ပိတ်ဆို့မှုချမှတ်ခဲ့သော အမေရိကန်အစိုးရ၏လုပ်ရပ်ကို ပါစ္စတန်အစိုးရ ဝေဖန်ပြစ်တင်

 898

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂ဝ

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပိတ်ဆို့မှု ထပ်မံချမှတ်လိုက်သော အမေရိကန်အစိုးရကိုဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။ ပါကစ္စတန်အစိုးရက အမေရိကန်၏လုပ်ရပ်သည် တရားမျှတမှုမရှိသောလုပ်ရပ်ဖြစ်ကြောင်း၊ ဒေသအတွင်း လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကို အန္တရာယ်ရှိစေသောလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်ရဲ့ပိတ်ဆို့မှုတွေဟာ ကျွန်တော်တို့ ဒေသရဲ့မဟာဗျူဟာမြောက် အရှုပ်အထွေးတွေကို ဖြစ်လာစေတယ်" ဟု ပြောသည်။ ပါကစ္စတန်ဒုံးကျည်အစီအစဉ်တွင် ပါဝင်သူများကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့သော အမေရိကန်၏ လုပ်ရပ်သည် အခြေအမြစ်မရှိကြောင်း၊ စွပ်စွဲပြောဆိုမှုများ အတွက်လည်း ခိုင်မာသောသက်သေအထောက်ထားပြသနိုင်ခြင်းမျိုး မရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ထားသည်။
အမေရိကန်အစိုးရက ပါကစ္စတန်နိုင်ငံအခြေစိုက် National Development Complex ကုမ္ပဏီသည် ပါကစ္စတန် နိုင်ငံ၏ တာဝေးပစ်ဒုံးကျည်အစီအစဉ်များ ပါဝင်ကူညီပေးနေသည်ဟု စွပ်စွဲပြောဆိုပြီး ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်သည် Akhtar ကုမ္ပဏီ၊ Sons Private Limited ကုမ္ပဏီ၊ Affiliates International and Rockside Enterprise ကုမ္ပဏီများကို ပါကစ္စတန်နိုင်ငံ၏ တာဝေးပစ်ဒုံးကျည်အစီအစဉ်များတွင် ပါဝင်မှုအတွက် ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံသည် ဒေသအတွင်းနိုင်ငံများအပြင် အမေရိကန် နိုင်ငံကို ခြိမ်းခြောက်ပစ်ခတ်နိုင်စွမ်းရှိမည့်တာဝေးပစ်ဒုံးကျည်ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေကြောင်း အမေရိကန်၏ အမျိုးသားလုံခြုံရေးအကြံပေးတာဝန်ရှိသူ ဂျွန်ဖင်နာက ပြောသည်။
ပါကစ္စတန်နိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံအဖြစ် တရားဝင်ကြေညာခဲ့ပြီး အိမ်နီးချင်းဖြစ်သလို ပြိုင်ဘက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ နျူကလီးယားစမ်းသပ်အောင်မြင်မှုများကို တုံ့ပြန်ကာ နျူကလီးယားစမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည် တာတိုပစ်ဒုံးကျည်၊ တာဝေးပစ်ဒုံးကျည် နှင့် တာလတ်ပစ်ဒုံးကျည်များ မကြာခဏ စမ်းသပ်နေသောနိုင်ငံဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ပိတ္ဆို႔မႈခ်မွတ္ခဲ့ေသာ အေမရိကန္အစိုးရ၏လုပ္ရပ္ကို ပါစၥတန္အစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂ဝ

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားေသာ ပါကစၥတန္ႏိုင္ငံသည္ ၎တို႔၏ ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ပိတ္ဆို႔မႈ ထပ္မံခ်မွတ္လိုက္ေသာ အေမရိကန္အစိုးရကိုေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရသည္။ ပါကစၥတန္အစိုးရက အေမရိကန္၏လုပ္ရပ္သည္ တရားမွ်တမႈမရွိေသာလုပ္ရပ္ျဖစ္ေၾကာင္း၊ ေဒသအတြင္း လုံၿခဳံေရးႏွင့္ၿငိမ္းခ်မ္းေရးကို အႏၲရာယ္ရွိေစေသာလုပ္ရပ္ျဖစ္ေၾကာင္း ေဝဖန္ေထာက္ျပထားသည္။

ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးက "အေမရိကန္ရဲ႕ပိတ္ဆို႔မႈေတြဟာ ကြၽန္ေတာ္တို႔ ေဒသရဲ႕မဟာဗ်ဴဟာေျမာက္ အရႈပ္အေထြးေတြကို ျဖစ္လာေစတယ္" ဟု ေျပာသည္။ ပါကစၥတန္ဒုံးက်ည္အစီအစဥ္တြင္ ပါဝင္သူမ်ားကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ေသာ အေမရိကန္၏ လုပ္ရပ္သည္ အေျခအျမစ္မရွိေၾကာင္း၊ စြပ္စြဲေျပာဆိုမႈမ်ား အတြက္လည္း ခိုင္မာေသာသက္ေသအေထာက္ထားျပသႏိုင္ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ျပစ္တင္ထားသည္။
အေမရိကန္အစိုးရက ပါကစၥတန္ႏိုင္ငံအေျခစိုက္ National Development Complex ကုမၸဏီသည္ ပါကစၥတန္ ႏိုင္ငံ၏ တာေဝးပစ္ဒုံးက်ည္အစီအစဥ္မ်ား ပါဝင္ကူညီေပးေနသည္ဟု စြပ္စြဲေျပာဆိုၿပီး ပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေမရိကန္သည္ Akhtar ကုမၸဏီ၊ Sons Private Limited ကုမၸဏီ၊ Affiliates International and Rockside Enterprise ကုမၸဏီမ်ားကို ပါကစၥတန္ႏိုင္ငံ၏ တာေဝးပစ္ဒုံးက်ည္အစီအစဥ္မ်ားတြင္ ပါဝင္မႈအတြက္ ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္း သိရသည္။ ပါကစၥတန္ႏိုင္ငံသည္ ေဒသအတြင္းႏိုင္ငံမ်ားအျပင္ အေမရိကန္ ႏိုင္ငံကို ၿခိမ္းေျခာက္ပစ္ခတ္ႏိုင္စြမ္းရွိမည့္တာေဝးပစ္ဒုံးက်ည္ကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ လုပ္ေဆာင္ေနေၾကာင္း အေမရိကန္၏ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးတာဝန္ရွိသူ ဂြၽန္ဖင္နာက ေျပာသည္။
ပါကစၥတန္ႏိုင္ငံသည္ ၁၉၉၈ ခုႏွစ္တြင္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေသာႏိုင္ငံအျဖစ္ တရားဝင္ေၾကညာခဲ့ၿပီး အိမ္နီးခ်င္းျဖစ္သလို ၿပိဳင္ဘက္ႏိုင္ငံျဖစ္ေသာ အိႏၵိယႏိုင္ငံမွ န်ဴကလီးယားစမ္းသပ္ေအာင္ျမင္မႈမ်ားကို တုံ႔ျပန္ကာ န်ဴကလီးယားစမ္းသပ္ေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။ ပါကစၥတန္ႏိုင္ငံသည္ တာတိုပစ္ဒုံးက်ည္၊ တာေဝးပစ္ဒုံးက်ည္ ႏွင့္ တာလတ္ပစ္ဒုံးက်ည္မ်ား မၾကာခဏ စမ္းသပ္ေနေသာႏိုင္ငံျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.