မန္တလေး၌ KTV၊ ဘား၊ ကလပ် နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် ငွေကျပ်(၂)ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 1100

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၅

မန္တလေးမြို့တွင် KTV၊ ဘား၊ ကလပ် နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် ငွေကျပ်(၂)ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅နာရီအချိန်ခန့်က အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းပေါ်တွင်သိန်းဇော်ဦးမောင်းနှင်ကာ ရန်နိုင်စိုးလိုက်ပါလာသည့် (၂၂)ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၃၄၄၀၀)ပြားဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့၊ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်းတို့အား ပြည်ကြီးတံခွန်မြို့နယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၁၈ ရက်တွင် မစန်းစန်းမြအား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၈၄၀၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာအား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water (၅ ဒသမ ၅)ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ထိုက်စိုးကျော်အား စိတ်ပြောင်းဆေးဝါးကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။ အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများသည် မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် (၂)ဘီလျံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား (၁ ဒသမ ၁၈၄)သိန်း၊ ကက်တမင်း (၁ ဒသမ ၉)ကီလို၊ Happy Water (၆ ဒသမ ၇၁၅)ကီလို၊ အက်တက်စီ (၁၈,၂၄၀)ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ထို့ကြောင့် ၎င်းတို့အားသက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလး၌ KTV၊ ဘား၊ ကလပ္ ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားအားေရာင္းခ်မည့္ ေငြက်ပ္(၂)ဘီလ်ံခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၅

မႏၲေလးၿမိဳ႕တြင္ KTV၊ ဘား၊ ကလပ္ ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားအားေရာင္းခ်မည့္ ေငြက်ပ္(၂)ဘီလ်ံခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၇ ရက္၊ ညေန ၅နာရီအခ်ိန္ခန႔္က အမရပူရၿမိဳ႕နယ္၊ ၆၂ လမ္းေပၚတြင္ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါလမ္းေပၚတြင္သိန္းေဇာ္ဦးေမာင္းႏွင္ကာ ရန္ႏိုင္စိုးလိုက္ပါလာသည့္ (၂၂)ဘီးတြဲယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၃၄၄၀၀)ျပားဖမ္းဆီးရမိခဲ့ၿပီး ယင္းေန႔၊ညပိုင္းတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားသယ္ေဆာင္ခိုင္းသူ ေအာင္ေအာင္ႏွင့္ ဗဟိန္းတို႔အား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဒီဇင္ဘာ ၁၈ ရက္တြင္ မစန္းစန္းျမအား အမရပူရၿမိဳ႕နယ္၊ နတ္ေရကန္ေက်း႐ြာရွိေနအိမ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၈၄၀၀၀)ျပားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ဒီဇင္ဘာ ၁၉ ရက္တြင္ မ်ိဳးထြန္းေအာင္(ခ)စိုင္းဓနေအာင္(ခ)ေက်ာင္းဆရာအား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ တမၸဝတီရပ္ကြက္ရွိ ဟိုတယ္တြင္ စိတ္ေျပာင္းေဆးဝါး Happy Water (၅ ဒသမ ၅)ကီလို၊ အက္တက္စီ ၈,၆၄၀ ျပား၊ အက္တက္စီအမႈန႔္ သုည ဒသမ ၂ ကီလိုႏွင့္ TOYOTA CROWN ေမာ္ေတာ္ကားတစ္စီး၊ ဆိုင္ကယ္တစ္စီးတို႔ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ယင္းေနာက္ ဒီဇင္ဘာလ ၂၀ ရက္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္နန္းရိပ္သာအေရွ႕ရပ္ကြက္၌ ထိုက္စိုးေက်ာ္အား စိတ္ေျပာင္းေဆးဝါးကက္တမင္း ၁ ဒသမ ၉ ကီလို၊ အက္တက္စီ ၉,၆၀၀ ျပား၊ Happy 5 ေဆးျပား ၉,၀၀၀ ျပား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရ သည္။ အဆိုပါ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားသည္ မႏၲေလးၿမိဳ႕ေပၚရွိ KTV၊ ဘား၊ ကလပ္ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားအားေရာင္းခ်မည့္ စုစုေပါင္းေဒသကာလတန္ဖိုးေငြက်ပ္ (၂)ဘီလ်ံခန႔္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္ၿပီး စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁ ဒသမ ၁၈၄)သိန္း၊ ကက္တမင္း (၁ ဒသမ ၉)ကီလို၊ Happy Water (၆ ဒသမ ၇၁၅)ကီလို၊ အက္တက္စီ (၁၈,၂၄၀)ျပား၊ အက္တက္စီအမႈန႔္ သုည ဒသမ ၂ ကီလို၊ Happy-5 ေဆးျပား ၉,၀၀၀ ျပားတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

ထို႔ေၾကာင့္ ၎တို႔အားသက္ဆိုင္ရာၿမိဳ႕မရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.