မုဒုံ-သံဖြူဇရပ် လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသော မန္တလာမင်းယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ သတင်းကို (၃)ရက်ကျော်သည်အထိ မသိရသေး
695
ချယ်ရီ (NP News)- ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ် ကားလမ်းမပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးသွားသော မန္တလာမင်းခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ သတင်းကို (၃)ရက်ကျော်ကြာသည်အထိ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇန်နဝါရီလ ၅ ရက်)၊ ညနေပိုင်း ၅ နာရီဝန်းကျင် အချိန်ခန့်က ရောင်းဒေါင်းကျေးရွာအနီး၊ မုဒုံ-သံဖြူဇရပ် ကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည် (၁၀) ဦးခန့် စီးနင်းလိုက်ပါလာသည့် မန္တလာမင်း ခရီးသည်တင် ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်စေပြီးနောက် ယာဉ်ပေါ်တွင်လိုက်ပါလာကြသော ခရီးသည်အားလုံးကို ကားပေါ်မှဆင်းခိုင်း၍ ယာဉ်မောင်းအပါအဝင် ယာဉ်နောက်လိုက်နှင့် ခရီးသည်တင်ကားကို ကွမ်လှာကျေးရွာဘက်သို့ မောင်းနှင်ခိုင်းကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
မန္တလာမင်းခရီးသည်တင်ကားတွင် GPS တပ်ဆင်ထားသည့်အတွက် ကားကိုရှာဖွေရာ ကွမ်လှာကျေးရွာသင်္ချိုင်းအနီးတွေ့ခဲ့သည့်အတွက် ဇန်နဝါရီလ ၆ရက်၊ နံနက်ပိုင်း ၁နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရှင်းလင်းခဲ့ရာ အဆိုပါခရီးသည်တင်ကားကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ကွမ်လှာကျေးရွာသင်္ချိုင်းအနီးမှ မုဒုံမြို့မရဲစခန်းသို့ မောင်းနှင်လာခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ခရီးသည်များ၏ ကုန်ပစ္စည်းများကို မုဒုံမြို့မရဲစခန်းမှ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ အမှန်ပါပဲ။ မန္တလာမင်းကားက ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တို့ အဖမ်းခံရတာပါ။ ဒီဘက်က ဆိုးတယ်လို့တော့ပြောလို့ရတယ်။ ဝန်ထမ်းတွေဆိုရင် ယူနီဖောင်းနဲ့အသွားအလာမလုပ်ခိုင်းဘူး။ ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့။ အခုထိတော့ အဖမ်းခံရတဲ့သူတွေအသံမကြားရသေးဘူး"ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
zawgyi version
မုဒုံ-သံျဖဴဇရပ္ လမ္းပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕၏ ဖမ္းဆီးျခင္းခံရေသာ မႏၲလာမင္းယာဥ္လိုင္းမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔၏ သတင္းကို (၃)ရက္ေက်ာ္သည္အထိ မသိရေသး
ခ်ယ္ရီ (NP News)- ဇန္နဝါရီ ၈
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ မုဒုံ-သံျဖဴဇရပ္ ကားလမ္းမေပၚတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ ဖမ္းဆီးသြားေသာ မႏၲလာမင္းခရီးသည္တင္ယာဥ္မွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔၏ သတင္းကို (၃)ရက္ေက်ာ္ၾကာသည္အထိ မသိရေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၅ ရက္)၊ ညေနပိုင္း ၅ နာရီဝန္းက်င္ အခ်ိန္ခန႔္က ေရာင္းေဒါင္းေက်း႐ြာအနီး၊ မုဒုံ-သံျဖဴဇရပ္ ကားလမ္းေပၚ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မုဒုံၿမိဳ႕ဘက္မွ သံျဖဴဇရပ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ ခရီးသည္ (၁၀) ဦးခန႔္ စီးနင္းလိုက္ပါလာသည့္ မႏၲလာမင္း ခရီးသည္တင္ ယာဥ္တစ္စီးကို လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က တားဆီးရပ္တန႔္ေစၿပီးေနာက္ ယာဥ္ေပၚတြင္လိုက္ပါလာၾကေသာ ခရီးသည္အားလုံးကို ကားေပၚမွဆင္းခိုင္း၍ ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေနာက္လိုက္ႏွင့္ ခရီးသည္တင္ကားကို ကြမ္လွာေက်း႐ြာဘက္သို႔ ေမာင္းႏွင္ခိုင္းကာ ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲလာမင္းခရီးသည္တင္ကားတြင္ GPS တပ္ဆင္ထားသည့္အတြက္ ကားကိုရွာေဖြရာ ကြမ္လွာေက်း႐ြာသခ်ႋဳင္းအနီးေတြ႕ခဲ့သည့္အတြက္ ဇန္နဝါရီလ ၆ရက္၊ နံနက္ပိုင္း ၁နာရီခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွာေဖြရွင္းလင္းခဲ့ရာ အဆိုပါခရီးသည္တင္ကားကို ျပန္လည္ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ကြမ္လွာေက်း႐ြာသခ်ႋဳင္းအနီးမွ မုဒုံၿမိဳ႕မရဲစခန္းသို႔ ေမာင္းႏွင္လာခဲ့ၿပီး ယာဥ္ေပၚပါလာသည့္ ခရီးသည္မ်ား၏ ကုန္ပစၥည္းမ်ားကို မုဒုံၿမိဳ႕မရဲစခန္းမွ သံျဖဴဇရပ္ၿမိဳ႕ရွိ မႏၲလာမင္းကားဂိတ္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
“ျဖစ္စဥ္ကေတာ့ အမွန္ပါပဲ။ မႏၲလာမင္းကားက ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္တို႔ အဖမ္းခံရတာပါ။ ဒီဘက္က ဆိုးတယ္လို႔ေတာ့ေျပာလို႔ရတယ္။ ဝန္ထမ္းေတြဆိုရင္ ယူနီေဖာင္းနဲ႔အသြားအလာမလုပ္ခိုင္းဘူး။ ဘယ္ဝန္ထမ္းပဲျဖစ္ျဖစ္ေပါ့။ အခုထိေတာ့ အဖမ္းခံရတဲ့သူေတြအသံမၾကားရေသးဘူး"ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။