လောင်းကစားနွံနစ်၍ ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်းဖြစ်သူ ဆရာဝန်ကို ပူးပေါင်းပြန်ပေးဆွဲသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခြင်းဖြစ်ဟု ဆို

 650

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၁

မန္တလေးတွင် လောင်းကစားနွံနစ်၍ ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်းဖြစ်သူ ဆရာဝန်ကို ပူးပေါင်းပြန်ပေးဆွဲသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူဆရာဝန်က ဝန်ခံချက်ထွက်ဆိုခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြန်ပေးဆွဲသတ်ဖြတ်မှုကျူးလွန်သူဆရာဝန်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၉နာရီ မိနစ် ၂၀အချိန်တွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နေထိုင်သော သေဆုံးသူ၏ ဖခင်ထံဖုန်းဆက်ကာ ဒေါက်တာအောင်မြင့်မြတ်ထွန်းကို ပြန်ပေးဆွဲထားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ ဆက်သွယ်စဉ် သားဖြစ်သူ အသက်မသေစေလိုက ငွေကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့ လာထားရန်နှင့် လာထားသောငွေကို ၎င်းတို့လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် မိသားစုကလည်း တာဝန်ရှိသူများကို တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့သွားရောက်၍ ငွေကျပ်သိန်း (၃၀၀၀)ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ်သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ဒီဇင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် အောင်ပင်လယ်နယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီတွင် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ၈၂ လမ်း လမ်းသစ်လမ်း x ၁၀၅ လမ်းကြားရှိ ငွေလရောင်ဆေးခန်းရှိ မသင်္ကာသူ အသက်(၃၆)နှစ်အရွယ် ဒေါက်တာ အောင်ဇင်ဖြိုးကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ဒေါက်တာ အောင်ဇင်ဖြိုး၏ထွက်ဆိုချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများ ဖြစ်ကြောင်းနှင့် ၎င်းသည် Online ဘောလုံး၊ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအားပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန်ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း သိရသည်။

သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့်ရောက်ရှိလာချိန်တွင် ဒေါက်တာအောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှအကူဖြစ်သူ လွမ်းဇင်အောင် (ခ) မိုးဒီနှင့်အတူ ချုပ်နှောင်နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့ကို တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ်ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားသည်ကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ငွေကျပ်သိန်း ၃၀၀၀ ကို မဟာမြတ်မုနိဘုရားတောင်ဘက်မုခ်သို့ လာရောက်ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏မိဘများက လာရောက် ထားပေးခဲ့သည့်ငွေများကို မီနီအိုးဝေဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေကျပ် (၂၂ သိန်း ၅ သောင်း)ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ငွေကျပ် (၈၈)သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ်တစ်စီး၊ ငွေကျပ်သိန်း (၈၀၀)ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကို ဝယ်ယူခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းထဲသို့ပစ်ချခဲ့ပြီး မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းထားရှိခဲ့ကြောင်း ဆက်လက်ဝန်ခံထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင် အတူပူးပေါင်းပါဝင်သူ အသက်(၂၈)နှစ်အရွယ် လွမ်းဇင်အောင် (ခ) မိုးဒီကိုလည်း ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာအောင်မြင့်မြတ်ထွန်း၏အလောင်းကို ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် (၇၈) လမ်းကြား လမ်းဘေးရှိ ရေမြောင်းအတွင်းနှင့် ကားကို တောင်သမန်အင်းဘေးရှိ ဘုန်းကြီး ကျောင်းဝင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ်နှစ်စီး၊ မော်တော်ယာဉ်တစ်စီး၊ ငွေစက္ကူရောရာ ငွေကျပ်(၁၀၂၂)သိန်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

zawgyi version
ေလာင္းကစားႏြံနစ္၍ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ သူငယ္ခ်င္းျဖစ္သူ ဆရာဝန္ကို ပူးေပါင္းျပန္ေပးဆြဲသတ္ျဖတ္ကာ အေလာင္းစြန႔္ပစ္ျခင္းျဖစ္ဟု ဆို
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၁

မႏၲေလးတြင္ ေလာင္းကစားႏြံနစ္၍ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ သူငယ္ခ်င္းျဖစ္သူ ဆရာဝန္ကို ပူးေပါင္းျပန္ေပးဆြဲသတ္ျဖတ္ကာ အေလာင္းစြန႔္ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း က်ဴးလြန္သူဆရာဝန္က ဝန္ခံခ်က္ထြက္ဆိုခဲ့သည္ဟု နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျပန္ေပးဆြဲသတ္ျဖတ္မႈက်ဴးလြန္သူဆရာဝန္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၇ ရက္၊ နံနက္ ၉နာရီ မိနစ္ ၂၀အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္ပင္လယ္ရပ္ကြက္ေနထိုင္ေသာ ေသဆုံးသူ၏ ဖခင္ထံဖုန္းဆက္ကာ ေဒါက္တာေအာင္ျမင့္ျမတ္ထြန္းကို ျပန္ေပးဆြဲထားသည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ဆက္သြယ္စဥ္ သားျဖစ္သူ အသက္မေသေစလိုက ေငြက်ပ္သိန္း ၃၀၀၀ ကို မဟာျမတ္မုနိဘုရားႀကီး ေတာင္ဘက္မုခ္သို႔ လာထားရန္ႏွင့္ လာထားေသာေငြကို ၎တို႔လက္ခံရရွိၿပီးမွသာ ဖုန္းဆက္သြယ္၍သားျဖစ္သူအား ျပန္လႊတ္ေပးမည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မည္သည့္အဖြဲ႕အစည္းကိုမွ် တိုင္တန္းျခင္းမျပဳရန္ေျပာသျဖင့္ မိသားစုကလည္း တာဝန္ရွိသူမ်ားကို တိုင္တန္းျခင္းမျပဳဘဲ ၎ခ်ိန္းဆိုသည့္ေနရာသို႔သြားေရာက္၍ ေငြက်ပ္သိန္း (၃၀၀၀)ကို ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေငြလက္ခံရရွိေၾကာင္း ျပန္ဆက္သြယ္ေသာ္လည္း သားျဖစ္သူ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္းမွာ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိသျဖင့္ ဒီဇင္ဘာ ၁၈ ရက္၊ မြန္းလြဲ ၁ နာရီတြင္ ေအာင္ပင္လယ္နယ္ေျမရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ့သျဖင့္ ေအာင္ပင္လယ္နယ္ေျမရဲစခန္း (ပ)၂၆၀/၂၀၂၄၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၅/၃၈၇/၁၁၄ ျဖင့္ အမႈေရးဖြင့္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူမ်ားအား စုံစမ္းေဖာ္ထုတ္ခဲ့ရာ ဒီဇင္ဘာ ၁၉ ရက္၊ နံနက္ ၂ နာရီတြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တမၸဝတီရပ္ကြက္ ၈၂ လမ္း လမ္းသစ္လမ္း x ၁၀၅ လမ္းၾကားရွိ ေငြလေရာင္ေဆးခန္းရွိ မသကၤာသူ အသက္(၃၆)ႏွစ္အ႐ြယ္ ေဒါက္တာ ေအာင္ဇင္ၿဖိဳးကို စစ္ေဆးခဲ့ေၾကာင္း သိရသည္။ ေဒါက္တာ ေအာင္ဇင္ၿဖိဳး၏ထြက္ဆိုခ်က္အရ ေဒါက္တာေအာင္ျမင့္ျမတ္ထြန္းႏွင့္ ေဆးေက်ာင္း အတူတက္ေရာက္ခဲ့သည့္ သူငယ္ခ်င္းမ်ား ျဖစ္ေၾကာင္းႏွင့္ ၎သည္ Online ေဘာလုံး၊ ႏွစ္လုံး၊ သုံးလုံးထီ ေလာင္းကစားမ်ားေၾကာင့္ အေႂကြးမ်ားတင္ကာ ေငြေၾကးလိုအပ္ေနသျဖင့္ သူငယ္ခ်င္းျဖစ္သူ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္းအားျပန္ေပးဆြဲ၍ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္း၏ မိဘမ်ားထံ ေငြေၾကးေတာင္းခံရန္ရည္႐ြယ္ကာ ၿမိဳ႕ေဟာင္းရွိ ၎ပိုင္ ေငြလေရာင္ေဆးခန္းသို႔ ဖုန္းဆက္ေခၚခဲ့ေၾကာင္း သိရသည္။

သူငယ္ခ်င္းျဖစ္သူ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္း ကားျဖင့္ေရာက္ရွိလာခ်ိန္တြင္ ေဒါက္တာေအာင္ဇင္ၿဖိဳးသည္ ၎၏ေဆးခန္းမွအကူျဖစ္သူ လြမ္းဇင္ေအာင္ (ခ) မိုးဒီႏွင့္အတူ ခ်ဳပ္ေႏွာင္နပန္းလုံးၿပီး ပါးစပ္၊ လက္၊ ေျခေထာက္တို႔ကို တိတ္ျဖင့္ပတ္၍ လည္ပင္းညႇစ္ရာမွ ေသဆုံးသြားသျဖင့္ အေလာင္းအား ေဆးခန္းအတြင္း၌ထားရွိကာ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္း၏ မိဘမ်ားထံ ဖုန္းျဖင့္အသံဖ်က္၍ ျပန္ေပးဆြဲထားသည္ကို ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေငြက်ပ္သိန္း ၃၀၀၀ ကို မဟာျမတ္မုနိဘုရားေတာင္ဘက္မုခ္သို႔ လာေရာက္ပို႔ေဆာင္ရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္း၏မိဘမ်ားက လာေရာက္ ထားေပးခဲ့သည့္ေငြမ်ားကို မီနီအိုးေဝျဖင့္ အဆင့္ဆင့္ငွား၍ယူေဆာင္ကာ အဆိုပါေငြထဲမွ ေငြက်ပ္ (၂၂ သိန္း ၅ ေသာင္း)ျဖင့္ Canda 125 အမ်ိဳးအစား ဆိုင္ကယ္တစ္စီး၊ ေငြက်ပ္ (၈၈)သိန္းျဖင့္ Scoopy အမ်ိဳးအစားဆိုင္ကယ္တစ္စီး၊ ေငြက်ပ္သိန္း (၈၀၀)ျဖင့္ MDY-13 9N/6995 Honda Inside အမ်ိဳးအစားေမာ္ေတာ္ယာဥ္တစ္စီးတို႔ကို ဝယ္ယူခဲ့သည္ဟု ဝန္ခံခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူ ေဒါက္တာ ေအာင္ျမင့္ျမတ္ထြန္း၏ အေလာင္းအား ေသဆုံးသူ၏ MDY-13 2L/2843 Honda Inside ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ယူကာ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းေတာင္ရပ္ကြက္ရွိ ခ်မ္းျမသာစည္ေလယာဥ္ကြင္းေဟာင္းႏွင့္ (၇၈) လမ္းၾကား၊ လမ္းေဘးရွိ ေရေျမာင္းထဲသို႔ပစ္ခ်ခဲ့ၿပီး ေမာ္ေတာ္ယာဥ္အား ေတာင္သမန္အင္းေဘးရွိ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းထားရွိခဲ့ေၾကာင္း ဆက္လက္ဝန္ခံထားသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္ရာတြင္ အတူပူးေပါင္းပါဝင္သူ အသက္(၂၈)ႏွစ္အ႐ြယ္ လြမ္းဇင္ေအာင္ (ခ) မိုးဒီကိုလည္း ဆက္လက္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ စစ္ေဆးေပၚေပါက္ခ်က္အရ ေဒါက္တာေအာင္ျမင့္ျမတ္ထြန္း၏အေလာင္းကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းေတာင္ရပ္ကြက္ရွိ ခ်မ္းျမသာစည္ ေလယာဥ္ကြင္းေဟာင္းႏွင့္ (၇၈) လမ္းၾကား လမ္းေဘးရွိ ေရေျမာင္းအတြင္းႏွင့္ ကားကို ေတာင္သမန္အင္းေဘးရွိ ဘုန္းႀကီး ေက်ာင္းဝင္း အတြင္းမွလည္းေကာင္း သိမ္းဆည္းရမိခဲ့ၿပီး ျပန္ေပးဆြဲၿခိမ္းေျခာက္ေတာင္းဆိုရရွိသည့္ ေငြမ်ားျဖင့္ ဝယ္ယူထားသည့္ ဆိုင္ကယ္ႏွစ္စီး၊ ေမာ္ေတာ္ယာဥ္တစ္စီး၊ ေငြစကၠဴေရာရာ ေငြက်ပ္(၁၀၂၂)သိန္းႏွင့္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ဆိုင္ကယ္တစ္စီးတို႔ကို ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.