ရန်ကုန်မြို့တွင် ဖောက်ခွဲမှုနှင့် ပစ်ခတ်မှု(၇)ကြိမ်ထိလုပ်ဆောင်ခဲ့သော Free Land Attack Force(FLA) အဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
1809
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၇
ရန်ကုန်မြို့တွင် ဖောက်ခွဲမှုနှင့် ပစ်ခတ်မှု(၇)ကြိမ်ထိလုပ်ဆောင်ခဲ့သော Free Land Attack Force(FLA) အဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက်(၆၆)နှစ်အရွယ် ဦးစန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရှိနေစဉ် သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၄ ရက်၊ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် လုပ်ကြံပစ်ခတ်မှုကျူးလွန်သူများဖြစ်ကြသည့် အသက်(၂၉)နှစ်အရွယ် ဇော်ဇော်ဗိုလ်(ခ) ထွန်းထွန်းအောင်နှင့် အသက်(၂၃)နှစ်အရွယ် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့နေထိုင်ရာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CZ 2075 RAMI P အမျိုးအစားအနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ လုပ်ကြံပစ်ခတ်စဉ်အတွင်း အသုံးပြုစီးနင်းခဲ့သည့် ယာဉ်အမှတ် YGN-8 / GG-6136 Fielder အဖြူရောင်အငှားယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ထွက်ဆိုချက်အရ လုပ်ကြံပစ်ခတ်မှုအတွင်းပါဝင်သူ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်းရှိ စိုင်းသူအောင်အဆောင်နေ အသက်(၃၁)နှစ်အရွယ် ကျော်ဇင်ဦး(ခ) ကျောင်းဆရာကို ယင်းနေ့၊ ည ၁၀ နာရီခွဲတွင် Glock အမျိုးအစား ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မေမြတ်သဉ္ဇာကျော်(ခ) ငယ်ငယ်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ (အရှေ့ ပိုင်း) မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁)တွင် နေထိုင်သော အသက်(၂၇)နှစ်အရွယ် စိုင်းနောင်ထက်(ခ)အာကြီး (ဘ)ဦးဇော်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းနောင်ထက်(ခ)အာကြီးအား ၎င်းနေထိုင်သည့် အဆောက်အအုံပထမထပ်၏ ထပ်ခိုးပေါ်တွင် အနက်ရောင်စက္ကူဘူးအတွင်းထည့်၍ ဝှက်သိမ်းထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် (၃၃)တောင့်နှင့် မီးခိုးဗုံး(၂)လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့၏ ထွက်ဆိုချက်များအရ ၎င်းတို့(၃)ဦးသည် Free Land Attack Force(FLA) အမည်ခံအကြမ်းဖက်အဖွဲ့မှအဖွဲ့ဝင်များဖြစ်ကြပြီး ယင်းအဖွဲ့တွင် အဖွဲ့ဝင်(၁၅)ဦးခန့်ရှိကာ အဖွဲ့ခေါင်းဆောင်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူ နေမျိုးနွယ်ဖြစ်ပြီး ဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများအား အဖွဲ့ခေါင်းဆောင်ဖြစ်သူ နေမျိုးနွယ်၏ စေခိုင်းချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုချက်များအရ သိရသည်။ ဒီဇင်ဘာလ ၂၂ ရက်တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေအား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ရန်အတွက် FLA အဖွဲ့ခေါင်းဆောင်နေမျိုးနွယ်မှ ကျူးလွန်သူ ကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ (၃) ဦးတို့အား Telegram မှဆက်သွယ်၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ငှားရမ်းထားသည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်အား ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်မှ မောင်းနှင်၍ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့မှ ပစ္စတိုသေနတ်(၁)လက်စီဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ရုံးရှေ့(၅)ပေအကွာခန့်မှ လုပ်ကြံပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ လုပ်ကြံပစ်ခတ်ပြီးနောက် တရားခံကျော်ဇင်ဦး(ခ) ကျောင်းဆရာနှင့် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်တို့က ပစ္စတိုသေနတ်(၁)လက်စီယူ ဆောင်သွားခဲ့ကြပြီး မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်မှ ၎င်းကိုင်ဆောင်သည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ်(၁) လက်၊ ၎င်းကျည်အိမ်(၂)ခု၊ 9 mm ကျည် (၃၃) တောင့်တို့အား စိုင်းနောင်ထက်(ခ)အာကြီး၏နေအိမ်တွင် သွားရောက်အပ်နှံသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များအရ သိရသည်။။
ဆက်လက်စစ်ဆေးချက်များအရ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ (၃) ဦးသည် FLA အဖွဲ့ခေါင်းဆောင်ဖမ်းဆီးရန်ကျန် တရားခံနေမျိုးနွယ်၏ စေခိုင်းချက်အရ နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗညားဒလလမ်းပေါ်ရှိ တာမွေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံး(၂)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်၊ ညပိုင်းကလည်း တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု (၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုချက်များအရ သိရသည်။
ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နှင့် ဖမ်းဆီးရန်ကျန်တရားခံ Free Land Attack Force(FLA) အဖွဲ့ဝင်ဖြစ်သူ အောင်မျိုးအေး(ခ)ဆာကူရာ(စိစစ်ဆဲ) တို့ (၃) ဦးသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးတွင် ချိန်ကိုက်မိုင်း (၃)လုံး၊ ဇွန်လအတွင်းကလည်း တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ချိန်ကိုက်မိုင်း (၁)လုံး၊ ဩဂုတ်လအတွင်းကလည်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့်အနီးရှိ CCTV ပုံးတွင် ရီမုမိုင်းတစ်လုံးတို့အား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းတို့ကို (၃)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်လုပ်ကြံပစ်ခတ်မှု နှင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန်ခဲ့သူ Free Land Attack Force (FLA) အမည်ခံအဖွဲ့ဝင်များဖြစ်ကြသော ကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ (၄)ဦးတို့အား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ေဖာက္ခြဲမႈႏွင့္ ပစ္ခတ္မႈ(၇)ႀကိမ္ထိလုပ္ေဆာင္ခဲ့ေသာ Free Land Attack Force(FLA) အဖြဲ႕ဝင္မ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၇
ရန္ကုန္ၿမိဳ႕တြင္ ေဖာက္ခြဲမႈႏွင့္ ပစ္ခတ္မႈ(၇)ႀကိမ္ထိလုပ္ေဆာင္ခဲ့ေသာ Free Land Attack Force(FLA) အဖြဲ႕ဝင္မ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟုမ္းလမ္းဘူတာရပ္ကြက္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ အသက္(၆၆)ႏွစ္အ႐ြယ္ ဦးစန္းေငြသည္ ဒီဇင္ဘာလ ၂၄ ရက္၊ နံနက္ ၁၀ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ပန္းလႈိင္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ရွိေနစဥ္ ေသနတ္သမားမ်ားက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ဒီဇင္ဘာလ ၂၄ ရက္၊ ည ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ လုပ္ႀကံပစ္ခတ္မႈက်ဴးလြန္သူမ်ားျဖစ္ၾကသည့္ အသက္(၂၉)ႏွစ္အ႐ြယ္ ေဇာ္ေဇာ္ဗိုလ္(ခ) ထြန္းထြန္းေအာင္ႏွင့္ အသက္(၂၃)ႏွစ္အ႐ြယ္ ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္တို႔ေနထိုင္ရာ အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္း၊ အမွတ္(၇၈၂)ေနအိမ္၌ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ CZ 2075 RAMI P အမ်ိဳးအစားအနက္ေရာင္ပစၥတိုေသနတ္ ၁ လက္၊ ၎က်ည္ ၅ ေတာင့္၊ လုပ္ႀကံပစ္ခတ္စဥ္အတြင္း အသုံးျပဳစီးနင္းခဲ့သည့္ ယာဥ္အမွတ္ YGN-8 / GG-6136 Fielder အျဖဴေရာင္အငွားယာဥ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
၎တို႔၏ထြက္ဆိုခ်က္အရ လုပ္ႀကံပစ္ခတ္မႈအတြင္းပါဝင္သူ ထန္းတပင္ၿမိဳ႕နယ္၊ ေရတြင္းကုန္းေက်း႐ြာ၊ ေရတြင္းကုန္း-ဝါးတရာလမ္းရွိ စိုင္းသူေအာင္အေဆာင္ေန အသက္(၃၁)ႏွစ္အ႐ြယ္ ေက်ာ္ဇင္ဦး(ခ) ေက်ာင္းဆရာကို ယင္းေန႔၊ ည ၁၀ နာရီခြဲတြင္ Glock အမ်ိဳးအစား ပစၥတို ေသနတ္ ၁ လက္၊ ၎က်ည္ ၁၄ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ေမျမတ္သၪၨာေက်ာ္(ခ) ငယ္ငယ္၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ ၂၅ ရက္၊ နံနက္ ၁ နာရီ ၁၅ မိနစ္တြင္ လႈိင္သာယာ (အေရွ႕ ပိုင္း) ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ မင္းရဲေက်ာ္စြာ(၅)လမ္း၊ အိမ္အမွတ္(၁)တြင္ ေနထိုင္ေသာ အသက္(၂၇)ႏွစ္အ႐ြယ္ စိုင္းေနာင္ထက္(ခ)အာႀကီး (ဘ)ဦးေဇာ္ဝင္း၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
စိုင္းေနာင္ထက္(ခ)အာႀကီးအား ၎ေနထိုင္သည့္ အေဆာက္အအုံပထမထပ္၏ ထပ္ခိုးေပၚတြင္ အနက္ေရာင္စကၠဴဘူးအတြင္းထည့္၍ ဝွက္သိမ္းထားသည့္ SIG SAUER အမ်ိဳးအစား အနက္ေရာင္ပစၥတိုေသနတ္ ၁ လက္၊ ၎က်ည္အိမ္ ၂ ခု၊ 9 mm က်ည္ (၃၃)ေတာင့္ႏွင့္ မီးခိုးဗုံး(၂)လုံးတို႔ႏွင့္အတူ ထပ္မံေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာ၊ ေဇာ္ေဇာ္ဗိုလ္(ခ)ထြန္းထြန္းေအာင္ႏွင့္ ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္တို႔၏ ထြက္ဆိုခ်က္မ်ားအရ ၎တို႔(၃)ဦးသည္ Free Land Attack Force(FLA) အမည္ခံအၾကမ္းဖက္အဖြဲ႕မွအဖြဲ႕ဝင္မ်ားျဖစ္ၾကၿပီး ယင္းအဖြဲ႕တြင္ အဖြဲ႕ဝင္(၁၅)ဦးခန႔္ရွိကာ အဖြဲ႕ေခါင္းေဆာင္မွာ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕တြင္ ေနထိုင္သူ ေနမ်ိဳးႏြယ္ျဖစ္ၿပီး ဖမ္းဆီးရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။
ထို႔ျပင္ အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္မႈမ်ားအား အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ေနမ်ိဳးႏြယ္၏ ေစခိုင္းခ်က္ျဖင့္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္းလည္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။ ဒီဇင္ဘာလ ၂၂ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟုမ္းလမ္းဘူတာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးစန္းေငြအား ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ရန္အတြက္ FLA အဖြဲ႕ေခါင္းေဆာင္ေနမ်ိဳးႏြယ္မွ က်ဴးလြန္သူ ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာပါ (၃) ဦးတို႔အား Telegram မွဆက္သြယ္၍ ေစခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒီဇင္ဘာလ ၂၄ ရက္၊ နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ ငွားရမ္းထားသည့္ ယာဥ္အမွတ္ YGN-8 GG-6136 Fielder အျဖဴေရာင္အငွားယာဥ္အား ေဇာ္ေဇာ္ဗိုလ္(ခ)ထြန္းထြန္းေအာင္မွ ေမာင္းႏွင္၍ ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာႏွင့္ ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္တို႔မွ ပစၥတိုေသနတ္(၁)လက္စီျဖင့္ အုပ္ခ်ဳပ္ေရးမႉး ဦးစန္းေငြအား ႐ုံးေရွ႕(၅)ေပအကြာခန႔္မွ လုပ္ႀကံပစ္ခတ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္းသိရသည္။ လုပ္ႀကံပစ္ခတ္ၿပီးေနာက္ တရားခံေက်ာ္ဇင္ဦး(ခ) ေက်ာင္းဆရာႏွင့္ ေဇာ္ေဇာ္ဗိုလ္(ခ)ထြန္းထြန္းေအာင္တို႔က ပစၥတိုေသနတ္(၁)လက္စီယူ ေဆာင္သြားခဲ့ၾကၿပီး ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္မွ ၎ကိုင္ေဆာင္သည့္ SIG SAUER အမ်ိဳးအစား အနက္ေရာင္ပစၥတိုေသနတ္(၁) လက္၊ ၎က်ည္အိမ္(၂)ခု၊ 9 mm က်ည္ (၃၃) ေတာင့္တို႔အား စိုင္းေနာင္ထက္(ခ)အာႀကီး၏ေနအိမ္တြင္ သြားေရာက္အပ္ႏွံသိမ္းဆည္းထားခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။။
ဆက္လက္စစ္ေဆးခ်က္မ်ားအရ ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာ၊ ေဇာ္ေဇာ္ဗိုလ္(ခ)ထြန္းထြန္းေအာင္ႏွင့္ ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္တို႔ (၃) ဦးသည္ FLA အဖြဲ႕ေခါင္းေဆာင္ဖမ္းဆီးရန္က်န္ တရားခံေနမ်ိဳးႏြယ္၏ ေစခိုင္းခ်က္အရ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ညပိုင္းတြင္ တာေမြၿမိဳ႕နယ္၊ နတ္ေမာက္ရပ္ကြက္၊ ဗညားဒလလမ္းေပၚရွိ တာေမြၿမိဳ႕နယ္ လွ်ပ္စစ္မန္ေနဂ်ာ႐ုံးအား လက္ပစ္ဗုံး(၂)လုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဒီဇင္ဘာလ ၁၀ ရက္၊ ညပိုင္းကလည္း တာေမြၿမိဳ႕နယ္၊ က်ားကြက္သစ္ရပ္ကြက္၊ က်ိဳကၠဆံလမ္းႏွင့္ မလႊကုန္းလမ္းေထာင့္ရွိ တာေမြၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးအား လက္ပစ္ဗုံးျဖင့္ အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈ (၂)ႀကိမ္ က်ဴးလြန္ခဲ့ၾကေၾကာင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။
ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာ၊ ေမျမတ္သၪၨာေက်ာ္(ခ)ငယ္ငယ္ႏွင့္ ဖမ္းဆီးရန္က်န္တရားခံ Free Land Attack Force(FLA) အဖြဲ႕ဝင္ျဖစ္သူ ေအာင္မ်ိဳးေအး(ခ)ဆာကူရာ(စိစစ္ဆဲ) တို႔ (၃) ဦးသည္ ၂၀၂၃ ခုႏွစ္၊ ေမလအတြင္း အင္းစိန္ပန္းၿခံ၊ လွ်ပ္စစ္႐ုံးေရွ႕ၿခံစည္း႐ိုးေဘးတြင္ ခ်ိန္ကိုက္မိုင္း (၃)လုံး၊ ဇြန္လအတြင္းကလည္း တာေမြၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕ ၿခံစည္း႐ိုးတြင္ ခ်ိန္ကိုက္မိုင္း (၁)လုံး၊ ဩဂုတ္လအတြင္းကလည္း မရမ္းကုန္းၿမိဳ႕နယ္၊ သမိုင္းလမ္း၊ မင္းဓမၼလမ္းမီးပြိဳင့္အနီးရွိ CCTV ပုံးတြင္ ရီမုမိုင္းတစ္လုံးတို႔အား အၾကမ္းဖက္မိုင္းေထာင္ေဖာက္ခြဲခဲ့ျခင္းတို႔ကို (၃)ႀကိမ္ က်ဴးလြန္ခဲ့ၾကေၾကာင္း သိရသည္။
အၾကမ္းဖက္လုပ္ႀကံပစ္ခတ္မႈ ႏွင့္ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္မႈမ်ားက်ဴးလြန္ခဲ့သူ Free Land Attack Force (FLA) အမည္ခံအဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ ေက်ာ္ဇင္ဦး(ခ)ေက်ာင္းဆရာပါ (၄)ဦးတို႔အား ျပစ္မႈမ်ားက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္ ၃ လက္၊ က်ည္မ်ိဳးစုံ ၅၂ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ဥပေဒအရ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း သိရ သည္။