ဂျာမနီနိုင်ငံ၊ မက်ဒဲဘာ့ရှိ ခရစ္စမတ်ဈေးတစ်ခုမှာ လူအုပ်ကို ကားနဲ့ဝင်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ (၂) ဦး သေဆုံး

 168

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂

ဂျာမနီနိုင်ငံ၊ မက်ဒဲဘာ့ရှိ ခရစ္စမတ်စျေးတစ်ခုမှာ သောကြာနေ့ (ဒီဇင်ဘာ ၂၀ ရက်)က လူအုပ်ထဲကို ကားတစ်စီးအရှိန်နဲ့ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ (၂)ဦး သေဆုံးခဲ့ပါတယ်။

သံသယရှိသူဟာ လူအုပ်ကို ဝင်တိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကားကို ငှားရမ်းခဲ့တာ ဖြစ်တယ်လို့ Saxony-Anhalt ရဲ့ ဝန်ကြီးချုပ် ရိုင်နာဟက်ဆဲလ်အော့ဖ်က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ တိုက်ခိုက်သူအဖြစ် သံသယရှိသူဟာ ဆော်ဒီအာရေးဗျ နိုင်ငံသား ဖြစ်တယ်လို့ လတ်တလောယူဆရပြီး ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက “ရှုတ်ချကြောင်း”ကို လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားရာ မက်ဒဲဘာ့ရှိ ခရစ္စမတ်ဈေးကိုတော့ ဆက်လက်ဖွင့်ထားဆဲဖြစ်ပေမယ့် လုံခြုံရေး ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

zawgyi version
ဂ်ာမနီႏိုင္ငံ၊ မက္ဒဲဘာ့ရွိ ခရစၥမတ္ေဈးတစ္ခုမွာ လူအုပ္ကို ကားနဲ႔ဝင္တိုက္မႈတစ္ခုေၾကာင့္ အနည္းဆုံး လူ (၂) ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂

ဂ်ာမနီႏိုင္ငံ၊ မက္ဒဲဘာ့ရွိ ခရစၥမတ္ေစ်းတစ္ခုမွာ ေသာၾကာေန႔ (ဒီဇင္ဘာ ၂၀ ရက္)က လူအုပ္ထဲကို ကားတစ္စီးအရွိန္နဲ႔ဝင္တိုက္မႈျဖစ္ပြားခဲ့ၿပီး လူ (၂)ဦး ေသဆုံးခဲ့ပါတယ္။

သံသယရွိသူဟာ လူအုပ္ကို ဝင္တိုက္ဖို႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ကားကို ငွားရမ္းခဲ့တာ ျဖစ္တယ္လို႔ Saxony-Anhalt ရဲ႕ ဝန္ႀကီးခ်ဳပ္ ႐ိုင္နာဟက္ဆဲလ္ေအာ့ဖ္က ေျပာပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အိမ္ျဖဴေတာ္ကလည္း အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။ တိုက္ခိုက္သူအျဖစ္ သံသယရွိသူဟာ ေဆာ္ဒီအာေရးဗ် ႏိုင္ငံသား ျဖစ္တယ္လို႔ လတ္တေလာယူဆရၿပီး ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီးလည္း ေဆာ္ဒီႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ရႈတ္ခ်ေၾကာင္း”ကို လူမႈမီဒီယာမွာ ေဖာ္ျပခဲ့ပါတယ္။

တိုက္ခိုက္မႈ ျဖစ္ပြားရာ မက္ဒဲဘာ့ရွိ ခရစၥမတ္ေဈးကိုေတာ့ ဆက္လက္ဖြင့္ထားဆဲျဖစ္ေပမယ့္ လုံၿခဳံေရး ပိုမို တင္းၾကပ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.