ကျောက်ဖြူ- ကူမင်းရထားလမ်းစီမံကိန်း မြန်မာဘက်ခြမ်း၌ မှန်းရခက်သည့်အနေအထားတွင် ရှိနေ

 750

ယွန်း (NP News) ဒီဇင်ဘာ ၁၉

ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို မြန်မာဘက်မှစတင်လုပ်ဆောင်နိုင်ရေးသည် မှန်းရခက်သည့်အနေ အထားတွင်ရှိနေကြောင်း ကျောက်ဖြူ‌မြို့နယ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ကျောက်ဖြူ-ကူမင်းရထားလမ်း တည်ဆောက်ရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်နေသည့်အပြင် တည်ငြိမ် အေးချမ်းမှုကိုဖော်ဆောင်ပြီး စီမံကိန်းတည်ဆောက်မှုအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူး Dr.Zheng Zhihong က ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆိုထားဖူး သည်။
လက်ရှိတွင် အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံဘက်မှ မြေပြင်တွင်စတင်နိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ “မြေပြင်မှာတော့ စတင်တာမရှိသေးဘူး။ တရုတ်သံမှူးပြောသွားတဲ့ တည်ငြိမ်အေးချမ်းမှုဆိုတာကတော့ ပြောဖို့ ခက်တယ်။ သူတို့ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အဏုမြူဗုံးနဲ့ကြဲမလား၊ ဖျောင်းဖျမှာလား၊ တောင်းပန်မှာလား၊ ညှိနှိုင်းမလားဆိုတဲ့အပေါ်မှာ မူတည်နေတယ်။ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့သူနဲ့ မတည်ငြိမ်အောင်လုပ်တဲ့သူနဲ့ ကြားထဲမှာ ညှိနှိုင်းဖို့ကတော့ သူတို့နှစ်ဘက်အပေါ်မှာ မူတည်တာပေါ့” ဟု အထက်ပါဒေသခံစီးပွားရေးလုပ်ငန်းရှင်က ဆို သည်။
ထို့ကြောင့် ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းကို မြန်မာနိုင်ငံဘက်တွင် စတင်နိုင်ရေးသည် မှန်းရခက်သည့် အနေအထားတွင်ရှိနေပြီး တည်ဆောက်ရန် ရနိုင်သည့်နေရာများကို စတင်၍ လုပ်ဆောင်သွားရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တည်ငြိမ်အေးချမ်းမှုရမှဆိုရင်တော့ စဖြစ်ဖို့က မှန်းရခက်တယ်။ ပြင်သစ်ရဲ့ဘူဇွာတော်လှန်ရေးဆိုရင် အနှစ်(၃၀ဝ) တောင်ကြာခဲ့တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ဘယ်လောက်ကြာမယ်မှန်းမသိဘူး။ ရထားလမ်းက စာရွက် စာတမ်းပိုင်း မှာတော့ တိုးတက်မှုတွေရှိတယ်။ တရုတ်ပြည်ဘက်ခြမ်းမှာက အားလုံးပြီးနေပြီ။ ကူမင်းကနေ မြန်မာ နယ်စပ်အထိ ‌ရထားလမ်းသွားလို့လာလို့ရတဲ့အထိ အားလုံးပြီးနေပြီ။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကတော့ ဒေသခံတွေနဲ့တရုတ်နဲ့လည်း ညှိနှိုင်းတယ်။ အစိုးရနဲ့လည်း ညှိနှိုင်းမှာပေါ့။ လုပ်လို့ရတဲ့နေရာတွေ အားလုံးကို အမြန်ဆုံးစလုပ်ဖို့ဆိုပြီး နစက ဥက္ကဋ္ဌကလည်း တရားဝင်လမ်း òန်ထားတယ်လေ။ တည်ငြိမ်အေးချမ်းမှုကို သူတို့အလုပ်လုပ်တဲ့နေရာ လောက်ပဲ စပြီးတော့လုပ်မယ်ထင်တယ်။ တစ်ပြည်လုံး တည်ငြိမ်အေးချမ်းမှုကတော့ တဖြည်းဖြည်းနဲ့ စရမှာပေါ့။ မစရင်တော့ ဘယ်တော့မှတည်ငြိမ် အေးချမ်းမှု ကဏ္ဍကို ရောက်မှာမဟုတ်ဘူး။ ပထမခြေလှမ်းတစ်ခုလှမ်းမှပဲ ခရီးကရောက်မှာပေါ့” ဟု ၎င်းက ဆိုသည်။

တရုတ်-မြန်မာရထားလမ်းသည် နှစ်နိုင်ငံ၏ အရေးကြီးသည့်စီမံကိန်း၊ အရေးပါသော မဟာဗျူဟာမြောက် စီမံကိန်း ဖြစ်ပြီး Belt and Road နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည် ဆောက်မှု၏ အရေးပါသောဖွဲ့စည်းပုံ အစိတ်အပိုင်း လည်းဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈ ဒသမ ၉) ဘီလျံ ကုန်ကျမည်ဟု ခန်းမှန်းထားကြောင်း သိရသည်။ ထို့ပြင် နစကဥက္ကဋ္ဌအနေဖြင့် မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်းသစ်ဖောက် လုပ်ရေးစီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်နိုင် မည့်နေရာများ၌ လုပ်ငန်းစတင် သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ကူမင်းမြို့သို့သွားရောက်စဉ် အသိပေးပြောကြားခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကြောင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း စတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version;
ေက်ာက္ျဖဴ- ကူမင္းရထားလမ္းစီမံကိန္း ျမန္မာဘက္ျခမ္း၌ မွန္းရခက္သည့္အေနအထားတြင္ ရွိေန
ယြန္း (NP News) ဒီဇင္ဘာ ၁၉

ေက်ာက္ျဖဴ-ကူမင္းရထားလမ္းစီမံကိန္းကို ျမန္မာဘက္မွစတင္လုပ္ေဆာင္ႏိုင္ေရးသည္ မွန္းရခက္သည့္အေန အထားတြင္ရွိေနေၾကာင္း ေက်ာက္ျဖဴ‌ၿမိဳ႕နယ္ရွိ ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ေက်ာက္ျဖဴ-ကူမင္းရထားလမ္း တည္ေဆာက္ေရးအတြက္ ျပင္ဆင္မႈမ်ားေဆာင္႐ြက္ေနသည့္အျပင္ တည္ၿငိမ္ ေအးခ်မ္းမႈကိုေဖာ္ေဆာင္ၿပီး စီမံကိန္းတည္ေဆာက္မႈအတြက္ ေကာင္းမြန္သည့္ပတ္ဝန္းက်င္ကို ဖန္တီးေပးရန္ ေမွ်ာ္လင့္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံမႉး Dr.Zheng Zhihong က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျပာဆိုထားဖူး သည္။
လက္ရွိတြင္ အဆိုပါစီမံကိန္းကို ျမန္မာႏိုင္ငံဘက္မွ ေျမျပင္တြင္စတင္ႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ “ေျမျပင္မွာေတာ့ စတင္တာမရွိေသးဘူး။ တ႐ုတ္သံမႉးေျပာသြားတဲ့ တည္ၿငိမ္ေအးခ်မ္းမႈဆိုတာကေတာ့ ေျပာဖို႔ ခက္တယ္။ သူတို႔ဘယ္လိုလုပ္မလဲ ဆိုတဲ့အေပၚမွာ မူတည္တယ္။ အဏုျမဴဗုံးနဲ႔ႀကဲမလား၊ ေဖ်ာင္းဖ်မွာလား၊ ေတာင္းပန္မွာလား၊ ညႇိႏႈိင္းမလားဆိုတဲ့အေပၚမွာ မူတည္ေနတယ္။ တည္ၿငိမ္ေအးခ်မ္းေရးကို လိုလားတဲ့သူနဲ႔ မတည္ၿငိမ္ေအာင္လုပ္တဲ့သူနဲ႔ ၾကားထဲမွာ ညႇိႏႈိင္းဖို႔ကေတာ့ သူတို႔ႏွစ္ဘက္အေပၚမွာ မူတည္တာေပါ့” ဟု အထက္ပါေဒသခံစီးပြားေရးလုပ္ငန္းရွင္က ဆို သည္။
ထို႔ေၾကာင့္ ေက်ာက္ျဖဴ-ကူမင္းရထားလမ္းစီမံကိန္းကို ျမန္မာႏိုင္ငံဘက္တြင္ စတင္ႏိုင္ေရးသည္ မွန္းရခက္သည့္ အေနအထားတြင္ရွိေနၿပီး တည္ေဆာက္ရန္ ရႏိုင္သည့္ေနရာမ်ားကို စတင္၍ လုပ္ေဆာင္သြားရန္လိုေၾကာင္း ၎က ဆက္လက္ေျပာသည္။
“တည္ၿငိမ္ေအးခ်မ္းမႈရမွဆိုရင္ေတာ့ စျဖစ္ဖို႔က မွန္းရခက္တယ္။ ျပင္သစ္ရဲ႕ဘူဇြာေတာ္လွန္ေရးဆိုရင္ အႏွစ္(၃၀ဝ) ေတာင္ၾကာခဲ့တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔လည္း ဘယ္ေလာက္ၾကာမယ္မွန္းမသိဘူး။ ရထားလမ္းက စာ႐ြက္ စာတမ္းပိုင္း မွာေတာ့ တိုးတက္မႈေတြရွိတယ္။ တ႐ုတ္ျပည္ဘက္ျခမ္းမွာက အားလုံးၿပီးေနၿပီ။ ကူမင္းကေန ျမန္မာ နယ္စပ္အထိ ‌ရထားလမ္းသြားလို႔လာလို႔ရတဲ့အထိ အားလုံးၿပီးေနၿပီ။ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းမႈကေတာ့ ေဒသခံေတြနဲ႔တ႐ုတ္နဲ႔လည္း ညႇိႏႈိင္းတယ္။ အစိုးရနဲ႔လည္း ညႇိႏႈိင္းမွာေပါ့။ လုပ္လို႔ရတဲ့ေနရာေတြ အားလုံးကို အျမန္ဆုံးစလုပ္ဖို႔ဆိုၿပီး နစက ဥကၠ႒ကလည္း တရားဝင္လမ္း òန္ထားတယ္ေလ။ တည္ၿငိမ္ေအးခ်မ္းမႈကို သူတို႔အလုပ္လုပ္တဲ့ေနရာ ေလာက္ပဲ စၿပီးေတာ့လုပ္မယ္ထင္တယ္။ တစ္ျပည္လုံး တည္ၿငိမ္ေအးခ်မ္းမႈကေတာ့ တျဖည္းျဖည္းနဲ႔ စရမွာေပါ့။ မစရင္ေတာ့ ဘယ္ေတာ့မွတည္ၿငိမ္ ေအးခ်မ္းမႈ က႑ကို ေရာက္မွာမဟုတ္ဘူး။ ပထမေျခလွမ္းတစ္ခုလွမ္းမွပဲ ခရီးကေရာက္မွာေပါ့” ဟု ၎က ဆိုသည္။

တ႐ုတ္-ျမန္မာရထားလမ္းသည္ ႏွစ္ႏိုင္ငံ၏ အေရးႀကီးသည့္စီမံကိန္း၊ အေရးပါေသာ မဟာဗ်ဴဟာေျမာက္ စီမံကိန္း ျဖစ္ၿပီး Belt and Road ႏွင့္ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ အတူတကြတည္ ေဆာက္မႈ၏ အေရးပါေသာဖြဲ႕စည္းပုံ အစိတ္အပိုင္း လည္းျဖစ္ေၾကာင္း သိရသည္။ ေက်ာက္ျဖဴ-ကူမင္း ရထားလမ္းစီမံကိန္းအတြက္ အေမရိကန္ေဒၚလာ (၈ ဒသမ ၉) ဘီလ်ံ ကုန္က်မည္ဟု ခန္းမွန္းထားေၾကာင္း သိရသည္။ ထို႔ျပင္ နစကဥကၠ႒အေနျဖင့္ မူဆယ္-မႏၲေလး-ေက်ာက္ျဖဴရထားလမ္းသစ္ေဖာက္ လုပ္ေရးစီမံကိန္းကို နယ္ေျမအေျခအေနအရ စတင္ေဖာက္လုပ္ႏိုင္ မည့္ေနရာမ်ား၌ လုပ္ငန္းစတင္ သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ႏိုဝင္ဘာလက ကူမင္းၿမိဳ႕သို႔သြားေရာက္စဥ္ အသိေပးေျပာၾကားခဲ့သည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း၌ ျဖစ္ေပၚေနသည့္ မတည္ၿငိမ္မႈမ်ားေၾကာင့္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္းမွာလည္း စတင္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.