အယ်လ်ဘေးနီးယားနိုင်ငံက TikTok ကို တစ်နှစ်ပိတ်ကြောင်း ကြေညာ
166
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အီဒီရာမာက နိုင်ငံအစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်မှစကာ TikTok ကို တစ်နှစ်ပိတ်သွားမယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
အယ်လ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြို့ရှိ ကျောင်းတစ်ကျောင်းအနီး ရန်ပွဲတစ်ခုမှာ အသက်(၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိသွားပြီးနောက် တစ်လမပြည့်မီမှာ ဒီTikTok လူမှုကွန်ရက်ကို ပိတ်လိုက်တဲ့ သတင်းထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ဟာ TikTok ဆိုရှယ်မီဒီယာပေါ်မှာ ယောက်ျားလေးနှစ်ဦးစပြီး စကားများရန်ဖြစ်ကြတာဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူငယ်တွေအပေါ် လူမှုကွန်ရက်ရဲ့အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး မိဘတွေ၊ စိတ်ပညာရှင်တွေနဲ့ ပညာရေးအဖွဲ့အစည်းတွေကြား ငြင်းခုံမှုတွေလည်း ရှိခဲ့ပါတယ်။ အခု TikTok ကို တစ်နှစ်ပိတ်လိုက်မယ့် လှုပ်ရှားမှုဟာ ကျောင်းတွေကို ပိုမိုလုံခြုံစေမယ့် အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။
"အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ပညာရေးကို ဆောင်ရွက်ပေးပြီး ကျောင်းသားမိဘတွေကို ကူညီနိုင်ဖို့ အစီအစဉ်တွေ ချမှတ်သွားမှာပါ”လို့ ဝန်ကြီးချုပ်ရာမာက ဆိုပါတယ်။ "တရုတ်မှာ TikTok က ကျောင်း သားတွေကို သင်တန်းတွေ ဘယ်လိုတက်ရမလဲ၊ သဘာဝကို ဘယ်လိုကာကွယ်မလဲ၊ ရိုးရာဓလေ့တွေကို ဘယ်လိုထိန်းသိမ်းရမလဲ"ဆိုတာတွေ ဖော်ပြတာတွေ့ရတယ်။ ဒါပေမဲ့ တရုတ်ပြင်ပ TikTok တွေမှာတော့ အမှိုက်တွေပဲ တွေ့တယ်၊ ဒီတော့ဒါကို ဘာလို့လိုအပ်မှာလဲ"လို့ ရာမာက ပြောပါတယ်။
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ TikTok ကို ဆန့်ကျင်တဲ့ အစီအမံတွေကို နိုင်ငံအများအပြားက စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သြစတြေးလျကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက TikTok ကို (၁၆)နှစ်အောက်ကလေးတွေ အသုံးပြုခွင့်မရှိ ပိတ်ပင်ခဲ့ပါတယ်။
zawgyi version
အယ္လ္ေဘးနီးယားႏိုင္ငံက TikTok ကို တစ္ႏွစ္ပိတ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
အယ္လ္ေဘးနီးယားဝန္ႀကီးခ်ဳပ္ အီဒီရာမာက ႏိုင္ငံအစိုးရအေနနဲ႔ ၂၀၂၅ ခုႏွစ္မွစကာ TikTok ကို တစ္ႏွစ္ပိတ္သြားမယ္လို႔ ဒီဇင္ဘာ ၂၁ ရက္က ေျပာၾကားခဲ့ပါတယ္။
အယ္လ္ေဘးနီးယားႏိုင္ငံ၊ တီရာနာၿမိဳ႕ရွိ ေက်ာင္းတစ္ေက်ာင္းအနီး ရန္ပြဲတစ္ခုမွာ အသက္(၁၄) ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးေသဆုံးၿပီး အျခားတစ္ဦး ဒဏ္ရာရရွိသြားၿပီးေနာက္ တစ္လမျပည့္မီမွာ ဒီTikTok လူမႈကြန္ရက္ကို ပိတ္လိုက္တဲ့ သတင္းထြက္ေပၚလာျခင္း ျဖစ္ပါတယ္။ အဆိုပါ အျဖစ္အပ်က္ဟာ TikTok ဆိုရွယ္မီဒီယာေပၚမွာ ေယာက္်ားေလးႏွစ္ဦးစၿပီး စကားမ်ားရန္ျဖစ္ၾကတာျဖစ္တယ္လို႔ ယူဆရပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လူငယ္ေတြအေပၚ လူမႈကြန္ရက္ရဲ႕အက်ိဳးသက္ေရာက္မႈနဲ႔ ပတ္သက္ၿပီး မိဘေတြ၊ စိတ္ပညာရွင္ေတြနဲ႔ ပညာေရးအဖြဲ႕အစည္းေတြၾကား ျငင္းခုံမႈေတြလည္း ရွိခဲ့ပါတယ္။ အခု TikTok ကို တစ္ႏွစ္ပိတ္လိုက္မယ့္ လႈပ္ရွားမႈဟာ ေက်ာင္းေတြကို ပိုမိုလုံၿခဳံေစမယ့္ အစီအစဥ္ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ သိရပါတယ္။
"အစိုးရအေနနဲ႔ ေက်ာင္းသားေတြရဲ႕ပညာေရးကို ေဆာင္႐ြက္ေပးၿပီး ေက်ာင္းသားမိဘေတြကို ကူညီႏိုင္ဖို႔ အစီအစဥ္ေတြ ခ်မွတ္သြားမွာပါ”လို႔ ဝန္ႀကီးခ်ဳပ္ရာမာက ဆိုပါတယ္။ "တ႐ုတ္မွာ TikTok က ေက်ာင္း သားေတြကို သင္တန္းေတြ ဘယ္လိုတက္ရမလဲ၊ သဘာဝကို ဘယ္လိုကာကြယ္မလဲ၊ ႐ိုးရာဓေလ့ေတြကို ဘယ္လိုထိန္းသိမ္းရမလဲ"ဆိုတာေတြ ေဖာ္ျပတာေတြ႕ရတယ္။ ဒါေပမဲ့ တ႐ုတ္ျပင္ပ TikTok ေတြမွာေတာ့ အမႈိက္ေတြပဲ ေတြ႕တယ္၊ ဒီေတာ့ဒါကို ဘာလို႔လိုအပ္မွာလဲ"လို႔ ရာမာက ေျပာပါတယ္။
ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြ စိတ္ဝင္စားမႈ အမ်ားဆုံးျဖစ္တဲ့ TikTok ကို ဆန႔္က်င္တဲ့ အစီအမံေတြကို ႏိုင္ငံအမ်ားအျပားက စတင္ေဆြးေႏြးေနၿပီ ျဖစ္ပါတယ္။ ၾသစေၾတးလ်ကလည္း ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက TikTok ကို (၁၆)ႏွစ္ေအာက္ကေလးေတြ အသုံးျပဳခြင့္မရွိ ပိတ္ပင္ခဲ့ပါတယ္။