အမေရိကန်မှာ ၂၀၂၄ ခုနှစ်အတွင်း အိမ်ယာမဲ့အရေအတွက် ၁၈ ရာခိုင်နှုန်းမြင့်တက်

 132

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉

အမေရိကန်နိုင်ငံမှာ အိမ်ခြေရာမဲ့ပြဿနာ ပိုမိုဆိုးရွားလာနေပြီး မြို့တွင်း လူသွားစင်္ကြန်လမ်းတွေမှာ ရွက်ဖျင်တဲ တွေနဲ့ နေထိုင်ရတဲ့ ချို့တဲ့နွမ်းပါးသူတွေကို ယမန်နှစ်တွေထက်ပိုမိုမြင်တွေ့လာရတာကြောင့် ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ဖက်ဒရယ်ပြည်နယ်အစိုးရတွေကို တွန်းအားပေးနေပါတယ်။

လူဦးရေ ၇၇၁,၄၈၀ (သို့မဟုတ်) အမေရိကန်ရဲ့ လူ ၁၀,၀၀၀ တိုင်းမှာ ၂၃ ဦးနှုန်းဟာ အရေးပေါ် အမိုးအကာ၊ ဘေးကင်းလုံခြုံတဲ့နေရာ၊ အသွင်ကူးပြောင်းရေးအိမ်ရာအစီအစဉ် သို့မဟုတ် အမိုးအကာမရှိတဲ့ နေရာတွေမှာ အိမ်ယာမဲ့အဖြစ် နေထိုင်နေရတယ်လို့ သောကြာနေ့(ဒီဇင်ဘာ ၂၇ ရက်) က ထုတ်ပြန်တဲ့ ဒေတာအရ သိရပါတယ်။ ဒီနှုန်းထားဟာ ၂၀၂၄ နဲ့ ၂၀၂၃ ခုနှစ်ကြား အိမ်ခြေယာမဲ့အရေအတွက် ၁၈ ရာခိုင်နှုန်းထိ တိုးလာတာကို ညွှန်ပြနေပါ တယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ အဓိကအားဖြင့် အသက် ၁၈ နှစ်အောက် ကလေး အိုးမဲ့အိမ်မဲ့ဖြစ်မှု အများဆုံး တိုးလာနေပြီး ၃၃ ရာခိုင်နှုန်းအထိ တိုးလာကာ အကျပ်အတည်းကြုံနေရတဲ့ ကလေးအရေအတွက် ၁၅၀,၀၀၀ ထိ ရှိတယ်လို့ အချက်အလက်များအရ သိရပါတယ်။
Covid - 19 နောက်ဆက်တွဲ ပြည်သူ့ကျန်းမာရေးအကြပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာခြင်းတို့ကြောင့် အခုလို အိမ်ခြေယာမဲ့အရေအတွက် တိုးလာတယ်လို့ ယူဆထားပါတယ်။

Zawgyi Version;
အေမရိကန္မွာ ၂၀၂၄ ခုႏွစ္အတြင္း အိမ္ယာမဲ့အေရအတြက္ ၁၈ ရာခိုင္ႏႈန္းျမင့္တက္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉

အေမရိကန္ႏိုင္ငံမွာ အိမ္ေျခရာမဲ့ျပႆနာ ပိုမိုဆိုး႐ြားလာေနၿပီး ၿမိဳ႕တြင္း လူသြားစၾကၤန္လမ္းေတြမွာ ႐ြက္ဖ်င္တဲ ေတြနဲ႔ ေနထိုင္ရတဲ့ ခ်ိဳ႕တဲ့ႏြမ္းပါးသူေတြကို ယမန္ႏွစ္ေတြထက္ပိုမိုျမင္ေတြ႕လာရတာေၾကာင့္ ဒီအၾကပ္အတည္းကို ေျဖရွင္းဖို႔ ဖက္ဒရယ္ျပည္နယ္အစိုးရေတြကို တြန္းအားေပးေနပါတယ္။

လူဦးေရ ၇၇၁,၄၈၀ (သို႔မဟုတ္) အေမရိကန္ရဲ႕ လူ ၁၀,၀၀၀ တိုင္းမွာ ၂၃ ဦးႏႈန္းဟာ အေရးေပၚ အမိုးအကာ၊ ေဘးကင္းလုံၿခဳံတဲ့ေနရာ၊ အသြင္ကူးေျပာင္းေရးအိမ္ရာအစီအစဥ္ သို႔မဟုတ္ အမိုးအကာမရွိတဲ့ ေနရာေတြမွာ အိမ္ယာမဲ့အျဖစ္ ေနထိုင္ေနရတယ္လို႔ ေသာၾကာေန႔(ဒီဇင္ဘာ ၂၇ ရက္) က ထုတ္ျပန္တဲ့ ေဒတာအရ သိရပါတယ္။ ဒီႏႈန္းထားဟာ ၂၀၂၄ နဲ႔ ၂၀၂၃ ခုႏွစ္ၾကား အိမ္ေျခယာမဲ့အေရအတြက္ ၁၈ ရာခိုင္ႏႈန္းထိ တိုးလာတာကို ၫႊန္ျပေနပါ တယ္။ ၂၀၂၃ နဲ႔ ၂၀၂၄ ခုႏွစ္ၾကားမွာ အဓိကအားျဖင့္ အသက္ ၁၈ ႏွစ္ေအာက္ ကေလး အိုးမဲ့အိမ္မဲ့ျဖစ္မႈ အမ်ားဆုံး တိုးလာေနၿပီး ၃၃ ရာခိုင္ႏႈန္းအထိ တိုးလာကာ အက်ပ္အတည္းႀကဳံေနရတဲ့ ကေလးအေရအတြက္ ၁၅၀,၀၀၀ ထိ ရွိတယ္လို႔ အခ်က္အလက္မ်ားအရ သိရပါတယ္။
Covid - 19 ေနာက္ဆက္တြဲ ျပည္သူ႔က်န္းမာေရးအၾကပ္အတည္းမ်ား၊ သဘာဝေဘးအႏၲရာယ္မ်ား၊ အေမရိကန္ကို ေ႐ႊ႕ေျပာင္းေနထိုင္သူ အေရအတြက္ တိုးလာျခင္းတို႔ေၾကာင့္ အခုလို အိမ္ေျခယာမဲ့အေရအတြက္ တိုးလာတယ္လို႔ ယူဆထားပါတယ္။

Related news

© 2021. All rights reserved.