မြန်မာနိုင်ငံသည် ဒြပ်မဲ့ယဉ်ကျေးမှုကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းရန် ကြိုးစားသွားမည်

 2126

စော(NP News) - ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံသည် ဒြပ်မဲ့ ယဉ်ကျေးမှုကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သာသနာ့ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ဝ်ငင်း၏ ပြောကြားချက်အရ သိရသည်။

ဒေါ်နန်း‌လောဝ်ငင်းက ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန်အနီးရှိ စိမ်းလန်းစိုပြေတွင် ပြုလုပ်သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်နောင်၊ နောင်တွေမှာလည်း ကျွန်မတို့တွေက ဒြပ်မဲ့ယဉ်ကျေးမှုတွေနဲ့ပတ်သက်တဲ့ Element တွေပေါ့။ အများကြီးရှိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဒြပ်မဲ့ယဉ်ကျေးမှုအရမ်းကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့်၊ လာမယ့်နှစ်တွေမှာလည်း နှစ်စဉ်တစ်ခု၊ တစ်ခု သွင်းသွားနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းရာတွင် ဂီတအစည်း အရုံး၊ သဘင်အစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးစသည့် အခြားသော အဖွဲ့အစည်းများ ပူးပေါင်းရေးသွင်းခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လက်မှတ်ရေးထိုး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒြပ်မဲ့ယဉ်ကျေးမှုညီလာခံမှာ အပိုင်း (၃)ပိုင်း ခွဲခြားဆုံးဖြတ်ပါတယ်။ ပထမတစ်ပိုင်းကတော့ အစောတလျှင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ နောက်တစ်ချက်ကတော့ ကျွန်မတို့ရရှိထားတဲ့သင်္ကြန်ပေါ့။ သင်္ကြန်ကတော့ Representative List လို့ ခေါ်ပါတယ်။ အဲဒီ List ကတော့ နိုင်ငံတော်တော်များများကလည်း ဒါနဲ့ပတ်သက်ပြီး‌တော့မှ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့တော့ သင်္ကြန်သည် ပထမဦးဆုံးအကြိမ်ရရှိခဲ့တဲ့ သင်္ကြန်ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံကို ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့တွင် ဒီဇင်ဘာလ(၂)ရက်မှ (၇)ရက်အထိ ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၁၉၅)နိုင်ငံတွင် တက်ရောက်သူလူဦးရေ (၈၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါညီလာခံတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဒီဇင်ဘာလ (၅)ရက်တွင် တရားဝင် ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ျမန္မာႏိုင္ငံသည္ ျဒပ္မဲ့ယဥ္ေက်းမႈႂကြယ္ဝေသာ ႏိုင္ငံျဖစ္သည့္အတြက္ ႏွစ္စဥ္ႏွစ္တိုင္း ျဒပ္မဲ့ယဥ္ေက်း မႈ အေမြအႏွစ္စာရင္းသို႔ တင္သြင္းရန္ ႀကိဳးစားသြားမည္

ေစာ(NP News) - ဒီဇင္ဘာ ၁၀

ျမန္မာႏိုင္ငံသည္ ျဒပ္မဲ့ ယဥ္ေက်းမႈႂကြယ္ဝေသာ ႏိုင္ငံျဖစ္သည့္အတြက္ ႏွစ္စဥ္ႏွစ္တိုင္း ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းသို႔ တင္သြင္းရန္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း သာသနာ့ေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ အမ်ိဳးသားျပတိုက္(ရန္ကုန္)မွ ၫႊန္ၾကားေရးမႉး ေဒၚနန္းေလာင္ဝ္ငင္း၏ ေျပာၾကားခ်က္အရ သိရသည္။

ေဒၚနန္း‌ေလာဝ္ငင္းက ယေန႔ (ဒီဇင္ဘာ ၁၀ ရက္)က ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းလ်ားကန္အနီးရွိ စိမ္းလန္းစိုေျပတြင္ ျပဳလုပ္ေသာ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ ဂုဏ္ျပဳႀကိဳဆိုပြဲ အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေနာက္ေနာင္၊ ေနာင္ေတြမွာလည္း ကြၽန္မတို႔ေတြက ျဒပ္မဲ့ယဥ္ေက်းမႈေတြနဲ႔ပတ္သက္တဲ့ Element ေတြေပါ့။ အမ်ားႀကီးရွိပါတယ္။ ကြၽန္မတို႔ ျမန္မာႏိုင္ငံဟာ ျဒပ္မဲ့ယဥ္ေက်းမႈအရမ္းႂကြယ္ဝတဲ့ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္လာမယ့္၊ လာမယ့္ႏွစ္ေတြမွာလည္း ႏွစ္စဥ္တစ္ခု၊ တစ္ခု သြင္းသြားႏိုင္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္တင္သြင္းရာတြင္ ဂီတအစည္း အ႐ုံး၊ သဘင္အစည္းအ႐ုံး၊ ႐ုပ္ရွင္အစည္းအ႐ုံးစသည့္ အျခားေသာ အဖြဲ႕အစည္းမ်ား ပူးေပါင္းေရးသြင္းခဲ့ၿပီး သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လက္မွတ္ေရးထိုး တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဒပ္မဲ့ယဥ္ေက်းမႈညီလာခံမွာ အပိုင္း (၃)ပိုင္း ခြဲျခားဆုံးျဖတ္ပါတယ္။ ပထမတစ္ပိုင္းကေတာ့ အေစာတလွ်င္ ထိန္းသိမ္းေစာင့္ေရွာက္ရန္ လိုအပ္တဲ့ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ေတြပါ။ ေနာက္တစ္ခ်က္ကေတာ့ ကြၽန္မတို႔ရရွိထားတဲ့သၾကၤန္ေပါ့။ သၾကၤန္ကေတာ့ Representative List လို႔ ေခၚပါတယ္။ အဲဒီ List ကေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ဒါနဲ႔ပတ္သက္ၿပီး‌ေတာ့မွ တင္သြင္းခဲ့တာျဖစ္ပါတယ္။ ကြၽန္မတို႔ႏိုင္ငံအေနနဲ႔ေတာ့ သၾကၤန္သည္ ပထမဦးဆုံးအႀကိမ္ရရွိခဲ့တဲ့ သၾကၤန္ျဖစ္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

(၁၉)ႀကိမ္ေျမာက္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံကို ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ၿမိဳ႕တြင္ ဒီဇင္ဘာလ(၂)ရက္မွ (၇)ရက္အထိ က်င္းပခဲ့ရာ ႏိုင္ငံေပါင္း (၁၉၅)ႏိုင္ငံတြင္ တက္ေရာက္သူလူဦးေရ (၈၀၀)ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါညီလာခံတြင္ ပထမဆုံးအႀကိမ္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ကို ဒီဇင္ဘာလ (၅)ရက္တြင္ တရားဝင္ ဆုံးျဖစ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.