MNDAA၊ TNLA၊ KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီးအပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထား

 9726

သန့်ဇင် (NP News) - ဇန်နဝါရီ ၃

MNDAA၊ TNLA နှင့် KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီးအပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်း သတင်းရရှိမှုကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မန္တလေးမြို့တွင်နေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ပိုင်ရှင် ဦးသိန်းသန်းဝင်းပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့တွင်နေထိုင်သည့် အသက်(၂၆)နှစ်အရွယ် ဒေါ်ထက်ထက်မျိုးဆွေ ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့တွင်နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် ဒေါ်ဇင်မာမြင့် ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့တွင်နေထိုင်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မျိုးမင်းပိုင်ဆိုင်သည့် စက်သုံးဆီခြံ နှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့်ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ကားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်

အထက်ပါ နေရာ(၅) နေရာမှ ကျူးလွန်သူ (၁၇) ဦးအား (၂၂) ဘီး ဆီသယ်ယာဉ်(၄) စီး၊ ဆီနောက်တွဲယာဉ် (၁)စီး၊ (၂ဝ) ဘီး ဆီသယ်ယာဉ် (၃) စီး၊ (၁၂)ဘီး ဆီသယ်ယာဉ် (၁) စီး၊ (၁ဝ) ဘီး ဆီသယ်ယာဉ် (၃) စီး၊ (၈)ဘီး ဆီသယ်ယာဉ် (၁) စီး၊ (၆) ဘီး ဆီသယ်ယာဉ် (၃) စီး၊ Light Truck ယာဉ် (၅) စီး၊ Toyota Van (၁) စီး၊ စုစုပေါင်းယာဉ် (၂၂) စီး၊ ပရီမီယမ်ဒီဇယ် (၃ဝ,ဝ၈၃) ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ (၃၀,၄၆၂ )ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ (၆၀,၅၄၅) ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ တရားမဝင်စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီများအား မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား (ရတနာပုံ) အား ဖြတ်သန်း၍ စစ်ကိုင်း - ရှိန်းမကား - ကမ်းဖြူ - သစ်စိမ့်ကြီးသို့ စစ်ကိုင်း - ရွှေဘိုအမှတ် (၃) ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ခြင်းဖြစ်ကြောင် သိရသည်။

ထိုမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/ PDF များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့လည်းကောင်း အသီးသီးပို့ဆောင်ရောင်းချလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများကလည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုအပေါ်မူတည်၍ တရားဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှတစ်ဆင့် စက်သုံးဆီများဝယ်ယူစုဆောင်းကာ အရေအတွက်များပြားလာပါက တရားမဝင်ဆီသိုလှောင်ခြံများသို့ သွားရောက်ရောင်းချမှုများပြုလုပ်ကြကြောင်း သိရသည်။

ထို့ကြောင့် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်းများ ပေါ်ပေါက်နေပြီး တရားမဝင်ဈေးကွက်တစ်ခုသဖွယ်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်တွင်းဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်၍ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်ခဲ့သည့် ကျူးလွန်သူ(၁၇) ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာ အရေးယူထားကာ ဖမ်းဆီးရမိခဲ့သည့်ယာဉ်များနှင့် စက်သုံးဆီများအား စိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
MNDAA၊ TNLA၊ KIA ထိန္းခ်ဳပ္ရာေဒမ်ားသို႔ စက္သုံးဆီမ်ား သယ္ေဆာင္ေရာင္းဝယ္မႈျပဳလုပ္ေနသူမ်ားကို ကား(၂၂)စီးအပါအဝင္ ဆီဂါလံေပါင္း(၆၀၀၀၀)ေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိထား
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၃

MNDAA၊ TNLA ႏွင့္ KIA ထိန္းခ်ဳပ္ရာေဒမ်ားသို႔ စက္သုံးဆီမ်ား သယ္ေဆာင္ေရာင္းဝယ္မႈျပဳလုပ္ေနသူမ်ားကို ကား(၂၂)စီးအပါအဝင္ ဆီဂါလံေပါင္း(၆၀၀၀၀)ေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဒီဇင္ဘာ ၂၇ ရက္၊ မြန္းလြဲ ၁နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ ေညာင္ပင္ဇင္ေက်း႐ြာ၊ ကံတလူ ပူးေပါင္းစစ္ေဆးေရးဂိတ္အနီးတြင္ ဆီသိုေလွာင္ၿခံမ်ားျပဳလုပ္၍ သိုေလွာင္ေရာင္းဝယ္လ်က္ရွိေၾကာင္း သတင္းရရွိမႈေၾကာင့္ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ဝင္ေရာက္ဖမ္းဆီးခဲ့ရာ မႏၲေလးၿမိဳ႕တြင္ေနထိုင္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ပိုင္ရွင္ ဦးသိန္းသန္းဝင္းပိုင္ဆိုင္သည့္ သိန္းသန္းစက္သုံးဆီၿခံ၊ ဆားေတာင္ၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၂၆)ႏွစ္အ႐ြယ္ ေဒၚထက္ထက္မ်ိဳးေဆြ ဦးစီးလုပ္ကိုင္လ်က္ရွိသည့္ စက္သုံးဆီၿခံ၊ ျမင္းမူၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၂၇)ႏွစ္အ႐ြယ္ ေဒၚဇင္မာျမင့္ ဦးစီးလုပ္ကိုင္လ်က္ရွိသည့္ စက္သုံးဆီၿခံ၊ ျမစ္ငယ္ၿမိဳ႕တြင္ေနထိုင္ကာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ မ်ိဳးမင္းပိုင္ဆိုင္သည့္ စက္သုံးဆီၿခံ ႏွင့္ Golden Star စားေသာက္ဆိုင္အနီးတြင္ ရပ္တန႔္ထားသည့္ တရားမဝင္စက္သုံးဆီေရာင္းဝယ္သည့္ကားမ်ားအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

အထက္ပါ ေနရာ(၅) ေနရာမွ က်ဴးလြန္သူ (၁၇) ဦးအား (၂၂) ဘီး ဆီသယ္ယာဥ္(၄) စီး၊ ဆီေနာက္တြဲယာဥ္ (၁)စီး၊ (၂ဝ) ဘီး ဆီသယ္ယာဥ္ (၃) စီး၊ (၁၂)ဘီး ဆီသယ္ယာဥ္ (၁) စီး၊ (၁ဝ) ဘီး ဆီသယ္ယာဥ္ (၃) စီး၊ (၈)ဘီး ဆီသယ္ယာဥ္ (၁) စီး၊ (၆) ဘီး ဆီသယ္ယာဥ္ (၃) စီး၊ Light Truck ယာဥ္ (၅) စီး၊ Toyota Van (၁) စီး၊ စုစုေပါင္းယာဥ္ (၂၂) စီး၊ ပရီမီယမ္ဒီဇယ္ (၃ဝ,ဝ၈၃) ဂါလန္၊ ေအာက္တိန္း 92 ဓာတ္ဆီ (၃၀,၄၆၂ )ဂါလန္၊ စုစုေပါင္းစက္သုံးဆီမ်ိဳးစုံ (၆၀,၅၄၅) ဂါလန္ႏွင့္ တရားမဝင္စက္သုံးဆီမ်ား အေရာင္းအဝယ္ ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ေငြမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးခ်က္မ်ားအရ တရားမဝင္စက္သုံးဆီေရာင္းခ်သူမ်ားသည္ စက္သုံးဆီမ်ားအား မႏၲေလးၿမိဳ႕မွတစ္ဆင့္ ဧရာဝတီတံတား (ရတနာပုံ) အား ျဖတ္သန္း၍ စစ္ကိုင္း - ရွိန္းမကား - ကမ္းျဖဴ - သစ္စိမ့္ႀကီးသို႔ စစ္ကိုင္း - ေ႐ႊဘိုအမွတ္ (၃) ခ႐ိုင္ခ်င္းဆက္လမ္းမႀကီးအတိုင္း သယ္ေဆာင္ျခင္းျဖစ္ေၾကာင္ သိရသည္။

ထိုမွတစ္ဆင့္ KIA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္လုပ္ကိုင္လ်က္ရွိေသာ ဖားကန႔္ေဒသရွိ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းမ်ား၊ တႏိုင္းေဒသရွိ ေ႐ႊႏွင့္ပယင္းေမွာ္လုပ္ငန္းမ်ားသို႔လည္းေကာင္း၊ PDF အၾကမ္းဖက္အဖြဲ႕မ်ား ထိန္းခ်ဳပ္လုပ္ကိုင္လ်က္ရွိေသာ ေကာလင္းေဒသရွိ တရားမဝင္ေ႐ႊလုပ္ကြက္မ်ားႏွင့္ ခ်င္းတြင္း ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ တရားမဝင္ေ႐ႊလုပ္ကြက္မ်ား၊ TNLA/ PDF မ်ား ထိန္းခ်ဳပ္လုပ္ကိုင္လ်က္ရွိေသာ စဥ့္ကူးၿမိဳ႕နယ္၊ သပိတ္က်င္းေဒသရွိ တရားမဝင္ေ႐ႊလုပ္ကြက္မ်ားသို႔လည္းေကာင္း၊ မိုးကုတ္ေဒသရွိ တရားမဝင္ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ကြက္မ်ားသို႔လည္းေကာင္း အသီးသီးပို႔ေဆာင္ေရာင္းခ်လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အလားတူ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ေဒသခံျပည္သူမ်ားကလည္း စက္သုံးဆီေဈးႏႈန္းႀကီးျမင့္မႈအေပၚမူတည္၍ တရားဝင္ဖြင့္လွစ္ေရာင္းခ်လ်က္ရွိေသာ စက္သုံးဆီဆိုင္မ်ားမွတစ္ဆင့္ စက္သုံးဆီမ်ားဝယ္ယူစုေဆာင္းကာ အေရအတြက္မ်ားျပားလာပါက တရားမဝင္ဆီသိုေလွာင္ၿခံမ်ားသို႔ သြားေရာက္ေရာင္းခ်မႈမ်ားျပဳလုပ္ၾကေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တရားမဝင္စက္သုံးဆီေရာင္းဝယ္သည့္လုပ္ငန္းမ်ား ေပၚေပါက္ေနၿပီး တရားမဝင္ေဈးကြက္တစ္ခုသဖြယ္ျဖစ္ေပၚလ်က္ရွိေသာေၾကာင့္ ျပည္တြင္းေဈးကြက္၌ စက္သုံးဆီေဈးႏႈန္းမ်ား ျမင့္တက္လာခဲ့ၿပီး ဆီေဈးႏႈန္းႀကီးျမင့္မႈေပၚမူတည္၍ အေျခခံစားေသာက္ကုန္မ်ား၏ ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ တရားမဝင္စက္သုံးဆီမ်ား သိုေလွာင္ေရာင္းခ်မႈျပဳလုပ္ခဲ့သည့္ က်ဴးလြန္သူ(၁၇) ဦးအား အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ ၅ ျဖင့္ ထိေရာက္စြာ အေရးယူထားကာ ဖမ္းဆီးရမိခဲ့သည့္ယာဥ္မ်ားႏွင့္ စက္သုံးဆီမ်ားအား စိစစ္မႈမ်ားျပဳလုပ္၍ ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.