စင်ကာပူနိုင်ငံ၊ လာဗင်ဒါ ဧရိယာမှာ ရန်ပွဲဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

 995

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄

စင်ကာပူနိုင်ငံ၊ လာဗင်ဒါ ဧရိယာ၊ Block 805 King George's Ave မှာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၂ ရက်) က သက်ကြီးပိုင်း အမျိုးသား (၂)ဉီးရဲ့ ရန်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီးနောက် အသက် (၇၁)နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦးဟာ အချင်းချင်းအငြင်းအခုံဖြစ်ပြီး ရန်ဖြစ်ခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အခင်းဖြစ်ပွားချိန်ဟာ ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းဖြစ်ပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်အချိန်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စင်ကာပူ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က လူနှစ်ဦးကို Tan Tock Seng ဆေးရုံ ခေါ်ဆောင်လာခဲ့ပြီး အဲဒီထဲက အသက် (၆၉)နှစ်အရွယ် အမျိုးသားဟာ ဒဏ်ရာတွေကြောင့် သတိလစ်ကာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအဖြစ်အပျက်အတွက် သံသယရှိသူ အသက် (၇၁) နှစ်အရွယ် အမျိုးသားဟာ ဆန္ဒအလျောက် အဖမ်းခံခဲ့ပါတယ်။ လက်ရှိတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စိတ်ဆန္ဒအရ ပြစ်မှုကျူးလွန်မှု ထင်ရှားခဲ့ရင် အသက် (၇၁)နှစ်အရွယ် အမျိုးသားဟာထောင်ဒဏ် ခုနစ်နှစ်၊ ငွေဒဏ်၊ ကြိမ်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ချမှတ်ခံရနိုင်ပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ လာဗင္ဒါ ဧရိယာမွာ ရန္ပြဲျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၄

စင္ကာပူႏိုင္ငံ၊ လာဗင္ဒါ ဧရိယာ၊ Block 805 King George's Ave မွာ တနဂၤေႏြေန႔ (ဒီဇင္ဘာ ၂၂ ရက္) က သက္ႀကီးပိုင္း အမ်ိဳးသား (၂)ဉီးရဲ႕ ရန္ပြဲျဖစ္ပြားခဲ့ၿပီး အသက္ (၆၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသဆုံးၿပီးေနာက္ အသက္ (၇၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ကနဦးစစ္ေဆးမႈမ်ားအရ ၎တို႔ႏွစ္ဦးဟာ အခ်င္းခ်င္းအျငင္းအခုံျဖစ္ၿပီး ရန္ျဖစ္ခဲ့ၾကတာ ျဖစ္တယ္လို႔ ေတြ႕ရွိရပါတယ္။ အခင္းျဖစ္ပြားခ်ိန္ဟာ ဒီဇင္ဘာ ၂၂ ရက္ နံနက္ပိုင္းျဖစ္ၿပီး အခင္းျဖစ္ေနရာကို ရဲတပ္ဖြဲ႕က နံနက္ ၁၁ နာရီ ၃၅ မိနစ္ခန႔္အခ်ိန္မွာ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ စင္ကာပူ အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕က လူႏွစ္ဦးကို Tan Tock Seng ေဆး႐ုံ ေခၚေဆာင္လာခဲ့ၿပီး အဲဒီထဲက အသက္ (၆၉)ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဒဏ္ရာေတြေၾကာင့္ သတိလစ္ကာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဒီအျဖစ္အပ်က္အတြက္ သံသယရွိသူ အသက္ (၇၁) ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဆႏၵအေလ်ာက္ အဖမ္းခံခဲ့ပါတယ္။ လက္ရွိေတာ့ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

စိတ္ဆႏၵအရ ျပစ္မႈက်ဴးလြန္မႈ ထင္ရွားခဲ့ရင္ အသက္ (၇၁)ႏွစ္အ႐ြယ္ အမ်ိဳးသားဟာေထာင္ဒဏ္ ခုနစ္ႏွစ္၊ ေငြဒဏ္၊ ႀကိမ္ဒဏ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္ေပါင္း ခ်မွတ္ခံရႏိုင္ပါတယ္။

Related news

© 2021. All rights reserved.