အမေရိကန်နိုင်ငံမှာ နှစ်သစ်ကူးနေ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၅ ဦးသေဆုံး
597
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
အမေရိကန်နိုင်ငံ နယူးအော်လန်မြို့မှာ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပစ်ကပ်ကားတစ်စီးကို မောင်းနှင်လာ သူတစ်ဦးဟာ ပြည်နယ်အတွင်းရှိ လူစည်းရာ အရပ်ဒေသဖြစ်တဲ့ French Quarter အရပ်ဒေသမှာ လူအုပ်ကြီးထဲကို အရှိန်နဲ့ကားကို ရည်ရွယ်ချက်ချက်မောင်းနှင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် အက်ဖ်ဘီအိုင်အဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ပစ်ကပ်ကားကိုမောင်းနှင် တိုက်ခိုက်ခဲ့သူဟာ လက်ရှိအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ကပ်ကားကို မောင်းနှင်ခဲ့သူဟာ ကားအပေါ် ကနေ ရဲတွေကိုသေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အက်ဖ်ဘီအိုင်က အဆိုပါ ပစ်ကပ်ကားမှာလည်း ပေါက်ကွဲစေတဲ့ပစ္စည်းတွေအပြင် Islamic State အလံကိုလည်း တွေ့ရှိ ရပြီး အဲဒီတိုက်ခိုက်မှုကိုတစ်ဦးတည်းလုပ်ဆောင်ခြင်းဖြစ်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူဟာ တက်ဆက်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်ဆွတ် ဒင်ဂျက်ဘာ ဆိုသူဖြစ်ပြီး လူမူကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဖိုင်တွေထဲမှာ လူသတ်ဖို့ ဆန္ဒရှိနေတဲ့အကြောင်းတွေကို ဖော်ပြထားတယ်လို့ အမေရိကန်သမ္မတက လုံခြုံရေးအဖွဲ့အစည်းတွေရဲ့တင်ပြချက်ကို ကိုးကားပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။
နှစ်သစ်ကူးနေ့မှာ လက်ဗီးဂတ်မြို့ရှိ Trump Hotel အပြင်ဘက်နားက Tesla Cybertruck မှာလည်း ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အဲဒီပေါက်ကွဲမှုနှစ်ခု ဆက်နွယ်ခြင်း ရှိ/မရှိ ဆိုတာကို စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့က ကားကို အရှိန်နဲ့မောင်းနှင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ခဲ့သူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းခဲ့သေးကြောင်း ပြောပါတယ်။
F-150 Lightning အမျိုးအစား အဖြူရောင်ကားကိုအသုံးပြုကာတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူအများစုက ဒေသခံတွေဖြစ်ပြီး ကားနဲ့ဝင်တိုက်မှုဖြစ်ပွားတဲ့နေရာဟာ ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်မှုများပြီး လူစည်း ကားတဲ့နေရာမျိုးဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ႏွစ္သစ္ကူးေန႔က အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားၿပီး အနည္းဆုံး လူ ၁၅ ဦးေသဆုံး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂
အေမရိကန္ႏိုင္ငံ နယူးေအာ္လန္ၿမိဳ႕မွာ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္က အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၁၅ ဦးေသဆုံးခဲ့ၿပီး အနည္းဆုံး ၃၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ ပစ္ကပ္ကားတစ္စီးကို ေမာင္းႏွင္လာ သူတစ္ဦးဟာ ျပည္နယ္အတြင္းရွိ လူစည္းရာ အရပ္ေဒသျဖစ္တဲ့ French Quarter အရပ္ေဒသမွာ လူအုပ္ႀကီးထဲကို အရွိန္နဲ႔ကားကို ရည္႐ြယ္ခ်က္ခ်က္ေမာင္းႏွင္ကာ တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္ အက္ဖ္ဘီအိုင္အဖြဲ႕က အဲဒီတိုက္ခိုက္မႈဟာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ၿပီး ပစ္ကပ္ကားကိုေမာင္းႏွင္ တိုက္ခိုက္ခဲ့သူဟာ လက္ရွိအခ်ိန္မွာ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ ပစ္ကပ္ကားကို ေမာင္းႏွင္ခဲ့သူဟာ ကားအေပၚ ကေန ရဲေတြကိုေသနတ္ေတြနဲ႔ပစ္ခတ္ခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။
အက္ဖ္ဘီအိုင္က အဆိုပါ ပစ္ကပ္ကားမွာလည္း ေပါက္ကြဲေစတဲ့ပစၥည္းေတြအျပင္ Islamic State အလံကိုလည္း ေတြ႕ရွိ ရၿပီး အဲဒီတိုက္ခိုက္မႈကိုတစ္ဦးတည္းလုပ္ေဆာင္ျခင္းျဖစ္ဖြယ္ မရွိဘူးလို႔ ဆိုပါတယ္။
အဲဒီတိုက္ခိုက္မႈကို က်ဴးလြန္ခဲ့သူဟာ တက္ဆက္ျပည္နယ္မွာေနထိုင္တဲ့ ရွမ္ဆြတ္ ဒင္ဂ်က္ဘာ ဆိုသူျဖစ္ၿပီး လူမူကြန္ရက္မွာ တင္ထားတဲ့ ႐ုပ္သံဖိုင္ေတြထဲမွာ လူသတ္ဖို႔ ဆႏၵရွိေနတဲ့အေၾကာင္းေတြကို ေဖာ္ျပထားတယ္လို႔ အေမရိကန္သမၼတက လုံၿခဳံေရးအဖြဲ႕အစည္းေတြရဲ႕တင္ျပခ်က္ကို ကိုးကားၿပီး ျပန္လည္ေျပာဆိုခဲ့ပါတယ္။
ႏွစ္သစ္ကူးေန႔မွာ လက္ဗီးဂတ္ၿမိဳ႕ရွိ Trump Hotel အျပင္ဘက္နားက Tesla Cybertruck မွာလည္း ေပါက္ကြဲမႈျဖစ္ပြား ခဲ့ၿပီး အဲဒီေပါက္ကြဲမႈႏွစ္ခု ဆက္ႏြယ္ျခင္း ရွိ/မရွိ ဆိုတာကို စုံစမ္းစစ္ေဆးမယ္လို႔ ေျပာပါတယ္။ အေမရိကန္ရဲတပ္ဖြဲ႕က ကားကို အရွိန္နဲ႔ေမာင္းႏွင္ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈက်ဴးလြန္ခဲ့သူဟာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ေသးေၾကာင္း ေျပာပါတယ္။
F-150 Lightning အမ်ိဳးအစား အျဖဴေရာင္ကားကိုအသုံးျပဳကာတိုက္ခိုက္ခဲ့တာျဖစ္ၿပီး ထိခိုက္ေသဆုံးသူအမ်ားစုက ေဒသခံေတြျဖစ္ၿပီး ကားနဲ႔ဝင္တိုက္မႈျဖစ္ပြားတဲ့ေနရာဟာ ျပည္ပခရီးသြားေတြ လာေရာက္လည္ပတ္မႈမ်ားၿပီး လူစည္း ကားတဲ့ေနရာမ်ိဳးျဖစ္တယ္လို႔ အေမရိကန္အာဏာပိုင္ေတြက ေျပာပါတယ္။