YBS ကဒ်စက်များ ပိတ်ထားသော ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူတော့မည်ဟုဆို

 275

စော (NP News) - ဒီဇင်ဘာ ၁၉

YBS ကဒ်စက်များ ပိတ်ထားသော ယာဉ်မောင်းများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မာန် က ပြောသည်။
၎င်းက ယ‌နေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးချုပ်ကနေပြီးတော့ ကျွန်တော်တို့ YRTC နဲ့ပတ်သက်ပြီးတော့ မှာကြားတဲ့ဟာတွေရှိပါတယ်။ YBS များ စီးနင်းရာမှာ အဆင်ပြေစွာစီးနင်းနိုင်ရေး ဆောင်ရွက်ထားတဲ့ YBS ကဒ်များ အသုံးပြုဖို့ အဆင်မပြေခြင်း ဖြစ်ပေါ်နေ ခြင်း၊ ခါးပိုက်နှိုက်များ ပပျောက်သွားစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် YBS ယာဉ်ပေါ်မှာ မီးသတ် ဆေးဗူးများ အားလုံးထားရမည်ဆိုတဲ့ဟာတွေ အဲဒီ သုံးချက် မှာကြားပါတယ်” ဟု ဦးလျန်ကျင့်မာန်က ပြောသည်။

YPS ကတ်ကို အသုံးပြု၍ ယာဉ်စီးခပေးချေနိုင်သည့် ယာဉ်လိုင်းပေါင်း (၉၈) လိုင်းရှိပြီး ယာဉ်အစီးရေပေါင်း (၃၉၅၁) ခန့်ရှိကြောင်း သိရသည်။

“YBS ကဒ်တွေ အသုံးပြုလို့မရအောင်လုပ်ရင် CCTV တို့၊ Telematic Device တို့ အဲဒီစက်တွေအားလုံး သုံးလို့ မရအောင် ဆောင်ရွက်ထားတဲ့ ယာဉ်မောင်းတွေကို အရေးယူဖို့ ကျွန်တော်တို့ အဲဒီလိုမျိုးဖြစ်တဲ့ယာဉ်မောင်းတွေကို စုံခုံစစ်ဆေးပြီး‌တော့ ထိထိရောက်ရောက် အရေးယူဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ စက်တွေဘာတွေ သုံးလို့မရအောင် လုပ်ထားတဲ့ယာဉ်မောင်းတွေဆိုရင် Asia Starmar Transport Intelligent ကနေပြီး‌တော့ အွန်လိုင်းမှာ Active ဖြစ်၊မဖြစ် သူတို့ဆီက စစ်ဆေးမယ်။ Active မဖြစ်ရင် ကျွန်တော်တို့အနေနဲ့ အဖွဲ့နဲ့ပူးပေါင်း ပြီး‌တော့ အဲဒီယာဉ်ကိုသွားရောက်ပြီးတော့ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တွေ့ရှိရင် စုံခုံ စစ်ဆေးမယ်။ စုံခုံစစ်ဆေးပြီးတော့ သူ့ဟာသူ စက်ရဲ့ချို့ယွင်းမှုမဟုတ်ဘဲနဲ့ ယာဉ်မောင်းတို့၊ ဟန့်တားတဲ့ဟာမျိုး၊ လူပရောဂကြောင့် ဖြစ်တယ်ဆိုရင် စုံခုံတွေ့ရှိချက်အရ ယာဉ်မောင်းကို ထိထိရောက်ရောက်အရေးယူသွားမှာ ဖြစ်ပါတယ်။ YBS ယာဉ်တွေ မောင်းခွင့်မပြု၊ မပေးတဲ့အထိ ထိရောက်စွာအရေးယူသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များအားလုံး မီးသတ်ဆေးဗူးများ ဆောင်ထားရန် YBS ကုမ္ပဏီများကို ညွှန်ကြားထားပြီဖြစ်သဖြင့် မကြာခင်အချိန်အတွင်း စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဒဏ်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်စီးခပေးချေရန် YBS ကဒ်အသုံးပြုသူဦးရေမှာ (၂)သိန်းကျော်ရှိပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီးသူ ဦးရေမှာ (၁)သိန်းခွဲကျော်ရှိကြောင်း ASIA ၏ အချက်အလက်အရ သိရသည်။ ထို့ပြင် YBS ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်း၊ ယာဉ်အစီးရေ (၃၅၀၀) ကျော်ဖြင့် လူဦးရေ (၁၅)သိန်းကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိ ကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။

Zawgyi Version;
YBS ကဒ္စက္မ်ား ပိတ္ထားေသာ ယာဥ္ေမာင္းမ်ားကို ထိေရာက္စြာ အေရးယူေတာ့မည္ဟုဆို
ေစာ (NP News) - ဒီဇင္ဘာ ၁၉

YBS ကဒ္စက္မ်ား ပိတ္ထားေသာ ယာဥ္ေမာင္းမ်ားကို ထိေရာက္စြာအေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ တြဲဖက္အတြင္းေရးမႉး ဦးလ်င္က်င့္မာန္ က ေျပာသည္။
၎က ယ‌ေန႔ (ဒီဇင္ဘာ ၁၉ ရက္) တြင္ YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ဝန္ႀကီးခ်ဳပ္ကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ YRTC နဲ႔ပတ္သက္ၿပီးေတာ့ မွာၾကားတဲ့ဟာေတြရွိပါတယ္။ YBS မ်ား စီးနင္းရာမွာ အဆင္ေျပစြာစီးနင္းႏိုင္ေရး ေဆာင္႐ြက္ထားတဲ့ YBS ကဒ္မ်ား အသုံးျပဳဖို႔ အဆင္မေျပျခင္း ျဖစ္ေပၚေန ျခင္း၊ ခါးပိုက္ႏႈိက္မ်ား ပေပ်ာက္သြားေစေရး စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္သြားရန္ YBS ယာဥ္ေပၚမွာ မီးသတ္ ေဆးဗူးမ်ား အားလုံးထားရမည္ဆိုတဲ့ဟာေတြ အဲဒီ သုံးခ်က္ မွာၾကားပါတယ္” ဟု ဦးလ်န္က်င့္မာန္က ေျပာသည္။

YPS ကတ္ကို အသုံးျပဳ၍ ယာဥ္စီးခေပးေခ်ႏိုင္သည့္ ယာဥ္လိုင္းေပါင္း (၉၈) လိုင္းရွိၿပီး ယာဥ္အစီးေရေပါင္း (၃၉၅၁) ခန႔္ရွိေၾကာင္း သိရသည္။

“YBS ကဒ္ေတြ အသုံးျပဳလို႔မရေအာင္လုပ္ရင္ CCTV တို႔၊ Telematic Device တို႔ အဲဒီစက္ေတြအားလုံး သုံးလို႔ မရေအာင္ ေဆာင္႐ြက္ထားတဲ့ ယာဥ္ေမာင္းေတြကို အေရးယူဖို႔ ကြၽန္ေတာ္တို႔ အဲဒီလိုမ်ိဳးျဖစ္တဲ့ယာဥ္ေမာင္းေတြကို စုံခုံစစ္ေဆးၿပီး‌ေတာ့ ထိထိေရာက္ေရာက္ အေရးယူဖို႔ ဆုံးျဖတ္ထားပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ စက္ေတြဘာေတြ သုံးလို႔မရေအာင္ လုပ္ထားတဲ့ယာဥ္ေမာင္းေတြဆိုရင္ Asia Starmar Transport Intelligent ကေနၿပီး‌ေတာ့ အြန္လိုင္းမွာ Active ျဖစ္၊မျဖစ္ သူတို႔ဆီက စစ္ေဆးမယ္။ Active မျဖစ္ရင္ ကြၽန္ေတာ္တို႔အေနနဲ႔ အဖြဲ႕နဲ႔ပူးေပါင္း ၿပီး‌ေတာ့ အဲဒီယာဥ္ကိုသြားေရာက္ၿပီးေတာ့ စစ္ေဆးၿပီးေတာ့ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ေတြ႕ရွိရင္ စုံခုံ စစ္ေဆးမယ္။ စုံခုံစစ္ေဆးၿပီးေတာ့ သူ႔ဟာသူ စက္ရဲ႕ခ်ိဳ႕ယြင္းမႈမဟုတ္ဘဲနဲ႔ ယာဥ္ေမာင္းတို႔၊ ဟန႔္တားတဲ့ဟာမ်ိဳး၊ လူပေရာဂေၾကာင့္ ျဖစ္တယ္ဆိုရင္ စုံခုံေတြ႕ရွိခ်က္အရ ယာဥ္ေမာင္းကို ထိထိေရာက္ေရာက္အေရးယူသြားမွာ ျဖစ္ပါတယ္။ YBS ယာဥ္ေတြ ေမာင္းခြင့္မျပဳ၊ မေပးတဲ့အထိ ထိေရာက္စြာအေရးယူသြားမွာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ YBS ယာဥ္မ်ားအားလုံး မီးသတ္ေဆးဗူးမ်ား ေဆာင္ထားရန္ YBS ကုမၸဏီမ်ားကို ၫႊန္ၾကားထားၿပီျဖစ္သျဖင့္ မၾကာခင္အခ်ိန္အတြင္း စစ္ေဆးသြားမည္ျဖစ္ၿပီး လိုက္နာျခင္းမရွိပါက ဒဏ္ေၾကးေငြ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ယာဥ္စီးခေပးေခ်ရန္ YBS ကဒ္အသုံးျပဳသူဦးေရမွာ (၂)သိန္းေက်ာ္ရွိၿပီး QR Code အသုံးျပဳရန္ App Download ျပဳလုပ္ၿပီးသူ ဦးေရမွာ (၁)သိန္းခြဲေက်ာ္ရွိေၾကာင္း ASIA ၏ အခ်က္အလက္အရ သိရသည္။ ထို႔ျပင္ YBS ယာဥ္လိုင္းေပါင္း (၁၃၂)လိုင္း၊ ယာဥ္အစီးေရ (၃၅၀၀) ေက်ာ္ျဖင့္ လူဦးေရ (၁၅)သိန္းကို ေန႔စဥ္ပို႔ေဆာင္ေပးလ်က္ရွိ ေၾကာင္း YRTC ၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.