သံဃာတော်များနှင့် လူမှုအဖွဲ့အစည်းများ၏ ပုံရိပ်ကိုအသုံးပြုကာ ဥပဒေ နှင့် မလွတ်ကင်းသည်များကို မပြုလုပ်သင့်ဟုဆို
489
NP News - ဒီဇင်ဘာ ၂၁
သံဃာတော်များနှင့် လူမှုအဖွဲ့အစည်းများ၏ ပုံရိပ်ကိုအသုံးပြုကာ ဥပဒေနှင့် မလွတ်ကင်းသည်များကို မပြုလုပ်သင့်ကြောင်း ကျောင်းထိုင်ဆရာတော်တစ်ပါးက NP News သို့ မိန့်ကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်က ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ ၊ယာဉ်နံပါတ်အတုများ အသုံးပြု၍ကန့်သတ်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ဖူးသည်။
၎င်းထုတ်ပြန်ချက်တွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များသည် ယာဉ်နံပါတ်အတုများ အသုံးပြု၍ သယ်ဆောင်မှုများမရှိစေရေး ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ပြီးခဲ့သည့် ကာလများက သံဃာတော်ယာဉ်များနှင့် လူမှုအဖွဲ့စည်းကားများအား အသုံးပြုကာ တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများသယ်ဆောင်မှုများရှိခဲ့ပြီး သံဃာတော်များနှင့် လူမှုအဖွဲ့အစည်းများ၏ ပုံရိပ်ကို အသုံးပြုကာ ဥပဒေနှင့် မလွတ်ကင်းသည်များကို မလုပ်သင့်ကြောင်း ကျောင်းထိုင် သံဃာတော်တစ်ပါးက မိန့်ကြားသည်။
“ပြီးခဲ့တဲ့နှစ်ကလည်း သံဃာတော် ကားတွေနဲ့ လက်နက်တွေသယ်တာတွေ။ မူးယစ်ဆေးဝါးသယ်တာတွေဆောင်ရွက်နေတာကြောင့် ကြပ်မတ်ချက်ဆိုပြီးထုတ်ပြန်ခဲ့တာပေါ့။ သံဃာဆိုရင်လည်း သံဃပုံရိပ် သာသနာ့ပုံရိပ်။ လူမှုအဖွဲ့စည်းဆိုရင်လည်း လူမှုအဖွဲ့စည်းပုံရိပ်ကို ကာဗာယူပြီးတော့ ဒုစရိုက်နဲ့မကင်းတဲ့အလုပ်တွေကို မလုပ်သင့်ဘူး” ဟု ကျောင်းထိုင်သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ထို့နောက် အထက်ပါညွှန်ကြားချက်ကို အဆုံးအဖြတ်ရယူပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်သံဃနာယကအဖွဲ့များမှ အဆင့်ဆင့် ဆက်လက်ညွှန်ကြားဆောင်ရွက်သွားရန် အကြောင်းကြားထားခဲ့ကြောင်း သိရသည်။
“အဲဒါကိုလည်း သံဃာတော် တွေအား လုံးကတော့ လက်ခံကြိုဆိုတယ်ပေါ့နော်။ ဘာမှကန့်ကွက်စရာမရှိတဲ့ အကြောင်း အရာပေါ့”ဟု အထက်ပါ သံဃာတော်က ဆက်လက်မိန့်ကြားသည်။
zawgyi version
သံဃာေတာ္မ်ားႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၏ ပုံရိပ္ကိုအသုံးျပဳကာ ဥပေဒ ႏွင့္ မလြတ္ကင္းသည္မ်ားကို မျပဳလုပ္သင့္ဟုဆို
NP News - ဒီဇင္ဘာ ၂၁
သံဃာေတာ္မ်ားႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၏ ပုံရိပ္ကိုအသုံးျပဳကာ ဥပေဒႏွင့္ မလြတ္ကင္းသည္မ်ားကို မျပဳလုပ္သင့္ေၾကာင္း ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးက NP News သို႔ မိန႔္ၾကားသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ ၆ ရက္က က်င္းပေသာ ဆ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ (၄၇)ပါးစုံညီ အ႒ာရသမအစည္းအေဝးတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား၊ Ambulance ယာဥ္မ်ား၊ သာသနာနံပါတ္တပ္ ေမာ္ေတာ္ယာဥ္မ်ား ၊ယာဥ္နံပါတ္အတုမ်ား အသုံးျပဳ၍ကန႔္သတ္ကုန္ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္လက္နက္ခဲယမ္းမ်ား သယ္ေဆာင္မႈမရွိေစေရးကိစၥႏွင့္ပတ္သက္၍ ၫႊန္ၾကားခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ဖူးသည္။
၎ထုတ္ျပန္ခ်က္တြင္ တရားမဝင္ ကန႔္သတ္ကုန္ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား၊ Ambulance ယာဥ္မ်ား၊ သာသနာနံပါတ္တပ္ေမာ္ေတာ္ယာဥ္မ်ားသည္ ယာဥ္နံပါတ္အတုမ်ား အသုံးျပဳ၍ သယ္ေဆာင္မႈမ်ားမရွိေစေရး ရည္႐ြယ္ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ၿပီးခဲ့သည့္ ကာလမ်ားက သံဃာေတာ္ယာဥ္မ်ားႏွင့္ လူမႈအဖြဲ႕စည္းကားမ်ားအား အသုံးျပဳကာ တရားမဝင္ ကန႔္သတ္ကုန္ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားသယ္ေဆာင္မႈမ်ားရွိခဲ့ၿပီး သံဃာေတာ္မ်ားႏွင့္ လူမႈအဖြဲ႕အစည္းမ်ား၏ ပုံရိပ္ကို အသုံးျပဳကာ ဥပေဒႏွင့္ မလြတ္ကင္းသည္မ်ားကို မလုပ္သင့္ေၾကာင္း ေက်ာင္းထိုင္ သံဃာေတာ္တစ္ပါးက မိန႔္ၾကားသည္။
“ၿပီးခဲ့တဲ့ႏွစ္ကလည္း သံဃာေတာ္ ကားေတြနဲ႔ လက္နက္ေတြသယ္တာေတြ။ မူးယစ္ေဆးဝါးသယ္တာေတြေဆာင္႐ြက္ေနတာေၾကာင့္ ၾကပ္မတ္ခ်က္ဆိုၿပီးထုတ္ျပန္ခဲ့တာေပါ့။ သံဃာဆိုရင္လည္း သံဃပုံရိပ္ သာသနာ့ပုံရိပ္။ လူမႈအဖြဲ႕စည္းဆိုရင္လည္း လူမႈအဖြဲ႕စည္းပုံရိပ္ကို ကာဗာယူၿပီးေတာ့ ဒုစ႐ိုက္နဲ႔မကင္းတဲ့အလုပ္ေတြကို မလုပ္သင့္ဘူး” ဟု ေက်ာင္းထိုင္သံဃာေတာ္တစ္ပါးက မိန႔္ၾကားသည္။
ထို႔ေနာက္ အထက္ပါၫႊန္ၾကားခ်က္ကို အဆုံးအျဖတ္ရယူၿပီးေနာက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္သံဃနာယကအဖြဲ႕မ်ားမွ အဆင့္ဆင့္ ဆက္လက္ၫႊန္ၾကားေဆာင္႐ြက္သြားရန္ အေၾကာင္းၾကားထားခဲ့ေၾကာင္း သိရသည္။
“အဲဒါကိုလည္း သံဃာေတာ္ ေတြအား လုံးကေတာ့ လက္ခံႀကိဳဆိုတယ္ေပါ့ေနာ္။ ဘာမွကန႔္ကြက္စရာမရွိတဲ့ အေၾကာင္း အရာေပါ့”ဟု အထက္ပါ သံဃာေတာ္က ဆက္လက္မိန႔္ၾကားသည္။