ ထိုင္းတို႔မေလးရွားတို႔ အဲဒီ Player ေတြကေတာ့ သူတို႔ League ေတြနဲ႔ ေဆြးေႏြး ၿပီးေတာ့ ျပန္ကစားဖို႔အတြက္ ေတာင္းထားတယ္ေပါ့ေနာ္။ တခ်ိဳ႕ Player ေတြလည္းေရာက္ေနတာရွိတယ္။ တခ်ိဳ႕က စားသမားေတြကလည္း (၅၀/၅၀)လာႏိုင္လား။ ဒီဘက္က ခြင့္ေပးလား။ ခြင့္ျပဳလားေပါ့ ဒါေလးေတြ ေတာ့ရွိပါတယ္။

ေမး - ျမန္မာပရိသတ္ေတြရဲ႕ အနီးစပ္ဆုံးၿပိဳင္ပြဲအေနနဲ႔ ကိုမ်ိဳးလႈိင္ဝင္းကိုင္တြယ္မယ့္ၿပိဳင္ပြဲက Mitsubishi ဖလား ၿပိဳင္ပြဲျဖစ္တယ္။ ေနာက္ၿပီး ပထမဆုံးကန္ရမယ့္ပြဲက အင္ဒိုနီးရွားလိုအသင္းျဖစ္ေနတယ္။ ၾကည့္လိုက္ ေတာ့လည္း အင္ဒိုနီးရွားကလည္း တစ္ဖက္မွာ အရမ္းေကာင္းေနတယ္။ အာရွအဆင့္မွာေတာင္ ေျခစြာ ေနတာကိုေတြ႕ရတယ္။ အိမ္ကြင္းမွာလည္း လက္ခံ က်င္းပရမယ္ဆိုေတာ့ ေတာ္ေတာ္ေတာ့ စိန္ေခၚမႈႀကီး တယ္လို႔ေတြ႕ရတယ္။ အဲဒီေတာ့ ဒီအနီးစပ္ဆုံးပြဲကေန ကြၽန္ေတာ္တို႔ကစားသမားေတြဆီကေန ဘာေတြ ေမွ်ာ္လင့္လို႔ရႏိုင္မလဲ။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ အခုသတင္းရတာေတာ့ သူတို႔ကစားေနတဲ့ ကမာၻ႔အဆင့္ကစားေနတဲ့ ကစားသမား ေတြေတာ့ မပါေလာက္ဘူးလို႔ေျပာတယ္။ သူတို႔ လက္ရွိ (U-23) ေပါ့။ (၂၂)ေအာက္ကစားသမားေတြနဲ႔လာဖို႔ ျပင္ဆင္ထားတယ္။ အဲဒီကစားသမားေတြက သူတို႔လည္း ဆာေလာင္မြတ္သိပ္ေနမွာေပါ့။ သူတို႔ဆီ မွာလည္း ႏိုင္ငံသားခံတဲ့ကစားသမားေတြက ကစားထားတာဆိုေတာ့ သူတို႔အခြင့္အေရးရတဲ့အခ်ိန္မွာလည္း သူတို႔တိုင္းျပည္ အတြက္ အေကာင္းဆုံးေပးဆပ္ၾကမွာပဲ။ ဘာလို႔ဆို သူတို႔(၉)ရက္ ကစားမွာေတာင္မွ (၅)ရက္ကတည္းက ေရာက္ၿပီးေတာ့ ျပင္ဆင္မႈေတြကို ဒီမွာလာေနၿပီးေတာ့ ျပင္ဆင္ထားတဲ့အေနအထား ဆိုေတာ့။ ဒါကေတာ့ သူတို႔တင္မဟုတ္ဘူး။ အသင္းတိုင္း၊ ႏိုင္ငံတိုင္း ျပင္ဆင္ေနပါတယ္။ ကိုယ့္လိုပဲေပါ့။ ဘာပဲျဖစ္ျဖစ္ အားသာခ်က္ ကေတာ့ ကိုယ့္အိမ္ကြင္း ျဖစ္တယ္။ ကိုယ့္ေနာက္မွာ ကိုယ့္ပရိသတ္ရွိတယ္။ ဒီကေလးေတြလည္း ၿပီးခဲ့တဲ့ပြဲေတြမွာ၊ ေျခစမ္းပြဲေတြမွာ အျပည့္အဝကစားထားတယ္ဆိုေတာ့ အဲဒီပြဲေတြရဲ႕အမွားေလးေတြ၊ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေပါ့။ ပရိသတ္ရဲ႕အားေပးမႈကေတာ့ အဓိက က်လိမ့္မယ္လို႔ထင္ပါတယ္။
ေမး - ေနာက္တစ္ခုက အုပ္စုတြင္းၿပိဳင္ပြဲေတြနဲ႔ပတ္သက္ၿပီးေတာ့ ကိုမ်ိဳးလႈိင္ဝင္းတာဝန္ထမ္းေဆာင္ၿပီဆိုကတည္း က ကိုယ္ကစားရမယ့္ၿပိဳင္ပြဲေတြကို ေလ့လာရမယ္လို႔ ယူဆပါတယ္။ အဲဒီေတာ့ ၿပိဳင္ဘက္ေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုမ်ိဳး ေလ့လာထားလဲ။ ဥပမာ - ဘယ္အသင္းကိုေတာ့ ငါတို႔ႏိုင္ေအာင္ကန္ရမယ္။ ဘယ္အသင္းမွာေတာ့ သေရေလာက္ေတာ့ ရေအာင္ ကန္ရမယ္။ ရမွတ္ဘယ္ေလာက္စုရမလဲဆိုတာေကာ အစ္ကိုေျပာလို႔ရလားခင္ဗ်။
ေျဖ - လက္ရွိမွာေတာ့ ကြၽန္ေတာ္တို႔က အုပ္စု(A)ပဲက်က်၊ အုပ္စု(B)ပဲက်က်။ အုပ္စုက က်ပ္ေနမွာပဲ ေလ။ ေနာက္ၿပီးေတာ့ အသင္းႀကီးေတြကပါေနမွာပဲ။ ဒါကို က်ပ္တယ္ေခ်ာင္တယ္လို႔ေျပာလို႔မရဘူး။ ေတြ႕တဲ့တစ္ပြဲခ်င္း ကိုသြားရမယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔အုပ္စုအတြင္းမွာ ကြၽန္ေတာ္တို႔က (၄)ပြဲက စားရမွာေပါ့။ (၄)ပြဲကစားရမွာဆိုေတာ့ အိမ္ရွင္လည္း ျဖစ္တယ္။ ေနာက္ၿပီးေတာ့ အင္ဒိုနီးရွားလိုအသင္းႀကီးကို ကြၽန္ေတာ္တို႔ အသင္းကေတာ့ အနိမ့္ဆုံးအဆင့္ကေတာ့ လိုခ်င္တာေတာ့ သေရတစ္မွတ္ရရင္ကို ကြၽန္ေတာ္တို႔အေျခအေန ေကာင္းႏိုင္တယ္။ အဲဒီကမွ ကြၽန္ေတာ္တို႔ကို ဘုရားေပးမယ့္ ကံပါတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ အႏိုင္ရရွိမွာ ေပါ့ေနာ္။ အႏိုင္ရရင္ (၃)မွတ္ရမွာေပါ့။ အဲဒါၿပီးရင္ ကြၽန္ေတာ္တို႔ ဖိလစ္ပိုင္နဲ႔။ ဖိလစ္ပိုင္နဲ႔ကေတာ့ ကြၽန္ေတာ္တို႔က (၉)ရက္ေန႔က စားၿပီးေတာ့ (၁၀)ရက္ မနက္ကို ကြၽန္ေတာ္တို႔က ထြက္ရမယ္။ (၁၀)ရက္ တစ္ရက္လုံး ထြက္ၿပီး ေတာ့ ညက်မွေရာက္မွာ။ (၁၁)ရက္ တစ္ရက္ပဲ နားၿပီးေတာ့ (၁၂)ရက္မွာ ကန္ရမယ္။ အဲဒါကို ကြၽန္ေတာ္တို႔ နည္းျပအဖြဲ႕ေတြနဲ႔အႀကံေပးေတြနဲ႔ အကုန္လုံး ညႇိႏႈိင္းတယ္။ လူအေျပာင္းအလဲေလးေတြ နဲ႔ေဘာလုံးပြဲဆိုတာ Injury လည္းရွိႏိုင္တယ္ေလ။ ဒါေတြလည္း ျပင္ဆင္ထားတယ္။ ဖိလစ္ပိုင္ကိုေတာ့ မျဖစ္မေနႏိုင္ကိုႏိုင္ရမယ္။ ကြၽန္ေတာ္တို႔ကစားဖို႔ျပင္ဆင္ထားတယ္။ ေနာက္တစ္ပြဲကေတာ့ (၁၃)ရက္ ျပန္လာမယ္။ (၁၈)ရက္မွဆိုေတာ့ ၾကား ထဲမွာ ကြၽန္ေတာ္တို႔ (၄)ရက္ (၅)ရက္ရတဲ့အခ်ိန္ျဖစ္တယ္။ ေနာက္ၿပီးေတာ့ လာအိုနဲ႔လည္း အိမ္ကြင္းမွာကန္ရမယ္ ဆိုေတာ့ လာအိုကိုေတာ့ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ (၆)မွတ္ရသြားမယ္။ ေနာက္ဆုံးပြဲကေတာ့ အေဝးကြင္းသြားကစားရမယ္။ (၁၈)ရက္ေန႔ၿပီး ေတာ့(၁၉)ရက္ အဲဒီလိုပဲသြားမယ္။ (၂၀) ရက္ တစ္ရက္နားမယ္။ (၂၁)ရက္ေန႔ ဗီယက္နမ္နဲ႔။ အဲဒီအခ်ိန္က်ရင္ေတာ့ ဗီယက္နမ္လည္း သူတို႔ရသင့္ရထိုက္တဲ့ အမွတ္ေတြ ရွိေကာင္းရွိႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔လည္း ရသင့္တဲ့ရမွတ္ (၆)မွတ္၊ (၇)မွတ္ရထားမယ္ဆိုရင္ေတာ့ ေနာက္ဆုံးပြဲသာ ကြၽန္ေတာ္တို႔ရဲ႕အသက္ပဲလို႔ ကြၽန္ေတာ္တို႔က တြက္ထားတာေပါ့။

ေမး - အခုလက္ရွိမွာ ေ႐ြးခ်ယ္ထားၿပီးသား ျမန္မာ့လက္ေ႐ြးစင္ကစားသမားေတြထဲမွာ ပြဲရလဒ္တစ္ခုလုံးကို အေျပာင္းအလဲလုပ္ေပးႏိုင္တဲ့၊ စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားမ်ိဳးေတြ ေတြ႕မိလားခင္ဗ်။
ေျဖ - ရွိပါတယ္။ ကစားသမားေတြကေတာ့ သူတို႔မွာ သူတို႔ကိုယ္ပိုင္အရည္အခ်င္းေလးေတြနဲ႔ ကိုယ့္ရဲ႕ စေကးေလး ေတြ။ ေနာက္ၿပီးေတာ့ သူတို႔ ဂိုး Luck ကခု ရွိတဲ့ကစားသမားေတြလည္း ရွိပါတယ္။ သုံးေလးေယာက္ေလာက္ ရွိပါတယ္။ တစ္ခါတေလက်ရင္လည္း ေနာက္တန္းကေနတက္သြင္းတဲ့ ဂိုး Luck ကခု ရွိတဲ့ ေနာက္တန္း ကစားသမားေတြလည္း ရွိပါတယ္။ ပြဲအေျဖကိုေျပာင္းလဲႏိုင္မယ့္ ကစားသမားေတြေပါ့။

ေမး - အခုကေတာ့ Mitsubishi cup ေပါ့။ အရင္တုန္းကေတာ့ Tiger ဖလားေပါ့ေနာ္။ Tiger ဖလားတုန္းက အစ္ကို ကိုယ္တိုင္လည္း ပါဝင္ကစားခဲ့ဖူးတယ္။ ေနာက္ၿပီးေတာ့ ေ႐ႊဖိနပ္ဆုေတာင္ရခဲ့ေသး တယ္။ အစ္ကိုကစားသမား ဘဝတုန္းကလည္း ေျပာရရင္ေတာ့ ျမန္မာလူထုရဲ႕ေမွ်ာ္လင့္ခ်က္ကို မျဖည့္ဆည္းေပးႏိုင္ခဲ့ဘူးေပါ့ေနာ္။ ဒါေပမဲ့ ဒီနည္းျပဘဝ ေရာက္လာတယ္။ ျမန္မာလူထုရဲ႕ေမွ်ာ္လင့္ခ်က္ကလည္း ရွိတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ရင္ဘတ္ႀကီးနဲ႔ အားေပးၾကတာေပါ့ဗ်ာ။ အဲဒီရင္ဘတ္ႀကီးနဲ႔အားေပးၾကတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ အားေပးၾကတဲ့ အေပၚျဖည့္ဆည္းေပးႏိုင္ဖို႔ ဆိုတာကလည္း ေတာ္ေတာ္ကို စိန္ေခၚမႈႀကီးတယ္။ ကစားသမားဘဝက မျဖည့္ဆည္း ေပးႏိုင္တာကို နည္းျပဘဝမွာလုပ္ေပးႏိုင္မလား။
ေျဖ - ကြၽန္ေတာ္တို႔ ဒီလက္ေ႐ြးစင္နည္းျပခ်ဳပ္ကို စၿပီး တာဝန္ယူတည္းက ဒါႀကီးကိုရင္ဆိုင္ရမယ္။ ဒါကိုလည္း ပရိသတ္ ႀကီးကိုလည္း အေကာင္းဆုံးပုံစံမ်ိဳးျဖစ္ေစခ်င္တယ္။ ၿပီးရင္လည္း ရလဒ္ေကာင္းေအာင္ ေနာက္ဆုံးရလဒ္ မေကာင္းရင္ေတာင္မွ ပရိသတ္လက္ခံတဲ့ ကစားနည္းကစားဟန္ကိုေတာ့ ကြၽန္ေတာ္တို႔က အေကာင္းဆုံးခ်ျပသြား မယ္။ အေကာင္းဆုံး ကြၽန္ေတာ့္ဘက္ကနဲ႔ ကေလးေတြဘက္ကလည္း အခုအခ်ိန္ထိ ကြင္းတြင္းေရာ ကြင္းျပင္ေရာ စည္းကမ္းပိုင္းကအစ အကုန္လုံးေကာင္းတယ္။ တက္ညီလက္ညီျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ကစားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။
ေမး - ကြၽန္ေတာ္တို႔ ျမန္မာပရိသတ္ေတြ အၾကမ္းဖ်င္းအားျဖင့္ ေမးခ်င္ေနတာက အုပ္စုေအာင္ပါ့မလားဆိုတဲ့ ေမးခြန္းေပါ့။ အဲဒါမ်ိဳးအတြက္ေကာ ဘယ္လိုမ်ိဳး Message ေပးႏိုင္မလဲ။
ေျဖ - ကြၽန္ေတာ္ကေတာ့ ယုံၾကည္တာေပါ့။ လူတစ္ေယာက္က ကိုယ့္ရည္မွန္းခ်က္နဲ႔ကိုယ္ရွိတယ္။ ယုံၾကည္ခ်က္ ရွိမွပဲ ေအာင္ျမင္မွာေလ။ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္တို႔အုပ္စုတက္ေရးကိုပဲ ပထမဆုံးႀကိဳးစားမယ္။ ျဖစ္လည္း ျဖစ္မယ္။ အုပ္စုတက္ရမယ္ဆိုတဲ့ ခံယူခ်က္ရွိထားတယ္။ ေနာက္ၿပီးေတာ့ ပထမဆုံးပြဲမွာ ကြၽန္ေတာ္တို႔ ရလဒ္ ေကာင္းေကာင္းရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ပထမဆုံးပြဲကန္ၿပီးသြားရင္ေတာ့ ကြၽန္ေတာ္တို႔ အေျဖထြက္မွာေပါ့။

ေမး - ကစားသမားေတြတခ်ိဳ႕တေလမွာ လက္ရွိအသင္းနဲ႔ျပန္လာပူးေပါင္းဖို႔ၾကန႔္ၾကာေနတဲ့ ကစားသမားေတြ ရွိ တယ္။ မပူးေပါင္းတဲ့ ကစားသမားေတြရွိတယ္။ သူတို႔မပါရင္ေကာ ကြၽန္ေတာ္တို႔ ဆက္သြားႏိုင္ပါ့မလား။
ေျဖ - ဒါကေတာ့ ပါတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အားျပည့္တာေပါ့။ တခ်ိဳ႕ကစားသမားေတြလည္း သိရသေလာက္ မပါဖို႔လည္း ရွိတာေပါ့ေလ။ တစ္ေယာက္ႏွစ္ေယာက္ေလာက္။ ဒါေပမဲ့ ျပႆနာေတာ့ မရွိဘူး။ ရွိတဲ့ အင္အားနဲ႔ ကြၽန္ေတာ္တို႔အေကာင္းဆုံးပုံစံနဲ႔လုပ္ဖို႔ ႀကိဳးစားျပင္ဆင္ထားပါတယ္။

ေမး - တျခားကလပ္အသင္းေတြလည္း အစ္ကိုနည္းျပလုပ္ခဲ့ဖူးတဲ့ႏိုင္ငံအသင္းကိုေတာ့ ပထမဆုံးအႀကိမ္ နည္းျပ လုပ္တာဆိုေတာ့ ကစားသမားေတြဆီမွာေတြ႕ရတဲ့စိတ္ခြန္အားေပါ့။ အနီးကပ္ဆုံးၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး သူတို႔ ျပင္ဆင္ထားတဲ့ စိတ္ဓာတ္ခြန္အားက ဘယ္ေလာက္ထိရွိတယ္လို႔ ေျပာလို႔ရမလဲခင္ဗ်။
ေျဖ - ၿပီးခဲ့တဲ့ေျခစမ္းပြဲကရလဒ္ေတြကို ပရိသတ္လည္း ေတြ႕ပါတယ္။ သူတို႔ကြင္းထဲမွာ အေကာင္းဆုံး ကစားတာ ေတြ႕ရတယ္။ အဲဒီခြန္အားကိုေတြ႕ရတဲ့အတြက္ သူတို႔ကို ကြၽန္ေတာ္ေက်နပ္ပါတယ္။ ကြၽန္ေတာ္ ထင္ပါတယ္။ သူတို႔ အထဲမွာလည္း ေမာင္ေမာင္လြင္ဆိုရင္ အသင္းေခါင္း ေဆာင္အျဖစ္ (၂၀၁၄) ခုႏွစ္တုန္းက သူတို႔ကစားၿပီးသြားၿပီ။ ဆီမီးဖိုင္နယ္အထိတက္ေအာင္ သူတို႔ ကစား တယ္။ ၿပီးတဲ့ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ဆီမီးဖိုင္ နယ္မေရာက္တာ အုပ္စုမကြၽတ္တာ ေတာ္ေတာ္ၾကာၿပီေပါ့။ အဲဒါကိုလည္း သူတို႔ကို Message ေပးထားတယ္။ ႏွစ္ႏွစ္တစ္ႀကိမ္မွ လုပ္တဲ့ပြဲျဖစ္တဲ့အတြက္ ဒီဟာၿပီးရင္ ကြၽန္ေတာ္တို႔က ေနာက္ႏွစ္ႏွစ္ေတာင္ ကြၽန္ေတာ္တို႔က ေစာင့္ရမယ္ေလ။ အခုလက္ရွိအခ်ိန္ကို ကြၽန္ေတာ္တို႔ ဘယ္ေလာက္အဆင့္ထိသြားႏိုင္ မလဲဆိုတာကို ကြၽန္ေတာ္တို႔က သူတို႔ကို Message ေလးေတာ့ အေကာင္းဆုံးေပးထားၿပီး အေကာင္း ဆုံးကစားမယ္လို႔ေတာ့ထင္ပါတယ္။

ေမး - (၉)ရက္ကေတာ့ အင္ဒိုနီးရွားနဲ႔ပြဲေပါ့ေနာ္။ အင္ဒိုနီးရွားနဲ႔ပြဲမွာ ျမန္မာပရိသတ္ေတြရဲ႕စိတ္ပါဝင္စားမႈက ၾကည့္ရသေလာက္ဆိုရင္ေတာ့ အားေလ်ာ့ေနသလိုျဖစ္ေနတာကိုေတြ႕ရတယ္။ အဲဒီေတာ့ သူတို႔ ပိုၿပီးေတာ့ ပူးေပါင္း ပါဝင္ခ်င္လာေအာင္ အားေပးလာေအာင္ ဒီပြဲမွာ ျပည့္ၿပီးေတာ့ အားရွိစရာျဖစ္လာေအာင္ နည္းျပဘက္ကေကာ ဘာမ်ားေျပာျပခ်င္လဲ။
ေျဖ - ကြၽန္ေတာ္ကေတာ့ ေစာေစာကေျပာၿပီးသလိုေပါ့ေနာ္။ ကြင္းထဲအထိလာအားေပးႏိုင္ရင္ေတာ့ ဒါဟာ စနစ္ေဟာင္းလမ္းစဥ္ေအာက္ ကစားသမားေပါ့ေနာ္။ တကယ္လည္းျဖစ္ခဲ့ဖူးတယ္ေလ။ ကမာၻ႔ဖလား U-20 တုန္း ကလည္းပဲ ဒီအားနဲ႔ ဒီတစ္ကြင္းလုံး ျပည့္လွ်ံတဲ့အားနဲ႔ ကေလးေတြႀကိဳးစားအားထုတ္မႈနဲ႔ကန္ခဲ့တာ။ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈက တကယ္တမ္းက ပရိသတ္ပဲ။ တစ္ကြင္းလုံးအားေပးတဲ့စိတ္က အဲဒီမွာ ကမာၻ႔ဖလားေျခ စစ္ပြဲ႕-၂၀ ေအာင္တာေပါ့။ ကြၽန္ေတာ္ ထင္ပါတယ္။ ဘာပဲျဖစ္ျဖစ္အခက္အခဲေတြ ၾကားထဲကေနလာၿပီးေတာ့ အားေပးပါလို႔ေျပာခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီလိုအားေပးျခင္းအားျဖင့္ ဒီကေလးေတြနဲ႔ ကြၽန္ေတာ့္မွာ အမ်ားႀကီးအားရွိပါ တယ္။ အဲဒါေတာ့ ေတာင္းဆိုခ်င္ပါတယ္။

ေမး - ေနာက္တစ္ခုက တစ္သင္းခ်င္းစီရဲ႕အေနအထားကိုၾကည့္ၿပီးေတာ့ သုံးသပ္ေစခ်င္ပါတယ္။ ပထမဆုံး ကန္ရ မယ့္ အင္ဒိုနီးရွားနဲ႔ပတ္သက္လို႔ အားသာခ်က္၊ အားနည္းခ်က္ကို သူတို႔ကို ဘယ္လိုပုံစံမ်ိဳးကစားဖို႔သင့္သလဲေပါ့ ေနာ္။ အဲဒီ အားနည္းခ်က္၊ အားသာခ်က္ကို ေျပာေပးပါဦး။
ေျဖ - အုပ္စုထြက္ၿပီးတည္းက ကြၽန္ေတာ္တို႔ ေလ့လာထားတယ္။ ေလ့လာထားတယ္ဆိုတာ သူတို႔လည္း သူတို႔ ကစားထားတဲ့ ပြဲေတြရွိတယ္ေလ။ ကမာၻ႔ေျခစစ္ပြဲေတြ။ ဂ်ပန္လိုအသင္းမ်ိဳးေတြနဲ႔ ကစားထားတာေတြ ရွိတယ္။ တစ္ခုေျပာင္းလဲသြားတာက အခုလက္ရွိက သူတို႔က U-20 နဲ႔ သြားမယ္ဆိုေတာ့ ေဖာင္ေဒးရွင္းဘယ္လိုေျပာင္းမယ္ မသိေသးဘူး။ အမ်ားအားျဖင့္ ပုံမွန္ကစားေနတဲ့ (၃-၄-၃) ပုံစံနဲ႔ ျပန္ထြက္လာမလား။ အဲဒါေတာ့ တြက္ဆလို႔မရဘူး။ က်န္တာေတာ့ ကြၽန္ေတာ္တို႔က analysis လုပ္ေနတယ္။ ကြၽန္ေတာ္တို႔ဒီမွာ နည္းစနစ္အႀကံေပးေတြေရာ နည္းျပအဖြဲ႕ ေတြေရာ ကြၽန္ေတာ္တို႔ ႏိုင္ငံတကာက ဂ်ပန္လူမ်ိဳး နည္းစနစ္အႀကံေပးနဲ႔ analysis လုပ္ၿပီး တစ္ပြဲနဲ႔ တစ္ပြဲကစားထားတဲ့ ၿပီးခဲ့တဲ့ အင္ဒိုနီးရွားကစားထားတဲ့ ပြဲေတြကိုလည္း ကြၽန္ေတာ္တို႔ analysis လုပ္ၿပီး အားနည္း ခ်က္၊ အားသာခ်က္ေတြၾကည့္ထားတယ္။ ေနာက္ၿပီးေတာ့ ဒုတိယပြဲကစားမယ့္ ဖိလစ္ပိုင္ကိုလည္း အဲဒီလိုမ်ိဳးေတြ ၾကည့္ထားတယ္။ လာအိုတို႔ ဗီယက္နမ္တို႔ကေတာ့ ကြၽန္ေတာ္တို႔လည္းကစားေနတယ္။ သူတို႔လည္းကစားေန တယ္။ အဲဒီေတာ့ ပြဲေတြကိုျပန္ၾကည့္ ၿပီးေတာ့ သူတို႔ကိုကစားဖို႔လုပ္တယ္။ လက္ရွိကေတာ့ အင္ဒိုနီးရွားကို Target ထား ၿပီးေတာ့ ျပင္ဆင္တယ္။

ေမး - အဲဒီေတာ့ ဒီအုပ္စုကိုၾကည့္ၿပီးေတာ့ နည္းျပအေနနဲ႔ ငါတို႔ကေတာ့ အင္ဒိုနီးရွားကို မႏိုင္ေလာက္ဘူးလို႔ စိုးရိမ္ခ်က္တစ္ခုခုခံစားမိလား အဲဒါလည္း ေျပာျပေပးပါဦး။
ေျဖ - ဒါကေတာ့ ပုံမွန္သဘာဝအရဆို ဒါႀကီးက ဖင္ေခါင္းက်ယ္တယ္၊ ေလွ်ာက္ေျပာေနတယ္ဆိုေပမယ့္ ဒါကေတာ့ အေျဖထြက္ေနတာပဲေလ။ ႏိုင္ရမယ္လို႔ အဲဒီလိုမ်ိဳးႀကီးသြားေျပာေနရင္ေတာ့ ဒီေကာင္ေတြ ေလွ်ာက္ေျပာေနတာ ေပါ့။ ဒါေပမဲ့ သိတဲ့သူကေတာ့ သိတယ္။ ေဘာလုံးကိုတကယ္ ထဲထဲဝင္ဝင္ၾကည့္တဲ့ သူက နားလည္တဲ့သူကေတာ့ သိတာေပါ့။ ဘယ္သူသည္ ဘယ္အဆင့္မွာရွိေနတယ္။ ဘယ္ေလာက္ထိ ကိုယ့္မွာဒုကၡႀကီးေနတယ္။ ဒါကို ဘယ္လိုလုပ္ျပႏိုင္မလဲ ဆိုတဲ့ဥစၥာလည္းရွိတာပဲ။ ကမာၻ႔ဖလားမွာဆိုလည္း အာဂ်င္တီးနားရႈံးသြားေသးတာပဲ။ ေဆာ္ဒီကိုေလ။ အားလုံးက ဘယ္သူမွ ေဆာ္ဒီက အာဂ်င္တီးနားႏိုင္ရ မယ္လို႔ ဘယ္သူကေျပာမလဲ။ ဒါေပမဲ့ ကြင္းထဲ မွာဆိုရင္ ေဘာလုံးဆိုတာ အမ်ိဳးမ်ိဳးေျပာင္းေနတာ။ ဒါေၾကာင့္မို႔လည္း ေဘာလုံးကို လူတိုင္းက နံပါတ္တစ္ပဲေလ။ အားကစားမွာက နံပါတ္တစ္ျဖစ္ေနတာေလ။ အၿမဲတမ္းစကၠန႔္ပိုင္းအတြင္း အေျပာင္းအလဲေတြျဖစ္ေနတာ။ ဒါေတြ လည္းရွိထားတယ္ဆိုေတာ့ ကိုယ္ေတြက ဒါႀကီးကို မင္းတို႔ကႏိုင္ရမယ္ဆိုၿပီး ပါးစပ္က သာေျပာလို႔လြယ္တာေပါ့။ လက္ေတြ႕မွာေတာ့ ခက္တယ္ေလ။ ဒါေပမဲ့ နည္းျပတစ္ေယာက္အေနနဲ႔ကေတာ့ အေကာင္းဆုံး သူတို႔ကိုဘယ္လို ျပင္မယ္။ ကြင္းထဲမွာ ကစားသမားေတြက သူတို႔ကိုေပးထားတဲ့ Duty ထက္ပိုၿပီး သူတို႔အလုပ္လုပ္မယ္။ သူတို႔မွာရွိတဲ့ ဉာဏ္စြမ္းရွိသမွ် အားကုန္စိုက္ထုတ္မယ္ဆိုရင္ သူတို႔ႀကိဳးစားမယ္ဆိုရင္ ရလဒ္ေကာင္းတစ္ခုထြက္ လိမ့္မယ္လို႔ေတာ့ ထင္ပါတယ္။

ေမး - ေနာက္တစ္ခုက ကစားသမားေတြကိုၾကည့္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားေဝဖန္ၾကတာေတြရွိတာေပါ့ေလ။ ဘာကိုေတြ႕ရလဲဆိုေတာ့ မိနစ္(၇၀)ေနာက္ ပိုင္းဆိုရင္ ကြၽန္ေတာ္တို႔ကစားသမားေတြကေတာ္ ေတာ္ေလးက်သြား တဲ့ သေဘာမ်ိဳးအေတာ္မ်ားမ်ားက ေထာက္ျပတာေတြ႕ရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကစားသမားေတြက မိနစ္(၇၀) ေလာက္ပဲကစားႏိုင္ၾက ၿပီးေတာ့ က်န္တာမလုပ္ႏိုင္ၾကတာလားဆိုတဲ့ ေမးခြန္းမ်ိဳးေတြေပါ့။ ကစားရင္း ကစားရင္းနဲ႔ အလြဲအေခ်ာ္ေတြ လုပ္လာတာေလ။ အဲဒီလိုမ်ိဳးေတြေျပာၾကတာေတြ႕ရတယ္။ ဒီအစုအဖြဲ႕မွာ ဘယ္လိုမ်ိဳးျပင္ဆင္ထားလဲ။
ေျဖ - သြားတာက ကြၽန္ေတာ္ေျပာသလိုေပါ့။ level ႏွစ္ခုျဖစ္ေနတာေပါ့။ MNL Level နဲ႔ ျပည္ပထြက္ ကစားတဲ့ ကစားသမားက First Lineup နဲ႔ Second Lineup ရွိတာ မဟုတ္ဘူးေနာ္။ အရန္ကစားသမား အဲဒီအေျပာင္းအလဲ ေလးမွာ တေနုေလးေတြျဖစ္ တဲ့အခ်ိန္ေတြေပါ့။ အဲဒါကိုလည္း ကြၽန္ေတာ္တို႔ analysis လုပ္ထားတယ္ေပါ့ေနာ္။ ဒါမ်ိဳးထပ္မျဖစ္ ေအာင္ေတာ့ ကြၽန္ေတာ္တို႔ေသခ်ာေလး ျပင္ဆင္ထားတယ္။ ေနာက္ၿပီးေတာ့ ပိုၿပီးေတာ့ေကာင္း ေအာင္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ကေနၿပီးေတာ့ Fitness ႏိုင္ငံျခား Coach ေတြကြၽန္ေတာ္တို႔ ေသခ်ာေလး ထည့္ထားၿပီး ေတာ့ GPS စနစ္ေတြနဲ႔ ေသခ်ာေလး ျပင္ဆင္ထားၿပီးေတာ့ အလုပ္လုပ္ေနပါတယ္။

ေမး - ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ ကစားသမား ေတြက တစ္ဦးေကာင္းတစ္ေယာက္ေကာင္းပုံစံကစားတာမ်ိဳး ေတြကို တစ္ခါတေလမွာ တခ်ိဳ႕ေသာပြဲေတြမွာ ေတြ႕ရတယ္။ ဒီေနာက္ပိုင္း ေဘာလုံးပြဲေတြေတာ္ေတာ္မ်ားမ်ားက ကစားတာမွာ တစ္ဦးေကာင္းတစ္ေယာက္ ေကာင္းထက္စာရင္ စုဖြဲ႕မႈကို အားျပဳတာေတြ႕ရတယ္။ ကြၽန္ေတာ္တို႔ဆီ မွာ Messi မရွိဘူး။ Ronaldo မရွိဘူး။ ဒီကစားသမားေတြက Messi ေလာက္လည္းရွိမွာ မဟုတ္ဘူး။ ဒီေတာ့ တစ္ဦးေကာင္းတစ္ေယာက္ ေကာင္းနဲ႔ကစားၾကရင္းနဲ႔ ကစားကြက္ႀကီးတစ္ခုလုံးက ဖ႐ိုဖရဲျဖစ္သြားတာမ်ိဳးေတြဆို ေတာ့ ျမန္မာအသင္းမွာလည္း တစ္ခါတေလမွာ ေတြ႕ေတြ႕ေနရတာ။ တခ်ိဳ႕ပြဲေတြမွာ တအားေကာင္းတယ္။ အဲဒါကိုလည္း ဘယ္လိုမ်ိဳးျဖစ္တာလဲ ရွင္းျပေပးပါဦး။
ေျဖ - အဲဒါကလည္း ကြၽန္ေတာ္တို႔ပြဲၿပီးတဲ့အခ်ိန္မွာ analysis လုပ္တယ္။ သူတို႔ကို TV မွာျပန္ၿပီးျပၿပီးေတာ့ သူတို႔ကို ျပင္ဆင္ဖို႔အတြက္ Message ေတြ ေပးထားတယ္။ ကြင္းထဲမွာေတာ့ individual ျပတဲ့ Skill ေတြကို နည္းသထက္ နည္းေအာင္ေတာ့ ျပဳျပင္ေပးေနတယ္။

ေမး - ကြၽန္ေတာ္တို႔ ပရိးမီးယားလိဂ္ပြဲေတြၾကည့္တဲ့အခါက်ရင္ ေပးသင့္တဲ့အခ်ိန္မွာေတာင္မေပးလို႔ အားမရတဲ့ အခ်ိန္ေတြရွိတယ္။ ျမန္မာအသင္းဆိုရင္ ပိုအားမရတာေတြရွိတယ္။ ေဘာလုံးကိုဆြဲသြားတယ္။ ေပးသင့္တဲ့အခ်ိန္မွာ မေပးဘူး။ ေနရင္းထိုင္ရင္းနဲ႔ အဲဒီအခ်ိန္ေတြက စကၠန႔္ပိုင္းေတြမိနစ္ပိုင္းေတြ ဆုံးရႈံးတာေတြရွိလို႔ ရလဒ္ေတြ မေျပာင္းလဲႏိုင္ခဲ့ဘူး။ အဲဒီလိုမ်ိဳးေတြက တကယ့္ႏိုင္ငံတကာၿပိဳင္ပြဲေတြက်ရင္ ဆုံးရႈံးတာ နစ္နာတာေပါ့။ ဒါအတြက္ေကာ ဒီကစားသမားေတြဆီမွာ အဲဒီစိတ္နည္းေအာင္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ေပးထားတာရွိလဲ။
ေျဖ - အဲဒါေတာ့ ကြၽန္ေတာ္က Training ကြင္းထဲမွာပဲ ျပင္ဆင္မႈေတြလုပ္တာေပါ့။ Training ကြင္းထဲမွာ Without Exercise ေတြရွိတယ္။ Without နဲ႔သြားတဲ့ Exercise ေတြရွိတယ္။ ဒီေန႔ဆိုရင္ ၿပီးခဲ့တဲ့ပြဲမွာ ကြၽန္ေတာ္တို႔က အၿမဲတမ္း Defending ကြၽန္ေတာ္တို႔လူမ်ိဳးက အားနည္းတယ္။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း အားနည္းတယ္။ ကိုယ္က ေရွ႕တန္း ဆိုေတာ့ လုံးဝပဲ ေဘာလုံးဆုံးတဲ့အထိသြားေစာင့္တယ္။ လုံးဝတစ္ေယာက္ေလ်ာ့လို႔မရဘူး။ အကုန္လုံးက Team Organize နဲ႔သြားေနတဲ့ System ႀကီး နဲ႔ သြားေနတဲ့ပုံစံျဖစ္ေနတဲ့အတြက္ အဲဒီဟာ Section ေတြမွာ Training ေတြမွာ ရသမွ်အခ်ိန္ကို ရသလို အခ်ိန္တိုတိုအတြင္းမွာ message ေပးတယ္။ ကြၽန္ေတာ္တို႔က အခ်ိန္အမ်ားႀကီးမရေတာ့ National Team ျဖစ္တဲ့အတြက္ သူရတဲ့အခ်ိန္မွာ (၃)ရက္ရရင္လည္း (၃)ရက္ အတြင္းမွာ သူတို႔ရဲ႕ individual နဲ႔ ကြၽန္ေတာ္လိုခ်င္တဲ့ဥစၥာေလးနဲ႔ အသက္သြင္းေနရတာေပါ့။ အဲဒါေလးေတြေတာ့ ရွိတာေပါ့။
ေမး - ဟုတ္ကဲ့ပါ။ ေနာက္ဆုံးအေနနဲ႔ တခ်ိဳ႕ဟာေလးေတြမွာ မေမးမိလိုက္တာပဲျဖစ္ျဖစ္က်န္ခဲ့တာပဲျဖစ္ျဖစ္ အစ္ကို လည္း ထည့္ေျပာဖို႔လိုအပ္တာရွိရင္ ဘာမ်ားထည့္ေျပာခ်င္ပါသလဲ။
ေျဖ - မရွိပါဘူး။ ေမးတဲ့အတြက္လည္း ကြၽန္ေတာ္လည္းေျပာရမွာေလးေတြ နားေထာင္တဲ့လူလည္းသိ သြားတာေပါ့။ အဓိကေျပာခ်င္တာကေတာ့ ၿပိဳင္ပြဲႀကီးျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္အခက္အခဲေတြ မအားမလပ္အခ်ိန္ေတြမရွိတဲ့ၾကား ကေန ကြင္းထဲထိလာၿပီးေတာ့ အားေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။ လာအားေပးပါလို႔ ျမန္မာအသင္းအတြက္။

ေျဖၾကားေပးမႈအတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

Related news

© 2021. All rights reserved.