တစ်ကျော့ပြန် တောက်လောင်လာသော ဆီးရီးယားပြည်တွင်းစစ်မီး

 1130

တင်ဇာ (NP News) - ဒီဇင်ဘာ ၉

ဆီးရီးယားပြည်တွင်းစစ် (၁၃) နှစ်ကြာ ကာလအတွင်း အတိုက်အခံသူပုန်များက ဆီးရီးယား နိုင်ငံ၏ ရှေးကျပြီး စီးပွားရေးအချက်အချာကျသော အလက်ပိုမြို့ကို ရုတ်တရက် ထိုးစစ်ဆင်လာခြင်း ကြောင့် တစ်ဖန်ပြန်လည်လှုပ်လှုပ်ရှားရှားဖြစ်လာ သည်။ ယင်းမှာ (၂၀၁၆) ခုနှစ်နောက်ပိုင်း အလက် ပိုတွင် ပထမဆုံးအကြိမ် သူပုန်များ၏ ထိုးစစ်ဆင်မှု ဖြစ်ပြီး (၂၀၁၆) ဖြစ်စဉ်တုန်းက ရုရှား၏ လေကြောင်း စစ်ဆင်ရေးသည် ဆီးရီးယားသမ္မတ ဘာရှားအာဆတ် အား အနောက်မြောက်ပိုင်းမြို့ကို ပြန်လည်သိမ်းပိုက် နိုင်ရေးအတွက် ကူညီပေးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ရုရှား၊ အီရန်နှင့် အီရန်မဟာမိတ် ဟစ္စဘိုလာနှင့် အခြားအုပ်စုများ၏ ပံ့ပိုးမှုများကြောင့် အာဆတ်အစိုးရသည် ဆီးရီးယား၏ (၇၀) ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး အာဏာ ဆက်လက်တည် မြဲနေခဲ့သည်။

နိုဝင်ဘာလ၏ နောက်ဆုံးသီတင်းပတ် အတွင်း ဆီးရီးယားသူပုန်များသည် အလက်ပိုနှင့် အစ်ဒ်လစ်ရှိ အစိုးရရုံးများကို စတင်တိုက်ခိုက်လာခဲ့ သည်။ ရုရှားထောက်ပံ့သော လက်နက်အင်အားဖြင့် တောင့်ခံထားရသော ရှေ့တန်းတပ်များသည် ယခု အခါ အနည်းငယ်အင်အားချည့်နဲ့ပုံ ပေါ်လာသည်။ အမေရိကန် ကျောထောက် နောက်ခံပြုထားသော အစ္စရေးသည် ဂါဇာရှိ ဟားမတ်စ်များနှင့် လက်ဘနွန်ရှိ ဟစ္စဘိုလာတို့ကို တိုက်ခိုက်နေချိန်တွင် အရှေ့ အလယ်ပိုင်း၌ ယခုကဲ့သို့ နောက်ထပ် စစ်မျက်နှာများ ပေါ်ပေါက်လာနိုင်သည့် အလားအလာများ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် လည်း ဆီးရီးယားအစိုးရ၏ မဟာမိတ်များက သူပုန်များ၏ ထိုးစစ်ကို ပြန်လည်တွန်းလှန်နိုင်ခြင်းရှိမရှိ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။

အာဆတ်အစိုးရအပါအဝင် မဟာမိတ် ရုရှားနှင့် အီရန်တို့သည် ရုတ်တရက်ဆန်သော သူပုန်တို့၏ တိုက်ခိုက်မှုကြောင့် အံ့အားသင့်နေကြ သည်။ အမေရိကန်က ယူကရိန်းကို ရုရှားပိုင်နက် အတွင်း ၎င်း၏ တာဝေးပစ် လက်နက်များအသုံးပြု၍ တိုက်ခိုက်ရန် မီးစိမ်းပြထားခြင်းကြောင့် ရုရှားသည် ယူကရိန်း ပဋိပက္ခအတွင်း လုံးလုံးလျားလျား နစ်မြုပ် နေရသည်။ တစ်ချိန်တည်းတွင် အီရန်သည် ၎င်း၏မဟာမိတ်နယ်မြေများအတွင်း အစ္စရေးတို့၏ စစ်ရေး လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်နေရသော ကြောင့် ဆီးရီးယားတွင် ၎င်း၏ အင်အားဖြန့်ကြက်နိုင်မှု အားနည်းလာစေသည်။

သူပုန်များသည် အလက်ပိုလေဆိပ်နှင့် အနီးနားရှိ ဒါဇင်ပေါင်းများစွာသော မြို့များကို သိမ်း ပိုက်နိုင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) မှ ပြောကြားခဲ့သည်။ ထို့ပြင် စနေနေ့ (နိုဝင်ဘာလ ၃၀ ရက်) ကလည်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

ဂျီဟတ်ဝါဒီ Hayat Tahrir al-Sham နှင့် မဟာမိတ်သူပုန်အဖွဲ့များသည် ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများမှလွဲ၍ အလက် ပိုမြို့ကို လုံးဝထိန်းချုပ်ထားနိုင်သည်ဟု သတင်းများ အရ သိရသည်။ ဆီးရီးယားပဋိပက္ခတွင် ရှည်လျားသော သမိုင်းကြောင်းရှိသည့် အစ္စလာမ္မစ်စစ်သွေး ကြွအဖွဲ့ Hayat Tahrir al-Sham (HTS) မှ ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ HTS သည် အယ်လ်ကိုင်ဒါနှင့် တိုက်ရိုက်ဆက်နွှယ်သောအဖွဲ့ ဖြစ်ပြီး (၂၀၁၁) ခုနှစ်တွင် abhat al-Nusra အမည်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့၏ ခေါင်းဆောင် Abu Bakr al-Baghdadi သည်လည်း ယင်းဖွဲ့ စည်းမှုတွင် ပါဝင်ခဲ့သည်။ သမ္မတ အာဆတ်ကို ဆန့်ကျင်သည့် အုပ်စုများအနက် ထိုအဖွဲ့ကို အထိ ရောက်ဆုံး အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည်။ သို့သော် ၎င်း၏ ဂျီဟတ်ဝါဒီ အတွေးအခေါ်သည် တော်လှန်စိတ်ထက်သန်မှုထက် ၎င်း၏ အယူဝါဒကို သွတ်သွင်းလိုသည့် ဆန္ဒက ပို၍အစွန်းရောက်နေသည် ဟု ရှုမြင်နိုင်သည်။ (၂၀၁၆) ခုနှစ်တွင် အဖွဲ့ခေါင်းဆောင် Abu Mohammed al-Jawlani သည် အယ်လ်ကိုင်ဒါနှင့် လူသိရှင်ကြား လက်တွဲဖြုတ်ခဲ့ပြီးJabhat al-Nusra ကို ဖျက်သိမ်းကာ Hayat Tahrir al-Sham (HTS) ဟူသော အမည်ဖြင့် အဖွဲ့ သစ်တစ်ခု ထူထောင်ခဲ့ပြီး တစ်နှစ်အကြာတွင် အခြား အဖွဲ့များနှင့် ပေါင်းစည်းခဲ့သည်။

သူပုန်များ၏တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့်အနေဖြင့် ဆီးရီးယားစစ်တပ်သည် ရုရှား လေကြောင်းအကူအညီဖြင့် သူပုန်များ ခိုအောင်း ရာနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။ သို့သော် သူပုန်များသည် လူသယ်ယူနိုင်သော လေကြောင်းရန် ကာကွယ်ရေးစနစ် (MANPADS) ကို ထိရောက်စွာ အသုံးပြုခဲ့ခြင်းကြောင့် ရုရှားလေယာဉ် အမြောက်အမြား ဆုံးရှုံးစေခဲ့ကြောင်း သိရ သည်။ သူပုန်တပ်ဖွဲ့များသည် အကျဉ်းသားများ အပါအဝင် သမ္မတအာဆတ်၏ သဘောတူညီချက်ဖြင့် ဆီးရီးယားတွင် တပ်စွဲထားသော ကြေးစား Wagner အုပ်စုဝင်များကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများ လည်း ထွက်ပေါ်လျက်ရှိနေသည်။

အသစ်ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခ ၏ သက်ရောက်မှုများကြောင့် ဆီးရီးယား၏ သံတမန် ရေးရာ အခင်းအကျင်းကို မတည်မငြိမ်ဖြစ်လာစေနိုင် သည်။ အာဆတ်သည် ဒေသတွင်း သံတမန်ရေးရာ အောင်မြင်မှုများ ရရှိလုနီးပါးဖြစ်နေပြီဖြစ်ပြီး ပင်လယ် ကွေ့နိုင်ငံများသည် ဆီးရီးယားနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီစပြုလာပြီဖြစ် သည်။ ထို့ပြင် ဆီးရီးယားအစိုးရသည် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန်လည်း ဝါရှင်တန်အား စည်းရုံးလျက်ရှိနေသည်။ ထိုကဲ့သို့ တိုးတက်မှုများသည် ယခုအခါ ဟိုမရောက် ဒီမရောက် အနေအထားဖြစ်သွားစေခဲ့သည်။

ယခုကဲ့သို့ ပြောင်းလဲလာသော မြေပြင် အခြေအနေများကြောင့် အမေရိကန်အနေဖြင့် ၎င်း၏ ဆီးရီးယားမူဝါဒကို ပြန်လည်စဉ်းစားရန် တွန်းအား ဖြစ်လာနိုင်သည်။ ဝါရှင်တန်သည် အာဆတ်အစိုးရ၏ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ကာလရှည်ကြာ နှုတ်ဆိတ် နေခဲ့ပြီး အစိတ်စိတ်အမြွှာမြွှာကွဲနေသော ပိုနေမြဲ ကျားနေမြဲအခြေအနေကို အချိန်အတော်ကြာလက်ခံ ထားခဲ့သည်။ သို့သော် အနောက်နိုင်ငံများက လက်ခံ ထားသော ဖြစ်နိုင်ခြေအသစ်တစ်ခု ပေါ်ထွက်လာ ခဲ့သည်။ ယင်းမှာ အာဆတ်အစိုးရက တစ်လှမ်း လောက်နောက်ဆုတ်ပေးလျှင် ဒုက္ခသည်များ ပြန်လာရန် အခြေအနေများ ဖန်တီးပေးနိုင်သကဲ့သို့ ဆီးရီးယား၏ နိုင်ငံရေး ဦးတည်ချက်ကို တစ်ဖန်ပြန် လည်ပုံဖော်ရန် အခြေအနေများဖြစ်လာ နိုင်သည်ဟု ထင်မြင်ယူဆလျက်ရှိကြသည်။

သူပုန်များက နယ်မြေအများစုကို သိမ်းပိုက်နိုင်သည်မှာ သိသာထင်ရှားသော်လည်း ဒမတ် စကတ်မြို့တော်ရှိ အာဆတ်အစိုးရ၏ ဩဇာကိုမူ ဖယ်ရှားရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုကဲ့သို့ ရှေ့တန်းစစ်မြေပြင်တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ဆိုသောအချက်က ဆီးရီးယားစစ်ပွဲ ပြီးဆုံးရန် ဝေးနေသေးကြောင်း သတိပေးချက်ဖြစ် သကဲ့သို့ တစ်ချိန်က ရုရှားနှင့် အီရန်တို့က ပြင်းပြင်း ထန်ထန် တင်းတင်းကြပ်ကြပ် ကြိုးပမ်းခဲ့သော ဒေသ အခြေအနေက ယခုအခါ လုံးဝပျက်စီးသွားပြီဖြစ်သည်။

အာဆတ်၏ မဟာမိတ်များသည် ယခုတစ်ကြိမ်တွင် ဆီးရီးယားကို ကယ်တင်နိုင် မည်လား သို့မဟုတ် ဆီးရီးယား၏ ကာလရှည်ကြာ မပြီးနိုင်မစီးနိုင်ဖြစ်နေသော ပဋိပက္ခသည် အဆုံး သတ်ရေးအတွက် တစ်နည်းတစ်ဖုံပြောင်းလဲလာနိုင် မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်ကြီး ရှည်လျား နေခြင်း၏ အခြေခံအမှန်တရားများလည်း ရှိနေသည်။ အာဆတ်မျိုးဆက်သည် (၁၉၇၁) ခုနှစ်မှစတင်၍ (၅၃) နှစ်ကြာ အုပ်ချုပ်လာခဲ့သည်။ ထိုကဲ့သို့ သက် တမ်းရှည်ကြာ အုပ်ချုပ်နိုင်မှုသည် အောင်မြင်မှုတစ်ခု ဖြစ်နိုင်သော်လည်း တိုးတက်မှုအနည်းငယ်သာ ပြသ နိုင်သည်။ (၂၀၁၁) ခုနှစ် ပြည်တွင်းစစ်မဖြစ်ပွား မီကပင် အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှု အလွဲများ သည် နိုင်ငံ၏ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍ ဆီးရီးယားနိုင်ငံ သားများ၏ဘဝသည် ဆိုးသထက်ဆိုးလာခဲ့သည်။ စစ်ပွဲကြောင့် လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ပြီး သန်း နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ (၁၉၇၁) ခုနှစ်မှစ၍ အာဆတ်မျိုးဆက်သည် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး ယနေ့တိုင်အောင် ပြည်တွင်းစစ် အဆုံးသတ်မည့်အချိန်ကို မျှော်မှန်းရင်း ရပ်တည်နေရသည်။

ရုရှားသည် ယူကရိန်းနှင့် ပဋိပက္ခကို အပြည့်အဝဆင်နွှဲနေသော်လည်း ဆီးရီးယားတွင် စစ်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ စစ်သည်များအပါအဝင် အခြေစိုက်စခန်း (၂၀) ကို ဖြန့်ကြက်ထားသည်။ အာဆတ်အတွက် ရုရှား၏ စစ်မြေပြင်အတွင်း ပံ့ပိုးမှုအများစုသည် သူပုန် နယ်မြေများကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ပေးခြင်းပုံစံဖြစ်ပြီး ဟစ္စဘိုလာအဖွဲ့ကမူ မြေပြင်စစ်ပွဲများတွင် တိုက်ခိုက်ပေးခဲ့သည်။ ရုရှားသည် ဆီးရီးယား အနောက်မြောက်ပိုင်းရှိ Hmeimim လေတပ်အခြေ စိုက်စခန်းကို အသုံးပြု၍ အလားတူ စစ်ဆင်ရေးမျိုး လုပ်ဆောင်ရန် ဖြစ်နိုင်ဖွယ်ရှိသည်။ သူပုန်များကို ချေမှုန်းရန် လေကြောင်းစစ်ဆင်ရေးတစ်ခုတည်း ဖြင့် လုံလောက်မည်မဟုတ်ပေ။ ဆီးရီးယား အစိုးရ တပ်ဖွဲ့ များသည် သူပုန်များကို တိုက်ဖျက်ရန် ဆန္ဒမရှိသလို စွမ်းဆောင်ရည်လည်း မရှိကြပေ။ ထို့အတူ ဟစ္စဘို လာအဖွဲ့သည်လည်း ယခင်ကကဲ့သို့ စစ်သည်အင် အား စုစည်းနိုင်ခြင်းမရှိသဖြင့် ရုရှားတို့သည် ဆီးရီးယားတွင် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။ ဆီးရီးယားတွင် မော်စကိုက ၎င်း၏ အခြေစိုက်စခန်းများကို သေချာပေါက် ခုခံကာ ကွယ်သွားမည်ဖြစ်သော်လည်း သမ္မတအာဆတ် ကိုပါ ကာကွယ်သွားမည်လားဆိုသည်မှာ ယခုထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

zawgyi version
တစ္ေက်ာ့ျပန္ ေတာက္ေလာင္လာေသာ ဆီးရီးယားျပည္တြင္းစစ္မီး
တင္ဇာ (NP News) - ဒီဇင္ဘာ ၉

ဆီးရီးယားျပည္တြင္းစစ္ (၁၃) ႏွစ္ၾကာ ကာလအတြင္း အတိုက္အခံသူပုန္မ်ားက ဆီးရီးယား ႏိုင္ငံ၏ ေရွးက်ၿပီး စီးပြားေရးအခ်က္အခ်ာက်ေသာ အလက္ပိုၿမိဳ႕ကို ႐ုတ္တရက္ ထိုးစစ္ဆင္လာျခင္း ေၾကာင့္ တစ္ဖန္ျပန္လည္လႈပ္လႈပ္ရွားရွားျဖစ္လာ သည္။ ယင္းမွာ (၂၀၁၆) ခုႏွစ္ေနာက္ပိုင္း အလက္ ပိုတြင္ ပထမဆုံးအႀကိမ္ သူပုန္မ်ား၏ ထိုးစစ္ဆင္မႈ ျဖစ္ၿပီး (၂၀၁၆) ျဖစ္စဥ္တုန္းက ႐ုရွား၏ ေလေၾကာင္း စစ္ဆင္ေရးသည္ ဆီးရီးယားသမၼတ ဘာရွားအာဆတ္ အား အေနာက္ေျမာက္ပိုင္းၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ ႏိုင္ေရးအတြက္ ကူညီေပးႏိုင္ခဲ့သည္။ ထိုအခ်ိန္မွစ၍ ႐ုရွား၊ အီရန္ႏွင့္ အီရန္မဟာမိတ္ ဟစၥဘိုလာႏွင့္ အျခားအုပ္စုမ်ား၏ ပံ့ပိုးမႈမ်ားေၾကာင့္ အာဆတ္အစိုးရသည္ ဆီးရီးယား၏ (၇၀) ရာခိုင္ႏႈန္းကို ဆက္လက္ ထိန္းခ်ဳပ္ထားႏိုင္ၿပီး အာဏာ ဆက္လက္တည္ ၿမဲေနခဲ့သည္။

ႏိုဝင္ဘာလ၏ ေနာက္ဆုံးသီတင္းပတ္ အတြင္း ဆီးရီးယားသူပုန္မ်ားသည္ အလက္ပိုႏွင့္ အစ္ဒ္လစ္ရွိ အစိုးရ႐ုံးမ်ားကို စတင္တိုက္ခိုက္လာခဲ့ သည္။ ႐ုရွားေထာက္ပံ့ေသာ လက္နက္အင္အားျဖင့္ ေတာင့္ခံထားရေသာ ေရွ႕တန္းတပ္မ်ားသည္ ယခု အခါ အနည္းငယ္အင္အားခ်ည့္နဲ႔ပုံ ေပၚလာသည္။ အေမရိကန္ ေက်ာေထာက္ ေနာက္ခံျပဳထားေသာ အစၥေရးသည္ ဂါဇာရွိ ဟားမတ္စ္မ်ားႏွင့္ လက္ဘႏြန္ရွိ ဟစၥဘိုလာတို႔ကို တိုက္ခိုက္ေနခ်ိန္တြင္ အေရွ႕ အလယ္ပိုင္း၌ ယခုကဲ့သို႔ ေနာက္ထပ္ စစ္မ်က္ႏွာမ်ား ေပၚေပါက္လာႏိုင္သည့္ အလားအလာမ်ား ျဖစ္ေပၚ လာျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ယခုတစ္ႀကိမ္တြင္ လည္း ဆီးရီးယားအစိုးရ၏ မဟာမိတ္မ်ားက သူပုန္မ်ား၏ ထိုးစစ္ကို ျပန္လည္တြန္းလွန္ႏိုင္ျခင္းရွိမရွိ တစ္ကမာၻလုံးက ေစာင့္ၾကည့္ေနၾကသည္။

အာဆတ္အစိုးရအပါအဝင္ မဟာမိတ္ ႐ုရွားႏွင့္ အီရန္တို႔သည္ ႐ုတ္တရက္ဆန္ေသာ သူပုန္တို႔၏ တိုက္ခိုက္မႈေၾကာင့္ အံ့အားသင့္ေနၾက သည္။ အေမရိကန္က ယူကရိန္းကို ႐ုရွားပိုင္နက္ အတြင္း ၎၏ တာေဝးပစ္ လက္နက္မ်ားအသုံးျပဳ၍ တိုက္ခိုက္ရန္ မီးစိမ္းျပထားျခင္းေၾကာင့္ ႐ုရွားသည္ ယူကရိန္း ပဋိပကၡအတြင္း လုံးလုံးလ်ားလ်ား နစ္ျမဳပ္ ေနရသည္။ တစ္ခ်ိန္တည္းတြင္ အီရန္သည္ ၎၏မဟာမိတ္နယ္ေျမမ်ားအတြင္း အစၥေရးတို႔၏ စစ္ေရး လႈပ္ရွားမႈမ်ားကို သတိထားေစာင့္ၾကည့္ေနရေသာ ေၾကာင့္ ဆီးရီးယားတြင္ ၎၏ အင္အားျဖန႔္ၾကက္ႏိုင္မႈ အားနည္းလာေစသည္။

သူပုန္မ်ားသည္ အလက္ပိုေလဆိပ္ႏွင့္ အနီးနားရွိ ဒါဇင္ေပါင္းမ်ားစြာေသာ ၿမိဳ႕မ်ားကို သိမ္း ပိုက္ႏိုင္ခဲ့ေၾကာင္း ၿဗိတိန္အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ (SOHR) မွ ေျပာၾကားခဲ့သည္။ ထို႔ျပင္ စေနေန႔ (ႏိုဝင္ဘာလ ၃၀ ရက္) ကလည္း ညမထြက္ရအမိန႔္ကို ထုတ္ျပန္ခဲ့သည္။

ဂ်ီဟတ္ဝါဒီ Hayat Tahrir al-Sham ႏွင့္ မဟာမိတ္သူပုန္အဖြဲ႕မ်ားသည္ ကာ့ဒ္တပ္ဖြဲ႕မ်ား ထိန္းခ်ဳပ္ထားသည့္ နယ္ေျမမ်ားမွလြဲ၍ အလက္ ပိုၿမိဳ႕ကို လုံးဝထိန္းခ်ဳပ္ထားႏိုင္သည္ဟု သတင္းမ်ား အရ သိရသည္။ ဆီးရီးယားပဋိပကၡတြင္ ရွည္လ်ားေသာ သမိုင္းေၾကာင္းရွိသည့္ အစၥလာမၼစ္စစ္ေသြး ႂကြအဖြဲ႕ Hayat Tahrir al-Sham (HTS) မွ ဦးေဆာင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ HTS သည္ အယ္လ္ကိုင္ဒါႏွင့္ တိုက္႐ိုက္ဆက္ႏႊယ္ေသာအဖြဲ႕ ျဖစ္ၿပီး (၂၀၁၁) ခုႏွစ္တြင္ abhat al-Nusra အမည္ျဖင့္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။ အစၥလာမၼစ္ႏိုင္ငံေတာ္ (IS) အဖြဲ႕၏ ေခါင္းေဆာင္ Abu Bakr al-Baghdadi သည္လည္း ယင္းဖြဲ႕ စည္းမႈတြင္ ပါဝင္ခဲ့သည္။ သမၼတ အာဆတ္ကို ဆန႔္က်င္သည့္ အုပ္စုမ်ားအနက္ ထိုအဖြဲ႕ကို အထိ ေရာက္ဆုံး အဖြဲ႕တစ္ခုအျဖစ္ သတ္မွတ္ထားသည္။ သို႔ေသာ္ ၎၏ ဂ်ီဟတ္ဝါဒီ အေတြးအေခၚသည္ ေတာ္လွန္စိတ္ထက္သန္မႈထက္ ၎၏ အယူဝါဒကို သြတ္သြင္းလိုသည့္ ဆႏၵက ပို၍အစြန္းေရာက္ေနသည္ ဟု ရႈျမင္ႏိုင္သည္။ (၂၀၁၆) ခုႏွစ္တြင္ အဖြဲ႕ေခါင္းေဆာင္ Abu Mohammed al-Jawlani သည္ အယ္လ္ကိုင္ဒါႏွင့္ လူသိရွင္ၾကား လက္တြဲျဖဳတ္ခဲ့ၿပီးJabhat al-Nusra ကို ဖ်က္သိမ္းကာ Hayat Tahrir al-Sham (HTS) ဟူေသာ အမည္ျဖင့္ အဖြဲ႕ သစ္တစ္ခု ထူေထာင္ခဲ့ၿပီး တစ္ႏွစ္အၾကာတြင္ အျခား အဖြဲ႕မ်ားႏွင့္ ေပါင္းစည္းခဲ့သည္။

သူပုန္မ်ား၏တိုက္ခိုက္မႈကို လက္တုံ႔ျပန္ သည့္အေနျဖင့္ ဆီးရီးယားစစ္တပ္သည္ ႐ုရွား ေလေၾကာင္းအကူအညီျဖင့္ သူပုန္မ်ား ခိုေအာင္း ရာေနရာမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ ခဲ့သည္။ သို႔ေသာ္ သူပုန္မ်ားသည္ လူသယ္ယူႏိုင္ေသာ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ (MANPADS) ကို ထိေရာက္စြာ အသုံးျပဳခဲ့ျခင္းေၾကာင့္ ႐ုရွားေလယာဥ္ အေျမာက္အျမား ဆုံးရႈံးေစခဲ့ေၾကာင္း သိရ သည္။ သူပုန္တပ္ဖြဲ႕မ်ားသည္ အက်ဥ္းသားမ်ား အပါအဝင္ သမၼတအာဆတ္၏ သေဘာတူညီခ်က္ျဖင့္ ဆီးရီးယားတြင္ တပ္စြဲထားေသာ ေၾကးစား Wagner အုပ္စုဝင္မ်ားကို သတ္ျဖတ္ခဲ့သည္ဟု သတင္းမ်ား လည္း ထြက္ေပၚလ်က္ရွိေနသည္။

အသစ္ျပန္လည္ျဖစ္ပြားေနေသာ ပဋိပကၡ ၏ သက္ေရာက္မႈမ်ားေၾကာင့္ ဆီးရီးယား၏ သံတမန္ ေရးရာ အခင္းအက်င္းကို မတည္မၿငိမ္ျဖစ္လာေစႏိုင္ သည္။ အာဆတ္သည္ ေဒသတြင္း သံတမန္ေရးရာ ေအာင္ျမင္မႈမ်ား ရရွိလုနီးပါးျဖစ္ေနၿပီျဖစ္ၿပီး ပင္လယ္ ေကြ႕ႏိုင္ငံမ်ားသည္ ဆီးရီးယားႏွင့္ ပုံမွန္ဆက္ဆံေရး ျပန္လည္ထူေထာင္ရန္ သေဘာတူညီစျပဳလာၿပီျဖစ္ သည္။ ထို႔ျပင္ ဆီးရီးယားအစိုးရသည္ ပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပးရန္လည္း ဝါရွင္တန္အား စည္း႐ုံးလ်က္ရွိေနသည္။ ထိုကဲ့သို႔ တိုးတက္မႈမ်ားသည္ ယခုအခါ ဟိုမေရာက္ ဒီမေရာက္ အေနအထားျဖစ္သြားေစခဲ့သည္။

ယခုကဲ့သို႔ ေျပာင္းလဲလာေသာ ေျမျပင္ အေျခအေနမ်ားေၾကာင့္ အေမရိကန္အေနျဖင့္ ၎၏ ဆီးရီးယားမူဝါဒကို ျပန္လည္စဥ္းစားရန္ တြန္းအား ျဖစ္လာႏိုင္သည္။ ဝါရွင္တန္သည္ အာဆတ္အစိုးရ၏ အုပ္ခ်ဳပ္မႈႏွင့္ ပတ္သက္၍ ကာလရွည္ၾကာ ႏႈတ္ဆိတ္ ေနခဲ့ၿပီး အစိတ္စိတ္အႁမႊာႁမႊာကြဲေနေသာ ပိုေနၿမဲ က်ားေနၿမဲအေျခအေနကို အခ်ိန္အေတာ္ၾကာလက္ခံ ထားခဲ့သည္။ သို႔ေသာ္ အေနာက္ႏိုင္ငံမ်ားက လက္ခံ ထားေသာ ျဖစ္ႏိုင္ေျခအသစ္တစ္ခု ေပၚထြက္လာ ခဲ့သည္။ ယင္းမွာ အာဆတ္အစိုးရက တစ္လွမ္း ေလာက္ေနာက္ဆုတ္ေပးလွ်င္ ဒုကၡသည္မ်ား ျပန္လာရန္ အေျခအေနမ်ား ဖန္တီးေပးႏိုင္သကဲ့သို႔ ဆီးရီးယား၏ ႏိုင္ငံေရး ဦးတည္ခ်က္ကို တစ္ဖန္ျပန္ လည္ပုံေဖာ္ရန္ အေျခအေနမ်ားျဖစ္လာ ႏိုင္သည္ဟု ထင္ျမင္ယူဆလ်က္ရွိၾကသည္။

သူပုန္မ်ားက နယ္ေျမအမ်ားစုကို သိမ္းပိုက္ႏိုင္သည္မွာ သိသာထင္ရွားေသာ္လည္း ဒမတ္ စကတ္ၿမိဳ႕ေတာ္ရွိ အာဆတ္အစိုးရ၏ ဩဇာကိုမူ ဖယ္ရွားရန္ လြယ္ကူလိမ့္မည္ မဟုတ္ေပ။ သို႔ေသာ္ ယခုကဲ့သို႔ ေရွ႕တန္းစစ္ေျမျပင္တြင္ လႈပ္လႈပ္ရွားရွား ျဖစ္ေနသည္ဆိုေသာအခ်က္က ဆီးရီးယားစစ္ပြဲ ၿပီးဆုံးရန္ ေဝးေနေသးေၾကာင္း သတိေပးခ်က္ျဖစ္ သကဲ့သို႔ တစ္ခ်ိန္က ႐ုရွားႏွင့္ အီရန္တို႔က ျပင္းျပင္း ထန္ထန္ တင္းတင္းၾကပ္ၾကပ္ ႀကိဳးပမ္းခဲ့ေသာ ေဒသ အေျခအေနက ယခုအခါ လုံးဝပ်က္စီးသြားၿပီျဖစ္သည္။

အာဆတ္၏ မဟာမိတ္မ်ားသည္ ယခုတစ္ႀကိမ္တြင္ ဆီးရီးယားကို ကယ္တင္ႏိုင္ မည္လား သို႔မဟုတ္ ဆီးရီးယား၏ ကာလရွည္ၾကာ မၿပီးႏိုင္မစီးႏိုင္ျဖစ္ေနေသာ ပဋိပကၡသည္ အဆုံး သတ္ေရးအတြက္ တစ္နည္းတစ္ဖုံေျပာင္းလဲလာႏိုင္ မည္လားဆိုသည္ကို ေစာင့္ၾကည့္ရဦးမည္ျဖစ္သည္။

ဆီးရီးယားျပည္တြင္းစစ္ႀကီး ရွည္လ်ား ေနျခင္း၏ အေျခခံအမွန္တရားမ်ားလည္း ရွိေနသည္။ အာဆတ္မ်ိဳးဆက္သည္ (၁၉၇၁) ခုႏွစ္မွစတင္၍ (၅၃) ႏွစ္ၾကာ အုပ္ခ်ဳပ္လာခဲ့သည္။ ထိုကဲ့သို႔ သက္ တမ္းရွည္ၾကာ အုပ္ခ်ဳပ္ႏိုင္မႈသည္ ေအာင္ျမင္မႈတစ္ခု ျဖစ္ႏိုင္ေသာ္လည္း တိုးတက္မႈအနည္းငယ္သာ ျပသ ႏိုင္သည္။ (၂၀၁၁) ခုႏွစ္ ျပည္တြင္းစစ္မျဖစ္ပြား မီကပင္ အက်င့္ပ်က္ျခစားမႈႏွင့္ စီမံခန႔္ခြဲမႈ အလြဲမ်ား သည္ ႏိုင္ငံ၏ စီးပြားေရးအေပၚ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစခဲ့သည္။ ထိုအခ်ိန္မွစ၍ ဆီးရီးယားႏိုင္ငံ သားမ်ား၏ဘဝသည္ ဆိုးသထက္ဆိုးလာခဲ့သည္။ စစ္ပြဲေၾကာင့္ လူေပါင္း သိန္းႏွင့္ခ်ီ ေသဆုံးခဲ့ၿပီး သန္း ႏွင့္ခ်ီ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရသည္။ (၁၉၇၁) ခုႏွစ္မွစ၍ အာဆတ္မ်ိဳးဆက္သည္ ျပည္တြင္းျပည္ပ စိန္ေခၚမႈမ်ားကို အႀကိမ္ႀကိမ္ရင္ဆိုင္ခဲ့ရၿပီး ယေန႔တိုင္ေအာင္ ျပည္တြင္းစစ္ အဆုံးသတ္မည့္အခ်ိန္ကို ေမွ်ာ္မွန္းရင္း ရပ္တည္ေနရသည္။

႐ုရွားသည္ ယူကရိန္းႏွင့္ ပဋိပကၡကို အျပည့္အဝဆင္ႏႊဲေနေသာ္လည္း ဆီးရီးယားတြင္ စစ္ေလယာဥ္မ်ား၊ တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ား၊ စစ္သည္မ်ားအပါအဝင္ အေျခစိုက္စခန္း (၂၀) ကို ျဖန႔္ၾကက္ထားသည္။ အာဆတ္အတြက္ ႐ုရွား၏ စစ္ေျမျပင္အတြင္း ပံ့ပိုးမႈအမ်ားစုသည္ သူပုန္ နယ္ေျမမ်ားကို ေဝဟင္မွ ဗုံးႀကဲတိုက္ခိုက္ေပးျခင္းပုံစံျဖစ္ၿပီး ဟစၥဘိုလာအဖြဲ႕ကမူ ေျမျပင္စစ္ပြဲမ်ားတြင္ တိုက္ခိုက္ေပးခဲ့သည္။ ႐ုရွားသည္ ဆီးရီးယား အေနာက္ေျမာက္ပိုင္းရွိ Hmeimim ေလတပ္အေျခ စိုက္စခန္းကို အသုံးျပဳ၍ အလားတူ စစ္ဆင္ေရးမ်ိဳး လုပ္ေဆာင္ရန္ ျဖစ္ႏိုင္ဖြယ္ရွိသည္။ သူပုန္မ်ားကို ေခ်မႈန္းရန္ ေလေၾကာင္းစစ္ဆင္ေရးတစ္ခုတည္း ျဖင့္ လုံေလာက္မည္မဟုတ္ေပ။ ဆီးရီးယား အစိုးရ တပ္ဖြဲ႕ မ်ားသည္ သူပုန္မ်ားကို တိုက္ဖ်က္ရန္ ဆႏၵမရွိသလို စြမ္းေဆာင္ရည္လည္း မရွိၾကေပ။ ထို႔အတူ ဟစၥဘို လာအဖြဲ႕သည္လည္း ယခင္ကကဲ့သို႔ စစ္သည္အင္ အား စုစည္းႏိုင္ျခင္းမရွိသျဖင့္ ႐ုရွားတို႔သည္ ဆီးရီးယားတြင္ ခက္ခဲေသာအေျခအေနႏွင့္ ရင္ဆိုင္ ႀကဳံေတြ႕ေနရသည္။ ဆီးရီးယားတြင္ ေမာ္စကိုက ၎၏ အေျခစိုက္စခန္းမ်ားကို ေသခ်ာေပါက္ ခုခံကာ ကြယ္သြားမည္ျဖစ္ေသာ္လည္း သမၼတအာဆတ္ ကိုပါ ကာကြယ္သြားမည္လားဆိုသည္မွာ ယခုထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေပ။

Related news

© 2021. All rights reserved.