အစ္စရေးက ဂါဇာဒေသရှိဆေးရုံကိုစီးနင်းခဲ့ပြီးနောက် ဟားမတ်အဖွဲ့ဝင်(၂ဝ)ကို သုတ်သင်နိုင်ခဲ့သလိုအကြမ်းဖက်သမား (၂၀၀)ကျော် ဖမ်းဆီးရမိဟုဆို

 523

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃ဝ

အစ္စရေးစစ်တပ်က ဂါဇာဒေသမြောက်ပိုင်းရှိဆေးရုံကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်အတွင်း ဟားမတ်အဖွဲ့ဝင် ၂၀ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ Kamal Adwan ဆေးရုံကို ပြီးခဲ့တဲ့ရက်ပိုင်းမှာစီးနင်းတိုက်ခိုက်ခဲ့ချိန်အတွင်း ဆေးရုံမှာ လူနာတွေ၊ ဝန်ထမ်းတွေ မရှိသလောက်နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး စစ်တပ်ဟာ ဆေးရုံကို စီးနင်းတိုက်ခိုက်မှုမလုပ်ခင် ဆေးရုံအတွင်းရှိလူနာများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ အစ္စရေးစစ်တပ်က "ဆေးရုံကိုစီးနင်းချိန်အတွင်း အကြမ်း ဖက်သမား ၂၀ ဦးခန့်သုတ်သင်နိုင်ခဲ့တယ်။ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို သိမ်းယူရရှိခဲ့တယ်။ ဟားမတ်အဖွဲ့နဲ့ ဂျီဟတ်အဖွဲ့ဝင် ရာချီကို ဖမ်းဆီးနိုင်ခဲ့တယ်"လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ အဆိုပါဆေးရုံကို စီးနင်းချိန်အတွင်း ဟားမတ်အဖွဲ့ဝင် အနည်းဆုံး ၂၄၀ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဆေးရုံဒါရိုက်တာဖြစ်သူကိုတော့ ဟားမတ်စစ်သွေးကြွအဖွဲ့ နဲ့ ဆက်နွှယ်မှုရှိတယ်လို့ သံသယရှိတဲ့အတွက်ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ဆေးရုံရဲ့အကြီးအကဲဖြစ်သူ ဖမ်းဆီးခံရခြင်းအပေါ် စိတ်ဆိုးဒေါသဖြစ်မိတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်က "စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း နေရာတစ်ခုတည်းကနေ အကြမ်းဖက်သမားအများအပြား ဖမ်းဆီးရမိတဲ့ စစ်ဆင်ရေးဖြစ်ခဲ့တယ်"လို့ ပြောပါတယ်။

အစ္စရေး နဲ့ ဟားမတ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ (၁)နှစ်ကျော်လာခဲ့ပေမယ့် လက်ရှိအချိန်အထိအပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

zawgyi version
အစၥေရးက ဂါဇာေဒသရွိေဆး႐ုံကိုစီးနင္းခဲ့ၿပီးေနာက္ ဟားမတ္အဖြဲ႕ဝင္(၂ဝ)ကို သုတ္သင္ႏိုင္ခဲ့သလိုအၾကမ္းဖက္သမား (၂၀၀)ေက်ာ္ ဖမ္းဆီးရမိဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃ဝ

အစၥေရးစစ္တပ္က ဂါဇာေဒသေျမာက္ပိုင္းရွိေဆး႐ုံကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခ်ိန္အတြင္း ဟားမတ္အဖြဲ႕ဝင္ ၂၀ ဦးကို သုတ္သင္ႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

အစၥေရးစစ္တပ္ဟာ Kamal Adwan ေဆး႐ုံကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာစီးနင္းတိုက္ခိုက္ခဲ့ခ်ိန္အတြင္း ေဆး႐ုံမွာ လူနာေတြ၊ ဝန္ထမ္းေတြ မရွိသေလာက္နည္းပါးခဲ့တယ္လို႔ ဆိုပါတယ္။ အစၥေရး စစ္တပ္ဟာ ေဆး႐ုံကို စီးနင္းတိုက္ခိုက္မႈမလုပ္ခင္ ေဆး႐ုံအတြင္းရွိလူနာမ်ားကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။ အစၥေရးစစ္တပ္က "ေဆး႐ုံကိုစီးနင္းခ်ိန္အတြင္း အၾကမ္း ဖက္သမား ၂၀ ဦးခန႔္သုတ္သင္ႏိုင္ခဲ့တယ္။ ေပါက္ကြဲေစတဲ့ပစၥည္းေတြကို သိမ္းယူရရွိခဲ့တယ္။ ဟားမတ္အဖြဲ႕နဲ႔ ဂ်ီဟတ္အဖြဲ႕ဝင္ ရာခ်ီကို ဖမ္းဆီးႏိုင္ခဲ့တယ္"လို႔ ေျပာပါတယ္။

အစၥေရးစစ္တပ္ဟာ အဆိုပါေဆး႐ုံကို စီးနင္းခ်ိန္အတြင္း ဟားမတ္အဖြဲ႕ဝင္ အနည္းဆုံး ၂၄၀ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးစစ္တပ္က ၎တို႔ဟာ ေဆး႐ုံဒါ႐ိုက္တာျဖစ္သူကိုေတာ့ ဟားမတ္စစ္ေသြးႂကြအဖြဲ႕ နဲ႔ ဆက္ႏႊယ္မႈရွိတယ္လို႔ သံသယရွိတဲ့အတြက္ဖမ္းဆီးထားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနကေတာ့ ေဆး႐ုံရဲ႕အႀကီးအကဲျဖစ္သူ ဖမ္းဆီးခံရျခင္းအေပၚ စိတ္ဆိုးေဒါသျဖစ္မိတယ္လို႔ ဆိုပါတယ္။ အစၥေရးစစ္တပ္က "စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ေနရာတစ္ခုတည္းကေန အၾကမ္းဖက္သမားအမ်ားအျပား ဖမ္းဆီးရမိတဲ့ စစ္ဆင္ေရးျဖစ္ခဲ့တယ္"လို႔ ေျပာပါတယ္။

အစၥေရး နဲ႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲဟာ (၁)ႏွစ္ေက်ာ္လာခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိအပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိဘဲ တိုက္ပြဲေတြဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.