ယူကရိန်းကို စွန့်လွှတ်သွားမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်ပြော
468
Pika (NP News) - ဒီဇင်ဘာ ၁၄
ရုရှားနှင့် ငြိမ်းချမ်းရေးရယူနိုင်ရန်အတွက် ကြားဝင်စေ့စပ်ပေးမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်းအတွက် အကူအညီများအားလုံးကို အမေရိကန်က ဖြတ်တောက်သွားမည်မဟုတ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ Time မဂ္ဂဇင်းသည် ဒေါ်နယ်ထရမ့်ကို (၂၀၂၄)ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် နှင့် လုပ်ဆောင်ခဲ့သော အင်တာဗျူးတစ်ခုကို ဒီဇင်ဘာလ (၁၂)ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အမေရိကန်က အကူအညီများကို ဖြတ်တောက်ခြင်းဖြင့် ယူကရိန်းကို စွန့်လွှတ်သွားနိုင်သလားဆို သည့်မေးခွန်း များကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေ ကြားခဲ့ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ယူကရိန်းကြားမှာ သဘောတူညီချက်တစ်ခုကို ရစေချင်ပါတယ်။ ဒါပေမဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ တစ်ခုတည်းသောနည်းလမ်း က စွန့်လွှတ်ဖို့ မဟုတ်ပါဘူး။ အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာ နားလည်ကြမှာပါ” ဟု ပြောခဲ့သည်။
သို့သော်လည်း အမည်မဖော်လိုသည့်အင်တာဗျူးသမားတစ်ဦးက ဒေါ်နယ်ထရမ့်၏ တုံ့ပြန်ပြောဆိုချက်များကို နားလည်ပုံမပေါ်ဘဲ အဆိုပါမေးခွန်းကို ထပ်ခါတလဲလဲ မေးနေခဲ့ကြောင်းလည်း သိရသည်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်ပြောသလိုပါပဲ။ စွန့်လွှတ်မှုတွေလုပ်ဆောင်လိုက်မယ်ဆိုရင် သဘောတူညီချက် တစ်ခုကို ရရှိနိုင်မှာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတည်းက အမေရိကန်လွှတ်တော်သည် ယူကရိန်းအတွက် စစ်ရေး၊ လူသားချင်းစာနာထောက်ထားမှု နှင့် စီးပွားရေးအကူ အညီအဖြစ် အမေရိကန်ဒေါ်လာ(၁၈၀)ဘီလျံကျော် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသို့ စစ်ရေးအကူအညီများ ထောက်ပံ့ပေးခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေမည်ဖြစ်ကြောင်း ရုရှားဘက်က အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။
Zawgyi Version;
ယူကရိန္းကို စြန႔္လႊတ္သြားမည္မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၄
႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးရယူႏိုင္ရန္အတြက္ ၾကားဝင္ေစ့စပ္ေပးမႈ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ယူကရိန္းအတြက္ အကူအညီမ်ားအားလုံးကို အေမရိကန္က ျဖတ္ေတာက္သြားမည္မဟုတ္ေၾကာင္း အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Time မဂၢဇင္းသည္ ေဒၚနယ္ထရမ့္ကို (၂၀၂၄)ခုႏွစ္အတြက္ တစ္ႏွစ္တာ အေကာင္းဆုံးပုဂၢိဳလ္အျဖစ္ ေဖာ္ျပခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ ႏွင့္ လုပ္ေဆာင္ခဲ့ေသာ အင္တာဗ်ဴးတစ္ခုကို ဒီဇင္ဘာလ (၁၂)ရက္တြင္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္က အကူအညီမ်ားကို ျဖတ္ေတာက္ျခင္းျဖင့္ ယူကရိန္းကို စြန႔္လႊတ္သြားႏိုင္သလားဆို သည့္ေမးခြန္း မ်ားကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖ ၾကားခဲ့ေၾကာင္းလည္း သိရသည္။ ေဒၚနယ္ထရမ့္က “႐ုရွားနဲ႔ယူကရိန္းၾကားမွာ သေဘာတူညီခ်က္တစ္ခုကို ရေစခ်င္ပါတယ္။ ဒါေပမဲ့ သေဘာတူညီခ်က္တစ္ခုရရွိဖို႔ တစ္ခုတည္းေသာနည္းလမ္း က စြန႔္လႊတ္ဖို႔ မဟုတ္ပါဘူး။ အဲဒါက ဘာကိုဆိုလိုတယ္ဆိုတာ နားလည္ၾကမွာပါ” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း အမည္မေဖာ္လိုသည့္အင္တာဗ်ဴးသမားတစ္ဦးက ေဒၚနယ္ထရမ့္၏ တုံ႔ျပန္ေျပာဆိုခ်က္မ်ားကို နားလည္ပုံမေပၚဘဲ အဆိုပါေမးခြန္းကို ထပ္ခါတလဲလဲ ေမးေနခဲ့ေၾကာင္းလည္း သိရသည္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ေျပာသလိုပါပဲ။ စြန႔္လႊတ္မႈေတြလုပ္ေဆာင္လိုက္မယ္ဆိုရင္ သေဘာတူညီခ်က္ တစ္ခုကို ရရွိႏိုင္မွာမဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္းတည္းက အေမရိကန္လႊတ္ေတာ္သည္ ယူကရိန္းအတြက္ စစ္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ ႏွင့္ စီးပြားေရးအကူ အညီအျဖစ္ အေမရိကန္ေဒၚလာ(၁၈၀)ဘီလ်ံေက်ာ္ အတည္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းသို႔ စစ္ေရးအကူအညီမ်ား ေထာက္ပံ့ေပးျခင္းသည္ ပဋိပကၡကို ပိုမိုရွည္ၾကာေစၿပီး ေသြးထြက္သံယိုမႈမ်ားကိုသာ ပိုမိုျဖစ္ပြားလာေစမည္ျဖစ္ေၾကာင္း ႐ုရွားဘက္က အႀကိမ္ႀကိမ္ သတိေပးေျပာဆိုခဲ့သည္။