တာချီလိတ်မြို့နယ်တွင် ငွေလွှဲဆိုင်ဖွင့်ထားသူအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသူ (၆)ဦးကို ရဲတပ်ဖွဲ့မှ အသေပစ်ခတ်ဖမ်းဆီး

 483

စော (NP News) - ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသူ (၆)ဦးကို ရဲတပ်ဖွဲ့မှ အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၃ ရက်)၊ နံနက် (၆)နာရီ (၅)မိနစ်တွင် တာချီလိတ်မြို့မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမနေ (OK)ငွေလွှဲဆိုင်ဖွင့်ထားသူ ဦးရန်ထင်ချန်း(၇၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ်တွင် (4H/9170) CROWN Royal Saloon အမျိုးအစား အဖြူရောင်မော်‌တော်ယာဉ်တစ်စီး နေအိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်ပေါ်မှ အမျိုးသား (၃)ဦး ဆင်းလာကာ ဦးရန်ထင်ချန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းယာဉ်ဖြင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ် (ပဆ-၁/၂၇၀) နေအိမ်၌ ကျူးလွန်သူများ ရောက်ရှိခိုအောင်းနေလျက်ရှိကြောင်း သတင်းရရှိခဲ့သဖြင့် ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၈) ရက်၊ ညနေ ၅ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။
ဝင်ရောက်ရှာဖွေနေစဉ် အဆိုပါနေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်သူများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျန်းဘီယင်းနှင့် မောင်မောင်ဦးတို့ အပါအဝင် အမျိုးသားခြောက်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်နေရာကို စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M906-T ပွိုင့် ၃၈၀ အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်လေးတောင့်၊ ကျည်အိမ်တစ်ခု၊ M-16 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် ၁၇ တောင့်၊ ကျည်အိမ်တစ်ခု၊ မော်တော်ယာဉ်နံပါတ်ပြားခြောက်ခု၊ အနက်ရောင်ကျည်ကာ အင်္ကျီနှစ်ထည်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်သည့် ယူနီဖောင်းတစ်ထည်၊ ခဲရောင်မိုးကာအင်္ကျီတစ်ထည်၊ အနွေးအင်္ကျီတစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဦးထုပ်သုံးလုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်နှစ်ခု၊ ၅ ဒသမ ၅၆ ကျည်ခွံလေးခု၊ ပစ္စတိုကျည်ခွံလေးခု၊ SHN-12 7K-9997 TOYOTA CROWN Royal Saloon အဖြူရောင်မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းမျိုးစုံသုံးလုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၀၀ တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ ဦးရန်ထင်ချန်းအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူ အမျိုးသား(၆)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြလႊဲဆိုင္ဖြင့္ထားသူအား ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားသူ (၆)ဦးကို ရဲတပ္ဖြဲ႕မွ အေသပစ္ခတ္ဖမ္းဆီး

ေစာ (NP News) - ဒီဇင္ဘာ ၂၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးအား ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားသူ (၆)ဦးကို ရဲတပ္ဖြဲ႕မွ အေသပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဒီဇင္ဘာ ၁၃ ရက္)၊ နံနက္ (၆)နာရီ (၅)မိနစ္တြင္ တာခ်ီလိတ္ၿမိဳ႕မယ္ေခါင္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေန (OK)ေငြလႊဲဆိုင္ဖြင့္ထားသူ ဦးရန္ထင္ခ်န္း(၇၈)ႏွစ္သည္ ၎၏ေနအိမ္၌ရွိေနစဥ္တြင္ (4H/9170) CROWN Royal Saloon အမ်ိဳးအစား အျဖဴေရာင္ေမာ္‌ေတာ္ယာဥ္တစ္စီး ေနအိမ္ေရွ႕သို႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ အဆိုပါယာဥ္ေပၚမွ အမ်ိဳးသား (၃)ဦး ဆင္းလာကာ ဦးရန္ထင္ခ်န္းကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ၎ယာဥ္ျဖင့္ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း အေနာက္ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ ဖမ္းဆီးခံရသူအား ျပန္လည္ကယ္တင္ႏိုင္ေရးႏွင့္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္၊ ပါဆတ္ရပ္ကြက္ဆင္ျဖဴမင္းလမ္းၾကားရွိ အိမ္အမွတ္ (ပဆ-၁/၂၇၀) ေနအိမ္၌ က်ဴးလြန္သူမ်ား ေရာက္ရွိခိုေအာင္းေနလ်က္ရွိေၾကာင္း သတင္းရရွိခဲ့သျဖင့္ ၿပီးခဲ့သည့္ (ဒီဇင္ဘာ ၁၈) ရက္၊ ညေန ၅ နာရီခြဲတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေနအိမ္သို႔ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ေၾကာင္း သိရသည္။
ဝင္ေရာက္ရွာေဖြေနစဥ္ အဆိုပါေနအိမ္အတြင္းမွ ျပစ္မႈက်ဴးလြန္သူမ်ားက ေသနတ္မ်ားျဖင့္ စတင္ပစ္ခတ္ကာ ထြက္ေျပးရန္ ႀကိဳးစားသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ခုခံ ပစ္ခတ္ဖမ္းဆီးခဲ့ရာ က်န္းဘီယင္းႏွင့္ ေမာင္ေမာင္ဦးတို႔ အပါအဝင္ အမ်ိဳးသားေျခာက္ဦးကို အေသပစ္ခတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အခင္းျဖစ္ေနရာကို စစ္ေဆးရွာေဖြမႈမ်ားေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္စဥ္က အသုံးျပဳခဲ့သည့္ ZORAKI M906-T ပြိဳင့္ ၃၈၀ အမ်ိဳးအစား ပစၥတိုေသနတ္ တစ္လက္၊ ၎က်ည္ေလးေတာင့္၊ က်ည္အိမ္တစ္ခု၊ M-16 အမ်ိဳးအစား ေသနတ္တစ္လက္၊ ၎က်ည္ ၁၇ ေတာင့္၊ က်ည္အိမ္တစ္ခု၊ ေမာ္ေတာ္ယာဥ္နံပါတ္ျပားေျခာက္ခု၊ အနက္ေရာင္က်ည္ကာ အက်ႌႏွစ္ထည္၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ဝတ္ဆင္သည့္ ယူနီေဖာင္းတစ္ထည္၊ ခဲေရာင္မိုးကာအက်ႌတစ္ထည္၊ အေႏြးအက်ႌတစ္ထည္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အလားတူ ဦးထုပ္သုံးလုံး၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားတစ္ခု၊ ယာဥ္ေမာင္းလိုင္စင္ႏွစ္ခု၊ ၅ ဒသမ ၅၆ က်ည္ခြံေလးခု၊ ပစၥတိုက်ည္ခြံေလးခု၊ SHN-12 7K-9997 TOYOTA CROWN Royal Saloon အျဖဴေရာင္ေမာ္ေတာ္ယာဥ္တစ္စီး၊ လက္ကိုင္ဖုန္းမ်ိဳးစုံသုံးလုံး၊ WY စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၅၀၀၀ တို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး ျပန္ေပးဆြဲ ဖမ္းဆီးခံရသူ ဦးရန္ထင္ခ်န္းအား ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား(၆)ဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက မူးယစ္ေဆးဝါးမ်ား၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ လက္နက္ခဲယမ္းမ်ား၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ အေသပစ္ခတ္ဖမ္းဆီးရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.