စင်ကာပူနိုင်ငံ ဘူကစ်တီမို့ဟ်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့
211
ရောင်နီ (NP News) - ဒီဇင်ဘာ ၃ဝ
စင်ကာပူနိုင်ငံ၊ ဘူကစ်တီမို့ဟ်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၉ ရက်) က ရုတ်တရက် ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံ နေရာအတော်များများမှာ တနင်္ဂနွေနေ့မွန်းလွဲပိုင်းကစ မိုးသည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပြီး King Albert Park အနီး၊ Dunearn လမ်းနဲ့ Bukit Timah လမ်းတစ်လျှောက် အနီးနား မြောင်းတွေနဲ့ Bukit Timah တူးမြောင်းမှာ ရေလျှံခဲ့ပြီး ညနေ ၅ နာရီခန့် အချိန်မှာ ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တယ်လို့ အမျိုးသားရေအေဂျင်စီ PUB က ပြောကြားပါတယ်။
ဒါပေမယ့် မိနစ် ၂၀ အတွင်း ရေပြန်ကျအောင်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Bukit Timah ဧရိယာဟာ ရေကြီးလေ့ရှိတာကြောင့် Bukit Timah တူးမြောင်းနဲ့ Bukit Timah First Diversion Canal တစ်လျှောက် ရေနုတ်မြောင်း ပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ PUB မှ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါအပြင် စင်ကာပူဟာ ရိုင်ဖယ်လမ်းမှ ဂျာလန်ကမ်ပေါင်ချန်တော့ခ်အထိ မီတာ ၉၀၀ ရှည်လျားတဲ့ ဘူကစ်တီမိုဟ့် တူးမြောင်းကို ချဲ့ထွင်ဖို့လည်း ဆောင်ရွက်လျက် ရှိပြီး ၎င်းကို ၂၀၂၆ ခုနှစ်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ လက်ရှိ အရှေ့မြောက်မုတ်သုံလေကြောင့် ဒီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ PUB က ပြောပါတယ်။
Zawgyi Version;
စင္ကာပူႏိုင္ငံ ဘူကစ္တီမို႔ဟ္ေဒသမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ႐ုတ္တရက္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့
ေရာင္နီ (NP News) - ဒီဇင္ဘာ ၃ဝ
စင္ကာပူႏိုင္ငံ၊ ဘူကစ္တီမို႔ဟ္ေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ တနဂၤေႏြေန႔ (ဒီဇင္ဘာ ၂၉ ရက္) က ႐ုတ္တရက္ ေရႀကီး၊ ေရလွ်ံမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
စကၤာပူႏိုင္ငံ ေနရာအေတာ္မ်ားမ်ားမွာ တနဂၤေႏြေန႔မြန္းလြဲပိုင္းကစ မိုးသည္းထန္စြာ႐ြာသြန္းခဲ့တာျဖစ္ၿပီး King Albert Park အနီး၊ Dunearn လမ္းနဲ႔ Bukit Timah လမ္းတစ္ေလွ်ာက္ အနီးနား ေျမာင္းေတြနဲ႔ Bukit Timah တူးေျမာင္းမွာ ေရလွ်ံခဲ့ၿပီး ညေန ၅ နာရီခန႔္ အခ်ိန္မွာ ႐ုတ္တရက္ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့တယ္လို႔ အမ်ိဳးသားေရေအဂ်င္စီ PUB က ေျပာၾကားပါတယ္။
ဒါေပမယ့္ မိနစ္ ၂၀ အတြင္း ေရျပန္က်ေအာင္လုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Bukit Timah ဧရိယာဟာ ေရႀကီးေလ့ရွိတာေၾကာင့္ Bukit Timah တူးေျမာင္းနဲ႔ Bukit Timah First Diversion Canal တစ္ေလွ်ာက္ ေရႏုတ္ေျမာင္း ျပဳျပင္ျခင္းလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ PUB မွ မွတ္ခ်က္ျပဳခဲ့ပါတယ္။
ဒါအျပင္ စင္ကာပူဟာ ႐ိုင္ဖယ္လမ္းမွ ဂ်ာလန္ကမ္ေပါင္ခ်န္ေတာ့ခ္အထိ မီတာ ၉၀၀ ရွည္လ်ားတဲ့ ဘူကစ္တီမိုဟ့္ တူးေျမာင္းကို ခ်ဲ႕ထြင္ဖို႔လည္း ေဆာင္႐ြက္လ်က္ ရွိၿပီး ၎ကို ၂၀၂၆ ခုႏွစ္မွာ အၿပီးသတ္မယ္လို႔ သိရပါတယ္။ လက္ရွိ အေရွ႕ေျမာက္မုတ္သုံေလေၾကာင့္ ဒီကာလအတြင္း မိုးသည္းထန္စြာ႐ြာသြန္းႏိုင္တယ္လို႔ PUB က ေျပာပါတယ္။