ကျောင်းသား(၆၀ဝ)ကျော်ပညာသင်ယူနေသော (ဖားကန့်) မဇွပ်ယန်စာသင်ကျောင်းကို KIO နှင့် ကုမ္ပဏီ(၂)ခုပူးပေါင်းဖျက်ဆီးနေ
3157
သန့်ဇင် (NP News) - ဇန်နဝါရီ ၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၆၀ဝ)ကျော်ပညာ သင်ယူနေသော မဇွပ်ယန်စာသင်ကျောင်းနေရာတွင် ကျောက်စိမ်းတူးရန် KIO နှင့် ကုမ္ပဏီ(၂)ခုပူးပေါင်း ကာ ကျောင်းအတွင်းပိုင်းကို ခိုးဖျက်နေကြောင်း ဒေသခံများက NP News သို့ပြောသည်။
အဆိုပါ စာသင်ကျောင်းသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင်တည်ရှိကာ အခိုင် အမာရှိသည့် စာသင်ဆောင်များလည်းရှိပြီး စာသင် ကျောင်း မြေနေရာမှာ (၈)ဧကခန့် ကျယ်ဝန်းကြောင်း သိရသည်။ " စာသင်ကျောင်းကို KIA၊ KIO (ဗဟို)ကနေပြီးတော့ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မင်းတို့ တူးကြကွာဆိုပြီး ခွင့်ပြုထားလိုက်တာ။ အသစ်ပြန် ဆောက်ပေးမယ့်ပုံစံမျိုးနဲ့ပေါ့။ အဲဒီမှာ အပြင်က တိုင်တွေကို ပတ်ပြီးတော့ အတွင်းမှာပဲလုပ်ပြီး လူတွေ မသိတဲ့အချိန်ကျမှ စာသင်ကျောင်းကို ဘက်ဟိုးနဲ့ရိုက်ချပစ်မယ့်သဘောရှိတယ်"ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၆၀ဝ)ကျော်ပညာသင်ယူနေသည့် စာသင်ကျောင်းဖြစ်ပြီး အဆိုပါ စာသင်ကျောင်းသည် ကျေးရွာ(၅)ရွာထက်မနည်း ကကျောင်းသား၊ ကျောင်း သူများ ပညာသင်ယူရာနေရာဖြစ်ကြောင်း သိရသည်။ "ပြောချင်တာက အစိုးရကဆောက်ထားတဲ့စာသင်ကျောင်းကို ဒီသူပုန်တွေက တူးခွင့်ပြုနေတာက မေးခွန်းထုတ်စရာဖြစ်နေတာ။ အဲဒီမှာက လက်ရှိကလေးတွေလည်းစာသင်နေတဲ့အချိန်ကြီးကို လုပ်တာ။ နွေရာသီ ကျောင်းပိတ်ရက်လည်းမဟုတ်ဘူး။ ကျောင်းကို ရွာ(၄)(၅)(၆)ရွာက ကလေးပေါင်း(၆၀ဝ) ကျော် စာသင်နေတဲ့ စာသင်ကျောင်းကို အဲဒီလိုလုပ်ဖို့ မသင့်တော်ဘူးပေါ့။ အရင်တစ်ခါပြောဖူးတဲ့ကိစ္စကို နားနေပြီးတော့မှ အခုမှတစ်ခါထပ်ပြီးတော့ လုပ်ပြန်တာပေါ့"ဟု ၎င်းကဆိုသည်။ အလားတူ ပြီးခဲ့သည့်ကာလကလည်း KIO နှင့် အကျိုးတူ ကုမ္ပဏီတို့ပူးပေါင်းကာ ကျောက်စိမ်းတူးဖော်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖားကန့်မြို့နယ်အတွင်းရှိ စဗျိခူးကျေးရွာနှင့် ကုဋေကျေးရွာအပါအဝင် တာမခန်ကျေးရွာစာသင်ကျောင်း အစရှာမရသည် အထိ ပျောက်သွားခဲ့ရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
"အသစ်ပြန်ဆောက်ပေးမယ်ဆိုတာက တော့ လုပ်လို့မရဘူးလေ။ ရတနာနယ်မြေဖြစ်တဲ့ အတွက် တူးမယ်ဆိုရင် နိုင်ငံတော်နဲ့အကျိုးတူ ပူးပေါင်းပြီးမှတူးရမှာလေ။ ရတနာထွက်တဲ့နေရာမှာ ကိုယ့်သဘောနဲ့ ကိုယ် စာသင်ကျောင်း ဆောက်ပေး မယ်။ ဒီနေရာကြီးဖယ်ပေးပါဆို လူတိုင်းတူးကြမှာပေါ့။ အခုနေရာက (၈)ဧကလောက်ကျယ်တယ်။ (၁)ဧကကို သိန်းပေါင်း(၅၀ဝဝဝ)လောက်တန်တယ်။ အဲဒါကို လူမိုက် ဆန်ဆန်ဝင်လုပ်နေတာ။ အဲဒီမြေက အမှန်ဆိုရင် သိန်းပေါင်း (၄၀ဝဝဝ၀) လောက်တန်တယ်" ဟု ၎င်းကဆက်ပြောသည်။
zawgyi version
ေက်ာင္းသား(၆၀ဝ)ေက်ာ္ပညာသင္ယူေနေသာ (ဖားကန႔္) မဇြပ္ယန္စာသင္ေက်ာင္းကို KIO ႏွင့္ ကုမၸဏီ(၂)ခုပူးေပါင္းဖ်က္ဆီးေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၈
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်ာင္းသား၊ ေက်ာင္းသူ (၆၀ဝ)ေက်ာ္ပညာ သင္ယူေနေသာ မဇြပ္ယန္စာသင္ေက်ာင္းေနရာတြင္ ေက်ာက္စိမ္းတူးရန္ KIO ႏွင့္ ကုမၸဏီ(၂)ခုပူးေပါင္း ကာ ေက်ာင္းအတြင္းပိုင္းကို ခိုးဖ်က္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
အဆိုပါ စာသင္ေက်ာင္းသည္ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စုတြင္တည္ရွိကာ အခိုင္ အမာရွိသည့္ စာသင္ေဆာင္မ်ားလည္းရွိၿပီး စာသင္ ေက်ာင္း ေျမေနရာမွာ (၈)ဧကခန႔္ က်ယ္ဝန္းေၾကာင္း သိရသည္။ " စာသင္ေက်ာင္းကို KIA၊ KIO (ဗဟို)ကေနၿပီးေတာ့ လုပ္ငန္းရွင္ေတြနဲ႔ေပါင္းၿပီး မင္းတို႔ တူးၾကကြာဆိုၿပီး ခြင့္ျပဳထားလိုက္တာ။ အသစ္ျပန္ ေဆာက္ေပးမယ့္ပုံစံမ်ိဳးနဲ႔ေပါ့။ အဲဒီမွာ အျပင္က တိုင္ေတြကို ပတ္ၿပီးေတာ့ အတြင္းမွာပဲလုပ္ၿပီး လူေတြ မသိတဲ့အခ်ိန္က်မွ စာသင္ေက်ာင္းကို ဘက္ဟိုးနဲ႔႐ိုက္ခ်ပစ္မယ့္သေဘာရွိတယ္"ဟု ေဒသခံအမ်ိဳးသား တစ္ဦးက ေျပာသည္။
အဆိုပါ စာသင္ေက်ာင္းတြင္ ေက်ာင္းသား၊ ေက်ာင္းသူ(၆၀ဝ)ေက်ာ္ပညာသင္ယူေနသည့္ စာသင္ေက်ာင္းျဖစ္ၿပီး အဆိုပါ စာသင္ေက်ာင္းသည္ ေက်း႐ြာ(၅)႐ြာထက္မနည္း ကေက်ာင္းသား၊ ေက်ာင္း သူမ်ား ပညာသင္ယူရာေနရာျဖစ္ေၾကာင္း သိရသည္။ "ေျပာခ်င္တာက အစိုးရကေဆာက္ထားတဲ့စာသင္ေက်ာင္းကို ဒီသူပုန္ေတြက တူးခြင့္ျပဳေနတာက ေမးခြန္းထုတ္စရာျဖစ္ေနတာ။ အဲဒီမွာက လက္ရွိကေလးေတြလည္းစာသင္ေနတဲ့အခ်ိန္ႀကီးကို လုပ္တာ။ ေႏြရာသီ ေက်ာင္းပိတ္ရက္လည္းမဟုတ္ဘူး။ ေက်ာင္းကို ႐ြာ(၄)(၅)(၆)႐ြာက ကေလးေပါင္း(၆၀ဝ) ေက်ာ္ စာသင္ေနတဲ့ စာသင္ေက်ာင္းကို အဲဒီလိုလုပ္ဖို႔ မသင့္ေတာ္ဘူးေပါ့။ အရင္တစ္ခါေျပာဖူးတဲ့ကိစၥကို နားေနၿပီးေတာ့မွ အခုမွတစ္ခါထပ္ၿပီးေတာ့ လုပ္ျပန္တာေပါ့"ဟု ၎ကဆိုသည္။ အလားတူ ၿပီးခဲ့သည့္ကာလကလည္း KIO ႏွင့္ အက်ိဳးတူ ကုမၸဏီတို႔ပူးေပါင္းကာ ေက်ာက္စိမ္းတူးေဖာ္မႈမ်ား လုပ္ေဆာင္ခဲ့သည့္အတြက္ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ စဗ်ိခူးေက်း႐ြာႏွင့္ ကုေဋေက်း႐ြာအပါအဝင္ တာမခန္ေက်း႐ြာစာသင္ေက်ာင္း အစရွာမရသည္ အထိ ေပ်ာက္သြားခဲ့ရေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
"အသစ္ျပန္ေဆာက္ေပးမယ္ဆိုတာက ေတာ့ လုပ္လို႔မရဘူးေလ။ ရတနာနယ္ေျမျဖစ္တဲ့ အတြက္ တူးမယ္ဆိုရင္ ႏိုင္ငံေတာ္နဲ႔အက်ိဳးတူ ပူးေပါင္းၿပီးမွတူးရမွာေလ။ ရတနာထြက္တဲ့ေနရာမွာ ကိုယ့္သေဘာနဲ႔ ကိုယ္ စာသင္ေက်ာင္း ေဆာက္ေပး မယ္။ ဒီေနရာႀကီးဖယ္ေပးပါဆို လူတိုင္းတူးၾကမွာေပါ့။ အခုေနရာက (၈)ဧကေလာက္က်ယ္တယ္။ (၁)ဧကကို သိန္းေပါင္း(၅၀ဝဝဝ)ေလာက္တန္တယ္။ အဲဒါကို လူမိုက္ ဆန္ဆန္ဝင္လုပ္ေနတာ။ အဲဒီေျမက အမွန္ဆိုရင္ သိန္းေပါင္း (၄၀ဝဝဝ၀) ေလာက္တန္တယ္" ဟု ၎ကဆက္ေျပာသည္။