ကမ္ဘောဒီးယားမှာ တရားမဝင် ဝင်ရောက်လာသူအဖြစ် ဖမ်းဆီးထားတဲ့ အငှားကိုယ်ဝန်ဆောင်သည်ဖိလစ်ပိုင်အမျိုးသမီး ၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

1472

ရောင်နီ (NP News) - ဒီဇင်ဘာ ၃ဝ
ကမ္ဘောဒီးယားနိုင်ငံမှာ တရားမ၀င် အငှားကိုယ်ဝန်ဆောင် မိခင်အဖြစ် အသက်မွေးဖို့ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်အမျိုးသမီး ၁၃ ဦးကို ထောင်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားပါတယ်။
အဆိုပါအမျိုးသမီးတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကမ္ဘောဒီးယားရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ နိုင်ငံခြားအမျိုးသမီး ၂၄ ဦးမှာ ပါဝင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ၄င်းတို့ရဲ့ကလေးသုံးဦးတို့ကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၉ ရက်) အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ပို့ဆောင်ခဲ့ပြီး အစိုးရနဲ့ချိတ်ဆက်ပေးခဲ့တယ်လို့ လူမှုဝန်ထမ်းဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြန်ပို့ခံရသူတွေထဲမှာ အမျိုးသမီး ၁၀ ဦးဟာ ကိုယ်ဝန်ရှိနေဆဲဖြစ်ပြီး အဆိုပါရင်သွေးတွေအတွက် အခြေအနေကတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။ ကမ္ဘောဒီးယားနိုင်ငံဟာ အငှားကိုယ်ဝန်ဆောင်ခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာဖြစ်ပါတယ်။
ကမ္ဘောဒီးယား အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအတွက် ပွဲစားခ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား ပေးဆောင်ကြရပြီး အဲဒီလိုအငှားကိုယ်ဝန်ဆောင်အမျိုးသမီးကို လိုလားကြသူတွေကတော့ တရုတ်နိုင်သား စုံတွဲတွေ ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
ကေမာၻဒီးယားမွာ တရားမဝင္ ဝင္ေရာက္လာသူအျဖစ္ ဖမ္းဆီးထားတဲ့ အငွားကိုယ္ဝန္ေဆာင္သည္ ဖိလစ္ပိုင္အမ်ိဳးသမီး ၁၃ ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၃ဝ
ကေမာၻဒီးယားႏိုင္ငံမွာ တရားမ၀င္ အငွားကိုယ္ဝန္ေဆာင္ မိခင္အျဖစ္ အသက္ေမြးဖို႔ ဝင္ေရာက္လာတဲ့ ဖိလစ္ပိုင္အမ်ိဳးသမီး ၁၃ ဦးကို ေထာင္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တယ္လို႔ ဖိလစ္ပိုင္အစိုးရက ဒီဇင္ဘာ ၂၉ ရက္မွာ ေျပာၾကားပါတယ္။
အဆိုပါအမ်ိဳးသမီးေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလက ကေမာၻဒီးယားရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းလိုက္တဲ့ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္သူ ႏိုင္ငံျခားအမ်ိဳးသမီး ၂၄ ဦးမွာ ပါဝင္ခဲ့ၿပီး ဒီဇင္ဘာ ၂ ရက္က ေထာင္ဒဏ္ ေလးႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြနဲ႔ ၄င္းတို႔ရဲ႕ကေလးသုံးဦးတို႔ကို တနဂၤေႏြေန႔ (ဒီဇင္ဘာ ၂၉ ရက္) အေစာပိုင္းက ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ကို ပို႔ေဆာင္ခဲ့ၿပီး အစိုးရနဲ႔ခ်ိတ္ဆက္ေပးခဲ့တယ္လို႔ လူမႈဝန္ထမ္းဌာနက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျပန္ပို႔ခံရသူေတြထဲမွာ အမ်ိဳးသမီး ၁၀ ဦးဟာ ကိုယ္ဝန္ရွိေနဆဲျဖစ္ၿပီး အဆိုပါရင္ေသြးေတြအတြက္ အေျခအေနကေတာ့ ဘယ္လိုျဖစ္လာမယ္ဆိုတာ အေသးစိတ္ ေဖာ္ျပျခင္းမရွိပါဘူး။ ကေမာၻဒီးယားႏိုင္ငံဟာ အငွားကိုယ္ဝန္ေဆာင္ျခင္းကို တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားတာျဖစ္ပါတယ္။
ကေမာၻဒီးယား အငွားကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦးအတြက္ ပြဲစားခ အေမရိကန္ေဒၚလာ ၄၀,၀၀၀ မွ ၁၀၀,၀၀၀ ၾကား ေပးေဆာင္ၾကရၿပီး အဲဒီလိုအငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို လိုလားၾကသူေတြကေတာ့ တ႐ုတ္ႏိုင္သား စုံတြဲေတြ ျဖစ္တယ္လို႔ သိရပါတယ္။