နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း တွင် အွန်လိုင်းမှတဆင့် ကုန်သွယ်ရေး အခွန်ဆောင်ခွင့်ပြု

 235

NP News - ဒီဇင်ဘာ ၂၈

နယ်စပ်ကုန်သွယ်ရေးဒေသကုန်သွယ်ရေးအခွန်ကြေးများကို အွန်လိုင်းမှတဆင့် အခွန်ဆောင်နိုင်တော့မယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရသည်။
မြဝတီမြို့နှင့် တာချီလိတ်မြို့များ၌ နယ်စပ်ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်သွယ်ရေးအခွန် ဆောင်ရာတွင် MACSS Online Payment System ဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဆောင်ရွက်နိုင်မည်ဟု သိရသည်။
အကောက်ခွန်ဦးစီးဌာနသည် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့်လုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အခွန်ပေး ဆောင်ရန်အတွက် လတ်တလော ဆောင်ရွက်နေသည့် Deposit Payment ၊ Direct Payment တို့အပြင် လက်ရှိ အချိန်၌ Mobile Banking ၊ Internet Banking တို့မှတစ်ဆင့် Online Payment အသုံးပြုကာ အခွန်ငွေ ပေးဆောင်နိုင်ရေးအတွက်စတင်ခဲ့ကြောင်းသိရသည်။ ထို့‌ကြောင့် AYA ၊ KBZ ၊ CB Bank များနှင့် ပူးပေါင်းပြီး အခွန်ဆောင်ရာတွင် MACSS Online Payment System ကို ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ပြီး သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်ဧရိယာမှာ စတင်အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။
MACSS Online Payment System တွင် အသုံးပြုသူ၏ Mobile Banking ၊ Internet Banking တို့မှတစ်ဆင့် Payment Statement Information ရရှိပြီးသော Import / Export Declaration No များသို့ ကျသင့်အခွန်ငွေကို တိုက်ရိုက်ပေးဆောင်ခြင်းနှင့် MASS စနစ်ထဲက Deposit Account အတွင်း ငွေထပ်မံဖြည့်သွင်းပြီး လုပ်ငန်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
နယ္စပ္ကုန္သြယ္ေရးလုပ္ငန္း တြင္ အြန္လိုင္းမွတဆင့္ ကုန္သြယ္ေရး အခြန္ေဆာင္ခြင့္ျပဳ
NP News - ဒီဇင္ဘာ ၂၈

နယ္စပ္ကုန္သြယ္ေရးေဒသကုန္သြယ္ေရးအခြန္ေၾကးမ်ားကို အြန္လိုင္းမွတဆင့္ အခြန္ေဆာင္ႏိုင္ေတာ့မယ္လို႔ အေကာက္ခြန္ဦးစီးဌာနက သိရသည္။
ျမဝတီၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ား၌ နယ္စပ္ေဒသမ်ားတြင္ နယ္စပ္ကုန္သြယ္ေရးအတြက္ ကုန္သြယ္ေရးအခြန္ ေဆာင္ရာတြင္ MACSS Online Payment System ျဖင့္ လာမည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္မွ စတင္ကာ ေဆာင္႐ြက္ႏိုင္မည္ဟု သိရသည္။
အေကာက္ခြန္ဦးစီးဌာနသည္ ကုန္ပစၥည္းရွင္းလင္းထုတ္ယူသည့္လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရာတြင္ အခြန္ေပး ေဆာင္ရန္အတြက္ လတ္တေလာ ေဆာင္႐ြက္ေနသည့္ Deposit Payment ၊ Direct Payment တို႔အျပင္ လက္ရွိ အခ်ိန္၌ Mobile Banking ၊ Internet Banking တို႔မွတစ္ဆင့္ Online Payment အသုံးျပဳကာ အခြန္ေငြ ေပးေဆာင္ႏိုင္ေရးအတြက္စတင္ခဲ့ေၾကာင္းသိရသည္။ ထို႔‌ေၾကာင့္ AYA ၊ KBZ ၊ CB Bank မ်ားႏွင့္ ပူးေပါင္းၿပီး အခြန္ေဆာင္ရာတြင္ MACSS Online Payment System ကို ဒီဇင္ဘာ ၂၃ ရက္မွာ စတင္ၿပီး သီလဝါ အထူးစီးပြားေရးဇုန္ အပါအဝင္ ရန္ကုန္ဧရိယာမွာ စတင္အသုံးျပဳႏိုင္ခဲ့ေၾကာင္း သိရသည္။
MACSS Online Payment System တြင္ အသုံးျပဳသူ၏ Mobile Banking ၊ Internet Banking တို႔မွတစ္ဆင့္ Payment Statement Information ရရွိၿပီးေသာ Import / Export Declaration No မ်ားသို႔ က်သင့္အခြန္ေငြကို တိုက္႐ိုက္ေပးေဆာင္ျခင္းႏွင့္ MASS စနစ္ထဲက Deposit Account အတြင္း ေငြထပ္မံျဖည့္သြင္းၿပီး လုပ္ငန္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.