မောင်တောမြို့အနီး ကျေးရွာများမှ လူငယ်များကို AA က အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်နေ

 660

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ကျေးရွာများမှ အမျိုးသားများနှင့် အမျိုးသမီးအချို့ကို AA က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများက NP News သို့ ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်မှစတင်ကာ မောင်တောမြို့၏ မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများကို AA လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

‘ရွာတွေမှာ AA ဘက်က (၁၈)နှစ်နဲ့ (၆၅)နှစ်ကြား တစ်အိမ်တစ်ယောက်ကျ လူခေါ်သွားတယ်။ တချို့ရွာတွေကဆိုရင် အမျိုးသားတွေ ရှောင်နေကြတော့ အမျိုးသမီးတွေပါ ပါသွားတယ်ကြားတယ်။ ရွာသား တွေလည်း တော်တော်ဒေါသထွက်နေကြတယ်။ မောင်တောမြို့ပေါ်ကလူတွေက အခုမှဖြစ်နေတာ။ ကျွန်တော့်အသိ ကောင်မလေးတစ်ယောက်လည်းပါသွားတယ်’ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများမှာ ဒေသခံများကို AA လက်နက်ကိုင်အဖွဲ့က နေ့စဉ်ရက်ဆက် အတင်းအဓမ္မဖမ်းဆီးကာ Faw ကားများဖြင့် တင်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘မိဘတွေက သားသမီးတွေပါသွားတော့ လိုက်ကြည့်တာတောင် အဝေးကပဲကြည့်ရတယ်။ ကြည့်ရတာ လူနည်းနေလို့ ထပ်စုတယ်လို့တော့ ယူဆကြတာပဲ။ ဒါပေမဲ့ အဲဒီလိုတော့ အတင်းလူစုတာတော့ မဖြစ်သင့်လို့ သူတို့လည်း အဲဒီလိုသတင်းမျိုးက တက်လာမှာမဟုတ်တော့ တော်တော်စိတ်ပျက်နေကြတယ်။ ပွဲတော့ တော်တော်ဆူနေပြီ’ ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ကာလကလည်း အမ်းမြို့နယ်အတွင်းမှ ဒေသခံပြည်သူ (၂၀ဝ)ကျော်ကို ရက်ပိုင်းသာခြား၍ AA ကဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။ ‘အဲဒီလိုတော့ မလုပ်သင့်ဘူးပေါ့။ ကိုယ့်ပြည်ကိုယ်ကာကွယ်တာက ကာကွယ်တာပေါ့နော်။ ဘယ်အရာမဆို အတင်းအဓမ္မဆိုတာမျိုးက ဘယ်အဖွဲ့အစည်း မဆိုမလုပ်သင့်တဲ့ အရာမျိုးလို့ ပြောချင်ပါတယ်။ မဖြစ်သင့်တဲ့လုပ် ရပ်ဆိုတာကတော့ ကွက်ကွက်ကွင်းကွင်း သိနိုင်ပါတယ်’ဟု အထက်ပါ ဒေသခံကပြောသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA အဖွဲ့က တိုက်ခိုက်ရာတွင် သေဆုံးသူများသည့်အတွက် အရပ်သားများကို ခါတော်မီလက်နက် တပ်ဆင်ပေးကာ စစ်မြေပြင်သို့ ပို့ဆောင်မှုများရှိခဲ့ကြောင်း NP News ၏ သတင်း ရင်းမြစ်တစ်ဦး ဖြေကြားထားခဲ့ဖူးသည်။

zawgyi version
ေမာင္ေတာၿမိဳ႕အနီး ေက်း႐ြာမ်ားမွ လူငယ္မ်ားကို AA က အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃ဝ

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕အနီး ေက်း႐ြာမ်ားမွ အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးအခ်ိဳ႕ကို AA က အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၆) ရက္မွစတင္ကာ ေမာင္ေတာၿမိဳ႕၏ ေျမာက္ပိုင္းရွိ ေက်း႐ြာမ်ားမွ ေဒသခံမ်ားကို AA လက္နက္ကိုင္အဖြဲ႕က ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

‘႐ြာေတြမွာ AA ဘက္က (၁၈)ႏွစ္နဲ႔ (၆၅)ႏွစ္ၾကား တစ္အိမ္တစ္ေယာက္က် လူေခၚသြားတယ္။ တခ်ိဳ႕႐ြာေတြကဆိုရင္ အမ်ိဳးသားေတြ ေရွာင္ေနၾကေတာ့ အမ်ိဳးသမီးေတြပါ ပါသြားတယ္ၾကားတယ္။ ႐ြာသား ေတြလည္း ေတာ္ေတာ္ေဒါသထြက္ေနၾကတယ္။ ေမာင္ေတာၿမိဳ႕ေပၚကလူေတြက အခုမွျဖစ္ေနတာ။ ကြၽန္ေတာ့္အသိ ေကာင္မေလးတစ္ေယာက္လည္းပါသြားတယ္’ဟု ေမာင္ေတာၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါေက်း႐ြာမ်ားမွာ ေဒသခံမ်ားကို AA လက္နက္ကိုင္အဖြဲ႕က ေန႔စဥ္ရက္ဆက္ အတင္းအဓမၼဖမ္းဆီးကာ Faw ကားမ်ားျဖင့္ တင္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ ‘မိဘေတြက သားသမီးေတြပါသြားေတာ့ လိုက္ၾကည့္တာေတာင္ အေဝးကပဲၾကည့္ရတယ္။ ၾကည့္ရတာ လူနည္းေနလို႔ ထပ္စုတယ္လို႔ေတာ့ ယူဆၾကတာပဲ။ ဒါေပမဲ့ အဲဒီလိုေတာ့ အတင္းလူစုတာေတာ့ မျဖစ္သင့္လို႔ သူတို႔လည္း အဲဒီလိုသတင္းမ်ိဳးက တက္လာမွာမဟုတ္ေတာ့ ေတာ္ေတာ္စိတ္ပ်က္ေနၾကတယ္။ ပြဲေတာ့ ေတာ္ေတာ္ဆူေနၿပီ’ ဟု ၎က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ကာလကလည္း အမ္းၿမိဳ႕နယ္အတြင္းမွ ေဒသခံျပည္သူ (၂၀ဝ)ေက်ာ္ကို ရက္ပိုင္းသာျခား၍ AA ကဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ လြတ္ေျမာက္ျခင္းမရွိေသးေၾကာင္း သိရသည္။ ‘အဲဒီလိုေတာ့ မလုပ္သင့္ဘူးေပါ့။ ကိုယ့္ျပည္ကိုယ္ကာကြယ္တာက ကာကြယ္တာေပါ့ေနာ္။ ဘယ္အရာမဆို အတင္းအဓမၼဆိုတာမ်ိဳးက ဘယ္အဖြဲ႕အစည္း မဆိုမလုပ္သင့္တဲ့ အရာမ်ိဳးလို႔ ေျပာခ်င္ပါတယ္။ မျဖစ္သင့္တဲ့လုပ္ ရပ္ဆိုတာကေတာ့ ကြက္ကြက္ကြင္းကြင္း သိႏိုင္ပါတယ္’ဟု အထက္ပါ ေဒသခံကေျပာသည္။ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို AA အဖြဲ႕က တိုက္ခိုက္ရာတြင္ ေသဆုံးသူမ်ားသည့္အတြက္ အရပ္သားမ်ားကို ခါေတာ္မီလက္နက္ တပ္ဆင္ေပးကာ စစ္ေျမျပင္သို႔ ပို႔ေဆာင္မႈမ်ားရွိခဲ့ေၾကာင္း NP News ၏ သတင္း ရင္းျမစ္တစ္ဦး ေျဖၾကားထားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.