(၄)နှစ်တာကာလအတွင်း YBS ယာဉ်မတော်တဆမှုကြောင့် လူ (၁၃၀)ကျော် သေဆုံးခဲ့
177
စော (NP News) - ဒီဇင်ဘာ ၂၃
(၄)နှစ်တာကာလအတွင်း YBS ယာဉ်မတော်တဆမှုကြောင့် လူ(၁၃၀)ကျော် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ အချက်အလက်များအရ သိရသည်။
(၂၀၂၁) ခုနှစ်မှ (၂၀၂၄) ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှုပေါင်း (၂၉၁)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ (၁၃၂)ဦးနှင့် ဒဏ်ရာရရှိသူဦးရေ (၄၁၂)ဦးရှိခဲ့ပြီး (၂၀၂၂)ခုနှစ်တွင် ယာဉ်မတော်တဆမှု (၈၈)ကြိမ်ဖြင့် လူ(၃၈)ဦး အများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိ YBS ယာဉ်မတော်တဆမှုအကြိမ်ရေ (၇၀)ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၃၆)ဦး နှင့် ဒဏ်ရာရရှိသူ (၁၃၆)ဦး ရှိခဲ့ကြောင်း သိရသည်။ “နောက် တစ်ခုက စက်ဘီးစီးတဲ့လူနဲ့တိုက်မိလို့။ အဲဒါက ၂၀၂၃ မှာ ဒဏ်ရာရတဲ့လူ (၃)ဦးရှိတယ်။ ဒီနှစ်ထဲမှာ (၉)ဦးရှိတယ်။ ၂၀၂၃ မှာ သေဆုံးတာ (၃)ဦး ဒီနှစ်ထဲမှာ (၁၀)ဦးတောင်ရှိပါတယ်။ (၇)ယောက်တောင်များတာတွေ့ရှိရပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက စက်ဘီးအသုံးပြုတဲ့လူနည်းပါတယ်။ အခုဆိုရင် Delivery တွေကော၊ စက်ဘီးစီးတဲ့လူတွေကို ပိုများလာတာတွေ့ရှိရပါတယ်။ ၂၀၂၄ မှာဆိုရင် ဒီလောက်များတာတွေ့ရှိရပါတယ်။ အဲဒါကြောင့် စက်ဘီးစီးနင်းတဲ့လူ လက်ယာဘက်ကပ်ပြီးစီးဖို့ လိုအပ်ပါတယ်” ဟု ဦးလျန်ကျင့်မာန်က အကြံပြုပြောသည်။
အဆိုပါ YBS ယာဉ်မတော်တဆမှုဖြစ်စဉ်များမှာ လမ်းဖြတ်ကူးသူအားတိုက်မိမှု၊ ယာဉ်ပေါ်မှ ပြုတ်ကျမှု စက်ဘီးစီးနင်းသူနှင့် တိုက်မိမှု၊ ဆိုက်ကားစီးနင်းသူနှင့်တိုက်မိမှု၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် တိုက်မိမှု၊ ဘေးတွဲဆိုင်ကယ်စီးနင်းသူနှင့်တိုက်မိမှု၊ Taxi ယာဉ်နှင့်တိုက်မိမှုတို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကိုယ်ပိုင်ယာဉ်ငယ်နှင့် တိုက်မိမှု၊ Light Truck ယာဉ်နှင့်တိုက်မိမှု၊ Truck ယာဉ်နှင့်တိုက်မိမှု၊ YBS ယာဉ်နှင့်တိုက်မိမှု၊ ဓာတ်တိုင်အားတိုက်မိမှု၊ ယာဉ်ပေါ်တွင် သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ယာဉ်တိမ်းမှောက်မှုတို့ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို မှတ်သားဖမ်းဆီးသည့်အမှုပေါင်း (၅၁၄၈၆)မှုအပြင် Yangon Bus Operator (YBO) က ဖမ်းဆီးသည့်အမှုပေါင်း (၅၃၁၈)မှု ရှိကြောင်း သိရသည်။
zawgyi version
(၄)ႏွစ္တာကာလအတြင္း YBS ယာဥ္မေတာ္တဆမႈေၾကာင့္ လူ (၁၃၀)ေက်ာ္ ေသဆုံးခဲ့
ေစာ (NP News) - ဒီဇင္ဘာ ၂၃
(၄)ႏွစ္တာကာလအတြင္း YBS ယာဥ္မေတာ္တဆမႈေၾကာင့္ လူ(၁၃၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) ၏ အခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၁) ခုႏွစ္မွ (၂၀၂၄) ခုႏွစ္အတြင္း YBS ယာဥ္မေတာ္တဆမႈေပါင္း (၂၉၁)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူဦးေရ (၁၃၂)ဦးႏွင့္ ဒဏ္ရာရရွိသူဦးေရ (၄၁၂)ဦးရွိခဲ့ၿပီး (၂၀၂၂)ခုႏွစ္တြင္ ယာဥ္မေတာ္တဆမႈ (၈၈)ႀကိမ္ျဖင့္ လူ(၃၈)ဦး အမ်ားဆုံးေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယခုႏွစ္ (၂၀၂၄)ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလ ၁၅ ရက္အထိ YBS ယာဥ္မေတာ္တဆမႈအႀကိမ္ေရ (၇၀)ခန႔္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ(၃၆)ဦး ႏွင့္ ဒဏ္ရာရရွိသူ (၁၃၆)ဦး ရွိခဲ့ေၾကာင္း သိရသည္။ “ေနာက္ တစ္ခုက စက္ဘီးစီးတဲ့လူနဲ႔တိုက္မိလို႔။ အဲဒါက ၂၀၂၃ မွာ ဒဏ္ရာရတဲ့လူ (၃)ဦးရွိတယ္။ ဒီႏွစ္ထဲမွာ (၉)ဦးရွိတယ္။ ၂၀၂၃ မွာ ေသဆုံးတာ (၃)ဦး ဒီႏွစ္ထဲမွာ (၁၀)ဦးေတာင္ရွိပါတယ္။ (၇)ေယာက္ေတာင္မ်ားတာေတြ႕ရွိရပါတယ္။ အဲဒါဘာျဖစ္လို႔လဲဆိုရင္ အရင္တုန္းက စက္ဘီးအသုံးျပဳတဲ့လူနည္းပါတယ္။ အခုဆိုရင္ Delivery ေတြေကာ၊ စက္ဘီးစီးတဲ့လူေတြကို ပိုမ်ားလာတာေတြ႕ရွိရပါတယ္။ ၂၀၂၄ မွာဆိုရင္ ဒီေလာက္မ်ားတာေတြ႕ရွိရပါတယ္။ အဲဒါေၾကာင့္ စက္ဘီးစီးနင္းတဲ့လူ လက္ယာဘက္ကပ္ၿပီးစီးဖို႔ လိုအပ္ပါတယ္” ဟု ဦးလ်န္က်င့္မာန္က အႀကံျပဳေျပာသည္။
အဆိုပါ YBS ယာဥ္မေတာ္တဆမႈျဖစ္စဥ္မ်ားမွာ လမ္းျဖတ္ကူးသူအားတိုက္မိမႈ၊ ယာဥ္ေပၚမွ ျပဳတ္က်မႈ စက္ဘီးစီးနင္းသူႏွင့္ တိုက္မိမႈ၊ ဆိုက္ကားစီးနင္းသူႏွင့္တိုက္မိမႈ၊ ေမာ္ေတာ္ဆိုင္ကယ္စီးနင္းသူႏွင့္ တိုက္မိမႈ၊ ေဘးတြဲဆိုင္ကယ္စီးနင္းသူႏွင့္တိုက္မိမႈ၊ Taxi ယာဥ္ႏွင့္တိုက္မိမႈတို႔ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ကိုယ္ပိုင္ယာဥ္ငယ္ႏွင့္ တိုက္မိမႈ၊ Light Truck ယာဥ္ႏွင့္တိုက္မိမႈ၊ Truck ယာဥ္ႏွင့္တိုက္မိမႈ၊ YBS ယာဥ္ႏွင့္တိုက္မိမႈ၊ ဓာတ္တိုင္အားတိုက္မိမႈ၊ ယာဥ္ေပၚတြင္ ေသဆုံး၊ ဒဏ္ရာရရွိမႈႏွင့္ ယာဥ္တိမ္းေမွာက္မႈတို႔ျဖစ္ေၾကာင္း သိရသည္။ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ စည္းကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္ေမာင္းမ်ားကို မွတ္သားဖမ္းဆီးသည့္အမႈေပါင္း (၅၁၄၈၆)မႈအျပင္ Yangon Bus Operator (YBO) က ဖမ္းဆီးသည့္အမႈေပါင္း (၅၃၁၈)မႈ ရွိေၾကာင္း သိရသည္။