တရုတ်နိုင်ငံ တောင်ပိုင်းမှာ လူနေအိမ် အထပ်မြင့်အဆောက်အဦးတစ်ခုမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုကြောင့် လူတစ်ဦး သေဆုံး

 242

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၃

ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ လူချမ်းသာရပ်ကွက်တစ်ခုရဲ့အထပ်မြင့်အဆောက်အဦးတစ်ခုမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ရှန်ကျန်းမီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၆ စီး နဲ့ ကယ်ဆယ်ရေးဝန်ထမ်း ၈၀ ကို လူနေအိမ်ဝင်းအတွင်း အရေးပေါ်စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ ရုပ်သံလွှင့်ဌာန Phoenix TV မှ ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုမှာ အဆောက်အအုံရဲ့အမြင့်ဆုံးအလွှာမှာ မီးခိုးငွေ့တွေ ပျံ့နှံ့နေတာ မြင်တွေ့ရပါတယ်။

ပဏာမ စုံစမ်းစစ်ဆေးမှုတစ်ခုအရ အဆောက်အအုံ ၂၈ လွှာမှာ မီးလောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းရင်းအတိအကျကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတစ်ဦး အဆောက်အအုံပေါ်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အဆောက်အဦးဟာ Tencent အပါအဝင် ကုမ္ပဏီတွေ ရုံးချုပ်တည်ရှိရာ ဧရိယာမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုမီနီယံဖြစ်ပါတယ်။

တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ လူေနအိမ္ အထပ္ျမင့္အေဆာက္အဦးတစ္ခုမွာ ျပင္းထန္တဲ့ေပါက္ကြဲမႈတစ္ခုေၾကာင့္ လူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၃

ဒီဇင္ဘာ ၁၁ ရက္က တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ရွန္က်န္းၿမိဳ႕ရွိ လူခ်မ္းသာရပ္ကြက္တစ္ခုရဲ႕အထပ္ျမင့္အေဆာက္အဦးတစ္ခုမွာ ျပင္းထန္တဲ့ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ျခင္းေၾကာင့္ လူတစ္ဦး ေသဆုံးခဲ့ပါတယ္။
အဆိုပါေပါက္ကြဲမႈေၾကာင့္ ရွန္က်န္းမီးသတ္တပ္ဖြဲ႕က မီးသတ္ကား ၁၆ စီး နဲ႔ ကယ္ဆယ္ေရးဝန္ထမ္း ၈၀ ကို လူေနအိမ္ဝင္းအတြင္း အေရးေပၚေစလႊတ္ခဲ့ရတယ္လို႔ သိရပါတယ္။ ႐ုပ္သံလႊင့္ဌာန Phoenix TV မွ ေဖာ္ျပထားတဲ့ ဗီဒီယိုတစ္ခုမွာ အေဆာက္အအုံရဲ႕အျမင့္ဆုံးအလႊာမွာ မီးခိုးေငြ႕ေတြ ပ်ံ႕ႏွံ႔ေနတာ ျမင္ေတြ႕ရပါတယ္။

ပဏာမ စုံစမ္းစစ္ေဆးမႈတစ္ခုအရ အေဆာက္အအုံ ၂၈ လႊာမွာ မီးေလာင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အေၾကာင္းရင္းအတိအက်ကိုေတာ့ စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ လူတစ္ဦး အေဆာက္အအုံေပၚက ျပဳတ္က်ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့အေဆာက္အဦးဟာ Tencent အပါအဝင္ ကုမၸဏီေတြ ႐ုံးခ်ဳပ္တည္ရွိရာ ဧရိယာမွာရွိတဲ့ အဆင့္ျမင့္ကြန္ဒိုမီနီယံျဖစ္ပါတယ္။

Related news

© 2021. All rights reserved.