ဒဏ်ရာအဖုံဖုံဖြင့် ဖြတ်သန်းခဲ့ရသော ၂၀၂၄ ထဲက မှတ်တမ်း
728
မြူနစ် (NP News) - ဇန်နဝါရီ ၈
NP News အနေဖြင့် ပြီးခဲ့သော (၂၀၂၄)ခုနှစ်တွင် မြန်မာနိုင်ငံတော်တစ်ဝန်းဖြစ်ပွားခဲ့သော ထင်ရှားကျော်ကြားသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောသတင်းအကြောင်းအရာများကို ပြန်လည်ကာ သတိချပ်စေရန် ဖော်အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး၏ တစ်နှစ်တာခရီးအတွင်း ပြောဆိုဆောင်ရွက်ချက်များ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရသည် နိုင်ငံတော်တာဝန်ကို ရယူခဲ့ သည်မှာ (၄)နှစ်တာကာလသို့ပင် ရောက်ရှိမည်ဖြစ် သည်။ ပြီးခဲ့သော (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ(၁)ရက် တွင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူလူထုကို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောဆိုကာ စတင်ဖွင့်လှစ်ခဲ့၏။ ၎င်း၏ နှုတ်ခွန်း ဆက်စကားတွင် နစကအစိုးရအနေဖြင့် ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည် မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ပြည်သူနှင့်အတူ ဆက်လက်အကောင်အထည်ဖော်မည်ဟု ဆိုခဲ့သည်။ အဓိကအားဖြင့် စီးပွားရေးပိုမိုကောင်း မွန်ရန် ကြိုးပမ်းသွားမည်ဟု ထည့်သွင်းပြောဆိုခဲ့ သည်။ နစကအစိုးရ၏ နောက်ထပ်အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသော အထွေထွေရွေး ကောက်ပွဲကျင်းပရေးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရာ တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ယခုနှစ်အတွင်း ကောက်ယူသွားမည်ဟု ဆိုသည်။
(၂၀၂၄) ခုနှစ်အတွင်း၌ နစကအစိုးရအနေဖြင့် နိုင်ငံတော်၏ အရေးပေါ်ကာလသက်တမ်းကို (၂)ကြိမ်တိတိ ထပ်မံတိုးမြှင့်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး ဦးဆောင်သော နစကအစိုးရအနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်မှာ ခြောက်လသက်တမ်းဖြင့် (၆)ကြိမ်တိတိရှိခဲ့သည်။ ကုန်လွန်ခဲ့ပြီဖြစ်သော (၂၀၂၄) ခုနှစ်အတွင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်း အဝေးကို (၂)ကြိမ်ကျင်းပခဲ့ပြီး ယင်းအစည်း အဝေးများထဲတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များဖြစ်သောMNDAA၊ TNLA၊ AAတို့ အပါ အဝင် KIA၊ KNU၊KNDF၊ PDFလက်နက်ကိုင် အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်နေသည့် ပစ်ခတ် တိုက်ခိုက်မှုများကို ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို နှောင့် ယှက်ဖျက်ဆီးရုံသာမက အမျိုး၊ ဘာသာ၊ သာသနာ အပေါ်စော်ကားလာသော လက်နက်ကိုင်အဖွဲ့ အ စည်းများကို နစကအနေဖြင့် နည်းလမ်းမျိုးစုံအသုံး ပြုကာ နိုင်ငံတည်ငြိမ်အေးချမ်းမှု အပြည့်အဝ ပြန် လည်ရရှိရေး ဆောင်ရွက်သွားမည်ဟု ကာလုံအစည်း အဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ဖူးသည်။
ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်ကာလအခြေအနေနှင့်အညီ ပြင်ဆင်သင့်၊ ပြင် ဆင်ထိုက်သည့်အချက်များကို ပြင်ဆင်သွားရန် သဘောတူကြောင်း ထပ်မံအသိပေးပြောဆိုခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲကို အ မျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကျင်းပပေးမည်ဖြစ်သည့်အကြောင်းကို ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောခဲ့ဖူးသည်။
နစကအစိုးရအနေဖြင့် အထွေထွေရွေး ကောက်ပွဲကို (၂၀၂၅)ခုနှစ် နိုဝင်ဘာလတွင် ကျင်းပ လျာထားပြီး နိုင်ငံအနှံ့အကြားအလပ်မရှိ ကျင်းပ နိုင်ရန်ပြင်ဆင်နေသော်လည်း လတ်တလောနယ်မြေလုံခြုံရေးအခြေအနေများအရ ရွေးကောက်ပွဲကို အပိုင်းလိုက်သာ ကျင်းပသွားဖွယ်ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကုန်လွန်သွားပြီးဖြစ်သော (၂၀၂၄)ခုနှစ်အတွင်း၌ ကန့်ကွက်သူနှင့်ထောက်ခံသူ အပြိုင်အဆိုင် ရှိခဲ့သော နစကအစိုးရ၏ လုပ်ဆောင်ချက်အချို့ ရှိခဲ့သည်ကို တွေ့ရသည်။ ၎င်းမှာ ဖေ ဖော်ဝါရီ (၁၀) ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆)အထိ သင်တန်း ဆင်းထားပြီးဖြစ်ကြောင်းသိရသည်။ ပြည်သူ့စစ်မှု ထမ်းဥပဒေသည် စတင်အသက်ဝင်နေပြီ ဖြစ်သော် လည်း နည်းဥပဒေသည် လက်ရှိအချိန်အထိထုတ်ပြန် ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသက်ဝင် စေမှုနှင့်အတူ အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဖေ ဖော်ဝါရီ (၁၃)ရက်တွင် အာဏာသက်ဝင်စေကြောင်း နစကအစိုးရက ထပ်မံကြေညာခဲ့သည်။ အရန် တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းဟောင်းအားလုံးကို ခေါ်ယူသွားမည်မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများ ကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးသွားမည်ဟု နစကအစိုးရက ဆိုသည်။
(၂၀၂၄) ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော နောက်ထပ်ထင်းရှားကျော်ကြားသည့်ကိစ္စရပ်တစ်ခုသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်ကို ရယူလိုက်ခြင်းပင်ဖြစ်သည်။ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူနေရသည့် ယာယီ သမ္မတ ဦးမြင့်ဆွေသည် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်အချိန်တွင် ၎င်းတာ ဝန်များကို ဆောင်ရွက်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ယာယီသမ္မတ တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းပင်ဖြစ်သည်။
အလားတူ နောက်ထပ်ထင်ရှားကျော်ကြားသည့် ကိစ္စတစ်ရပ်အနေဖြင့် နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအ နေများနှင့်ပတ်သက်၍ ပြည်သူလူထုကို (၂၀၂၄) ခုနှစ်အတွင်း၌ ဖွင့်ဟအသိပေးခဲ့ဖူးသည်။
နိုင်ငံမတည်ငြိမ်စေရန်ဆောင်ရွက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော PDF အဖွဲ့ များ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက် နက်ကိုင်အဖွဲ့ AA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ကရင်လက်နက်ကိုင်အဖွဲ့ KNU၊ ကယားလက်နက် ကိုင်အဖွဲ့များဖြစ်သော KNPP/KNDF အဖွဲ့များက နိုင်ငံတစ်ဝန်းဖော်ဆောင်နေသည့် တိုက်ပွဲအသီး သီးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖြေရှင်း နေသည့်အဖွဲ့များကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမက နိုင်ငံ တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိ သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြည်သူ လူထုကို ဗိုလ်ချုပ်မှူးကြီးက အသိပေးပြောဆိုခဲ့ ပြန်သည်။
(၂၀၂၄) ခုနှစ်အတွင်း၌ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထူးခြားသော ပြည်ပခရီးစဉ်တစ်ခု နိုဝင်ဘာလအတွင်းက ပေါ်ပေါက်ခဲ့သည်။ ၎င်းအနေ ဖြင့် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်းတွင် တရုတ်စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်း၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနှင့်တွေ့ဆုံကာ မြန်မာ-တရုတ်နယ်စပ်ရှိ ရှမ်းမြောက်ဒေသတွင် ဖြစ် ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ ထည့် သွင်းဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကို ကြား ဝင်ကူညီပေးနေသည့်သဘောရှိသော တရုတ်နိုင်ငံမှ ဝန်ကြီးချုပ်မစ္စတာလီချန်းက ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဟု နစကဥက္ကဋ္ဌကို ပြောဆိုခဲ့သည်။ အဆိုပါတရုတ်ခရီးစဉ်အတွင်း၌ပင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် (၁၁)ကြိမ်မြောက် ကမ္ဘော ဒီးယား-လာအို-မြန်မာ- ဗီယက်နမ်ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ထံမှ လွှဲပြောင်းရယူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ် ခရီးစဉ်သည် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ရရှိသည်ဟုဆိုကာ တရုတ်နိုင်ငံမှတစ်ဆင့် နေပြည် တော်သို့ ပြန်လည်ရောက်ရှိလာသည့် ၎င်းကို အနုပညာရှင်များအပါအဝင် ထောက်ခံပြည်သူများက သွားရောက်ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရသည်။
(၂၀၂၄) ခုနှစ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မိန့်ခွန်းပြောကြားခြင်း၊ နိုင် ငံတကာသံတမန်များနှင့်တွေ့ဆုံခြင်း၊ အစည်းအ ဝေးများတက်ရောက်ခြင်း၊ ပြည်ပခရီးစဉ်သွား ရောက်ခြင်းစသော သတင်းအချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းဌာနများတွင် သတင်း ထုတ်ပြန်မှုပေါင်း (၂၉၆)ခုထက်မနည်းရှိခဲ့သည်ကို တစ်နှစ်တာကာလအတွင်း၌ တွေ့ရှိရလေသည်။
တစ်နှစ်တာ စစ်ရေး
(၂၀၂၄)ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လက်နက် ကိုင် ပဋိပက္ခ ပစ်ခတ်တိုက်ခိုက်မှုများကို ပြန်လည်တူး ဆွရမည်ဆိုပါက ရှမ်းမြောက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၊ ရှမ်းတောင်ဒေသတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် ကချင် ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကို ထင်ရှားကျော်ကြားသည့်ကိစ္စရပ်များအဖြစ် ဖော်ပြ ပေးလိုသည်။
ဤနေရာတွင် ရှမ်းမြောက်ဒေသတိုက်ပွဲအခြေအနေများကို ပထမဦးဆုံးတူးဆွရာတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် (၂၀၂၃)ခုနှစ် အောက်တိုဘာ (၂၇)ရက်မှစတင်ကာ ရှမ်းမြောက် ဒေသအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် စတင်တိုက်ပွဲဖော်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း၌ နစကအစိုးရအ နေဖြင့် ချင်းရွှေဟော်၊ လောက်ကိုင်အပါအဝင် တပ် မတော်စစ်စခန်းအများအပြားကို လက်လွှတ်ပေးခဲ့ ရပြီးနောက် (၂၀၂၄)ခုနှစ် ဇန်နဝါရီ (၁၁) ရက် ည (၉) နာရီအချိန်မှစတင်ကာ တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် တပ်မတော် တို့အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ထို သို့ အပစ်အခတ်ရပ်စဲမှုသည် ဟိုင်ဂင်သဘောတူညီ ချက်ဆိုသည့်အမည်ဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု များကို ရပ်စဲခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယင်းကဲ့သို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက် မှုများကို ရပ်စဲခဲ့ပြီး(၆)လနီးပါးကြာမြင့်လာချိန် (၂၀၂၄) ခုနှစ်၊ ဇွန် (၂၅)ရက်တွင် TNLA နှင့် MNDAAပူးပေါင်းအဖွဲ့တို့သည် ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်၍ (၁၀၂၇) စစ်ဆင်ရေးဒုတိယပိုင်း အမည်ဖြင့် ရှမ်းမြောက်ဒေသရှိ မြို့များကို ဆက်လက် ထိုးစစ်ဆင်ကာ တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ သည်။ ယင်းစစ်ဆင်ရေးသည် (၂၀၂၄) ခုနှစ်အတွင်း အပြင်းထန်ဆုံးသော စစ်ဆင်ရေးတစ်ရပ်ဟုပင် ဆို နိုင်သည်။
(၂၀၂၄) ခုနှစ်အတွင်း၌ မြောက်ပိုင်းအဖွဲ့များ ပြန်လည်ဖော်ဆောင်သော (၁၀၂၇)စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းတွင် နောင်ချိုမြို့၊ ကျောက်မဲမြို့၊ သီပေါမြို့၊ မိုးကုတ်မြို့နှင့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့တို့ကို နစကအစိုးရအ နေဖြင့် ထပ်မံလက်လွှတ်ခဲ့ရပြန်သည်။ မြန်မာ့တပ်မတော်တွင် စစ်တိုင်းဒေသကြီး (၁၄)ခုရှိသည့်အနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် လက် လွှတ်ခဲ့ရသည့် စစ်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ သည်ကိုတွေ့ရသည်။ မြောက်ပိုင်းလက်နက်ကိုင်ပူး ပေါင်းအဖွဲ့များသည် ရမခအပါအဝင် မြို့အချို့ကို ထပ်မံရရှိခဲ့ပြီးနောက် နစကအစိုးရနှင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးလိုကြောင်း သဘောထားကြေညာချက် များကို မကြာခဏဆိုသကဲ့သို့ ထုတ်ပြန်လေ့ရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၅)ရက်နှင့်(၁၆) ရက်တို့တွင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် နစကနှင့်MNDAA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် အောင်မြင်သည့် ဆွေးနွေးပွဲတစ်ရပ် မဖြစ်ခဲ့ပေ။ နစကအစိုးရသည် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်လိုသည့်သဘော တွင်ရှိနေပြီးMNDAAအဖွဲ့ဝင်များကို လားရှိုးမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာသွားစေလိုနေ သည်။ သို့သော် MNDAA ဘက်က ဆွေး နွေးပွဲကို မလိမ့်တပတ်လုပ်ကာ အချိန်ဆွဲနေလျက်ရှိ သည်ကို တွေ့ရသည်။ လတ်တလောအချိန်၌ ရှမ်းမြောက်ဒေသရှိ MNDAA ထိန်းချုပ်ရာဒေသများတွင် တိုက် ပွဲများ ရပ်တန့်နေလျက်ရှိပြီး တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများသည်လည်း ရပ်တန့်ထားသည်ကိုတွေ့ရသည်။
အလားတူ နစကအစိုးရနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးလိုကြောင်း မကြာခဏဆိုသကဲ့သို့ ထုတ်ပြန် လေ့ရှိသည့် တအာင်းလက်နက်ကိုင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသကို ဆက်သွယ်ထားသည့် နောင်ချိုမြို့နယ်အစပ်ရှိ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေလျက်ရှိသည်။ တောင်ခမ်းတိုက်ပွဲသည် (၂၀၂၄) ခုနှစ်အတွင်း အပြင်းထန်ဆုံးသော တိုက်ပွဲအဖြစ် မှတ်ယူနိုင်သကဲ့သို့ TNLA အဖွဲ့ဝင်များအတွက် ထိခိုက်သေဆုံးမှုအများဆုံးရှိခဲ့သော တိုက်ပွဲအဖြစ်ပါ မှတ်ယူနိုင်သည်။ စစ်ရေးဗျူဟာအရ အရေးပါသော တောင်ခမ်းတိုက်ပွဲသည် ယနေ့အချိန်အထိပါ ဆက် လက်ဖြစ်ပွားနေလျက်ရှိပြီး နစကနှင့် TNLA အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန် ဆက်လက်ကြာမြင့်နေမည့်သဘောတွင် ရှိနေပြန်သည်။
ရှမ်းတောင်တိုက်ပွဲ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များက အပြင်းအထန်တိုက်ပွဲဖော် ဆောင်လာမှုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)၏ ခေါင်းဆောင် ခွန်သူရိန်သည် ကယားပြည်နယ်ရှိ KNDF လက်နက်ကိုင်အဖွဲ့အပါ အဝင် PDF များနှင့်ပူးပေါင်းကာ တိုက်ပွဲများကို ဖော်ဆောင်လာပြန်သည်။
PNLA အဖွဲ့သည် KNDF၊ PDF ပူးပေါင်းကာ အင်အားအလုံးအရင်းဖြင့် ဆီဆိုင်မြို့ကို တိုက်ပွဲဖော် ဆောင်ပြီးနောက် မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သည့်သ ဘောတွင်ရှိသော်လည်း တပ်မတော်နှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO/PNA)အဖွဲ့တို့ ပူးပေါင်းကာ ပြန်လည်ခုခံတွန်းလှန်ခဲ့သည့်အတွက် ရှမ်းတောင်ဒေသ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်းတွင် ရှမ်းတောင်ဒေသ၌ PNLA၊ KNDFနှင့် PDF အဖွဲ့တို့ကို ပြန်လည်တွန်း လှန်ကာချေမှုန်းနိုင်ခဲ့မှုသည် နစကအစိုးရအတွက် စစ်ရေးအောင်နိုင်မှုတစ်ရပ်ဟုပင် မှတ်ယူနိုင်သည်။
ရခိုင်ဒေသ တိုက်ပွဲ
(၂၀၂၄) ခုနှစ် တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သော ထင်ရှာကျော်ကြားသည့် စစ်ရေးကိစ္စရပ်များထဲတွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ သည်လည်း မဖြစ်မနေပါဝင်ရန် လိုအပ်ပေသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA /AA သည် (၁၀၂၇) စစ်ဆင်ရေးနှင့်အပြိုင် ရခိုင်ပြည်နယ်အတွင်း၌ (၂၀၂၃) ခုနှစ် နိုဝင်ဘာ (၁၃)ရက်တွင် တိုက်ပွဲများ ကို အပြင်းအထန်ဖော်ဆောင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိသည့်အနက် မြို့နယ်ပေါင်း (၁၄)ခု ထက်မနည်းကို AA ဘက်က ထိန်းချုပ်နိုင်နေသည့် သဘောတွင်ရှိနေသည်။ ယင်းကဲ့သို့ ထိန်းချုပ်နိုင် ခဲ့သော မြို့နယ်များထဲတွင် စစ်တိုင်းဒေသကြီး (၁၄)ခုရှိသည့်အနက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာ အမ်းမြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သည် တပ်မ တော်အတွက် ဒုတိယအကြိမ်မြောက် ထပ်မံလက် လွှတ်ခဲ့ရသည့် စစ်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် (၂၀၂၄) ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ မြို့များကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နစကအစိုးရနှင့်တွေ့ဆုံ ဆွေးနွေးရန် အသင့်ရှိနေကြောင်း ထုတ်ပြန်လာခဲ့ သည်။
ကချင်ဒေသ တိုက်ပွဲ
ကချင်လက်နက်ကိုင်အဖွဲ့ KIA သည် PDF အဖွဲ့များနှင့်ပူးပေါင်းကာ ကုန်လွန်သွားပြီဖြစ်သည့် (၂၀၂၄) ခုနှစ်အတွင်း၌ ကချင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့သည်။ ဗန်းမော်မြို့နှင့်တစ်ဝိုက်၊ မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်း၊ ကချင်အထူးဒေသ(၁)ဖြစ်သည့် ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါမြို့၊ ဖားကန့်မြို့စသည့်ဒေသ များတွင် တိုက်ပွဲများကိုဖော်ဆောင်ခဲ့ခြင်းပင်ဖြစ် သည်။
ကချင်ဒေသတိုက်ပွဲများထဲတွင် ထူးခြားသည့် ဖြစ်စဉ်တစ်ရပ်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ထောင်ချီ တန်ဖိုးရှိသော မြေရှားသတ္တုများထွက်ရှိရာ ချီဖွေနှင့် ပန်ဝါဒေသများကို KIA လက်နက်ကိုင်အဖွဲ့ က တိုက်ခိုက်ထိန်းချုပ်လိုက်ခြင်းပင် ဖြစ်သည်။ အဆို ပါ ပန်ဝါဒေသသည် အစိုးရဘက်က သတ်မှတ်ပေး ထားသည့် ကချင်ပြည်နယ်အထူးဒေသ(၁)နယ်မြေ ထဲတွင် ပါဝင်ပြီး ယင်းဒေသကို ဦးဇခုန်တိန့်ယိန်းက စီမံအုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းဒေသသည် မြေရှားသတ္တုအများအပြား ထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မြေ ရှားသတ္တုဈေးကွက်လိုအပ်၏ (၅၀)ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်ပေးနေလျက်ရှိသော ဒေသတစ်ခုဖြစ် ကြောင်း သိရသည်။
နစကအစိုးရအနေဖြင့် (၂၀၂၄) ခုနှစ်အတွင်း၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ဒေသ များကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့သကဲ့သို့MNDAA၊TNLA၊ AA အဖွဲ့တို့ကိုလည်း အကြမ်း ဖက်အဖွဲ့အစည်းများအဖြစ် တရားဝင်ကြေညာမှုရှိခဲ့သည်။
(၂၀၂၄)ခုနှစ်အတွင်း၌ နိုင်ငံအနှံ့တိုက်ပွဲ ဖော်ဆောင်လာသည့် လက်နက်ကိုင်အဖွဲ့များအပေါ် နစကအစိုးရသည် များသောအားဖြင့် ခုခံစစ် များဖြင့်သာ အများစုတုံ့ပြန်ခဲ့သည်ကိုတွေ့ရှိရပြီး တိုက်ပွဲများဖော်ဆောင်ခြင်းထက် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဖြေ ရှင်းလိုသည့်နည်းလမ်းကို အားသာနေလျက်ရှိ ကြောင်း တွေ့ရသည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ နစကအစိုးရသည် (၂၀၂၄) ခုနှစ်၊ စက်တင်ဘာ (၂၆) ရက်တွင် PDF ကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို နိုင်ငံရေးတွေ့ဆုံဆွေးနွေလိုကြောင်း တရားဝင်ကမ်းလှမ်းခဲ့ဖူးသည်။
" ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်း အရင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့ အခြေ အနေ၊ (၂)ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါ တယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ် ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်းနေရာဒေသမရွေးဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေး ချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့တည်ငြိမ် အေးချမ်းရေးဟာ အရေးကြီးလှပါတယ်။ ဒါကို ဖော် ဆောင်နိုင်ဖို့ ဒီကြေညာချက်ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်" ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုခဲ့သည်။
(၂၀၂၄) ခုနှစ်အတွင်း၌ နစကအစိုးရဘက်က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာကာ ကမ်းလှမ်းခဲ့သော် လည်း NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် (၇)ဖွဲ့ခန့်မှလွဲ၍ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့် ထိရောက်တွေ့ဆုံ ဆွေးနွေးမှုများမရှိခဲ့ပေ။
(၂၀၂၄) ခုနှစ်အတွင်းတွင် တပ်မတော်၏ ထိပ်ပိုင်းနံပါတ်(၃)နေရာတွင်လည်း အပြောင်း အလဲများရှိခဲ့သည့်အတွက် တစ်နှစ်တာအတွင်း ထင်ရှားသည့်ကိစ္စတစ်ရပ်အဖြစ် ထပ်မံဖော်ပြ ပေးလိုသည်။ တပ်မတော်တွင် နံပါတ်(၃) နေရာဟု လူသိများသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ရာထူး တိုးမြှင့်ကာ တာဝန်ပေးအပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဝန် ကြီးနေရာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံ့စီးပွားရေးနှင့် ကုန်ဈေးနှုန်း
ယခုဘဏ္ဍာနှစ်အတွင်း၌ မြန်မာနိုင်ငံ၏ရငွေ သည် ငွေကျပ် (၃၉၀ဝဝ)ဘီလျံကျော်ရရှိမည်ဟု နစကအစိုးရက ခန့်မှန်ထားပြီး သုံးငွေပိုင်းတွင် ငွေ ကျပ်ဘီလျံ (၄၁၀ဝဝ)ကျော်ရှိနိုင်ကြောင်း ဆိုသည်။ နိုင်ငံတော်မှ အခွန်ကောက်ခံရရှိမှုအနေဖြင့် ငွေကျပ် ဘီလျံ (၉၃၀ဝ)ကျော် ရရှိရန်လည်း နစကအစိုးရက မျှော်မှန်းထားသည်။ ထို့ပြင် နိုင်ငံတော် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)အနေဖြင့် ငွေကျပ် (၁၅၅၅၄၃ ဒသမ ၅၃၄) ဘီလျံ ရှိမည်ဟုခန့်မှန်းထားကာ GDP တိုးတက်မှုရာခိုင်နှုန်း (၃ ဒသမ ၈) ရှိမည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ပေါင်း (၁၇)ခုထက်မနည်းရှိနေပြီး (၂၀၂၄) ခုနှစ် အတွင်း ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် မြန် မာ-တရုတ်နှစ်နိုင်ငံကြားရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းအားလုံးနီးပါး ပိတ်ထားခဲ့ရသည်။
(၂၀၂၄) ခုနှစ်အတွင်းတွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ငွေကြေးလဲလှယ်မှုမတည်ငြိမ်ခြင်း၊ ငွေ ကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်း၊ ရွှေဈေးနှုန်း ကြီးမြင့်ခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အ ရေးယူခံခဲ့ရသည့်လုပ်ငန်းရှင်များလည်းရှိခဲ့သည်။
(၂၀၂၄) ခုနှစ်အတွင်းတွင် ပြည်တွင်းရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်နေသည့် တရား မဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများ အပါအဝင် လူပုဂ္ဂိုလ် (၂၁)ဦးထက်မနည်းကို နစက အစိုးရက ဖော်ထုတ်ဖမ်းဆီးစစ်ဆေးခြင်းများရှိခဲ့ သည်။ ထို့ပြင် ပြည်တွင်းရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်စေရန် နောက်ကွယ်မှဆောင်ရွက်နေသည့် ရွှေ လုပ်ငန်းရှင် (၁၀) ဦးကိုလည်း ခေါ်ယူစစ်ဆေးနိုင်ရန် နစကဘက်က ကြိုးပမ်းခဲ့သည်။ ထိုသို့နောက်ကွယ်မှ ဆောင်ရွက်နေသော ရွှေလုပ်ငန်းရှင်များထဲတွင် နာမည်ကြီးရွှေဆိုင်ဖြစ်သည့် အောင်သမာဓိ ရွှေဆိုင် ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင် ကောင်းမြတ်၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အကယ် ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်းတို့လည်း ပါဝင်ခဲ့သည်ကို နစက၏ထုတ်ပြန်ချက်များအရ တွေ့ ခဲ့ရသည်။
အလားတူ ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကိုလည်း မြန်မာပြည်သူလူထုအနေဖြင့် အပြင်းအထန်ခံစား ခဲ့ရသည့် နှစ်တစ်နှစ်လည်းဖြစ်ခဲ့သည်။ သတ်မှတ် ဈေးနှုန်းထက် (၅၁) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်း အထိ ပိုမိုအကျိုးအမြတ်များစွာရယူကာ ပြည်သူလူထု ကို ရောင်းချခဲ့သည့် ဈေးဝယ်စင်တာ (၂၂)ခုမှ တာဝန်ရှိသူ (၄)ဦးနှင့် အခြားလုပ်ငန်းရှင်များကိုလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတို့ဖြင့် အရေးယူခဲ့သည့်ဖြစ်စဉ်တစ်ရပ်သည်လည်း (၂၀၂၄) ခုနှစ်အတွင်း ရှိခဲ့သည်။
၎င်းတို့အထဲတွင် One Stop Mart၊City Mart၊ Sein Gay Harဈေးဝယ်စင်တာတို့မှ တာဝန် ရှိသူများ အရေးယူခံခဲ့ရသကဲ့သို့ Aeon Orange မှလည်း ဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံသားကို နစက ဘက်က အရေးယူခဲ့သည်။
ကွယ်လွန်ခဲ့ရသော ထင်ရှားကျော်ကြားသူများ
(၂၀၂၄) ခုနှစ် နှစ်စပိုင်း ဇန်နဝါရီလ (၉) ရက်တွင် နိုင်ငံကျော်ဂန္ထဝင်အဆိုတော်ကြီးတစ်ဦးဖြစ်သော ဒေါ်မာမာအေးသည် အမေရိကန်နိုင်ငံရှိ ဖို့ဒ်ဝိန်းမြို့ တွင် ကွယ်လွန်ဆုံးပါးခဲ့ရသည်။ ဂန္ထဝင်တေးသံရှင် အဆိုတော် မာမာအေးသည် လူကြီးရောဂါဖြင့် ကွယ် လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၂)နှစ်အရွယ်ရှိနေပြီဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD ပါတီ၏ နာယကဖြစ်သူ သူရ ဦးတင်ဦးသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိနေအိမ်တွင် ဇွန်လ (၁) ရက်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သူရဦးတင်ဦးသည် လူကြီးရောဂါဖြင့် ကွယ် လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၈)နှစ်အရွယ်ရှိပြီဖြစ်သည်။ ရန်ကုန်မြို့၊ ရေဝေးသုသာန် တွင်ကျင်းပခဲ့သည့် သူရဦးတင်ဦး၏ ဈာပနအခမ်း အနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဇနီး၊ သမ္မတဟောင်းဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်တို့က လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။
ထို့ပြင် (၂၀၂၄) ခုနှစ် ဇူလိုင်လအတွင်း ကွယ် လွန်ခဲ့ရသည့် နောက်ထပ်ထင်ရှားကျော်ကြားသူ တစ်ဦးမှာ နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်ပင် ဖြစ်သည်။ ၎င်းသည် ဇူလိုင် (၁၇)ရက် ည(၇) နာရီ ဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့ နယ်ရှိ၊ ကောင်းအထူးကုဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။ အဆိုတော်စိုင်းဆိုင်မောဝ် ကွယ်လွန်ချိန်တွင် အသက်(၇၅) နှစ်ရှိဖြစ်သည်။
အလားတူပင် (၂၀၂၄)ခုနှစ်အတွင်း ကွယ် လွန်ခဲ့သော နောက်ထပ် ထင်ရှားကျော်ကြားသူ တစ် ဦးမှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ဖြစ်သည်။ ဒေါက်တာ ဇော်မြင့်မောင် သည် အောက်တိုဘာ (၇)ရက် နံနက်ပိုင်းတွင် သွေး ကင်ဆာရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ ကွယ်လွန် ခဲ့ခြင်းပင်ဖြစ်သည်။ ကွယ်လွန်ဆုံးပါးချိန်တွင် အသက်(၇၃)နှစ်အရွယ် ရှိပြီဖြစ်သည်။
NLD အစိုးရလက်ထက်တွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဝင်းခိုင် သည် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ (၈)ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ် လွန်ချိန်တွင် အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်သည်။ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့် မောင်နှင့် ဝန်ကြီးဟောင်း ဦးဝင်းခိုင်တို့ကို မကွယ် လွန်မီရက်ပိုင်းအလိုတွင် နစကအစိုးရဘက်ကလွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။
ရာဂီမုန်တိုင်း
ရာဂီမုန်တိုင်းနှင့်ပတ်သက်၍လည်း (၂၀၂၄) ခုနှစ်အတွင်း ထင်ရှားကျော်ကြားသည့်ကိစ္စတစ်ရပ် အဖြစ် ဖော်ပြပေးလိုသည်။ အဆိုပါ ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ် (၈)ခုတွင် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ် ပွားကာ ထိခိုက်ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့ရပြန် သည်။ ရာဂီမုန်တိုင်းသဘာဝဘေးကြောင့် မြန်မာပြည် သူဦးရေ (၅၂၀)ဝန်းကျင် သေဆုံး/ပျောက်ဆုံးခဲ့ရပြီး နိုင်ငံတော်ပိုင် အဆောက်အအုံနှင့် ပြည်သူလူထု ပိုင်နေအိမ်အဆောက်အအုံ၊ လယ်ယာပျက်စီးမှုတန် ဖိုးသည် ငွေကျပ် (၄၆၆)ဘီလျံကျော်ရှိခဲ့သည်။ ရာဂီမုန်တိုင်းဒဏ်ကို နေပြည်တော်နှင့် မန္တလေး တိုင်းတို့တွင် အဓိကခံစားခဲ့ရသည်။
အကြမ်းဖက်သတ်ဖြတ်မှုများ
(၂၀၂၄) ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အကြမ်း ဖက်သတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် အစုလိုက်၊ အပြုံ လိုက် ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခံရ ခြင်း၊ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံရခြင်း စသည့် အကြမ်းဖက်ဖြစ် စဉ်အများအပြားရှိခဲ့သည့်အတွက် ထူးခြားသည့် ဖြစ်စဉ်တစ်ရပ်အနေဖြင့် ဖော်ပြပေး လိုသည်။
(၂၀၂၄) ခုနှစ်အတွင်း၌ အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ် အများအပြားရှိခဲ့သည့်အနက် အမျိုးသမီး (၁၂)ဦး အစုလိုက်၊ အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်ကို အနည်းအကျဉ်းဖော်ပြပေးလို သည်။ (၂၀၂၄)ခုနှစ် စက်တင်ဘာ (၁၇)ရက်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အနီးတွင် တောင်ယာလုပ်ငန်းခွင်ဝင်ရန်အတွက် အမျိုးသမီး(၁၂)ဦးနှင့် အမျိုးသား (၃)ဦးတို့သည် ကားနှစ်စီးဖြင့် ထွက်ခွာလာစဉ် NUG လက်အောက်ခံ PDF အဖွဲ့က လက်နက်များဖြင့် ဝိုင်းဝန်ပစ်ခတ်ခဲ့ကြသည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် စုစုပေါင်း အမျိုးသမီး (၁၂)ဦး သေဆုံးခဲ့ရသည်။
အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံဖြင့် ဖြတ်သန်းနေရလျက်ရှိသည့် မြန်မာပြည်သူလူထုအားလုံး သည် ခရစ်သက္ကရာဇ် (၂၀၂၄)ခုနှစ်၏ တစ်နှစ်တာ ကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။ ယခုလက်ရှိအ ချိန်တွင် ခရစ်သက္ကရာဇ် (၂၀၂၅)ခုနှစ်ဆိုသော အ ချိန်ရထားကြီးမှာ စတင်ခုတ်မောင်းနေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ကြီး မည်မျှခရီးရောက် ပါမည်နည်း၊ မြန်မာပြည်သူလူထုအနေဖြင့်လည်း မည်မျှခရီးပေါက်မည်နည်း...။
zawgyi version
ဒဏ္ရာအဖုံဖုံျဖင့္ ျဖတ္သန္းခဲ့ရေသာ ၂၀၂၄ ထဲက မွတ္တမ္း
ျမဴနစ္ (NP News) - ဇန္နဝါရီ ၈
NP News အေနျဖင့္ ၿပီးခဲ့ေသာ (၂၀၂၄)ခုႏွစ္တြင္ ျမန္မာႏိုင္ငံေတာ္တစ္ဝန္းျဖစ္ပြားခဲ့ေသာ ထင္ရွားေက်ာ္ၾကားသည့္ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ အျခားေသာသတင္းအေၾကာင္းအရာမ်ားကို ျပန္လည္ကာ သတိခ်ပ္ေစရန္ ေဖာ္အပ္ပါသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး၏ တစ္ႏွစ္တာခရီးအတြင္း ေျပာဆိုေဆာင္႐ြက္ခ်က္မ်ား
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရသည္ ႏိုင္ငံေတာ္တာဝန္ကို ရယူခဲ့ သည္မွာ (၄)ႏွစ္တာကာလသို႔ပင္ ေရာက္ရွိမည္ျဖစ္ သည္။ ၿပီးခဲ့ေသာ (၂၀၂၄) ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္ တြင္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျပည္သူလူထုကို ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္ စကားေျပာဆိုကာ စတင္ဖြင့္လွစ္ခဲ့၏။ ၎၏ ႏႈတ္ခြန္း ဆက္စကားတြင္ နစကအစိုးရအေနျဖင့္ ခ်မွတ္ထားသည့္ အမ်ိဳးသားေရးရည္မွန္းခ်က္၊ ႏိုင္ငံေရးရည္ မွန္းခ်က္၊ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ ဦးတည္ခ်က္မ်ားကို ျပည္သူႏွင့္အတူ ဆက္လက္အေကာင္အထည္ေဖာ္မည္ဟု ဆိုခဲ့သည္။ အဓိကအားျဖင့္ စီးပြားေရးပိုမိုေကာင္း မြန္ရန္ ႀကိဳးပမ္းသြားမည္ဟု ထည့္သြင္းေျပာဆိုခဲ့ သည္။ နစကအစိုးရ၏ ေနာက္ထပ္အႏၲိမရည္မွန္းခ်က္သည္ လြတ္လပ္၍တရားမွ်တေသာ အေထြေထြေ႐ြး ေကာက္ပြဲက်င္းပေရးျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပရာ တြင္ မဲစာရင္းမ်ား ျပည့္စုံမွန္ကန္ေရးအတြက္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ယခုႏွစ္အတြင္း ေကာက္ယူသြားမည္ဟု ဆိုသည္။
(၂၀၂၄) ခုႏွစ္အတြင္း၌ နစကအစိုးရအေနျဖင့္ ႏိုင္ငံေတာ္၏ အေရးေပၚကာလသက္တမ္းကို (၂)ႀကိမ္တိတိ ထပ္မံတိုးျမႇင့္ခဲ့သည္။ ဗိုလ္ခ်ဳပ္မႉးႀကီး ဦးေဆာင္ေသာ နစကအစိုးရအေနျဖင့္ ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့သည္မွာ ေျခာက္လသက္တမ္းျဖင့္ (၆)ႀကိမ္တိတိရွိခဲ့သည္။ ကုန္လြန္ခဲ့ၿပီျဖစ္ေသာ (၂၀၂၄) ခုႏွစ္အတြင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္း အေဝးကို (၂)ႀကိမ္က်င္းပခဲ့ၿပီး ယင္းအစည္း အေဝးမ်ားထဲတြင္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ မ်ားျဖစ္ေသာMNDAA၊ TNLA၊ AAတို႔ အပါ အဝင္ KIA၊ KNU၊KNDF၊ PDFလက္နက္ကိုင္ အဖြဲ႕မ်ားက အၾကမ္းဖက္တိုက္ခိုက္ေနသည့္ ပစ္ခတ္ တိုက္ခိုက္မႈမ်ားကို ထည့္သြင္းေျပာဆိုခဲ့သည္။
ႏိုင္ငံေတာ္၏ တည္ၿငိမ္ေအးခ်မ္းေရးကို ေႏွာင့္ ယွက္ဖ်က္ဆီး႐ုံသာမက အမ်ိဳး၊ ဘာသာ၊ သာသနာ အေပၚေစာ္ကားလာေသာ လက္နက္ကိုင္အဖြဲ႕ အ စည္းမ်ားကို နစကအေနျဖင့္ နည္းလမ္းမ်ိဳးစုံအသုံး ျပဳကာ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈ အျပည့္အဝ ျပန္ လည္ရရွိေရး ေဆာင္႐ြက္သြားမည္ဟု ကာလုံအစည္း အေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ဖူးသည္။
ထို႔ျပင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္သည္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေခတ္ကာလအေျခအေနႏွင့္အညီ ျပင္ဆင္သင့္၊ ျပင္ ဆင္ထိုက္သည့္အခ်က္မ်ားကို ျပင္ဆင္သြားရန္ သေဘာတူေၾကာင္း ထပ္မံအသိေပးေျပာဆိုခဲ့သည္။ လြတ္လပ္ၿပီး တရားမွ်တသည့္ေ႐ြးေကာက္ပြဲကို အ မ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီက က်င္းပေပးမည္ျဖစ္သည့္အေၾကာင္းကို ဥကၠ႒က ယခုကဲ့သို႔ ေျပာခဲ့ဖူးသည္။
နစကအစိုးရအေနျဖင့္ အေထြေထြေ႐ြး ေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလတြင္ က်င္းပ လ်ာထားၿပီး ႏိုင္ငံအႏွံ႔အၾကားအလပ္မရွိ က်င္းပ ႏိုင္ရန္ျပင္ဆင္ေနေသာ္လည္း လတ္တေလာနယ္ေျမလုံၿခဳံေရးအေျခအေနမ်ားအရ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္သာ က်င္းပသြားဖြယ္ရွိခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။
ကုန္လြန္သြားၿပီးျဖစ္ေသာ (၂၀၂၄)ခုႏွစ္အတြင္း၌ ကန႔္ကြက္သူႏွင့္ေထာက္ခံသူ အၿပိဳင္အဆိုင္ ရွိခဲ့ေသာ နစကအစိုးရ၏ လုပ္ေဆာင္ခ်က္အခ်ိဳ႕ ရွိခဲ့သည္ကို ေတြ႕ရသည္။ ၎မွာ ေဖ ေဖာ္ဝါရီ (၁၀) ရက္တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာတည္ေစခဲ့ျခင္းပင္ျဖစ္သည္။ လက္ရွိတြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၆)အထိ သင္တန္း ဆင္းထားၿပီးျဖစ္ေၾကာင္းသိရသည္။ ျပည္သူ႔စစ္မႈ ထမ္းဥပေဒသည္ စတင္အသက္ဝင္ေနၿပီ ျဖစ္ေသာ္ လည္း နည္းဥပေဒသည္ လက္ရွိအခ်ိန္အထိထုတ္ျပန္ ျပ႒ာန္းႏိုင္ျခင္းမရွိေသးသည္ကိုလည္း ေတြ႕ရသည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာသက္ဝင္ ေစမႈႏွင့္အတူ အရန္တပ္ဖြဲ႕ဥပေဒကိုလည္း ေဖ ေဖာ္ဝါရီ (၁၃)ရက္တြင္ အာဏာသက္ဝင္ေစေၾကာင္း နစကအစိုးရက ထပ္မံေၾကညာခဲ့သည္။ အရန္ တပ္ဖြဲ႕ဥပေဒအရ စစ္မႈထမ္းေဟာင္းအားလုံးကို ေခၚယူသြားမည္မဟုတ္ဘဲ ေခၚသင့္ေခၚထိုက္သူမ်ား ကိုသာ ျပန္လည္ေခၚယူတာဝန္ေပးသြားမည္ဟု နစကအစိုးရက ဆိုသည္။
(၂၀၂၄) ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ေသာ ေနာက္ထပ္ထင္းရွားေက်ာ္ၾကားသည့္ကိစၥရပ္တစ္ခုသည္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယာယီသမၼတ တာဝန္ကို ရယူလိုက္ျခင္းပင္ျဖစ္သည္။ က်န္းမာေရး အေျခအေနအရ ေဆးခြင့္ယူေနရသည့္ ယာယီ သမၼတ ဦးျမင့္ေဆြသည္ တာဝန္ဝတၱရားမ်ားကို ေဆာင္႐ြက္ရန္ ပ်က္ကြက္ေနစဥ္အခ်ိန္တြင္ ၎တာ ဝန္မ်ားကို ေဆာင္႐ြက္ရန္အတြက္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံသို႔ ယာယီသမၼတ တာဝန္မ်ားကို လႊဲေျပာင္းေပးအပ္ခဲ့ျခင္းပင္ျဖစ္သည္။
အလားတူ ေနာက္ထပ္ထင္ရွားေက်ာ္ၾကားသည့္ ကိစၥတစ္ရပ္အေနျဖင့္ နစကဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္သည္ ႏိုင္ငံေတာ္၏ လုံၿခဳံေရးဆိုင္ရာအေျခအ ေနမ်ားႏွင့္ပတ္သက္၍ ျပည္သူလူထုကို (၂၀၂၄) ခုႏွစ္အတြင္း၌ ဖြင့္ဟအသိေပးခဲ့ဖူးသည္။
ႏိုင္ငံမတည္ၿငိမ္ေစရန္ေဆာင္႐ြက္ေနသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္ေသာ PDF အဖြဲ႕ မ်ား၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA၊ ရခိုင္လက္ နက္ကိုင္အဖြဲ႕ AA၊ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA၊ ကရင္လက္နက္ကိုင္အဖြဲ႕ KNU၊ ကယားလက္နက္ ကိုင္အဖြဲ႕မ်ားျဖစ္ေသာ KNPP/KNDF အဖြဲ႕မ်ားက ႏိုင္ငံတစ္ဝန္းေဖာ္ေဆာင္ေနသည့္ တိုက္ပြဲအသီး သီးႏွင့္ပတ္သက္၍ ရွင္းလင္းေျပာဆိုခဲ့သည္။
လက္နက္ကိုင္ပဋိပကၡကို ႏိုင္ငံေရးနည္းျဖင့္ မေျဖရွင္းဘဲ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားႏွင့္ ေျဖရွင္း ေနသည့္အဖြဲ႕မ်ားကို ဘုံရန္သူအျဖစ္ သတ္မွတ္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသကိုသာမက ႏိုင္ငံ တစ္ဝန္းလုံး တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ရရွိ သည္အထိ ဆက္လက္ႀကိဳးပမ္းသြားမည္ဟု ျပည္သူ လူထုကို ဗိုလ္ခ်ဳပ္မႉးႀကီးက အသိေပးေျပာဆိုခဲ့ ျပန္သည္။
(၂၀၂၄) ခုႏွစ္အတြင္း၌ပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ထူးျခားေသာ ျပည္ပခရီးစဥ္တစ္ခု ႏိုဝင္ဘာလအတြင္းက ေပၚေပါက္ခဲ့သည္။ ၎အေန ျဖင့္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခဲ့ျခင္းပင္ျဖစ္သည္။ အဆိုပါခရီးစဥ္အတြင္းတြင္ တ႐ုတ္စီးပြားေရးလုပ္ ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံကာ ျမန္မာႏိုင္ငံရွိ စိုက္ပ်ိဳးေရး လုပ္ငန္း၊ လွ်ပ္စစ္က႑၊ စြမ္းအင္က႑မ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚခဲ့သည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ မစၥတာလီခ်န္းႏွင့္ေတြ႕ဆုံကာ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ ရွမ္းေျမာက္ေဒသတြင္ ျဖစ္ ပြားလ်က္ရွိေသာ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ ထည့္ သြင္းေဆြးေႏြးခဲ့ၾကသည္ကို ေတြ႕ရသည္။ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ၾကား ဝင္ကူညီေပးေနသည့္သေဘာရွိေသာ တ႐ုတ္ႏိုင္ငံမွ ဝန္ႀကီးခ်ဳပ္မစၥတာလီခ်န္းက ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အျပည့္အဝေထာက္ခံအားေပးကူညီသြားမည္ဟု နစကဥကၠ႒ကို ေျပာဆိုခဲ့သည္။ အဆိုပါတ႐ုတ္ခရီးစဥ္အတြင္း၌ပင္ ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္သည္ (၁၁)ႀကိမ္ေျမာက္ ကေမာၻ ဒီးယား-လာအို-ျမန္မာ- ဗီယက္နမ္ပူးေပါင္း ေဆာင္႐ြက္မႈ ထိပ္သီးအစည္းအေဝးဥကၠ႒တာဝန္ကို ဗီယက္နမ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ထံမွ လႊဲေျပာင္းရယူခဲ့သည္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ တ႐ုတ္ ခရီးစဥ္သည္ ႏိုင္ငံေတာ္အတြက္ ရလဒ္ေကာင္းမ်ား ရရွိသည္ဟုဆိုကာ တ႐ုတ္ႏိုင္ငံမွတစ္ဆင့္ ေနျပည္ ေတာ္သို႔ ျပန္လည္ေရာက္ရွိလာသည့္ ၎ကို အႏုပညာရွင္မ်ားအပါအဝင္ ေထာက္ခံျပည္သူမ်ားက သြားေရာက္ႀကိဳဆိုခဲ့ၾကသည္ကိုလည္း ေတြ႕ရသည္။
(၂၀၂၄) ခုႏွစ္အတြင္းတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္ မိန႔္ခြန္းေျပာၾကားျခင္း၊ ႏိုင္ ငံတကာသံတမန္မ်ားႏွင့္ေတြ႕ဆုံျခင္း၊ အစည္းအ ေဝးမ်ားတက္ေရာက္ျခင္း၊ ျပည္ပခရီးစဥ္သြား ေရာက္ျခင္းစေသာ သတင္းအခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံပိုင္သတင္းဌာနမ်ားတြင္ သတင္း ထုတ္ျပန္မႈေပါင္း (၂၉၆)ခုထက္မနည္းရွိခဲ့သည္ကို တစ္ႏွစ္တာကာလအတြင္း၌ ေတြ႕ရွိရေလသည္။
တစ္ႏွစ္တာ စစ္ေရး
(၂၀၂၄)ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ေသာ လက္နက္ ကိုင္ ပဋိပကၡ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ျပန္လည္တူး ဆြရမည္ဆိုပါက ရွမ္းေျမာက္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲ၊ ရွမ္းေတာင္ေဒသတြင္ ျဖစ္ပြားခဲ့ေသာတိုက္ပြဲ၊ ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားႏွင့္ ကခ်င္ ျပည္နယ္အတြင္းျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားကို ထင္ရွားေက်ာ္ၾကားသည့္ကိစၥရပ္မ်ားအျဖစ္ ေဖာ္ျပ ေပးလိုသည္။
ဤေနရာတြင္ ရွမ္းေျမာက္ေဒသတိုက္ပြဲအေျခအေနမ်ားကို ပထမဦးဆုံးတူးဆြရာတြင္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္ေသာ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔သည္ (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာ (၂၇)ရက္မွစတင္ကာ ရွမ္းေျမာက္ ေဒသအတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ စတင္တိုက္ပြဲေဖာ္ခဲ့သည္။
အဆိုပါစစ္ဆင္ေရးအတြင္း၌ နစကအစိုးရအ ေနျဖင့္ ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္အပါအဝင္ တပ္ မေတာ္စစ္စခန္းအမ်ားအျပားကို လက္လႊတ္ေပးခဲ့ ရၿပီးေနာက္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီ (၁၁) ရက္ ည (၉) နာရီအခ်ိန္မွစတင္ကာ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ေစ့စပ္ေပးမႈျဖင့္ ေျမာက္ပိုင္းအဖြဲ႕မ်ားႏွင့္ တပ္မေတာ္ တို႔အၾကား ႏွစ္ဖက္အပစ္အခတ္ရပ္စဲခဲ့ၾကသည္။ ထို သို႔ အပစ္အခတ္ရပ္စဲမႈသည္ ဟိုင္ဂင္သေဘာတူညီ ခ်က္ဆိုသည့္အမည္ျဖင့္ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈ မ်ားကို ရပ္စဲခဲ့ၾကျခင္းျဖစ္သည္။
သို႔ေသာ္ ယင္းကဲ့သို႔ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္ မႈမ်ားကို ရပ္စဲခဲ့ၿပီး(၆)လနီးပါးၾကာျမင့္လာခ်ိန္ (၂၀၂၄) ခုႏွစ္၊ ဇြန္ (၂၅)ရက္တြင္ TNLA ႏွင့္ MNDAAပူးေပါင္းအဖြဲ႕တို႔သည္ ဟိုင္ဂင္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္၍ (၁၀၂၇) စစ္ဆင္ေရးဒုတိယပိုင္း အမည္ျဖင့္ ရွမ္းေျမာက္ေဒသရွိ ၿမိဳ႕မ်ားကို ဆက္လက္ ထိုးစစ္ဆင္ကာ တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ သည္။ ယင္းစစ္ဆင္ေရးသည္ (၂၀၂၄) ခုႏွစ္အတြင္း အျပင္းထန္ဆုံးေသာ စစ္ဆင္ေရးတစ္ရပ္ဟုပင္ ဆို ႏိုင္သည္။
(၂၀၂၄) ခုႏွစ္အတြင္း၌ ေျမာက္ပိုင္းအဖြဲ႕မ်ား ျပန္လည္ေဖာ္ေဆာင္ေသာ (၁၀၂၇)စစ္ဆင္ေရး ဒုတိယပိုင္းအတြင္းတြင္ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕၊ သီေပါၿမိဳ႕၊ မိုးကုတ္ၿမိဳ႕ႏွင့္ အေရွ႕ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ)ရွိရာ လားရႈိးၿမိဳ႕တို႔ကို နစကအစိုးရအ ေနျဖင့္ ထပ္မံလက္လႊတ္ခဲ့ရျပန္သည္။ ျမန္မာ့တပ္မေတာ္တြင္ စစ္တိုင္းေဒသႀကီး (၁၄)ခုရွိသည့္အနက္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ)သည္ ျမန္မာ့သမိုင္းတြင္ ပထမဦးဆုံးအႀကိမ္ လက္ လႊတ္ခဲ့ရသည့္ စစ္တိုင္းတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့ သည္ကိုေတြ႕ရသည္။ ေျမာက္ပိုင္းလက္နက္ကိုင္ပူး ေပါင္းအဖြဲ႕မ်ားသည္ ရမခအပါအဝင္ ၿမိဳ႕အခ်ိဳ႕ကို ထပ္မံရရွိခဲ့ၿပီးေနာက္ နစကအစိုးရႏွင့္ ႏိုင္ငံေရးေတြ႕ ဆုံေဆြးေႏြးလိုေၾကာင္း သေဘာထားေၾကညာခ်က္ မ်ားကို မၾကာခဏဆိုသကဲ့သို႔ ထုတ္ျပန္ေလ့ရွိခဲ့သည္။
၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ (၁၅)ရက္ႏွင့္(၁၆) ရက္တို႔တြင္ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ နစကႏွင့္MNDAA တို႔သည္ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။ သို႔ေသာ္ အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲသည္ ေအာင္ျမင္သည့္ ေဆြးေႏြးပြဲတစ္ရပ္ မျဖစ္ခဲ့ေပ။ နစကအစိုးရသည္ လားရႈိးၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္လိုသည့္သေဘာ တြင္ရွိေနၿပီးMNDAAအဖြဲ႕ဝင္မ်ားကို လားရႈိးၿမိဳ႕ေပၚမွ ျပန္လည္ဆုတ္ခြာသြားေစလိုေန သည္။ သို႔ေသာ္ MNDAA ဘက္က ေဆြး ေႏြးပြဲကို မလိမ့္တပတ္လုပ္ကာ အခ်ိန္ဆြဲေနလ်က္ရွိ သည္ကို ေတြ႕ရသည္။ လတ္တေလာအခ်ိန္၌ ရွမ္းေျမာက္ေဒသရွိ MNDAA ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ တိုက္ ပြဲမ်ား ရပ္တန႔္ေနလ်က္ရွိၿပီး တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားသည္လည္း ရပ္တန႔္ထားသည္ကိုေတြ႕ရသည္။
အလားတူ နစကအစိုးရႏွင့္ ႏိုင္ငံေရးေတြ႕ဆုံ ေဆြးေႏြးလိုေၾကာင္း မၾကာခဏဆိုသကဲ့သို႔ ထုတ္ျပန္ ေလ့ရွိသည့္ တအာင္းလက္နက္ကိုင္ TNLA သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းေဒသကို ဆက္သြယ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕နယ္အစပ္ရွိ ေတာင္ခမ္းေဒသတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြား ေနလ်က္ရွိသည္။ ေတာင္ခမ္းတိုက္ပြဲသည္ (၂၀၂၄) ခုႏွစ္အတြင္း အျပင္းထန္ဆုံးေသာ တိုက္ပြဲအျဖစ္ မွတ္ယူႏိုင္သကဲ့သို႔ TNLA အဖြဲ႕ဝင္မ်ားအတြက္ ထိခိုက္ေသဆုံးမႈအမ်ားဆုံးရွိခဲ့ေသာ တိုက္ပြဲအျဖစ္ပါ မွတ္ယူႏိုင္သည္။ စစ္ေရးဗ်ဴဟာအရ အေရးပါေသာ ေတာင္ခမ္းတိုက္ပြဲသည္ ယေန႔အခ်ိန္အထိပါ ဆက္ လက္ျဖစ္ပြားေနလ်က္ရွိၿပီး နစကႏွင့္ TNLA အဖြဲ႕တို႔အၾကား ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ရန္ ဆက္လက္ၾကာျမင့္ေနမည့္သေဘာတြင္ ရွိေနျပန္သည္။
ရွမ္းေတာင္တိုက္ပြဲ
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းလက္ နက္ကိုင္အဖြဲ႕မ်ားက အျပင္းအထန္တိုက္ပြဲေဖာ္ ေဆာင္လာမႈႏွင့္အတူ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ လည္း ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO/PNLA)၏ ေခါင္းေဆာင္ ခြန္သူရိန္သည္ ကယားျပည္နယ္ရွိ KNDF လက္နက္ကိုင္အဖြဲ႕အပါ အဝင္ PDF မ်ားႏွင့္ပူးေပါင္းကာ တိုက္ပြဲမ်ားကို ေဖာ္ေဆာင္လာျပန္သည္။
PNLA အဖြဲ႕သည္ KNDF၊ PDF ပူးေပါင္းကာ အင္အားအလုံးအရင္းျဖင့္ ဆီဆိုင္ၿမိဳ႕ကို တိုက္ပြဲေဖာ္ ေဆာင္ၿပီးေနာက္ ၿမိဳ႕ကို ယာယီထိန္းခ်ဳပ္ႏိုင္ခဲ့သည့္သ ေဘာတြင္ရွိေသာ္လည္း တပ္မေတာ္ႏွင့္ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္(PNO/PNA)အဖြဲ႕တို႔ ပူးေပါင္းကာ ျပန္လည္ခုခံတြန္းလွန္ခဲ့သည့္အတြက္ ရွမ္းေတာင္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈကို ျပန္လည္ရရွိခဲ့သည္။
၂၀၂၄ ခုႏွစ္အတြင္းတြင္ ရွမ္းေတာင္ေဒသ၌ PNLA၊ KNDFႏွင့္ PDF အဖြဲ႕တို႔ကို ျပန္လည္တြန္း လွန္ကာေခ်မႈန္းႏိုင္ခဲ့မႈသည္ နစကအစိုးရအတြက္ စစ္ေရးေအာင္ႏိုင္မႈတစ္ရပ္ဟုပင္ မွတ္ယူႏိုင္သည္။
ရခိုင္ေဒသ တိုက္ပြဲ
(၂၀၂၄) ခုႏွစ္ တစ္ႏွစ္တာအတြင္း ျဖစ္ပြားခဲ့ေသာ ထင္ရွာေက်ာ္ၾကားသည့္ စစ္ေရးကိစၥရပ္မ်ားထဲတြင္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ား သည္လည္း မျဖစ္မေနပါဝင္ရန္ လိုအပ္ေပသည္။ ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA /AA သည္ (၁၀၂၇) စစ္ဆင္ေရးႏွင့္အၿပိဳင္ ရခိုင္ျပည္နယ္အတြင္း၌ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာ (၁၃)ရက္တြင္ တိုက္ပြဲမ်ား ကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့သည္။
ရခိုင္ျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း (၁၇)ၿမိဳ႕နယ္ရွိသည့္အနက္ ၿမိဳ႕နယ္ေပါင္း (၁၄)ခု ထက္မနည္းကို AA ဘက္က ထိန္းခ်ဳပ္ႏိုင္ေနသည့္ သေဘာတြင္ရွိေနသည္။ ယင္းကဲ့သို႔ ထိန္းခ်ဳပ္ႏိုင္ ခဲ့ေသာ ၿမိဳ႕နယ္မ်ားထဲတြင္ စစ္တိုင္းေဒသႀကီး (၁၄)ခုရွိသည့္အနက္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရာ အမ္းၿမိဳ႕သည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။ အ ေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(နပခ)သည္ တပ္မ ေတာ္အတြက္ ဒုတိယအႀကိမ္ေျမာက္ ထပ္မံလက္ လႊတ္ခဲ့ရသည့္ စစ္တိုင္းတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့ျပန္သည္။
ရခိုင္လက္နက္ကိုင္အဖြဲ႕ AA သည္ (၂၀၂၄) ခုႏွစ္၊ ႏွစ္ကုန္ပိုင္းတြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕မ်ားကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ နစကအစိုးရႏွင့္ေတြ႕ဆုံ ေဆြးေႏြးရန္ အသင့္ရွိေနေၾကာင္း ထုတ္ျပန္လာခဲ့ သည္။
ကခ်င္ေဒသ တိုက္ပြဲ
ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA သည္ PDF အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ ကုန္လြန္သြားၿပီျဖစ္သည့္ (၂၀၂၄) ခုႏွစ္အတြင္း၌ ကခ်င္ျပည္နယ္အတြင္းတြင္ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့သည္။ ဗန္းေမာ္ၿမိဳ႕ႏွင့္တစ္ဝိုက္၊ ျမစ္ႀကီးနား-ဗန္းေမာ္ လမ္းပိုင္း၊ ကခ်င္အထူးေဒသ(၁)ျဖစ္သည့္ ခ်ီေဖြၿမိဳ႕၊ ေဆာ့ေလာ္ၿမိဳ႕၊ ပန္ဝါၿမိဳ႕၊ ဖားကန႔္ၿမိဳ႕စသည့္ေဒသ မ်ားတြင္ တိုက္ပြဲမ်ားကိုေဖာ္ေဆာင္ခဲ့ျခင္းပင္ျဖစ္ သည္။
ကခ်င္ေဒသတိုက္ပြဲမ်ားထဲတြင္ ထူးျခားသည့္ ျဖစ္စဥ္တစ္ရပ္အေနျဖင့္ အေမရိကန္ေဒၚလာ သန္း ေထာင္ခ်ီ တန္ဖိုးရွိေသာ ေျမရွားသတၱဳမ်ားထြက္ရွိရာ ခ်ီေဖြႏွင့္ ပန္ဝါေဒသမ်ားကို KIA လက္နက္ကိုင္အဖြဲ႕ က တိုက္ခိုက္ထိန္းခ်ဳပ္လိုက္ျခင္းပင္ ျဖစ္သည္။ အဆို ပါ ပန္ဝါေဒသသည္ အစိုးရဘက္က သတ္မွတ္ေပး ထားသည့္ ကခ်င္ျပည္နယ္အထူးေဒသ(၁)နယ္ေျမ ထဲတြင္ ပါဝင္ၿပီး ယင္းေဒသကို ဦးဇခုန္တိန႔္ယိန္းက စီမံအုပ္ခ်ဳပ္ခဲ့ျခင္းျဖစ္သည္။
၎ေဒသသည္ ေျမရွားသတၱဳအမ်ားအျပား ထြက္ရွိရာေဒသတစ္ခုျဖစ္ၿပီး ကမာၻလုံးဆိုင္ရာ ေျမ ရွားသတၱဳေဈးကြက္လိုအပ္၏ (၅၀)ရာခိုင္ႏႈန္းခန႔္ကို ျဖည့္ဆည္ေပးေနလ်က္ရွိေသာ ေဒသတစ္ခုျဖစ္ ေၾကာင္း သိရသည္။
နစကအစိုးရအေနျဖင့္ (၂၀၂၄) ခုႏွစ္အတြင္း၌ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ေဒသ မ်ားကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္ေၾကညာခဲ့သကဲ့သို႔MNDAA၊TNLA၊ AA အဖြဲ႕တို႔ကိုလည္း အၾကမ္း ဖက္အဖြဲ႕အစည္းမ်ားအျဖစ္ တရားဝင္ေၾကညာမႈရွိခဲ့သည္။
(၂၀၂၄)ခုႏွစ္အတြင္း၌ ႏိုင္ငံအႏွံ႔တိုက္ပြဲ ေဖာ္ေဆာင္လာသည့္ လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ နစကအစိုးရသည္ မ်ားေသာအားျဖင့္ ခုခံစစ္ မ်ားျဖင့္သာ အမ်ားစုတုံ႔ျပန္ခဲ့သည္ကိုေတြ႕ရွိရၿပီး တိုက္ပြဲမ်ားေဖာ္ေဆာင္ျခင္းထက္ လက္နက္ကိုင္ ပဋိပကၡကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ေတြ႕ဆုံေျဖ ရွင္းလိုသည့္နည္းလမ္းကို အားသာေနလ်က္ရွိ ေၾကာင္း ေတြ႕ရသည္။
ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ေရွးရႈကာ နစကအစိုးရသည္ (၂၀၂၄) ခုႏွစ္၊ စက္တင္ဘာ (၂၆) ရက္တြင္ PDF ၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ားအပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအားလုံးကို ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြလိုေၾကာင္း တရားဝင္ကမ္းလွမ္းခဲ့ဖူးသည္။
" ဒီေၾကညာခ်က္ထုတ္ျပန္ရျခင္း အေၾကာင္း အရင္းေတြကေတာ့ (၁) ယေန႔ ျမန္မာႏိုင္ငံရဲ႕ အေျခ အေန၊ (၂)ေျပာင္းလဲလာတဲ့ ႏိုင္ငံတကာအေျခအေန၊ (၃) ၿငိမ္းခ်မ္းေရးကို လိုလားတဲ့အဖြဲ႕အစည္း၊ လူပုဂၢိဳလ္ေတြရဲ႕ သေဘာဆႏၵေတြေၾကာင့္ပဲျဖစ္ပါ တယ္။ ဒီေန႔ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပည္သူလူထုရဲ႕ ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ျပန္သြားႏိုင္ဖို႔ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြကို စတင္ေနၿပီျဖစ္ ပါတယ္။ ႏိုင္ငံသူ၊ ႏိုင္ငံသားတိုင္းေနရာေဒသမေ႐ြးဒီမိုကေရစီစနစ္ကို ရယူခံစားႏိုင္ခြင့္ရွိဖို႔လိုပါတယ္။ ျပည္သူ႔အစိုးရကို ျပည္သူလူထုက လြတ္လပ္စြာေ႐ြး ခ်ယ္ပိုင္ခြင့္ရွိရပါမယ္။ ဒီအတြက္ လြတ္လပ္စြာဆႏၵမဲ ေပးႏိုင္ရပါမယ္။ ဒီလိုျဖစ္ဖို႔ လုံၿခဳံေရးနဲ႔တည္ၿငိမ္ ေအးခ်မ္းေရးဟာ အေရးႀကီးလွပါတယ္။ ဒါကို ေဖာ္ ေဆာင္ႏိုင္ဖို႔ ဒီေၾကညာခ်က္ထြက္ေပၚလာရျခင္းျဖစ္ပါတယ္" ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ားကို ေျပာဆိုခဲ့သည္။
(၂၀၂၄) ခုႏွစ္အတြင္း၌ နစကအစိုးရဘက္က ယင္းကဲ့သို႔ ထုတ္ျပန္ေၾကညာကာ ကမ္းလွမ္းခဲ့ေသာ္ လည္း NCAလက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္ (၇)ဖြဲ႕ခန႔္မွလြဲ၍ အျခားေသာ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ထိေရာက္ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားမရွိခဲ့ေပ။
(၂၀၂၄) ခုႏွစ္အတြင္းတြင္ တပ္မေတာ္၏ ထိပ္ပိုင္းနံပါတ္(၃)ေနရာတြင္လည္း အေျပာင္း အလဲမ်ားရွိခဲ့သည့္အတြက္ တစ္ႏွစ္တာအတြင္း ထင္ရွားသည့္ကိစၥတစ္ရပ္အျဖစ္ ထပ္မံေဖာ္ျပ ေပးလိုသည္။ တပ္မေတာ္တြင္ နံပါတ္(၃) ေနရာဟု လူသိမ်ားေသာ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၏ ေနရာတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းကို ရာထူး တိုးျမႇင့္ကာ တာဝန္ေပးအပ္ခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးသည္ ကာကြယ္ေရးဝန္ ႀကီးေနရာသို႔ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ခဲ့သည္။
ႏိုင္ငံ့စီးပြားေရးႏွင့္ ကုန္ေဈးႏႈန္း
ယခုဘ႑ာႏွစ္အတြင္း၌ ျမန္မာႏိုင္ငံ၏ရေငြ သည္ ေငြက်ပ္ (၃၉၀ဝဝ)ဘီလ်ံေက်ာ္ရရွိမည္ဟု နစကအစိုးရက ခန႔္မွန္ထားၿပီး သုံးေငြပိုင္းတြင္ ေငြ က်ပ္ဘီလ်ံ (၄၁၀ဝဝ)ေက်ာ္ရွိႏိုင္ေၾကာင္း ဆိုသည္။ ႏိုင္ငံေတာ္မွ အခြန္ေကာက္ခံရရွိမႈအေနျဖင့္ ေငြက်ပ္ ဘီလ်ံ (၉၃၀ဝ)ေက်ာ္ ရရွိရန္လည္း နစကအစိုးရက ေမွ်ာ္မွန္းထားသည္။ ထို႔ျပင္ ႏိုင္ငံေတာ္ စုစုေပါင္း ျပည္တြင္း ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုး(GDP)အေနျဖင့္ ေငြက်ပ္ (၁၅၅၅၄၃ ဒသမ ၅၃၄) ဘီလ်ံ ရွိမည္ဟုခန႔္မွန္းထားကာ GDP တိုးတက္မႈရာခိုင္ႏႈန္း (၃ ဒသမ ၈) ရွိမည္ဟုဆိုသည္။
ျမန္မာႏိုင္ငံတြင္ နယ္စပ္ကုန္သြယ္ေရးစခန္း ေပါင္း (၁၇)ခုထက္မနည္းရွိေနၿပီး (၂၀၂၄) ခုႏွစ္ အတြင္း ျပင္းထန္လာသည့္တိုက္ပြဲမ်ားေၾကာင့္ ျမန္ မာ-တ႐ုတ္ႏွစ္ႏိုင္ငံၾကားရွိ နယ္စပ္ကုန္သြယ္ေရး ဂိတ္စခန္းအားလုံးနီးပါး ပိတ္ထားခဲ့ရသည္။
(၂၀၂၄) ခုႏွစ္အတြင္းတြင္ ကုန္ေဈးႏႈန္း ႀကီးျမင့္ျခင္း၊ ေငြေၾကးလဲလွယ္မႈမတည္ၿငိမ္ျခင္း၊ ေငြ ေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ျခင္း၊ ေ႐ႊေဈးႏႈန္း ႀကီးျမင့္ျခင္း စသည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ အ ေရးယူခံခဲ့ရသည့္လုပ္ငန္းရွင္မ်ားလည္းရွိခဲ့သည္။
(၂၀၂၄) ခုႏွစ္အတြင္းတြင္ ျပည္တြင္းေ႐ႊေဈးႏႈန္း မတည္မၿငိမ္ျဖစ္ေစရန္ ေဆာင္႐ြက္ေနသည့္ တရား မဝင္ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ေနသည့္ ပြဲစားမ်ား အပါအဝင္ လူပုဂၢိဳလ္ (၂၁)ဦးထက္မနည္းကို နစက အစိုးရက ေဖာ္ထုတ္ဖမ္းဆီးစစ္ေဆးျခင္းမ်ားရွိခဲ့ သည္။ ထို႔ျပင္ ျပည္တြင္းေ႐ႊေဈးႏႈန္း မတည္မၿငိမ္ ျဖစ္ေစရန္ ေနာက္ကြယ္မွေဆာင္႐ြက္ေနသည့္ ေ႐ႊ လုပ္ငန္းရွင္ (၁၀) ဦးကိုလည္း ေခၚယူစစ္ေဆးႏိုင္ရန္ နစကဘက္က ႀကိဳးပမ္းခဲ့သည္။ ထိုသို႔ေနာက္ကြယ္မွ ေဆာင္႐ြက္ေနေသာ ေ႐ႊလုပ္ငန္းရွင္မ်ားထဲတြင္ နာမည္ႀကီးေ႐ႊဆိုင္ျဖစ္သည့္ ေအာင္သမာဓိ ေ႐ႊဆိုင္ ပိုင္ရွင္ ဦးေအာင္ဆန္းဝင္း၊ ဝိန႔္စိန္ေ႐ႊဆိုင္မွ ဦးေအာင္ ေကာင္းျမတ္၊ ဇြဲထက္ေ႐ႊဆိုင္မွ ဦးဆန္းဝင္း၊ အကယ္ ဒမီေ႐ႊသန႔္စင္လုပ္ငန္းမွ ဦးမ်ိဳးသူဝင္းတို႔လည္း ပါဝင္ခဲ့သည္ကို နစက၏ထုတ္ျပန္ခ်က္မ်ားအရ ေတြ႕ ခဲ့ရသည္။
အလားတူ ကုန္ေဈးႏႈန္းႀကီးျမင့္ဒဏ္ကိုလည္း ျမန္မာျပည္သူလူထုအေနျဖင့္ အျပင္းအထန္ခံစား ခဲ့ရသည့္ ႏွစ္တစ္ႏွစ္လည္းျဖစ္ခဲ့သည္။ သတ္မွတ္ ေဈးႏႈန္းထက္ (၅၁) ရာခိုင္ႏႈန္းမွ (၇၀) ရာခိုင္ႏႈန္း အထိ ပိုမိုအက်ိဳးအျမတ္မ်ားစြာရယူကာ ျပည္သူလူထု ကို ေရာင္းခ်ခဲ့သည့္ ေဈးဝယ္စင္တာ (၂၂)ခုမွ တာဝန္ရွိသူ (၄)ဦးႏွင့္ အျခားလုပ္ငန္းရွင္မ်ားကိုလည္း အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒတို႔ျဖင့္ အေရးယူခဲ့သည့္ျဖစ္စဥ္တစ္ရပ္သည္လည္း (၂၀၂၄) ခုႏွစ္အတြင္း ရွိခဲ့သည္။
၎တို႔အထဲတြင္ One Stop Mart၊City Mart၊ Sein Gay Harေဈးဝယ္စင္တာတို႔မွ တာဝန္ ရွိသူမ်ား အေရးယူခံခဲ့ရသကဲ့သို႔ Aeon Orange မွလည္း ဒါ႐ိုက္တာျဖစ္သူ ဂ်ပန္ႏိုင္ငံသားကို နစက ဘက္က အေရးယူခဲ့သည္။
ကြယ္လြန္ခဲ့ရေသာ ထင္ရွားေက်ာ္ၾကားသူမ်ား
(၂၀၂၄) ခုႏွစ္ ႏွစ္စပိုင္း ဇန္နဝါရီလ (၉) ရက္တြင္ ႏိုင္ငံေက်ာ္ဂႏၴဝင္အဆိုေတာ္ႀကီးတစ္ဦးျဖစ္ေသာ ေဒၚမာမာေအးသည္ အေမရိကန္ႏိုင္ငံရွိ ဖို႔ဒ္ဝိန္းၿမိဳ႕ တြင္ ကြယ္လြန္ဆုံးပါးခဲ့ရသည္။ ဂႏၴဝင္ေတးသံရွင္ အဆိုေတာ္ မာမာေအးသည္ လူႀကီးေရာဂါျဖင့္ ကြယ္ လြန္ခဲ့ျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္(၈၂)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္သည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း NLD ပါတီ၏ နာယကျဖစ္သူ သူရ ဦးတင္ဦးသည္ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိေနအိမ္တြင္ ဇြန္လ (၁) ရက္၌ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။
သူရဦးတင္ဦးသည္ လူႀကီးေရာဂါျဖင့္ ကြယ္ လြန္သြားျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္(၉၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည္။ ရန္ကုန္ၿမိဳ႕၊ ေရေဝးသုသာန္ တြင္က်င္းပခဲ့သည့္ သူရဦးတင္ဦး၏ ဈာပနအခမ္း အနားသို႔ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္ႏွင့္ ဇနီး၊ သမၼတေဟာင္းဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္းေဒၚေအာင္ဆန္းစုၾကည္တို႔က လြမ္းသူ႔ပန္းေခြမ်ား ေပးပို႔ခဲ့ၾကသည္။
ထို႔ျပင္ (၂၀၂၄) ခုႏွစ္ ဇူလိုင္လအတြင္း ကြယ္ လြန္ခဲ့ရသည့္ ေနာက္ထပ္ထင္ရွားေက်ာ္ၾကားသူ တစ္ဦးမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ စိုင္းဆိုင္ေမာဝ္ပင္ ျဖစ္သည္။ ၎သည္ ဇူလိုင္ (၁၇)ရက္ ည(၇) နာရီ ဝန္းက်င္အခ်ိန္တြင္ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕ နယ္ရွိ၊ ေကာင္းအထူးကုေဆး႐ုံတြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ သည္။ အဆိုေတာ္စိုင္းဆိုင္ေမာဝ္ ကြယ္လြန္ခ်ိန္တြင္ အသက္(၇၅) ႏွစ္ရွိျဖစ္သည္။
အလားတူပင္ (၂၀၂၄)ခုႏွစ္အတြင္း ကြယ္ လြန္ခဲ့ေသာ ေနာက္ထပ္ ထင္ရွားေက်ာ္ၾကားသူ တစ္ ဦးမွာ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ေဇာ္ျမင့္ေမာင္ ျဖစ္သည္။ ေဒါက္တာ ေဇာ္ျမင့္ေမာင္ သည္ ေအာက္တိုဘာ (၇)ရက္ နံနက္ပိုင္းတြင္ ေသြး ကင္ဆာေရာဂါျဖင့္ မႏၲေလးေဆး႐ုံႀကီး၌ ကြယ္လြန္ ခဲ့ျခင္းပင္ျဖစ္သည္။ ကြယ္လြန္ဆုံးပါးခ်ိန္တြင္ အသက္(၇၃)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္သည္။
NLD အစိုးရလက္ထက္တြင္ ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဦးဝင္းခိုင္ သည္ မႏၲေလးေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနစဥ္ ႏိုဝင္ဘာ (၈)ရက္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ကြယ္ လြန္ခ်ိန္တြင္ အသက္ (၇၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည္။ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ ေမာင္ႏွင့္ ဝန္ႀကီးေဟာင္း ဦးဝင္းခိုင္တို႔ကို မကြယ္ လြန္မီရက္ပိုင္းအလိုတြင္ နစကအစိုးရဘက္ကလြတ္ ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ေၾကာင္း သိရသည္။
ရာဂီမုန္တိုင္း
ရာဂီမုန္တိုင္းႏွင့္ပတ္သက္၍လည္း (၂၀၂၄) ခုႏွစ္အတြင္း ထင္ရွားေက်ာ္ၾကားသည့္ကိစၥတစ္ရပ္ အျဖစ္ ေဖာ္ျပေပးလိုသည္။ အဆိုပါ ရာဂီမုန္တိုင္း၏ အရွိန္ေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္ နယ္ (၈)ခုတြင္ ႐ုတ္တရက္ေရႀကီးေရလွ်ံမႈမ်ားျဖစ္ ပြားကာ ထိခိုက္ပ်က္စီးမႈအမ်ားအျပား ျဖစ္ေပၚခဲ့ရျပန္ သည္။ ရာဂီမုန္တိုင္းသဘာဝေဘးေၾကာင့္ ျမန္မာျပည္ သူဦးေရ (၅၂၀)ဝန္းက်င္ ေသဆုံး/ေပ်ာက္ဆုံးခဲ့ရၿပီး ႏိုင္ငံေတာ္ပိုင္ အေဆာက္အအုံႏွင့္ ျပည္သူလူထု ပိုင္ေနအိမ္အေဆာက္အအုံ၊ လယ္ယာပ်က္စီးမႈတန္ ဖိုးသည္ ေငြက်ပ္ (၄၆၆)ဘီလ်ံေက်ာ္ရွိခဲ့သည္။ ရာဂီမုန္တိုင္းဒဏ္ကို ေနျပည္ေတာ္ႏွင့္ မႏၲေလး တိုင္းတို႔တြင္ အဓိကခံစားခဲ့ရသည္။
အၾကမ္းဖက္သတ္ျဖတ္မႈမ်ား
(၂၀၂၄) ခုႏွစ္အတြင္းျဖစ္ပြားခဲ့ေသာ အၾကမ္း ဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားထဲတြင္ အစုလိုက္၊ အၿပဳံ လိုက္ ပစ္ခတ္သတ္ျဖတ္ခံရျခင္း၊ ဖမ္းဆီးမီးရႈိ႕ သတ္ျဖတ္ခံရျခင္း၊ ဖမ္းဆီးကာ လည္လွီးသတ္ျဖတ္ခံရ ျခင္း၊ အနီးကပ္ပစ္ခတ္သတ္ျဖတ္ခံရျခင္း စသည့္ အၾကမ္းဖက္ျဖစ္ စဥ္အမ်ားအျပားရွိခဲ့သည့္အတြက္ ထူးျခားသည့္ ျဖစ္စဥ္တစ္ရပ္အေနျဖင့္ ေဖာ္ျပေပး လိုသည္။
(၂၀၂၄) ခုႏွစ္အတြင္း၌ အၾကမ္းဖက္သတ္ျဖတ္မႈ ျဖစ္စဥ္ အမ်ားအျပားရွိခဲ့သည့္အနက္ အမ်ိဳးသမီး (၁၂)ဦး အစုလိုက္၊ အၿပဳံလိုက္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရသည့္ျဖစ္စဥ္ကို အနည္းအက်ဥ္းေဖာ္ျပေပးလို သည္။ (၂၀၂၄)ခုႏွစ္ စက္တင္ဘာ (၁၇)ရက္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ႂကြယ္ပုံေက်း႐ြာ အနီးတြင္ ေတာင္ယာလုပ္ငန္းခြင္ဝင္ရန္အတြက္ အမ်ိဳးသမီး(၁၂)ဦးႏွင့္ အမ်ိဳးသား (၃)ဦးတို႔သည္ ကားႏွစ္စီးျဖင့္ ထြက္ခြာလာစဥ္ NUG လက္ေအာက္ခံ PDF အဖြဲ႕က လက္နက္မ်ားျဖင့္ ဝိုင္းဝန္ပစ္ခတ္ခဲ့ၾကသည္ဟု နစကဘက္က ထုတ္ျပန္ခဲ့သည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ စုစုေပါင္း အမ်ိဳးသမီး (၁၂)ဦး ေသဆုံးခဲ့ရသည္။
အခက္အခဲ၊ အက်ပ္အတည္းေပါင္းစုံျဖင့္ ျဖတ္သန္းေနရလ်က္ရွိသည့္ ျမန္မာျပည္သူလူထုအားလုံး သည္ ခရစ္သကၠရာဇ္ (၂၀၂၄)ခုႏွစ္၏ တစ္ႏွစ္တာ ကာလကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီျဖစ္သည္။ ယခုလက္ရွိအ ခ်ိန္တြင္ ခရစ္သကၠရာဇ္ (၂၀၂၅)ခုႏွစ္ဆိုေသာ အ ခ်ိန္ရထားႀကီးမွာ စတင္ခုတ္ေမာင္းေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံေတာ္ႀကီး မည္မွ်ခရီးေရာက္ ပါမည္နည္း၊ ျမန္မာျပည္သူလူထုအေနျဖင့္လည္း မည္မွ်ခရီးေပါက္မည္နည္း...။