ပြည်တွင်းထုတ်ကုန်(၈)မျိုး နိုင်ငံခြားတင်ပို့ခွင်ရမည်
5211
ယွန်း (NP News) - ဒီဇင်ဘာ ၂၉
ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်း အုပ်စု (၈)မျိုးကို နိုင်ငံခြားကုမ္ပဏီများသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအရည်အသွေးမြင့်ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပ ဈေးကွက်ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိရေး အတွက် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၁၃)ပုဒ်မခွဲ(ခ)အရအထက်ပါကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အရ နိုင်ငံခြားကုမ္ပဏီများကို ကုန်ပစ္စည်းအုပ်စု(၈)မျိုးကို ကိုယ်တိုင်ထုတ်လုပ်၍ဖြစ်စေ၊ ထုတ်လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ဖြစ်စေပြည်ပသို့ တင်ပို့ခွင့်ပြုကြောင်း သိရသည်။ “Export လုပ်မယ်ဆိုရင်တော့ သူများတိုင်းပြည်မှာရှိတဲ့ အခြေခံ စံသတ်မှတ်ချက်နဲ့ဘောင်ဝင်တဲ့ ထုတ်လုပ်မှုတော့လိုတာ ပေါ့။ အဲဒီသတ်မှတ်ချက်အတိုင်း တင်ပို့နိုင်ဖို့ဆိုရင်တော့ Quality ကောင်းဖို့တော့ လိုတယ်။ အဲဒီအတိုင်း တင်ပို့နိုင်ရင်တော့ ပြည်တွင်းမှာ အလုပ်အကိုင်ရလာမယ်။ ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အခွင့်အလမ်းရသလို ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်း ရတယ်။ ပြီးရင် လုပ်ငန်းနယ်ပယ်အလိုက်အလုပ်တွေ တွင်ကျယ်လာမယ်။ ပြည်ပကို တင်ပို့ဖို့ပါ ရည်ညွှန်းထားတာဖြစ်တဲ့အတွက် ပြည်တွင်းကပါ အဲဒီ Quality အတိုင်း ကို ပြည်တွင်းကပါ ဝယ်ယူ စားသုံးလို့ရမှာပေါ့။ အရင်ကတော့ ဒီပစ္စည်းတော်တော်များများက Import အနေနဲ့ပဲ တင်သွင်းတာ။ တင်ပို့ဖို့ကို ပြန်လုပ်ထား တဲ့အတွက် အရည်အသွေးကလည်း သူတို့နဲ့တန်းတူ ဖြစ်လာမယ်လို့ ပြောလို့ရတယ်။ ပိုကောင်းလာတာပေါ့” ဟု ပို့ကုန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တင်ပို့ခွင့်ပြုသည့်ကုန်ပစ္စည်းများတွင် တစ်ဆင့်မြှင့် ပြုပြင် ထုတ်လု ပ်ထားသည့် အသား၊ ငါး နှင့် ရေထွက်ကုန်များ၊ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံ များ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ မျိုးစေ့၊ သန့်စင်ထားသည့် သတ္တုရိုင်းများ၊ သစ်သီးဝ လံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော (သို့မဟုတ်) ကုန်ချောပစ္စည်းများ၊ သစ်အခြေခံ ပရိဘောဂပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုန်စည်များအနက် တစ်ဆင့်မြှင့် ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်များ အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါး လုပ်ငန်းဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ကုန်သွယ်ရေး ဦးစီး ဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရ မည်ဖြစ်ပြီး ကောက်ပဲသီးနှံများ တင်ပို့ရာတွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် အပါအဝင် သက်ဆိုင်ရာဌာန များ၏ သတ်မှတ်ချက်များ နှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်သွယ် ရေးဦးစီးဌာန၏ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ပြည်ပ မှ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦး ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ အနည်းဆုံးဒေါ်လာ (၃) သန်း လွှဲပြောင်းပြီး ကြောင်း အထောက်အထား၊ လုံလောက်သော သိုလှောင်ရုံရှိကြောင်း အထောက်အထားနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဖြစ်ကြောင်း အထောက်အထားများလိုအပ်မည် ဖြစ်သည်။
ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုးတို့အတွက် သက် ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး မျိုးစေ့နှင့်စပ်လျဉ်း၍ မျိုးစေ့ ဥပဒေ၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ ကုန်လိုင်စင် ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။ အလားတူ သန့်စင်ထားသည့် သတ္တု ရိုင်းများအတွက် မြန်မာ့သတ္တု တွင်းဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဓာတ်သတ္တုရောင်းချခြင်းနှင့် ဝယ်ယူခြင်းခွင့်ပြုမိန့်နှင့် သတ္တုတွင်း ဦးစီးဌာန၏ ထောက်ခံချက်တို့ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြှင့်ထုတ် လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော (သို့မဟုတ်) ကုန်ချောပစ္စည်းများအတွက် အမျိုးသားအစား အသောက်ဥပဒေနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန ၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်ကာ သစ် အခြေခံပရိဘောဂပစ္စည်းများအတွက် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့၏ ထောက်ခံချက်များဖြင့် ကုန်သွယ်ရေးဦးစီး ဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်များအတွက် စပါးခွံနှင့် လွှစာမှုန့် စသည့် ဘေးထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်လောင်စာတောင့်များကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်များအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပြီး ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန် လိုင်စင်ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်းဖော်ပြထားသည်။
Zawgyi Version;
ျပည္တြင္းထုတ္ကုန္(၈)မ်ိဳး ႏိုင္ငံျခားတင္ပို႔ခြင္ရမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၉
ျပည္တြင္း၌ ထုတ္လုပ္ေသာ ကုန္ပစၥည္း အုပ္စု (၈)မ်ိဳးကို ႏိုင္ငံျခားကုမၸဏီမ်ားသို႔ တင္ပို႔ခြင့္ျပဳမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။
ဝန္ႀကီးဌာနအေနျဖင့္ ျပည္တြင္းအရည္အေသြးျမင့္ထုတ္ကုန္မ်ားကို ျပည္ပေဈးကြက္သို႔ ခ်ဲ႕ထြင္တင္ပို႔ျခင္းျဖင့္ ထုတ္လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ရန္၊ ျပည္ပ ေဈးကြက္ပိုမိုရရွိရန္ႏွင့္ ထုတ္လုပ္သူမ်ား၏ ေရာင္းေဈးပိုမိုရရွိေရး အတြက္ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ (၁၃)ပုဒ္မခြဲ(ခ)အရအထက္ပါကဲ့သို႔ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါထုတ္ျပန္ခ်က္အရ ႏိုင္ငံျခားကုမၸဏီမ်ားကို ကုန္ပစၥည္းအုပ္စု(၈)မ်ိဳးကို ကိုယ္တိုင္ထုတ္လုပ္၍ျဖစ္ေစ၊ ထုတ္လုပ္သူမ်ားထံမွတစ္ဆင့္ ဝယ္ယူ၍ျဖစ္ေစျပည္ပသို႔ တင္ပို႔ခြင့္ျပဳေၾကာင္း သိရသည္။ “Export လုပ္မယ္ဆိုရင္ေတာ့ သူမ်ားတိုင္းျပည္မွာရွိတဲ့ အေျခခံ စံသတ္မွတ္ခ်က္နဲ႔ေဘာင္ဝင္တဲ့ ထုတ္လုပ္မႈေတာ့လိုတာ ေပါ့။ အဲဒီသတ္မွတ္ခ်က္အတိုင္း တင္ပို႔ႏိုင္ဖို႔ဆိုရင္ေတာ့ Quality ေကာင္းဖို႔ေတာ့ လိုတယ္။ အဲဒီအတိုင္း တင္ပို႔ႏိုင္ရင္ေတာ့ ျပည္တြင္းမွာ အလုပ္အကိုင္ရလာမယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္လည္း အခြင့္အလမ္းရသလို ျပည္တြင္းက လုပ္ငန္းရွင္ေတြအတြက္လည္း အခြင့္အလမ္း ရတယ္။ ၿပီးရင္ လုပ္ငန္းနယ္ပယ္အလိုက္အလုပ္ေတြ တြင္က်ယ္လာမယ္။ ျပည္ပကို တင္ပို႔ဖို႔ပါ ရည္ၫႊန္းထားတာျဖစ္တဲ့အတြက္ ျပည္တြင္းကပါ အဲဒီ Quality အတိုင္း ကို ျပည္တြင္းကပါ ဝယ္ယူ စားသုံးလို႔ရမွာေပါ့။ အရင္ကေတာ့ ဒီပစၥည္းေတာ္ေတာ္မ်ားမ်ားက Import အေနနဲ႔ပဲ တင္သြင္းတာ။ တင္ပို႔ဖို႔ကို ျပန္လုပ္ထား တဲ့အတြက္ အရည္အေသြးကလည္း သူတို႔နဲ႔တန္းတူ ျဖစ္လာမယ္လို႔ ေျပာလို႔ရတယ္။ ပိုေကာင္းလာတာေပါ့” ဟု ပို႔ကုန္တင္ပို႔သည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ တင္ပို႔ခြင့္ျပဳသည့္ကုန္ပစၥည္းမ်ားတြင္ တစ္ဆင့္ျမႇင့္ ျပဳျပင္ ထုတ္လု ပ္ထားသည့္ အသား၊ ငါး ႏွင့္ ေရထြက္ကုန္မ်ား၊ တစ္ဆင့္ျမင့္ ျပဳျပင္ထုတ္လုပ္ထားသည့္ ေကာက္ပဲသီးႏွံ မ်ား၊ ေပ်ာ့ဖတ္ႏွင့္ စကၠဴအမ်ိဳးမ်ိဳး၊ မ်ိဳးေစ့၊ သန႔္စင္ထားသည့္ သတၱဳ႐ိုင္းမ်ား၊ သစ္သီးဝ လံ၊ ပန္းမန္ကုန္ၾကမ္းတို႔မွ အဆင့္ျမင့္ထုတ္လုပ္ထားေသာ တစ္ဝက္တစ္ပ်က္ ကုန္ေခ်ာ (သို႔မဟုတ္) ကုန္ေခ်ာပစၥည္းမ်ား၊ သစ္အေျခခံ ပရိေဘာဂပစၥည္းမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ အေထာက္အကူျပဳကုန္စည္မ်ား ပါဝင္ေၾကာင္း သိရသည္။ အဆိုပါ ကုန္စည္မ်ားအနက္ တစ္ဆင့္ျမႇင့္ ျပဳျပင္ထုတ္လုပ္ထားသည့္ အသား၊ ငါးႏွင့္ ေရထြက္ကုန္မ်ား အတြက္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ ငါး လုပ္ငန္းဦးစီးဌာနတို႔၏ ေထာက္ခံခ်က္ျဖင့္ ကုန္သြယ္ေရး ဦးစီး ဌာန၏ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္ ရယူရ မည္ျဖစ္ၿပီး ေကာက္ပဲသီးႏွံမ်ား တင္ပို႔ရာတြင္ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းတို႔အတြက္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၏ ေထာက္ခံခ်က္ အပါအဝင္ သက္ဆိုင္ရာဌာန မ်ား၏ သတ္မွတ္ခ်က္မ်ား ႏွင့္အညီ ကုန္သြယ္ေရးဦးစီးဌာန၏ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဆန္ႏွင့္ ဆန္ကြဲ တင္ပို႔ရာတြင္ ကုန္သြယ္ ေရးဦးစီးဌာန၏ပို႔ကုန္လိုင္စင္ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ၿပီး ျပည္ပ မွ ျပည္တြင္းဘဏ္တစ္ခုခုသို႔ ကနဦး ရင္းႏွီးျမႇဳပ္ႏွံမႈ ထည့္ဝင္ေငြ အနည္းဆုံးေဒၚလာ (၃) သန္း လႊဲေျပာင္းၿပီး ေၾကာင္း အေထာက္အထား၊ လုံေလာက္ေသာ သိုေလွာင္႐ုံရွိေၾကာင္း အေထာက္အထားႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ အသင္းဝင္ျဖစ္ေၾကာင္း အေထာက္အထားမ်ားလိုအပ္မည္ ျဖစ္သည္။
ေပ်ာ့ဖတ္ႏွင့္ စကၠဴအမ်ိဳးမ်ိဳးတို႔အတြက္ သက္ ဆိုင္ရာဌာနမ်ား၏ သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ကုန္သြယ္ေရးဦးစီးဌာန၏ ပို႔ကုန္လိုင္စင္ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ၿပီး မ်ိဳးေစ့ႏွင့္စပ္လ်ဥ္း၍ မ်ိဳးေစ့ ဥပေဒ၊ စိုက္ပ်ိဳးေရးဦးစီးဌာန၏ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီေဆာင္႐ြက္ၿပီး ကုန္သြယ္ေရးဦးစီးဌာန၏ ပို႔ ကုန္လိုင္စင္ ခြင့္ျပဳခ်က္ ရယူရမည္ျဖစ္ေၾကာင္း သိရသည္။ အလားတူ သန႔္စင္ထားသည့္ သတၱဳ ႐ိုင္းမ်ားအတြက္ ျမန္မာ့သတၱဳ တြင္းဥပေဒအရ သက္ဆိုင္ရာဝန္ႀကီးဌာန၏ ဓာတ္သတၱဳေရာင္းခ်ျခင္းႏွင့္ ဝယ္ယူျခင္းခြင့္ျပဳမိန႔္ႏွင့္ သတၱဳတြင္း ဦးစီးဌာန၏ ေထာက္ခံခ်က္တို႔ျဖင့္ ကုန္သြယ္ေရးဦးစီးဌာန၏ ပို႔ကုန္လိုင္စင္ ခြင့္ျပဳခ်က္ရယူရမည္ျဖစ္သည္။ သစ္သီးဝလံ၊ ပန္းမန္ကုန္ၾကမ္းတို႔မွ အဆင့္ျမႇင့္ထုတ္ လုပ္ထားေသာ တစ္ဝက္တစ္ပ်က္ ကုန္ေခ်ာ (သို႔မဟုတ္) ကုန္ေခ်ာပစၥည္းမ်ားအတြက္ အမ်ိဳးသားအစား အေသာက္ဥပေဒႏွင့္ သက္ဆိုင္ရာဌာနမ်ား၏ သတ္မွတ္လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီေဆာင္႐ြက္ၿပီး ကုန္သြယ္ေရးဦးစီးဌာန ၏ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္ ရယူရမည္ျဖစ္ကာ သစ္ အေျခခံပရိေဘာဂပစၥည္းမ်ားအတြက္ ျမန္မာ့သစ္လုပ္ငန္းႏွင့္ သစ္ေတာဦးစီးဌာနတို႔၏ ေထာက္ခံခ်က္မ်ားျဖင့္ ကုန္သြယ္ေရးဦးစီး ဌာန၏ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္ ရယူရမည္ျဖစ္သည္။
ထို႔ျပင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ အေထာက္အကူျပဳ ကုန္စည္မ်ားအတြက္ စပါးခြံႏွင့္ လႊစာမႈန႔္ စသည့္ ေဘးထြက္ပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားသည့္ေလာင္စာေတာင့္မ်ားကဲ့သို႔ေသာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ အေထာက္အကူျပဳ ကုန္စည္မ်ားအတြက္ သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီေဆာင္႐ြက္ၿပီး ကုန္သြယ္ေရး ဦးစီးဌာန၏ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္ရယူရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ထည့္သြင္းေဖာ္ျပထားသည္။