တိုးတက်လာသော AI နည်းပညာက နိုင်ငံရေးနယ်ပယ်တွင် သတိထားရန် လိုအပ်သော အချက်တစ်ခု ဖြစ်လာ

 122

သုတကျော်၊ သန့်ဇင် (NP News) - စက်တင်ဘာလ ၂၅

တိုးတက်လာသော AI နည်းပညာက မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် သတိထားရန်လိုအပ် သောအချက်တစ်ခုဖြစ်လာဖြစ်ကြောင်း NP News က ဆက်သွယ်မေးမြန်းထားသောအ ချက်အလက်များအရသိရသည်။
AI နည်းပညာ ကျယ်ပြန့်လာခြင်းနှင့်အတူ ထင်ယောင်ထင်မှားဖန်တီးနိုင်စွမ်းကလည်း မြင့် တက်လာနေပြီး လူပုဂ္ဂိုလ်တစ်ဦးက မပြောဘဲ ပြောသည့်အသွင် အတုအပပြုလုပ်ခြင်းမှသည် အမျိုးသ မီးများ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရနိုင်သောအ ခြေအနေအထိ စိန်ခေါ်မှုရှိလာသည်။
ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် သတင်းမှား (disinformation) များ၊ ထင်ရှားသော နိုင်ငံရေးသမားများ၏ရုပ်ပုံများကိုအသုံးပြုကာ မပြောဘဲပြောသည့်အသွင် Deepfake Video များ ဖန်တီးခြင်းတို့ကို ပြုလုပ်ခြင်းများရှိနေပြီး နိုင်ငံရေး သမားများ၏ပုံရိပ်ကိုထိခိုက်စေရန် သို့မဟုတ် မဲဆန္ဒ ရှင်များကိုလှည့်စားရန်အသုံးပြုလာနေသည်။ ယင်း နည်းပညာများသည် အဆင့်မြင့်သထက်မြင့်လာနေသည့်အပြင် အားလုံးလက်လှမ်းမီသောအနေအထား အထိရောက်လာနေကာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာများထက်တွင် AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံများကိုလည်း တွင်တွင်ကျယ်ကျယ်မြင်တွေ့ လာနေရသည်။
" အရင်ကဆို AI က ဓာတ်ပုံထုတ်မယ်ဆို လူအစစ်ပုံတူတွေမှာ တစ်ခုမဟုတ်တစ်ခုက အမြဲလွဲ တယ်။ ဥပမာ လက်မပါတာ၊ ခြေထောက်မပါတာမျိုး Error ရှိတယ်။ အခုက တဖြည်းဖြည်းပီပြင်လာနေ တာ။ ဆိုတော့ နောက်ပိုင်းမှာ သိသိသာသာပဲ လူနဲ့ ခွဲမရအောင် Image Generator က တူအောင်လုပ် လာနိုင်ပြီ။ မြန်မာအမျိုးသမီးဆိုလည်း မြန်မာအမျိုး သမီးပေါ့နော်။ အဝတ်အစားကအစ အပြင်က မြန်မာ အမျိုးသမီးတွေဝတ်သလိုမျိုး တူလာတယ်။ နောက် တစ်ခုက အမှောင်ဘက်ခြမ်းမှာ သတိထားစရာက အပြာဆန်ဆန်ပုံတွေလည်း ထုတ်လို့ရလာနေတယ်" ဟု AI နည်းပညာကိုလေ့လာနေသူတစ်ဦးက ဆို သည်။ ယင်းသို့ တိုးတက်လာသောနည်းပညာနောက် တွင် အခြားဆင့်ကဲတိုးတက်မှုကလည်း ဖြစ်ပေါ်နေ ရာ ပိုမိုသတိထားဖွယ်ဖြစ်လာကြောင်း ၎င်းက ထောက်ပြသည်။ " အခုက နောက်ထပ် ဘယ်လိုဖြစ် လာသလဲဆိုတော့ မြင်ပါလိမ့်မယ်။ ဓာတ်ပုံကို AI နဲ့ လူတစ်ယောက်စကားပြောသလိုမျိုးလုပ်လာနိုင်တာ ပေါ့။ ဒါက နောင်မှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံ့ခေါင်း ဆောင်တွေ၊ အရာရှိကြီးတွေမပြောဘဲ ပြောသလို လုပ်ပြီး နိုင်ငံရေးမှာအနှောင့်အယှက်ပြုလာနိုင် တယ်။ ဒါက နိုင်ငံရေး။ နောက်လူမှုရေးမှာဆို ဝတ် လစ်စလစ်ပုံတွေထုတ်လို့ရတဲ့ အခမဲ့ AI တွေ ရှိလာတယ်။ ပုံထုတ်ပြီး AI နည်းပညာနဲ့ပဲ မျက်နှာပြောင်း လို့ရတယ်။ နောက်တစ်ခါ ဓာတ်ပုံကို AI နဲ့ ဝတ်လစ် စလစ်ပုံလုပ်ရလာတယ်။ ဒါကလည်း အမျိုးသမီးတွေ ကို လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု လုပ်လာနိုင်တာ ပေါ့" ဟု ၎င်းကဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေအရ အခမဲ့ AI ကိုသာ အများဆုံးအသုံးပြု နိုင်ကြသော်လည်း ယင်း အခမဲ့ AI များကပင် အဆင့် မြင့်လာနေကြောင်း ၎င်းကဆိုသည်။
" လက်ရှိအနေအထားမှာကို ဥပဒေရှိသော် လည်းပဲပေါ့နော်။ ဥပမာ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးဥပဒေရှိတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ကျလာ လားဆိုတော့ မကျလာဘူး။ တက်လာတယ်ပေါ့နော်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေရှိတယ်။ ဒါပေ မဲ့ တက်လာတယ်ပေါ့နော်။ ဒါကလည်း အခြေခံအ ကြောင်းတွေရှိတာပေါ့နော်။ အကြောင်းနဲ့အကျိုးပေါ့။ ဒီကျားဖျန့်လိုလိမ်လည်မှုတွေကို နှိပ်ကွပ်နေတယ်။ ဒါပေမဲ့ ဒီမြန်မာပြည်ထဲက အွန်လိုင်းမှာပဲ လိမ်လည်မှု တွေက နေ့စဉ်နဲ့အမျှဖြစ်ပွားနေတယ်။ ကျွန်မတော့ ခံလိုက်ရပြန်ပြီ။ ကျွန်မတော့ပေးလိုက်ရပြန်ပြီ ကျွန်တော့်ဆီကပါသွားပြန်ပြီနဲ့။ ဥပဒေကို ဥပဒေမှာ ရှိတဲ့အချက်တွေနဲ့ ထိန်းကွပ်ဖို့မလုပ်ရဘူးလားဆို တော့ လုပ်ရမယ်။ သို့သော် အဲဒီလိုလုပ်မယ်ဆိုရင် တော့ အဲဒီတားဆီးနှိမ်နင်းရေးလုပ်မယ့် အဖွဲ့အစည်း တွေရဲ့ ကျွမ်းကျင်မှု၊ သူတို့ရဲ့ ဥပဒေတွေရဲ့ပြည့်စုံမှု ပေါ့နော်။ ဥပဒေမှာလည်းထောင့်စေ့နေအောင်၊ ရေပက်မဝင်အောင် ဥပဒေကလည်း ပြဋ္ဌာန်းဖို့လို တယ်။ အဟောင်းရှိရင်လည်း အဟောင်းတွေကို ဖြည့် စွက်ချင်ဖြည့်စွက်မယ်၊ ပြင်ဆင်ချက်တွေလုပ်ရမယ်။ ဥပမာ Cyber law ထဲမှာဖြည့်ထည့်မလားပေါ့နော်။ အဲဒါမျိုးတွေစဉ်းစားရမှာပေါ့" ဟု အငြိမ်းစား ရဲမှူး ကြီးတစ်ဦးကသုံးသပ်သည်။ ထို့ပြင် AI နှင့်ပတ်သက် ၍ဥပဒေများတွင် ဖြည့်စွက်၊ ပြင်ဆင်ရန်လိုအပ် ကြောင်းလည်း ၎င်းကဆိုသည်။
" ဆက်နွှယ်တဲ့ဥပဒေတွေမှာ ထပ်ပြီးတော့ AI နဲ့ပတ်သက်တဲ့ ဖြည့်စွက်စရာရှိရင်ဖြည့်စွက်ရ မှာတွေရှိတယ်။ ဥပမာအားဖြင့် တရားရုံးမှာ သက်သေ ခံတဲ့ကိစ္စကို ဟိုတုန်းကဆိုရင် CD တို့ တိပ်ခွေတို့ဆို ရင် သက်သေခံမဝင်သေးဘူးလေ။ အခု နောက်ပိုင်း ကျမှ သက်သေခံအဖြစ်တင်ပြလို့ရတာ။ CD တို့ တိပ် ခွေတို့ ဓာတ်ပုံတို့ပေါ့နော်။ ဖြည့်စွက်သင့်တာဖြည့်စွက် ရမယ်။ ပြင်ဆင်ပြဋ္ဌာန်းတာလည်း ပြဋ္ဌာန်းဖို့လိုအပ် တယ်"ဟု ၎င်းကပြောသည်။

Zawgyi Version:
တိုးတက္လာေသာ AI နည္းပညာက ႏိုင္ငံေရးနယ္ပယ္တြင္ သတိထားရန္ လိုအပ္ေသာ အခ်က္တစ္ခု ျဖစ္လာ
သုတေက်ာ္၊ သန႔္ဇင္ (NP News) - စက္တင္ဘာလ ၂၅

တိုးတက္လာေသာ AI နည္းပညာက ျမန္မာ့ႏိုင္ငံေရးနယ္ပယ္တြင္ သတိထားရန္လိုအပ္ ေသာအခ်က္တစ္ခုျဖစ္လာျဖစ္ေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားေသာအ ခ်က္အလက္မ်ားအရသိရသည္။
AI နည္းပညာ က်ယ္ျပန႔္လာျခင္းႏွင့္အတူ ထင္ေယာင္ထင္မွားဖန္တီးႏိုင္စြမ္းကလည္း ျမင့္ တက္လာေနၿပီး လူပုဂၢိဳလ္တစ္ဦးက မေျပာဘဲ ေျပာသည့္အသြင္ အတုအပျပဳလုပ္ျခင္းမွသည္ အမ်ိဳးသ မီးမ်ား လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ခံရႏိုင္ေသာအ ေျခအေနအထိ စိန္ေခၚမႈရွိလာသည္။
ဥပမာအားျဖင့္ အင္ဒိုနီးရွားႏိုင္ငံတြင္ သတင္းမွား (disinformation) မ်ား၊ ထင္ရွားေသာ ႏိုင္ငံေရးသမားမ်ား၏႐ုပ္ပုံမ်ားကိုအသုံးျပဳကာ မေျပာဘဲေျပာသည့္အသြင္ Deepfake Video မ်ား ဖန္တီးျခင္းတို႔ကို ျပဳလုပ္ျခင္းမ်ားရွိေနၿပီး ႏိုင္ငံေရး သမားမ်ား၏ပုံရိပ္ကိုထိခိုက္ေစရန္ သို႔မဟုတ္ မဲဆႏၵ ရွင္မ်ားကိုလွည့္စားရန္အသုံးျပဳလာေနသည္။ ယင္း နည္းပညာမ်ားသည္ အဆင့္ျမင့္သထက္ျမင့္လာေနသည့္အျပင္ အားလုံးလက္လွမ္းမီေသာအေနအထား အထိေရာက္လာေနကာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ AI ျဖင့္ ဖန္တီးထားေသာ ဓာတ္ပုံမ်ားကိုလည္း တြင္တြင္က်ယ္က်ယ္ျမင္ေတြ႕ လာေနရသည္။
" အရင္ကဆို AI က ဓာတ္ပုံထုတ္မယ္ဆို လူအစစ္ပုံတူေတြမွာ တစ္ခုမဟုတ္တစ္ခုက အၿမဲလြဲ တယ္။ ဥပမာ လက္မပါတာ၊ ေျခေထာက္မပါတာမ်ိဳး Error ရွိတယ္။ အခုက တျဖည္းျဖည္းပီျပင္လာေန တာ။ ဆိုေတာ့ ေနာက္ပိုင္းမွာ သိသိသာသာပဲ လူနဲ႔ ခြဲမရေအာင္ Image Generator က တူေအာင္လုပ္ လာႏိုင္ၿပီ။ ျမန္မာအမ်ိဳးသမီးဆိုလည္း ျမန္မာအမ်ိဳး သမီးေပါ့ေနာ္။ အဝတ္အစားကအစ အျပင္က ျမန္မာ အမ်ိဳးသမီးေတြဝတ္သလိုမ်ိဳး တူလာတယ္။ ေနာက္ တစ္ခုက အေမွာင္ဘက္ျခမ္းမွာ သတိထားစရာက အျပာဆန္ဆန္ပုံေတြလည္း ထုတ္လို႔ရလာေနတယ္" ဟု AI နည္းပညာကိုေလ့လာေနသူတစ္ဦးက ဆို သည္။ ယင္းသို႔ တိုးတက္လာေသာနည္းပညာေနာက္ တြင္ အျခားဆင့္ကဲတိုးတက္မႈကလည္း ျဖစ္ေပၚေန ရာ ပိုမိုသတိထားဖြယ္ျဖစ္လာေၾကာင္း ၎က ေထာက္ျပသည္။ " အခုက ေနာက္ထပ္ ဘယ္လိုျဖစ္ လာသလဲဆိုေတာ့ ျမင္ပါလိမ့္မယ္။ ဓာတ္ပုံကို AI နဲ႔ လူတစ္ေယာက္စကားေျပာသလိုမ်ိဳးလုပ္လာႏိုင္တာ ေပါ့။ ဒါက ေနာင္မွာ ႏိုင္ငံေရးသမားေတြ၊ ႏိုင္ငံ့ေခါင္း ေဆာင္ေတြ၊ အရာရွိႀကီးေတြမေျပာဘဲ ေျပာသလို လုပ္ၿပီး ႏိုင္ငံေရးမွာအေႏွာင့္အယွက္ျပဳလာႏိုင္ တယ္။ ဒါက ႏိုင္ငံေရး။ ေနာက္လူမႈေရးမွာဆို ဝတ္ လစ္စလစ္ပုံေတြထုတ္လို႔ရတဲ့ အခမဲ့ AI ေတြ ရွိလာတယ္။ ပုံထုတ္ၿပီး AI နည္းပညာနဲ႔ပဲ မ်က္ႏွာေျပာင္း လို႔ရတယ္။ ေနာက္တစ္ခါ ဓာတ္ပုံကို AI နဲ႔ ဝတ္လစ္ စလစ္ပုံလုပ္ရလာတယ္။ ဒါကလည္း အမ်ိဳးသမီးေတြ ကို လိင္ပိုင္းဆိုင္ရာၿခိမ္းေျခာက္မႈ လုပ္လာႏိုင္တာ ေပါ့" ဟု ၎ကဆိုသည္။ လက္ရွိ ျမန္မာႏိုင္ငံ၏အေျခအေနအရ အခမဲ့ AI ကိုသာ အမ်ားဆုံးအသုံးျပဳ ႏိုင္ၾကေသာ္လည္း ယင္း အခမဲ့ AI မ်ားကပင္ အဆင့္ ျမင့္လာေနေၾကာင္း ၎ကဆိုသည္။
" လက္ရွိအေနအထားမွာကို ဥပေဒရွိေသာ္ လည္းပဲေပါ့ေနာ္။ ဥပမာ မူးယစ္ေဆးဝါးတိုက္ဖ်က္ ေရးဥပေဒရွိတယ္။ မူးယစ္ေဆးဝါးသုံးစြဲမႈေတြ က်လာ လားဆိုေတာ့ မက်လာဘူး။ တက္လာတယ္ေပါ့ေနာ္။ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒရွိတယ္။ ဒါေပ မဲ့ တက္လာတယ္ေပါ့ေနာ္။ ဒါကလည္း အေျခခံအ ေၾကာင္းေတြရွိတာေပါ့ေနာ္။ အေၾကာင္းနဲ႔အက်ိဳးေပါ့။ ဒီက်ားဖ်န႔္လိုလိမ္လည္မႈေတြကို ႏွိပ္ကြပ္ေနတယ္။ ဒါေပမဲ့ ဒီျမန္မာျပည္ထဲက အြန္လိုင္းမွာပဲ လိမ္လည္မႈ ေတြက ေန႔စဥ္နဲ႔အမွ်ျဖစ္ပြားေနတယ္။ ကြၽန္မေတာ့ ခံလိုက္ရျပန္ၿပီ။ ကြၽန္မေတာ့ေပးလိုက္ရျပန္ၿပီ ကြၽန္ေတာ့္ဆီကပါသြားျပန္ၿပီနဲ႔။ ဥပေဒကို ဥပေဒမွာ ရွိတဲ့အခ်က္ေတြနဲ႔ ထိန္းကြပ္ဖို႔မလုပ္ရဘူးလားဆို ေတာ့ လုပ္ရမယ္။ သို႔ေသာ္ အဲဒီလိုလုပ္မယ္ဆိုရင္ ေတာ့ အဲဒီတားဆီးႏွိမ္နင္းေရးလုပ္မယ့္ အဖြဲ႕အစည္း ေတြရဲ႕ ကြၽမ္းက်င္မႈ၊ သူတို႔ရဲ႕ ဥပေဒေတြရဲ႕ျပည့္စုံမႈ ေပါ့ေနာ္။ ဥပေဒမွာလည္းေထာင့္ေစ့ေနေအာင္၊ ေရပက္မဝင္ေအာင္ ဥပေဒကလည္း ျပ႒ာန္းဖို႔လို တယ္။ အေဟာင္းရွိရင္လည္း အေဟာင္းေတြကို ျဖည့္ စြက္ခ်င္ျဖည့္စြက္မယ္၊ ျပင္ဆင္ခ်က္ေတြလုပ္ရမယ္။ ဥပမာ Cyber law ထဲမွာျဖည့္ထည့္မလားေပါ့ေနာ္။ အဲဒါမ်ိဳးေတြစဥ္းစားရမွာေပါ့" ဟု အၿငိမ္းစား ရဲမႉး ႀကီးတစ္ဦးကသုံးသပ္သည္။ ထို႔ျပင္ AI ႏွင့္ပတ္သက္ ၍ဥပေဒမ်ားတြင္ ျဖည့္စြက္၊ ျပင္ဆင္ရန္လိုအပ္ ေၾကာင္းလည္း ၎ကဆိုသည္။
" ဆက္ႏႊယ္တဲ့ဥပေဒေတြမွာ ထပ္ၿပီးေတာ့ AI နဲ႔ပတ္သက္တဲ့ ျဖည့္စြက္စရာရွိရင္ျဖည့္စြက္ရ မွာေတြရွိတယ္။ ဥပမာအားျဖင့္ တရား႐ုံးမွာ သက္ေသ ခံတဲ့ကိစၥကို ဟိုတုန္းကဆိုရင္ CD တို႔ တိပ္ေခြတို႔ဆို ရင္ သက္ေသခံမဝင္ေသးဘူးေလ။ အခု ေနာက္ပိုင္း က်မွ သက္ေသခံအျဖစ္တင္ျပလို႔ရတာ။ CD တို႔ တိပ္ ေခြတို႔ ဓာတ္ပုံတို႔ေပါ့ေနာ္။ ျဖည့္စြက္သင့္တာျဖည့္စြက္ ရမယ္။ ျပင္ဆင္ျပ႒ာန္းတာလည္း ျပ႒ာန္းဖို႔လိုအပ္ တယ္"ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.