ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်ရန် Peace Forum 2025 တက်ရောက်သူ အားလုံးသဘောတူ

152

သုတကျော်(NP News)
ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) တွင် ပါဝင်ဆွေးနွေးသူ အယောက်(၂၀ဝ)ကျော်က ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း အဆိုပါဖိုရမ်သို့ တက်ရောက်ဆွေးနွေးခဲ့သူအချို့ထံ မေးမြန်း ထားချက်အရ သိရသည်။ Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် ဇွန်လ(၂၅)ရက်မှ ဇွန်လ(၂၇)ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်ကာ ပြည်ပမှ ပညာရှင်များလည်း ပါဝင်ခဲ့သည်။
ယင်းအခမ်းအနားသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) ကော်မတီဝင်များ၊ ပြည်ပမှ Think Tank ပညာရှင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ JMC ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ òန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသင်းအဖွဲ့များ အပါအဝင် လူပေါင်း (၂၀ဝ)ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါဖိုရမ်သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံကိုလည်း ဖိတ်ကြားခဲ့ကြောင်း ဖိုရမ်အပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Pace Forum ပထမနေ့ ဖွင့်ပွဲအခမ်းအ နားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ‘ဒီနေ့ကျင်းပမယ့်ဖိုရမ်မှာ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းမျိုးစုံက ပုဂ္ဂိုလ်အားလုံးပါဝင် ကြပါ တယ်။ ဒီဖိုရမ်ကို အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲ (Inclusive National Dialogue) တစ်ရပ်ဖြစ်စေဖို့ အတွက် ကျွန်တော်တို့ဘက်က ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူအားလုံးကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း တချို့တလေအကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြပါဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်။ သက်ဆိုင်သူအားလုံးပါဝင်နိုင်ပြီး စောနိုင် သမျှစောပြီး ဆွေးနွေးနိုင်ရင် နိုင်ငံအတွက် ပိုမိုကောင်းမှာဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်မံဖိတ်ခေါ်အပ်ပါ တယ်’ဟု မိန့်ခွန်းအတွင်း နစကဥက္ကဋ္ဌက ငြိမ်းချမ်း ရေးအတွက် လမ်းဖွင့်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအောင်မြင်စေရန် မည်သို့ဆောင်ရွက်မည်နည်းဆိုသောအချက်နှင့် ရွေး ကောက်ပွဲတွင်ရင်ဆိုင် လာရနိုင်သော အခက်အခဲ အတားအဆီးများအပါအဝင် အချက်များကို ဖိုရမ်တွင် ဆွေးနွေးခဲ့ကြောင်း ဖိုရမ်သို့တက် ရောက်ခဲ့သူ တစ်ဦးက ပြောသည်။ ‘ရွေးကောက်ပွဲကျင်းပဖို့ကို အလွှာ အသီးသီး၊ နယ်ပယ်အသီးသီးက တတ်သိပညာရှင်၊ နားလည်သူ၊ ကိုယ်စားပြုသူ (၂၀ဝ) ကျော်က ဝင်ရောက် ဆွေးနွေးတဲ့အခါ ရွေးကောက်ပွဲကို အောင်မြင်အောင် မဖြစ်မနေ လုပ်ကြမယ်လို့ အားလုံးက သဘောတူကြတယ်။ ပြောချင်တာကတော့ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပဖို့ အတွက် အလွှာစုံ နယ်ပယ်စုံ အသီးသီးက ဒီဖိုရမ်မှာ သဘောတူတယ် ဆုံးဖြတ်ကြတယ်’ဟု ၎င်းကဆိုသည်။
အဆိုပါဖိုရမ်တွင် ရွေးကောက်ပွဲနှင့်ပတ် သက်၍ဆွေးနွေးရာ ကန့်ကွက်ဆွေးနွေးသူမရှိခဲ့ ကြောင်းနှင့်ရွေး ကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ဖိုရမ်တွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သော အမျိုးသားပြန်လည်စည်းလုံး ညီညွတ် ရေးကိုလည်း မည်သည့်ပုံစံဖြင့် အကောင်အထည် ဖော်နိုင်မည်နည်းဆိုသော အချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်တွင် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် ပတ်သက် သော ဆွေးနွေးမှုများကိုလည်းပြုလုပ်ရာ ဆွေးနွေးချက် ပေါင်း (၁၅၀)ကျော်ထွက်ပေါ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲ မှထွက် ပေါ်လာသော အချက်များကို ကဏ္ဍအလိုက်ခွဲပြီး အနှစ်ချုပ်ကာ နိုင်ငံတော်အကြီးအကဲထံ တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
‘ဒီဖိုရမ်က အားလုံးကိုပြန်ချုပ်မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုမယ်ဆိုတဲ့ ဆွေးနွေးချက်အသံတွေဟာ ပုံစံမျိုးစုံ နဲ့အဖွဲ့တိုင်းထွက်တာတွေ့ရတယ်။ ဒါဟာ ငြိမ်းချမ်းရေး တည်ဆောက်တာမှာ အခြေခံကျတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်’ဟု Peace Forum နောက်ဆုံးနေ့ အခမ်းအနားတွင် (NSPNC) မှ ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ပြောကြားသည်။ အဆိုပါဖိုရမ်တွင် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ òန်ကြားရေးမှူး ချုပ်များလည်းပါဝင်ရာ အဆိုပါအစိုးရအရာရှိကြီး များကလည်း ဆွေးနွေး ချက်များကို အကောင်အထည် ဖော်ရန်အတွက် လေ့လာမှတ်သားမှုများလည်း တစ်ပါတည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
‘နစက၏ တာဝန်သည် ဇူလိုင်(၃၁)ရက်မှာ ပြီးကောင်းပြီးမယ်။ ဩဂုတ်လ(၁)ရက်မှာ ကာလုံဦး ဆောင်တဲ့ အစိုးရတစ်ရပ်သည် ပေါ်ထွန်းလာနိုင်ခြေ ရှိတယ်။ သူက ရွေးကောက်ပွဲကိုကျင်းပမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေက နစကက ထုတ်ကောင်း ထုတ်ပြန်နိုင်ပါလိမ့်မယ်။ အဲဒီလိုပဲ ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်မယ့် အထူး ဥပဒေတစ်ရပ်လည်း ပေါ်ကောင်းပေါ်ပေါက်လာနိုင်တယ်။ အဲဒါက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နစက သွားတဲ့ ခြေလှမ်း’ဟု ဖိုရမ်အပြီးပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရန္ Peace Forum 2025 တက္ေရာက္သူ အားလုံးသေဘာတူ
သုတေက်ာ္(NP News)
ၿငိမ္းခ်မ္းေရးဖိုရမ္ (Peace Forum 2025) တြင္ ပါဝင္ေဆြးေႏြးသူ အေယာက္(၂၀ဝ)ေက်ာ္က ေ႐ြးေကာက္ပြဲကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရန္ သေဘာတူခဲ့ၾကေၾကာင္း အဆိုပါဖိုရမ္သို႔ တက္ေရာက္ေဆြးေႏြးခဲ့သူအခ်ိဳ႕ထံ ေမးျမန္း ထားခ်က္အရ သိရသည္။ Peace Forum 2025 ကို “ၿငိမ္းခ်မ္းေရး၊ ေ႐ြးေကာက္ပြဲႏွင့္ဖက္ဒရယ္စနစ္တို႔ ေပါင္းစည္းျခင္းမွ ေအးခ်မ္းသာယာဝေျပာသည့္ ႏိုင္ငံေတာ္သစ္ဆီသို႔” ေခါင္းစဥ္ျဖင့္ ဇြန္လ(၂၅)ရက္မွ ဇြန္လ(၂၇)ရက္အထိ က်င္းပခဲ့ျခင္း ျဖစ္ကာ ျပည္ပမွ ပညာရွင္မ်ားလည္း ပါဝင္ခဲ့သည္။
ယင္းအခမ္းအနားသို႔ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရး ေကာ္မတီ (NSPNC) ေကာ္မတီဝင္မ်ား၊ ျပည္ပမွ Think Tank ပညာရွင္မ်ား၊ တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးမ်ား၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ JMC ကိုယ္စားလွယ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ òန္ၾကား ေရးမႉးခ်ဳပ္မ်ား၊ ပါေမာကၡမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ကိုယ္စား လွယ္မ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပါဝင္ေဆာင္႐ြက္ခဲ့သူမ်ား၊ ပါဝင္သင့္ပါဝင္ထိုက္သူမ်ား၊ အသင္းအဖြဲ႕မ်ား အပါအဝင္ လူေပါင္း (၂၀ဝ)ေက်ာ္ ပါဝင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါဖိုရမ္သို႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေပါင္းစုံကိုလည္း ဖိတ္ၾကားခဲ့ေၾကာင္း ဖိုရမ္အၿပီးျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲမွ သိရသည္။
Pace Forum ပထမေန႔ ဖြင့္ပြဲအခမ္းအ နားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈဗဟိုေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ မိန႔္ခြန္းေျပာၾကားခဲ့သည္။ ‘ဒီေန႔က်င္းပမယ့္ဖိုရမ္မွာ က႑အသီးသီး၊ အဖြဲ႕အစည္းမ်ိဳးစုံက ပုဂၢိဳလ္အားလုံးပါဝင္ ၾကပါ တယ္။ ဒီဖိုရမ္ကို အားလုံးပါဝင္တဲ့ အမ်ိဳးသားအဆင့္ေဆြးေႏြးပြဲ (Inclusive National Dialogue) တစ္ရပ္ျဖစ္ေစဖို႔ အတြက္ ကြၽန္ေတာ္တို႔ဘက္က ၿငိမ္းခ်မ္းေရးမွာ ပါဝင္ပတ္သက္သူအားလုံးကို ဖိတ္ၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း တခ်ိဳ႕တေလအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလာႏိုင္ၾကပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ႏိုင္ငံနဲ႔ ျပည္သူလူထုရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး ေတြ႕ဆုံေဆြးေႏြးေရးအတြက္ အၿမဲတမ္းလက္ကမ္းႀကိဳဆိုပါတယ္။ သက္ဆိုင္သူအားလုံးပါဝင္ႏိုင္ၿပီး ေစာႏိုင္ သမွ်ေစာၿပီး ေဆြးေႏြးႏိုင္ရင္ ႏိုင္ငံအတြက္ ပိုမိုေကာင္းမွာျဖစ္လို႔ ေတြ႕ဆုံေဆြးေႏြးေရးအတြက္ ထပ္မံဖိတ္ေခၚအပ္ပါ တယ္’ဟု မိန႔္ခြန္းအတြင္း နစကဥကၠ႒က ၿငိမ္းခ်မ္း ေရးအတြက္ လမ္းဖြင့္ေျပာၾကားခဲ့သည္။
ေ႐ြးေကာက္ပြဲေအာင္ျမင္ေစရန္ မည္သို႔ေဆာင္႐ြက္မည္နည္းဆိုေသာအခ်က္ႏွင့္ ေ႐ြး ေကာက္ပြဲတြင္ရင္ဆိုင္ လာရႏိုင္ေသာ အခက္အခဲ အတားအဆီးမ်ားအပါအဝင္ အခ်က္မ်ားကို ဖိုရမ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း ဖိုရမ္သို႔တက္ ေရာက္ခဲ့သူ တစ္ဦးက ေျပာသည္။ ‘ေ႐ြးေကာက္ပြဲက်င္းပဖို႔ကို အလႊာ အသီးသီး၊ နယ္ပယ္အသီးသီးက တတ္သိပညာရွင္၊ နားလည္သူ၊ ကိုယ္စားျပဳသူ (၂၀ဝ) ေက်ာ္က ဝင္ေရာက္ ေဆြးေႏြးတဲ့အခါ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္ေအာင္ မျဖစ္မေန လုပ္ၾကမယ္လို႔ အားလုံးက သေဘာတူၾကတယ္။ ေျပာခ်င္တာကေတာ့ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ေအာင္က်င္းပဖို႔ အတြက္ အလႊာစုံ နယ္ပယ္စုံ အသီးသီးက ဒီဖိုရမ္မွာ သေဘာတူတယ္ ဆုံးျဖတ္ၾကတယ္’ဟု ၎ကဆိုသည္။
အဆိုပါဖိုရမ္တြင္ ေ႐ြးေကာက္ပြဲႏွင့္ပတ္ သက္၍ေဆြးေႏြးရာ ကန႔္ကြက္ေဆြးေႏြးသူမရွိခဲ့ ေၾကာင္းႏွင့္ေ႐ြး ေကာက္ပြဲတြင္ လုံၿခဳံေရးဆိုင္ရာ ပူး ေပါင္းေဆာင္႐ြက္ရန္လိုအပ္ခ်က္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ၎ကဆိုသည္။
ထို႔ျပင္ ဖိုရမ္တြင္ လက္ရွိျမန္မာႏိုင္ငံ၏ အေျခအေနႏွင့္ပတ္သက္၍ အေရးအႀကီးဆုံး လိုအပ္ခ်က္ျဖစ္ေသာ အမ်ိဳးသားျပန္လည္စည္းလုံး ညီၫြတ္ ေရးကိုလည္း မည္သည့္ပုံစံျဖင့္ အေကာင္အထည္ ေဖာ္ႏိုင္မည္နည္းဆိုေသာ အခ်က္ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အဆိုပါဖိုရမ္တြင္ ေ႐ြးေကာက္ပြဲ၊ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္အေရးႏွင့္ ပတ္သက္ ေသာ ေဆြးေႏြးမႈမ်ားကိုလည္းျပဳလုပ္ရာ ေဆြးေႏြးခ်က္ ေပါင္း (၁၅၀)ေက်ာ္ထြက္ေပၚခဲ့ၿပီး အဆိုပါ ေဆြးေႏြးပြဲ မွထြက္ ေပၚလာေသာ အခ်က္မ်ားကို က႑အလိုက္ခြဲၿပီး အႏွစ္ခ်ဳပ္ကာ ႏိုင္ငံေတာ္အႀကီးအကဲထံ တင္ျပ သြားမည္ျဖစ္ေၾကာင္း သိရသည္။
‘ဒီဖိုရမ္က အားလုံးကိုျပန္ခ်ဳပ္မယ္ဆိုရင္ တစ္ဖက္နဲ႔တစ္ဖက္ၾကားမွာ ယုံၾကည္မႈတည္ေဆာက္ဖို႔ လိုမယ္ဆိုတဲ့ ေဆြးေႏြးခ်က္အသံေတြဟာ ပုံစံမ်ိဳးစုံ နဲ႔အဖြဲ႕တိုင္းထြက္တာေတြ႕ရတယ္။ ဒါဟာ ၿငိမ္းခ်မ္းေရး တည္ေဆာက္တာမွာ အေျခခံက်တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္’ဟု Peace Forum ေနာက္ဆုံးေန႔ အခမ္းအနားတြင္ (NSPNC) မွ ေကာ္မတီ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းႏိုင္က ေျပာၾကားသည္။ အဆိုပါဖိုရမ္တြင္ ကိုယ္စားလွယ္မ်ား၊ ျပည္ေထာင္စု ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ òန္ၾကားေရးမႉး ခ်ဳပ္မ်ားလည္းပါဝင္ရာ အဆိုပါအစိုးရအရာရွိႀကီး မ်ားကလည္း ေဆြးေႏြး ခ်က္မ်ားကို အေကာင္အထည္ ေဖာ္ရန္အတြက္ ေလ့လာမွတ္သားမႈမ်ားလည္း တစ္ပါတည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
‘နစက၏ တာဝန္သည္ ဇူလိုင္(၃၁)ရက္မွာ ၿပီးေကာင္းၿပီးမယ္။ ဩဂုတ္လ(၁)ရက္မွာ ကာလုံဦး ေဆာင္တဲ့ အစိုးရတစ္ရပ္သည္ ေပၚထြန္းလာႏိုင္ေျခ ရွိတယ္။ သူက ေ႐ြးေကာက္ပြဲကိုက်င္းပမယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ဥပေဒက နစကက ထုတ္ေကာင္း ထုတ္ျပန္ႏိုင္ပါလိမ့္မယ္။ အဲဒီလိုပဲ ေ႐ြးေကာက္ပြဲကို ကာကြယ္ေစာင့္ေရွာက္မယ့္ အထူး ဥပေဒတစ္ရပ္လည္း ေပၚေကာင္းေပၚေပါက္လာႏိုင္တယ္။ အဲဒါက ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ နစက သြားတဲ့ ေျခလွမ္း’ဟု ဖိုရမ္အၿပီးျပဳလုပ္သည့္ သတင္း စာရွင္းလင္းပြဲတြင္ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာသည္။