ဆီးရီးယားအရေးတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပြော

 159

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

ဆီးရီးယားအရေးက ရှုပ်ထွေးနေသကဲ့သို့ အမေရိကန်နိုင်ငံ၏ မိတ်ဆွေနိုင်ငံ မဟုတ်သောကြောင့် ဆီးရီးယား နိုင်ငံတွင်ဖြစ်ပွားနေသောအခက်အခဲပြဿနာများတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောရက်ပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့ သော ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် ဒီဇင်ဘာ(၈)ရက်က အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့က မြို့တော်ဒမစကတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ် ထွက်ပြေးခဲ့ရသည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က “ဆီးရီးယားအရေးက လက်ရှိအချိန်မှာ ခက်ခဲရှုပ်ထွေးနေ တယ်။ ဆီးရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့မိတ်ဆွေနိုင်ငံလည်း မဟုတ်ဘူး။ အမေရိကန်ဟာ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပြင် တခြားကိစ္စတွေမှာလည်း ပါဝင်ဆက်နွယ်မှာ မဟုတ်ဘူး။ ဆီးရီးယားတိုက်ပွဲတွေ ဟာ ကျွန်တော်တို့ရဲ့တိုက်ပွဲတွေလည်း မဟုတ်ဘူး။ ဆီးရီးယားအရေးမှာ ပါဝင်ဆက်နွယ်သူတွေ လွတ်လပ်စွာ လုပ်ကိုင်လှုပ်ရှားပါစေ၊ ကျွန်တော်တို့ အမေရိကန်နိုင်ငံ ပါဝင်ဆက်နွယ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်ဇန်နဝါရီလအတွင်း အမေရိကန်သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်သော လက်ရှိ အမေရိကန်အစိုးရ သည် ဆီးရီးယားအရေးတွင် ပါဝင်ဆက်နွယ်နေပြီး ဆီးရီးယားသမ္မတအာဆတ် ပြုတ်ကျသွားခဲ့မှုအပေါ် သံတမန် ရေးအရ တုံ့ပြန်ပေးထားကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ဆီးရီးယားမြို့တော် ဒမစကတ်မြို့ကို သိမ်းယူ နိုင်ခဲ့သော အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် Hayat Tahriral-Sham (HTS) အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားဖူးကြောင်း သိရသည်။
လက်ရှိ အမေရိကန်အစိုးရက ဆီးရီးယားအစိုးရအသစ်ဖွဲ့စည်းရန်အတွက် အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာသော အစိုးရတစ်ရပ်ဖြစ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထား ခြင်းကို အခြေခံလုပ် ဆောင်၍မရနိုင်ကြောင်း ပြောသည်။ ဆီးရီးယားနိုင်ငံတွင်ရှိနေသော ဓာတုလက်နက်များ၊ ဇီဝလက်နက်များကို ဖျက်ဆီးနိုင်ရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိ အမေရိကန်အစိုးရက ပြောသည်။

Zawgyi Version;
ဆီးရီးယားအေရးတြင္ ပါဝင္ပတ္သက္မည္မဟုတ္ေၾကာင္း အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄

ဆီးရီးယားအေရးက ရႈပ္ေထြးေနသကဲ့သို႔ အေမရိကန္ႏိုင္ငံ၏ မိတ္ေဆြႏိုင္ငံ မဟုတ္ေသာေၾကာင့္ ဆီးရီးယား ႏိုင္ငံတြင္ျဖစ္ပြားေနေသာအခက္အခဲျပႆနာမ်ားတြင္ ပါဝင္ပတ္သက္မည္မဟုတ္ေၾကာင္း အေမရိကန္ ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာရက္ပိုင္းက ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕တြင္ က်င္းပခဲ့ ေသာ ကမာၻ႔ေခါင္းေဆာင္မ်ား ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ဆီးရီးယားအေရးႏွင့္ပတ္သက္၍ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ ဆီးရီးယားႏိုင္ငံတြင္ ဒီဇင္ဘာ(၈)ရက္က အစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕က ၿမိဳ႕ေတာ္ဒမစကတ္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ ဆီးရီးယားသမၼတ အာဆတ္ ထြက္ေျပးခဲ့ရသည္။
အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က “ဆီးရီးယားအေရးက လက္ရွိအခ်ိန္မွာ ခက္ခဲရႈပ္ေထြးေန တယ္။ ဆီးရီးယားႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕မိတ္ေဆြႏိုင္ငံလည္း မဟုတ္ဘူး။ အေမရိကန္ဟာ ဆီးရီးယားမွာ ျဖစ္ပြားေနတဲ့တိုက္ပြဲေတြအျပင္ တျခားကိစၥေတြမွာလည္း ပါဝင္ဆက္ႏြယ္မွာ မဟုတ္ဘူး။ ဆီးရီးယားတိုက္ပြဲေတြ ဟာ ကြၽန္ေတာ္တို႔ရဲ႕တိုက္ပြဲေတြလည္း မဟုတ္ဘူး။ ဆီးရီးယားအေရးမွာ ပါဝင္ဆက္ႏြယ္သူေတြ လြတ္လပ္စြာ လုပ္ကိုင္လႈပ္ရွားပါေစ၊ ကြၽန္ေတာ္တို႔ အေမရိကန္ႏိုင္ငံ ပါဝင္ဆက္ႏြယ္မွာ မဟုတ္ဘူး” ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ လာမည့္ဇန္နဝါရီလအတြင္း အေမရိကန္သမၼတအျဖစ္ တရားဝင္က်မ္းသစၥာက်ိန္ဆိုသြားမည္ ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ဦးေဆာင္ေသာ လက္ရွိ အေမရိကန္အစိုးရ သည္ ဆီးရီးယားအေရးတြင္ ပါဝင္ဆက္ႏြယ္ေနၿပီး ဆီးရီးယားသမၼတအာဆတ္ ျပဳတ္က်သြားခဲ့မႈအေပၚ သံတမန္ ေရးအရ တုံ႔ျပန္ေပးထားေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ ဆီးရီးယားၿမိဳ႕ေတာ္ ဒမစကတ္ၿမိဳ႕ကို သိမ္းယူ ႏိုင္ခဲ့ေသာ အစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္သည့္ Hayat Tahriral-Sham (HTS) အဖြဲ႕ကို အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားဖူးေၾကာင္း သိရသည္။
လက္ရွိ အေမရိကန္အစိုးရက ဆီးရီးယားအစိုးရအသစ္ဖြဲ႕စည္းရန္အတြက္ အားလုံးပါဝင္ၿပီး ပြင့္လင္းျမင္သာေသာ အစိုးရတစ္ရပ္ျဖစ္လာေအာင္ ဝိုင္းဝန္းလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း အၾကမ္းဖက္အဖြဲ႕စည္းအျဖစ္ သတ္မွတ္ထား ျခင္းကို အေျခခံလုပ္ ေဆာင္၍မရႏိုင္ေၾကာင္း ေျပာသည္။ ဆီးရီးယားႏိုင္ငံတြင္ရွိေနေသာ ဓာတုလက္နက္မ်ား၊ ဇီဝလက္နက္မ်ားကို ဖ်က္ဆီးႏိုင္ရန္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း လက္ရွိ အေမရိကန္အစိုးရက ေျပာသည္။

Related news

© 2021. All rights reserved.