စင်ကာပူနိုင်ငံ၊ ဆန်ကန်းကစားကွင်းမှာ သတ္တုဘားပြုတ်ကျလို့ အသက်(၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းထိခိုက်

 185

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၈

စင်ကာပူနိုင်ငံ၊ ဆန်ကန်း ကစားကွင်းမှာ U ပုံစံ သတ္တုဘား ပြုတ်ကျလို့ အသက် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်း ထိသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ခရစ္စမတ်အကြိုနေ့(ဒီဇင်ဘာ ၂၄ ရက်) နံနက် ၁၀ နာရီက Sengkang East Drive၊ Block 172D နဲ့ Block 173A ကြားမှာရှိတဲ့ ကစားကွင်းတစ်ခုမှာ အသက်နှစ်နှစ် အရွယ်တစ်ဦး၊ အသက် လေးနှစ်အရွယ်တစ်ဦး နဲ့ အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဆော့ကစားနေခဲ့တာပါ။ အဲဒီနောက် နံနက် ၁၁ နာရီခန့်မှာတော့ အငယ်ဆုံး ကလေးဟာ ခေါင်းပေါ်ကို ၁၀ စင်တီမီတာရှည်တဲ့ U ပုံစံ သတ္တုဘားတစ်ခုပြုတ်ကျပြီး ခေါင်းမှာ ၁ စင်တီမီတာ မှ ၁.၂ စင်တီမီတာထိ အရှည်ရှိတဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က အနီးနားမှာ စည်ပင်သာယာရေးအဖွဲ့တွေ၊ ကန်ထရိုက်တာတွေမရှိခဲ့တာကြောင့် ဆောက်လုပ်ရေးပေါ့ဆမှုမဖြစ်နိုင်ဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ကောင်စီက စုံစမ်း စစ်ဆေးမှုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ ဆန္ကန္းကစားကြင္းမွာ သတၱဳဘားျပဳတ္က်လို႔ အသက္(၂)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ဦးေခါင္းထိခိုက္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၈

စင္ကာပူႏိုင္ငံ၊ ဆန္ကန္း ကစားကြင္းမွာ U ပုံစံ သတၱဳဘား ျပဳတ္က်လို႔ အသက္ ႏွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ဦးေခါင္း ထိသြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။
ခရစၥမတ္အႀကိဳေန႔(ဒီဇင္ဘာ ၂၄ ရက္) နံနက္ ၁၀ နာရီက Sengkang East Drive၊ Block 172D နဲ႔ Block 173A ၾကားမွာရွိတဲ့ ကစားကြင္းတစ္ခုမွာ အသက္ႏွစ္ႏွစ္ အ႐ြယ္တစ္ဦး၊ အသက္ ေလးႏွစ္အ႐ြယ္တစ္ဦး နဲ႔ အသက္ ေျခာက္ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေဆာ့ကစားေနခဲ့တာပါ။ အဲဒီေနာက္ နံနက္ ၁၁ နာရီခန႔္မွာေတာ့ အငယ္ဆုံး ကေလးဟာ ေခါင္းေပၚကို ၁၀ စင္တီမီတာရွည္တဲ့ U ပုံစံ သတၱဳဘားတစ္ခုျပဳတ္က်ၿပီး ေခါင္းမွာ ၁ စင္တီမီတာ မွ ၁.၂ စင္တီမီတာထိ အရွည္ရွိတဲ့ ဒဏ္ရာရသြားခဲ့ပါတယ္။
အခင္းျဖစ္ပြားတဲ့ေန႔က အနီးနားမွာ စည္ပင္သာယာေရးအဖြဲ႕ေတြ၊ ကန္ထ႐ိုက္တာေတြမရွိခဲ့တာေၾကာင့္ ေဆာက္လုပ္ေရးေပါ့ဆမႈမျဖစ္ႏိုင္ဘူးလို႔ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ၿမိဳ႕ေတာ္ေကာင္စီက စုံစမ္း စစ္ေဆးမႈလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.