ဘန်ကောက်မှာ ဟိုတယ်တစ်ခု မီးလောင်မှုပြီး နိုင်ငံခြားသား သုံးဦး သေဆုံး

427
ရောင်နီ (NP News) − ဒီဇင်ဘာ ၃ဝ
ထိုင်းနိုင်ငံ၊ ဘန်ကောင်မြို့ရှိ ဟိုတယ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက်က မီးလောင်မှုကြောင့် အမေရိကန်၊ ဘရာဇီးနဲ့ ယူကရိန်းနိုင်ငံသား ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။
ဘန်ကောက်မြို့မှာ ခေါက်ဆန်ခရိုင်၊ Ember Hotel ရဲ့ခြောက်ထပ်နဲ့ ငါးထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဘန်ကောက်မြို့ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ဘရာဇီးလ်အမျိုးသမီးတစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးသွားပြီး အမျိုးသားနှစ်ဦး၊ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံသားတစ်ဦးတို့ကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟိုတယ်မှာ လူ ၇၅ ဦးရှိနေခဲ့ပြီး ၃၄ ဦးကို ခေါင်မိုးထပ်မှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိအတွင်း နိုင်ငံခြားခရီးသွား ၃၂ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကထက် ၂၈ ရာခိုင်နှုန်း တိုးလာခဲ့ကာ ခရီးသွားဝင်ငွေ ဘတ် ၁.၅ ထရီလီယံ (ဒေါ်လာ ၆၀ ဘီလီယံ) ထိ ရရှိထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ဘန္ေကာက္မွာ ဟိုတယ္တစ္ခု မီးေလာင္မႈၿပီး ႏိုင္ငံျခားသား သုံးဦး ေသဆုံး
ေရာင္နီ (NP News) − ဒီဇင္ဘာ ၃ဝ
ထိုင္းႏိုင္ငံ၊ ဘန္ေကာင္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွာ ဒီဇင္ဘာ ၂၉ ရက္က မီးေလာင္မႈေၾကာင့္ အေမရိကန္၊ ဘရာဇီးနဲ႔ ယူကရိန္းႏိုင္ငံသား ၃ ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။
ဘန္ေကာက္ၿမိဳ႕မွာ ေခါက္ဆန္ခ႐ိုင္၊ Ember Hotel ရဲ႕ေျခာက္ထပ္နဲ႔ ငါးထပ္မွာ မီးေလာင္မႈ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဘန္ေကာက္ၿမိဳ႕ မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာနက ေျပာပါတယ္။ ဘရာဇီးလ္အမ်ိဳးသမီးတစ္ဦးဟာ အခင္းျဖစ္ပြားရာေနရာမွာတင္ ေသဆုံးသြားၿပီး အမ်ိဳးသားႏွစ္ဦး၊ အေမရိကန္နဲ႔ ယူကရိန္းႏိုင္ငံသားတစ္ဦးတို႔ကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၃၀ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
မီးေလာင္ရတဲ့အေၾကာင္းရင္းကိုလည္း စုံစမ္းစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဟိုတယ္မွာ လူ ၇၅ ဦးရွိေနခဲ့ၿပီး ၃၄ ဦးကို ေခါင္မိုးထပ္မွ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းႏိုင္ငံမွာ ဇန္နဝါရီ ၁ ရက္မွ ဒီဇင္ဘာ ၁ ရက္အထိအတြင္း ႏိုင္ငံျခားခရီးသြား ၃၂ သန္း ဝင္ေရာက္ခဲ့ၿပီး ယခင္ႏွစ္ကထက္ ၂၈ ရာခိုင္ႏႈန္း တိုးလာခဲ့ကာ ခရီးသြားဝင္ေငြ ဘတ္ ၁.၅ ထရီလီယံ (ေဒၚလာ ၆၀ ဘီလီယံ) ထိ ရရွိထားတယ္လို႔ သိရပါတယ္။