CNG အပြည့်မရသဖြင့် YBS ယာဥ် ပြေးဆွဲသည့်ပမာဏ ကျဆင်းနေ

1381

NP News - ဒီဇင်ဘာ ၁၉
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဥ်များအတွက် ဖြည့်တင်းပေးနေသည့် CNG ဂတ်စ်ဆိုင်များတွင် မီးပျက်ချိန် ကြာမြင့်မှုကြောင့် CNG အပြည့်မရသဖြင့် YBS ကား ပြေးဆွဲသည့် ပမာဏကျဆင်းနေကြောင်း YRTC မှသိရသည်။
ရန်ကုန်မြို့အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေကြောင်း လျှပ်စစ်မီး လုံလောက်စွာမရသည့်အတွက် CNG ဂတ်စ်များ အပြည့်အဝ မရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။
“CNG ဂတ်စ် ကောင်းကောင်းမရလို့ ကားတွေ နည်းသွားတာမှန်ပါတယ်။ မီးပျက်တဲ့အချိန်တွေကြာလာတော့ ကားထွက်တဲ့အရေအတွက်လည်း နည်းသွားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
CNG များ အပြည့်အဝ မရရှိခြင်းကြောင့် YBS ယာဉ်များ အပြည့်အဝ မထွက်ရှိနိုင်ဘဲ ယာဉ်ရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း ခရီးသည်များက ဆိုသည်။
"Gas က မရဘူး။ ရုံးတက်/ရုံးဆင်းချိန်ကိုမီအောင် မနည်းထွက်ပေးနေရတယ်။ အရင်တုန်းက လေးခေါက်၊ ငါးခေါက် ကားဆွဲနိုင်တယ်။ အခုက နှစ်ခေါက်လောက်ပဲ ရတော့တယ်။ ပြီးရင် Gas ပြန်တန်းစီရတယ်။ ရုံးတက်ချိန် က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း၌ ယာဉ်အစီးရေ ၃၅၀၀ ခန့်က ခရီးသည်တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ ထက်ဝက်ခန့်နီးပါး လျော့နည်းပြေးဆွဲနေရကြောင်း YRTC ထံမှ သိရသည်။
Zawgyi Version;
CNG အျပည့္မရသျဖင့္ YBS ယာဥ္ ေျပးဆြဲသည့္ပမာဏ က်ဆင္းေန
NP News - ဒီဇင္ဘာ ၁၉
ရန္ကုန္ၿမိဳ႕အတြင္း ေျပးဆြဲေနသည့္ YBS ယာဥ္မ်ားအတြက္ ျဖည့္တင္းေပးေနသည့္ CNG ဂတ္စ္ဆိုင္မ်ားတြင္ မီးပ်က္ခ်ိန္ ၾကာျမင့္မႈေၾကာင့္ CNG အျပည့္မရသျဖင့္ YBS ကား ေျပးဆြဲသည့္ ပမာဏက်ဆင္းေနေၾကာင္း YRTC မွသိရသည္။
ရန္ကုန္ၿမိဳ႕အတြင္း၌ ၿပီးခဲ့သည့္ရက္ပိုင္းမွစတင္ကာ လွ်ပ္စစ္မီး ဆိုး႐ြားစြာျပတ္ေတာက္ေနေၾကာင္း လွ်ပ္စစ္မီး လုံေလာက္စြာမရသည့္အတြက္ CNG ဂတ္စ္မ်ား အျပည့္အဝ မရရွိေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“CNG ဂတ္စ္ ေကာင္းေကာင္းမရလို႔ ကားေတြ နည္းသြားတာမွန္ပါတယ္။ မီးပ်က္တဲ့အခ်ိန္ေတြၾကာလာေတာ့ ကားထြက္တဲ့အေရအတြက္လည္း နည္းသြားပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
CNG မ်ား အျပည့္အဝ မရရွိျခင္းေၾကာင့္ YBS ယာဥ္မ်ား အျပည့္အဝ မထြက္ရွိႏိုင္ဘဲ ယာဥ္ရွားပါးမႈျပႆနာကို ႀကဳံေတြ႕ေနရေၾကာင္း ခရီးသည္မ်ားက ဆိုသည္။
"Gas က မရဘူး။ ႐ုံးတက္/႐ုံးဆင္းခ်ိန္ကိုမီေအာင္ မနည္းထြက္ေပးေနရတယ္။ အရင္တုန္းက ေလးေခါက္၊ ငါးေခါက္ ကားဆြဲႏိုင္တယ္။ အခုက ႏွစ္ေခါက္ေလာက္ပဲ ရေတာ့တယ္။ ၿပီးရင္ Gas ျပန္တန္းစီရတယ္။ ႐ုံးတက္ခ်ိန္ က အဆင္ေျပေပမယ့္ ႐ုံးဆင္းခ်ိန္ကို မမီေတာ့ဘူး” ဟု YBS ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္း၌ ယာဥ္အစီးေရ ၃၅၀၀ ခန႔္က ခရီးသည္တစ္သန္းေက်ာ္ကို ေန႔စဥ္ဝန္ေဆာင္မႈေပးေနၿပီး ယခုအခါ ထက္ဝက္ခန႔္နီးပါး ေလ်ာ့နည္းေျပးဆြဲေနရေၾကာင္း YRTC ထံမွ သိရသည္။