ပိုကီမွန်ကတ်ပြား အများဆုံးစုဆောင်းထားသော ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့သည့် ဗြိတိန်ညီအစ်ကိုနှစ်ဦး

402

Pika (NP News) - ဒီဇင်ဘာ ၁၉
ဗြိတိန်နိုင်ငံမှ ညီအစ်ကိုနှစ်ဦးသည် မတူညီသောပိုကီမွန်ကတ်ပြား (၄၈၃၃၉) ကတ်အထိ စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ Pokémon Trading Card ဂိမ်း၏ အကြီးစား ပရိသတ်များ ဖြစ်သော အိုဝင်နှင့်ကော်နာဂရေးတို့သည် ပိုကီမွန်ကတ်ပြား(၄၈၃၃၉)ကတ်အထိ စုဆောင်းခဲ့ပြီးနောက် ယခင် စံချိန်ကို ကိုင်ဆောင်ထားသူ ဘန်ဂျမင်ဒီဂူးယားကို ကျော်တက်သွားကာ ယခုလိုဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဘန်ဂျမင်ဒီဂူးယားသည် (၂၀၂၃)ခုနှစ်တွင် ပိုကီမွန်ကတ်ပြား (၃၄၃၁၀)ကတ်အထိ စုဆောင်းခဲ့ပြီးနောက် ပိုကီမွန် ကတ်ပြားအများဆုံးစုဆောင်းသည့် ဂင်းနစ်စံချိန်ကို ရယူထားသူဖြစ်ကြောင်း သိရသည်။ အိုဝင်က "ဒီဂင်းနစ်စံချိန် ကို ချိုးဖျက်နိုင်ရမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ပိုကီမွန်ကတ်ပြားတွေကို ကျွန်တော်တို့ စတင်စုဆောင်းခဲ့တာပါ" ဟု ပြောခဲ့သည်။
၎င်းတို့ ညီအစ်ကိုနှစ်ဦးစုဆောင်းထားသည့် ပိုကီမွန်ကတ်ပြားများသည် မတူညီသောနိုင်ငံများမှဖြစ်ပြီး မတူညီသော ဘာသာစကားများစွာဖြင့် ရိုက်နှိပ်ထားကြောင်းလည်း သိရသည်။ ကော်နာဂရေးက "ဒတ်ချ်ဘာသာစကားနဲ့ ထုတ်ထားတဲ့ပိုကီမွန်ကတ်တွေက ရှာရခက်တာမလို့ စုဆောင်းဖို့က ခက်ခဲပါတယ်။ အကယ်၍ ဒတ်ချ်ဘာသာ စကားနဲ့ထုတ်ထားတဲ့ ပိုကီမွန်ကတ်ပြားတွေရှိရင် ကျွန်တော်တို့ကို အသိပေးစေလိုပါတယ်" ဟု ပြောခဲ့သည်။ လက်ရှိအချိန်တွင် အိုဝင် နှင့် ကော်နာဂရေးတို့သည် လာမည့်နှစ်တွင် အမေရိကန်နိုင်ငံမှာ ကျင်းပရန်စီစဉ်ထားသည့် ပိုကီမွန်ကတ်ပြားစုဆောင်းသူများပြပွဲတွင် ၎င်းတို့ စုဆောင်းထားသည့်ကတ်များကို ပြသရန်အတွက် သယ်ယူမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version;
ပိုကီမြန္ကတ္ျပား အမ်ားဆုံးစုေဆာင္းထားေသာ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့သည့္ ၿဗိတိန္ညီအစ္ကိုႏွစ္ဦး
Pika (NP News) - ဒီဇင္ဘာ ၁၉
ၿဗိတိန္ႏိုင္ငံမွ ညီအစ္ကိုႏွစ္ဦးသည္ မတူညီေသာပိုကီမြန္ကတ္ျပား (၄၈၃၃၉) ကတ္အထိ စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Pokémon Trading Card ဂိမ္း၏ အႀကီးစား ပရိသတ္မ်ား ျဖစ္ေသာ အိုဝင္ႏွင့္ေကာ္နာဂေရးတို႔သည္ ပိုကီမြန္ကတ္ျပား(၄၈၃၃၉)ကတ္အထိ စုေဆာင္းခဲ့ၿပီးေနာက္ ယခင္ စံခ်ိန္ကို ကိုင္ေဆာင္ထားသူ ဘန္ဂ်မင္ဒီဂူးယားကို ေက်ာ္တက္သြားကာ ယခုလိုဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ဘန္ဂ်မင္ဒီဂူးယားသည္ (၂၀၂၃)ခုႏွစ္တြင္ ပိုကီမြန္ကတ္ျပား (၃၄၃၁၀)ကတ္အထိ စုေဆာင္းခဲ့ၿပီးေနာက္ ပိုကီမြန္ ကတ္ျပားအမ်ားဆုံးစုေဆာင္းသည့္ ဂင္းနစ္စံခ်ိန္ကို ရယူထားသူျဖစ္ေၾကာင္း သိရသည္။ အိုဝင္က "ဒီဂင္းနစ္စံခ်ိန္ ကို ခ်ိဳးဖ်က္ႏိုင္ရမယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး ပိုကီမြန္ကတ္ျပားေတြကို ကြၽန္ေတာ္တို႔ စတင္စုေဆာင္းခဲ့တာပါ" ဟု ေျပာခဲ့သည္။
၎တို႔ ညီအစ္ကိုႏွစ္ဦးစုေဆာင္းထားသည့္ ပိုကီမြန္ကတ္ျပားမ်ားသည္ မတူညီေသာႏိုင္ငံမ်ားမွျဖစ္ၿပီး မတူညီေသာ ဘာသာစကားမ်ားစြာျဖင့္ ႐ိုက္ႏွိပ္ထားေၾကာင္းလည္း သိရသည္။ ေကာ္နာဂေရးက "ဒတ္ခ်္ဘာသာစကားနဲ႔ ထုတ္ထားတဲ့ပိုကီမြန္ကတ္ေတြက ရွာရခက္တာမလို႔ စုေဆာင္းဖို႔က ခက္ခဲပါတယ္။ အကယ္၍ ဒတ္ခ်္ဘာသာ စကားနဲ႔ထုတ္ထားတဲ့ ပိုကီမြန္ကတ္ျပားေတြရွိရင္ ကြၽန္ေတာ္တို႔ကို အသိေပးေစလိုပါတယ္" ဟု ေျပာခဲ့သည္။ လက္ရွိအခ်ိန္တြင္ အိုဝင္ ႏွင့္ ေကာ္နာဂေရးတို႔သည္ လာမည့္ႏွစ္တြင္ အေမရိကန္ႏိုင္ငံမွာ က်င္းပရန္စီစဥ္ထားသည့္ ပိုကီမြန္ကတ္ျပားစုေဆာင္းသူမ်ားျပပြဲတြင္ ၎တို႔ စုေဆာင္းထားသည့္ကတ္မ်ားကို ျပသရန္အတြက္ သယ္ယူမႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။