ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့်ကား ဘီးပေါက်၍ လမ်းဘေးသစ်ပင် ဝင်တိုက်မှုဖြစ်ပွား
629
နာမူ (NP News) - ဒီဇင်ဘာ ၂၁
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂) နှင့် (၇၃/၃) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေပြည်တော်ကနေ ရန်ကုန်ဘက်လာတဲ့ ကားပေါ့နော်။ အမျိုးသမီးတစ်ဦးတည်း မောင်းနှင်လာတာ။ အဲဒီမှာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးယာဘက်မှာရှိတဲ့ သစ်ပင်ကို ဝင်တိုက်ပြီးတော့ ရပ်သွားတာပေါ့နော်” ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၀) ကျော် ဝန်းကျင် အမျိုးသမီးတွင် ခြေထောက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ကားရှေ့ပိုင်းနှင့် ကားဘေးမှန်တို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “မတော်တဆဖြစ်တဲ့ ကားအမျိုးအစားက HONDA FIX အမျိုးအစား အိမ်စီးကားပါ။ ပြောချင်တာက သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းဖို့ပေါ့နော်။ ခရီးဟိုင်းဝေးသွားမယ်ဆိုရင် တစ်ဦးတည်းမသွားဖို့ပေါ့နော်။ အဓိကကတော့ ဘေးနားမှာ စကားပြောဖော်လေး ဘာလေးပါဖို့တော့ တိုက်တွန်းချင်တာပေါ့”ဟု ၎င်းက အကြံပြုထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ အမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာသည့္ကား ဘီးေပါက္၍ လမ္းေဘးသစ္ပင္ ဝင္တိုက္မႈျဖစ္ပြား
နာမူ (NP News) - ဒီဇင္ဘာ ၂၁
ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ အမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာသည့္ ကားတစ္စီး ဘီးေပါက္၍ လမ္းေဘးရွိ သစ္ပင္ကို ဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၂၁ ရက္)၊ နံနက္ ၇ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၇၃/၂) ႏွင့္ (၇၃/၃) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေနျပည္ေတာ္ကေန ရန္ကုန္ဘက္လာတဲ့ ကားေပါ့ေနာ္။ အမ်ိဳးသမီးတစ္ဦးတည္း ေမာင္းႏွင္လာတာ။ အဲဒီမွာ ဘီးေပါက္ၿပီး အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးယာဘက္မွာရွိတဲ့ သစ္ပင္ကို ဝင္တိုက္ၿပီးေတာ့ ရပ္သြားတာေပါ့ေနာ္” ဟု ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၄၀) ေက်ာ္ ဝန္းက်င္ အမ်ိဳးသမီးတြင္ ေျခေထာက္ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ကားေရွ႕ပိုင္းႏွင့္ ကားေဘးမွန္တို႔ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ “မေတာ္တဆျဖစ္တဲ့ ကားအမ်ိဳးအစားက HONDA FIX အမ်ိဳးအစား အိမ္စီးကားပါ။ ေျပာခ်င္တာက သတ္မွတ္မိုင္ႏႈန္းထက္ ပိုမေမာင္းဖို႔ေပါ့ေနာ္။ ခရီးဟိုင္းေဝးသြားမယ္ဆိုရင္ တစ္ဦးတည္းမသြားဖို႔ေပါ့ေနာ္။ အဓိကကေတာ့ ေဘးနားမွာ စကားေျပာေဖာ္ေလး ဘာေလးပါဖို႔ေတာ့ တိုက္တြန္းခ်င္တာေပါ့”ဟု ၎က အႀကံျပဳထားသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီးကို ဥသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္းမွ လူနာတင္ယာဥ္ျဖင့္ ၿမိဳ႕ေခ်ာင္းတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။