တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဥ်များအား အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို လာမည့် ဇန်နဝါရီလကုန်အထိသာ ခွင့်ပြုမည်

 623

ယွန်း (NP News) - ဒီဇင်ဘာ ၂၈

တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များအား အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ကို လာမည့် ဇန်နဝါရီလကုန်အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အ‌ကောက်ခွန်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၇/၂၀၂၄)အရ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်း ခွင့်ပြုထားသည့် ကုန်စည်အုပ်စု(၅)မျိုးနှင့် အကျုံးဝင်သည့် HS Code 10 Digit ကုန်စည်လိုင်း (၆၈၅)လိုင်း နှင့် CMP စနစ်ဖြင့်တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်း နှင့် ဆက်စပ်စ္စည်းများအား နိုဝင်ဘာ(၃၀)ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းလွှာတွင်ဖော်ပြထားသည့် ကုန်စည်အုပ်စု(၅)မျိုးအနက် ကုန်စည်အုပ်စု(၄)မျိုး၊ HS Code 10 Digit ကုန်စည်လိုင်း (၆၈၅)လိုင်းအား အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထား လာပါက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်း နှင့် ဆက်စပ်စ္စည်းများအား အကောက်ခွန် ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုရန် လျှောက်ထားလာပါက ပြီးခဲ့သည့် ဒီဇင်ဘာလ(၁)ရက်မှ စတင်၍ လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အလားတူ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ချက်အထက် တန်ဖိုးမြင့် လျှပ်စစ်သုံးလူစီးယာဉ်များအား အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည်သွင်း ခွင့်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ကျန် Taxi ၊ အများသုံးယာဉ်နှင့် လုပ်ငန်းသုံး ယာဉ်များကို ယခင်အတိုင်း ဆက်လက်ထည့်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးထား သည်။
အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်း အုပ်စု(၅)မျိုးတွင် ဆေးဝါး၊ လျှပ်စစ်သုံးယာဥ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ စက်မှု လုပ်ငန်းသုံးဓာတုကုန်ကြမ်းပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများပါဝင်ကြောင်း ပြီးခဲ့သည့်မေလက အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)အရ ၂၀၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဥ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား သတ်မှတ်သည့်အမိန့်ကြော်ငြာ စာကို ပြီးခဲ့သည့် ဒီဇင်ဘာ(၂၃)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
"နှစ်တိုင်း ဒီဇင်ဘာမှာ ထုတ်ပြန်တဲ့အမိန့်ကြော်ငြာစာပေါ့။ ကားနဲ့ပတ်သက်တဲ့ လူတွေ အကုန်လုံးစောင့်ကြည့် ရတယ်။ ကားနဲ့ပတ်သက်တဲ့ နှစ်အလိုက်တင်သွင်းခွင့်မူဝါဒဆိုတာက အရေးကြီးတယ်။ အခုကတော့ ICE (လောင်စာ စက်သုံးဆီသုံးကား) ကတော့ တင်သွင်းခွင့်လည်းမရတော့တဲ့အချိန်၊ EV ပဲတင်သွင်းခွင့်ရတဲ့အချိန်မှာ တော့ ပုံမှန်ထုတ်ပြန်နေတဲ့အတိုင်းပဲ ထုတ်ပြန်ထားတာ။ လက်ရှိကျင့်သုံးနေတဲ့အမိန့်မူဝါဒတွေကို ဆန့်ကျင် ဆောင်ရွက်ခြင်း မရှိဆိုတဲ့အတွက် လက်ရှိတင်သွင်းခွင့်မပေးတာကတော့ မပေးဘူးပဲပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး တော့ အကျိုးသက်ရောက်မှုကတော့ ဘာမှသိပ်မရှိပါဘူး။ ICE ကားတင်သွင်းလို့မရဘူး၊ EV ကတော့လုပ်ထုံး လုပ်နည်းအတိုင်း တင်သွင်းလို့ရမယ်။ SKD ထုတ်လုပ်တဲ့အစိတ်အပိုင်းတွေ တင်သွင်းပြီး ဒီမှာတပ်ဆင် ထုတ်လုပ်တာမျိုးတော့ ရတယ်" ဟု မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေး နှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NP News ကို ပြောသည်။

အဆိုပါသတ်မှတ်ချက်တွင် လူစီးမော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ လည်းကောင်း၊ လုပ်ငန်းသုံး ယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်)ကို ၂၀၂၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိလည်းကောင်း၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များကို ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိလည်းကောင်း၊ ယန္တရားများကို ၂ဝ၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိလည်းကောင်း သတ်မှတ်ထား သည်။
ထို့ပြင် မော်တော်ယာဉ်တင်သွင်းမှုနှင့် စပ်လျဉ်း၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်း မပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

Zawgyi Version;
တန္ဖိုးျမင့္ လွ်ပ္စစ္သုံးလူစီးယာဥ္မ်ားအား အေကာက္ခြန္ကုန္ေလွာင္႐ုံအတြင္း ထည့္သြင္းခြင့္ကို လာမည့္ ဇန္နဝါရီလကုန္အထိသာ ခြင့္ျပဳမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၈

တန္ဖိုးျမင့္ လွ်ပ္စစ္သုံးလူစီးယာဥ္မ်ားအား အေကာက္ခြန္ ကုန္ေလွာင္႐ုံအတြင္း ထည့္သြင္းခြင့္ကို လာမည့္ ဇန္နဝါရီလကုန္အထိသာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ အ‌ေကာက္ခြန္ဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္သည့္ သတင္းလႊာ(၇/၂၀၂၄)အရ အေကာက္ခြန္ကုန္ေလွာင္႐ုံတြင္ ထည့္သြင္း ခြင့္ျပဳထားသည့္ ကုန္စည္အုပ္စု(၅)မ်ိဳးႏွင့္ အက်ဳံးဝင္သည့္ HS Code 10 Digit ကုန္စည္လိုင္း (၆၈၅)လိုင္း ႏွင့္ CMP စနစ္ျဖင့္တင္သြင္းသည့္ ကုန္ၾကမ္းပစၥည္း၊ စက္ပစၥည္း ႏွင့္ ဆက္စပ္စၥည္းမ်ားအား ႏိုဝင္ဘာ(၃၀)ရက္တြင္ ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္ခဲ့ပါသည္။

အဆိုပါ သတင္းလႊာတြင္ေဖာ္ျပထားသည့္ ကုန္စည္အုပ္စု(၅)မ်ိဳးအနက္ ကုန္စည္အုပ္စု(၄)မ်ိဳး၊ HS Code 10 Digit ကုန္စည္လိုင္း (၆၈၅)လိုင္းအား အေကာက္ခြန္ကုန္ေလွာင္႐ုံတြင္ ထည့္သြင္းသိုေလွာင္ခြင့္ျပဳရန္ ေလွ်ာက္ထား လာပါက ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ စတင္၍ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ CMP စနစ္ျဖင့္ တင္သြင္းသည့္ ကုန္ၾကမ္းပစၥည္း၊ စက္ပစၥည္း ႏွင့္ ဆက္စပ္စၥည္းမ်ားအား အေကာက္ခြန္ ကုန္ေလွာင္႐ုံတြင္ ထည့္သြင္းသိုေလွာင္ခြင့္ျပဳရန္ ေလွ်ာက္ထားလာပါက ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁)ရက္မွ စတင္၍ လည္းေကာင္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။
အလားတူ အမ်ိဳးသားအဆင့္လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ေကာ္မတီ၏ သတ္မွတ္ခ်က္အထက္ တန္ဖိုးျမင့္ လွ်ပ္စစ္သုံးလူစီးယာဥ္မ်ားအား အေကာက္ခြန္ကုန္ေလွာင္႐ုံအတြင္း ထည္သြင္း ခြင့္ကို ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၃၁ ရက္အထိသာ ခြင့္ျပဳမည္ျဖစ္ၿပီး က်န္ Taxi ၊ အမ်ားသုံးယာဥ္ႏွင့္ လုပ္ငန္းသုံး ယာဥ္မ်ားကို ယခင္အတိုင္း ဆက္လက္ထည့္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာနက အသိေပးထား သည္။
အေကာက္ခြန္ဦးစီးဌာနမွ အေကာက္ခြန္သိုေလွာင္႐ုံအတြင္း ထည့္သြင္းသိုေလွာင္ခြင့္ျပဳသည့္ ကုန္ပစၥည္း အုပ္စု(၅)မ်ိဳးတြင္ ေဆးဝါး၊ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ စက္မႈကုန္ၾကမ္းမ်ား၊ စက္မႈ လုပ္ငန္းသုံးဓာတုကုန္ၾကမ္းပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားပါဝင္ေၾကာင္း ၿပီးခဲ့သည့္ေမလက အသိေပး ထုတ္ျပန္ထားသည္။
ထို႔ျပင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနအေနျဖင့္ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၁၃ ပုဒ္မခြဲ(ခ)အရ ၂၀၂၅ ခုႏွစ္အတြက္ ျပည္ပမွေမာ္ေတာ္ယာဥ္တင္သြင္းျခင္းတြင္ ထုတ္လုပ္သည့္ ခုႏွစ္အား သတ္မွတ္သည့္အမိန႔္ေၾကာ္ျငာ စာကို ၿပီးခဲ့သည့္ ဒီဇင္ဘာ(၂၃)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။
"ႏွစ္တိုင္း ဒီဇင္ဘာမွာ ထုတ္ျပန္တဲ့အမိန႔္ေၾကာ္ျငာစာေပါ့။ ကားနဲ႔ပတ္သက္တဲ့ လူေတြ အကုန္လုံးေစာင့္ၾကည့္ ရတယ္။ ကားနဲ႔ပတ္သက္တဲ့ ႏွစ္အလိုက္တင္သြင္းခြင့္မူဝါဒဆိုတာက အေရးႀကီးတယ္။ အခုကေတာ့ ICE (ေလာင္စာ စက္သုံးဆီသုံးကား) ကေတာ့ တင္သြင္းခြင့္လည္းမရေတာ့တဲ့အခ်ိန္၊ EV ပဲတင္သြင္းခြင့္ရတဲ့အခ်ိန္မွာ ေတာ့ ပုံမွန္ထုတ္ျပန္ေနတဲ့အတိုင္းပဲ ထုတ္ျပန္ထားတာ။ လက္ရွိက်င့္သုံးေနတဲ့အမိန႔္မူဝါဒေတြကို ဆန႔္က်င္ ေဆာင္႐ြက္ျခင္း မရွိဆိုတဲ့အတြက္ လက္ရွိတင္သြင္းခြင့္မေပးတာကေတာ့ မေပးဘူးပဲေပါ့။ ဒီဟာနဲ႔ ပတ္သက္ၿပီး ေတာ့ အက်ိဳးသက္ေရာက္မႈကေတာ့ ဘာမွသိပ္မရွိပါဘူး။ ICE ကားတင္သြင္းလို႔မရဘူး၊ EV ကေတာ့လုပ္ထုံး လုပ္နည္းအတိုင္း တင္သြင္းလို႔ရမယ္။ SKD ထုတ္လုပ္တဲ့အစိတ္အပိုင္းေတြ တင္သြင္းၿပီး ဒီမွာတပ္ဆင္ ထုတ္လုပ္တာမ်ိဳးေတာ့ ရတယ္" ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး ႏွင့္ ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ား အသင္းမွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က NP News ကို ေျပာသည္။

အဆိုပါသတ္မွတ္ခ်က္တြင္ လူစီးေမာ္ေတာ္ယာဥ္မ်ားကို ၂၀၂၄ ခုႏွစ္မွ ၂ဝ၂၅ ခုႏွစ္အထိ လည္းေကာင္း၊ လုပ္ငန္းသုံး ယာဥ္မ်ား (ကုန္တင္ယာဥ္/ ခရီးသည္တင္ယာဥ္)ကို ၂၀၂၁ ခုႏွစ္မွ ၂ဝ၂၅ ခုႏွစ္အထိလည္းေကာင္း၊ မီးသတ္ယာဥ္/ လူနာတင္ယာဥ္မ်ားကို ၂၀၁၆ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိလည္းေကာင္း၊ ယႏၲရားမ်ားကို ၂ဝ၁၆ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္ အထိလည္းေကာင္း သတ္မွတ္ထား သည္။
ထို႔ျပင္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈႏွင့္ စပ္လ်ဥ္း၍ လက္ရွိခ်မွတ္ေဆာင္႐ြက္ေနသည့္ မူဝါဒမ်ား ေျပာင္းလဲျခင္း မျပဳဘဲ ဆက္လက္က်င့္သုံးလ်က္ရွိပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.