ရုရှား ဓါတုတပ်ဖွဲ့ရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီး
789
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၉
ရုရှားလုံခြုံရေးအဖွဲ့ဟာ ရုရှားဗိုလ်ချုပ်ကြီး အိုင်ဂေါ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ်ရှိ ဥဇဘက်ကစ္စတန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှား ဓါတု နဲ့ ဇီ၀ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအိုင်ဂေါ ကီရီလောဗ့် နဲ့ တပည့်ဖြစ်သူတို့ ဟာ ဒီဇင်ဘာလ ၁၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရုရှားစုံစမ်းရေးကော်မတီက "၁၉၉၅ ခုနှစ်မှာ မွေးဖွားတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသားကို ရုရှားဗိုလ်ချုပ်ကြီးနဲ့ သူရဲ့ လက်ထောက်ဖြစ်သူတို့ သေဆုံးစေခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ အဲဒီ ဥဇဘက်ကစ္စတန်နိုင်ငံသားဟာ ယူကရိန်းအထူးတပ်ဖွဲ့ရဲ့လူသစ်စုဆောင်းခြင်းခံခဲ့ရသူဖြစ်တယ်" လို့ပြောပါတယ်။
ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရခြင်းနောက်ကွယ်မှာ ယူကရိန်းနိုင်ငံ ပါဝင်ဆက်နွယ်နေပြီး ယူကရိန်းလုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ (SBU) အဖွဲ့က ပစ်မှတ်ထားလုပ်ကြံခဲ့ခြင်းဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ယူကရိန်းဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားကို လုပ်ကြံမှုအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းအပြင် ဥရောပရှိ အခြားနိုင်ငံမှာ နေထိုင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။
ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် အပြန်အလှန်လုပ်ကြံမှုတွေဖြစ်လာခဲ့ပြီး လက်ရှိလုပ်ကြံခံရတဲ့ ဗိုလ်ချုပ်ကြီးဟာ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်က လုပ်ကြံခဲ့တဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
Zawgyi Version;
႐ုရွား ဓါတုတပ္ဖြဲ႕ရဲ႕ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကို လုပ္ႀကံသတ္ျဖတ္ခဲ့သူကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၉
႐ုရွားလုံၿခဳံေရးအဖြဲ႕ဟာ ႐ုရွားဗိုလ္ခ်ဳပ္ႀကီး အိုင္ေဂါ လုပ္ႀကံခံရမႈနဲ႔ပတ္သက္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဥဇဘက္ကစၥတန္ ႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးထားတယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။
႐ုရွား ဓါတု နဲ႔ ဇီ၀ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးအိုင္ေဂါ ကီရီေလာဗ့္ နဲ႔ တပည့္ျဖစ္သူတို႔ ဟာ ဒီဇင္ဘာလ ၁၇ ရက္က ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈအတြင္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားစုံစမ္းေရးေကာ္မတီက "၁၉၉၅ ခုႏွစ္မွာ ေမြးဖြားတဲ့ ဥဇဘက္ကစၥတန္ႏိုင္ငံသားကို ႐ုရွားဗိုလ္ခ်ဳပ္ႀကီးနဲ႔ သူရဲ႕ လက္ေထာက္ျဖစ္သူတို႔ ေသဆုံးေစခဲ့တဲ့တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သံသယရွိတဲ့အတြက္ ဖမ္းဆီးလိုက္တယ္။ အဲဒီ ဥဇဘက္ကစၥတန္ႏိုင္ငံသားဟာ ယူကရိန္းအထူးတပ္ဖြဲ႕ရဲ႕လူသစ္စုေဆာင္းျခင္းခံခဲ့ရသူျဖစ္တယ္" လို႔ေျပာပါတယ္။
႐ုရွားဗိုလ္ခ်ဳပ္ႀကီး လုပ္ႀကံခံရျခင္းေနာက္ကြယ္မွာ ယူကရိန္းႏိုင္ငံ ပါဝင္ဆက္ႏြယ္ေနၿပီး ယူကရိန္းလုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕ (SBU) အဖြဲ႕က ပစ္မွတ္ထားလုပ္ႀကံခဲ့ျခင္းျဖစ္တယ္လို႔ သတင္းမ်ားထြက္ေပၚေနပါတယ္။ ယူကရိန္းဟာ ဥဇဘက္ကစၥတန္ႏိုင္ငံသားကို လုပ္ႀကံမႈအတြက္ အေမရိကန္ေဒၚလာ ၁ သိန္းအျပင္ ဥေရာပရွိ အျခားႏိုင္ငံမွာ ေနထိုင္ခြင့္ေပးမယ္လို႔ ကတိေပးခဲ့တယ္လို႔ သိရပါတယ္။
႐ုရွား နဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ အျပန္အလွန္လုပ္ႀကံမႈေတြျဖစ္လာခဲ့ၿပီး လက္ရွိလုပ္ႀကံခံရတဲ့ ဗိုလ္ခ်ဳပ္ႀကီးဟာ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းစစ္တပ္က လုပ္ႀကံခဲ့တဲ့ အဆင့္ျမင့္ဆုံး ပုဂၢိဳလ္ျဖစ္လာခဲ့ပါတယ္။