MSME လုပ်ငန်းများမှတဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်နေရာ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ၃၉ ခုတွင် B.A (Economics) ဘွဲ့သင်တန်းများကို ဖွင့်လှစ်ထား
172
နာမူ (NP News) - ဒီဇင်ဘာ ၁၄
MSME လုပ်ငန်းများမှတဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်နေရာ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ၃၉ ခုတွင် B.A (Economics) ဘွဲ့သင်တန်းများကို ဖွင့်လှစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) က ကျင်းပခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ နှစ် (၆၀) ပြည့် အခမ်းအနား အား ချီးမြှင့်ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းအတွင်း နစကဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များနဲ့အညီ နိုင်ငံတော်ရဲ့စီးပွားရေးမောင်းနှင် အား တိုးတက်လာစေဖို့ ရည်ရွယ်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိ ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်တာကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဦးဆောင်ပြီး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၃၉ ခုမှာ B.A (Economics) ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အနာဂတ်ကာလမှာ B.A (Economics) ဘွဲ့ရတွေ အနေနဲ့ တတ်သိထားတဲ့ စီးပွားရေးအသိအမြင်၊ အတွေးအမြင်တွေကို အသုံးချပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မှာဖြစ်ပါတယ်” ဟု နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြား သည်။
နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်နှင့် စျေးကွက်လိုအပ်ချက်များကို အကောင်အထည်ဖော်ဖြည့်ဆည်းပေးနိုင် ရန်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ် နှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) သင်တန်းကို ၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်အထိ MBA ဘွဲ့ရ (၂၉၂၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေဖြင့် ၁၉၆၄ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ နှစ်(၆၀) ကာလအတွင်း ပါရဂူဘွဲ့ရရှိသူ (၁၁၀) ဦး၊ မဟာဘွဲ့ရရှိသူ (၇၅၈၇)ဦး၊ ရိုးရိုးဘွဲ့ရရှိသူ (၆၁၈၅၀)ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ (၁၂၁၇)ဦးနှင့် ဘွဲ့လွန် ဒီပလိုမာ ရရှိသူ (၇၇၀၈)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
MSME လုပ္ငန္းမ်ားမွတဆင့္ ပို႔ကုန္ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္ေနရာ ဝိဇၨာ/သိပၸံတကၠသိုလ္ ၃၉ ခုတြင္ B.A (Economics) ဘြဲ႕သင္တန္းမ်ားကို ဖြင့္လွစ္ထား
နာမူ (NP News) - ဒီဇင္ဘာ ၁၄
MSME လုပ္ငန္းမ်ားမွတဆင့္ ပို႔ကုန္ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္ေနရာ ဝိဇၨာ/သိပၸံတကၠသိုလ္ ၃၉ ခုတြင္ B.A (Economics) ဘြဲ႕သင္တန္းမ်ားကို ဖြင့္လွစ္ထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ယမန္ေန႔ (ဒီဇင္ဘာလ ၁၃ ရက္) က က်င္းပခဲ့သည့္ ရန္ကုန္စီးပြားေရးတကၠသိုလ္၏ ႏွစ္ (၆၀) ျပည့္ အခမ္းအနား အား ခ်ီးျမႇင့္ေျပာၾကားသည့္ ဗီဒီယိုမိန႔္ခြန္းအတြင္း နစကဥကၠ႒က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ခ်မွတ္ထားတဲ့ စီးပြားေရးဦးတည္ခ်က္မ်ားနဲ႔အညီ ႏိုင္ငံေတာ္ရဲ႕စီးပြားေရးေမာင္းႏွင္ အား တိုးတက္လာေစဖို႔ ရည္႐ြယ္ၿပီး MSME လုပ္ငန္းမ်ားမွတစ္ဆင့္ ပို႔ကုန္ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိ ပါတယ္။ ဒီလိုေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ပညာတတ္လူသားအရင္းအျမစ္မ်ား လိုအပ္တာေၾကာင့္ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္မွာ ရန္ကုန္စီးပြားေရးတကၠသိုလ္က ဦးေဆာင္ၿပီး ဝိဇၨာ/သိပၸံ တကၠသိုလ္ ၃၉ ခုမွာ B.A (Economics) ဘြဲ႕သင္တန္းမ်ားကို စတင္ဖြင့္လွစ္ေဆာင္႐ြက္ေပးခဲ့ပါတယ္။ အနာဂတ္ကာလမွာ B.A (Economics) ဘြဲ႕ရေတြ အေနနဲ႔ တတ္သိထားတဲ့ စီးပြားေရးအသိအျမင္၊ အေတြးအျမင္ေတြကို အသုံးခ်ၿပီး မိမိတို႔ေဒသ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ လူ႔အဖြဲ႕အစည္းဖြံ႕ၿဖိဳးမႈတို႔ကို ေဆာင္႐ြက္လာႏိုင္ေတာ့မွာျဖစ္ပါတယ္” ဟု နစကဥကၠ႒က ထည့္သြင္း ေျပာၾကား သည္။
ႏိုင္ငံေတာ္၏ စီးပြားေရးရည္မွန္းခ်က္ႏွင့္ ေစ်းကြက္လိုအပ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ျဖည့္ဆည္းေပးႏိုင္ ရန္အတြက္ ရန္ကုန္စီးပြားေရးတကၠသိုလ္၏ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈအစီအစဥ္ ႏွင့္ စီးပြားေရးလုပ္ငန္း စီမံခန႔္ခြဲမႈပညာမဟာဘြဲ႕ (MBA) သင္တန္းကို ၁၉၉၅ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုအခ်ိန္အထိ MBA ဘြဲ႕ရ (၂၉၂၀) ဦးကို ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္စီးပြားေရးတကၠသိုလ္အေနျဖင့္ ၁၉၆၄ ခုႏွစ္ မွ ၂၀၂၄ ခုႏွစ္အထိ ႏွစ္(၆၀) ကာလအတြင္း ပါရဂူဘြဲ႕ရရွိသူ (၁၁၀) ဦး၊ မဟာဘြဲ႕ရရွိသူ (၇၅၈၇)ဦး၊ ႐ိုး႐ိုးဘြဲ႕ရရွိသူ (၆၁၈၅၀)ဦး၊ ဂုဏ္ထူးဘြဲ႕ရရွိသူ (၁၂၁၇)ဦးႏွင့္ ဘြဲ႕လြန္ ဒီပလိုမာ ရရွိသူ (၇၇၀၈)ဦးကို ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။