နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံတွင်းကနေထွက်ပြေးရတဲ့ (၂၀၂၄)ရဲ့ စိတ်ဝင်စားဖွယ်ဖြစ်ရပ်အနှစ်ချုပ်

 2104

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၈

သမိုင်းတွင်ကျန်ရစ်မယ့်အဖြစ်ပျက်တွေဟာ နှစ် စဉ်နှစ်တိုင်း ဖြစ်ပွားလေ့ရှိနေရာ (၂၀၂၄)ခုနှစ်မှာလည်း ကမ္ဘာ့သမိုင်းမှာ သမိုင်းတွင်ကျန်ရစ်မယ့် အ ဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၄)ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အဖြစ်ပျက် တွေထဲကနေ မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့သလို လူ စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ရတဲ့ ကမ္ဘာ့အကြောင်း အရာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

အီရန် နဲ့ အစ္စရေးစစ်ပွဲ

အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲနဲ့ဆက်နွှယ်ပြီး အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို (၂၀၂၄)ခုနှစ် ဧပြီလ(၁၃)ရက်အ တွင်း ပဲ့ထိန်းဒုံးကျည်အစင်းရေ (၃၀ဝ)အပြင်၊ ဒရုန်း တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံကလည်း တိုက်လေယာဉ်တွေအသုံးပြုပြီး လက်တုံ့ပြန်ခဲ့သလို အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့် တက်ခဲ့ရာ စိုးရိမ်မှုများစွာဖြစ်လာစေခဲ့ပါတယ်။ အီရန် နိုင်ငံက ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံရဲ့ လေတပ်အဆောက်အအုံတချို့ ထိခိုက်ပျက် စီးခဲ့ရသလို အစ္စရေးနိုင်ငံရဲ့လက်တုံ့ပြန်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အဓိကအရေးပါတဲ့ အဆောက်အအုံ တွေ၊ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အီရန်ဟာ အောက် တိုဘာ (၂)ရက်နေ့မှာ အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံး ကျည်အစင်းရေ (၁၈၀)နဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း အီရန်ကို အောက်တိုဘာလ (၂၆) ရက်မှာ တိုက်လေယာဉ်တွေ အသုံးပြုကာ လက်တုံ့ ပြန်တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု ပိုမိုဖြစ်လာခဲ့ပါတယ်။

အစ္စရေးနဲ့ဟစ်ဇ်ဘိုလာစစ်ပွဲ

အစ္စရေးဟာ ဂါဇာစစ်ပွဲနဲ့ဆက်နွှယ်ပြီး ၎င်းနိုင်ငံဘက်ခြမ်းကို ရော့ကတ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို စက်တင်ဘာ (၂၆)ရက်မှာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် စစ်ရေးတင်းမာမှုမြင့်တက်ခဲ့ပြီး အစ္စရေးနဲ့ဟစ်ဇ်ဘို လာအဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်း(၃၀)ကြာ တာဝန်ယူ နေတဲ့ ဟတ်ဆန်နက်ရယ်လာဟာ အောက်တိုဘာလ အစောပိုင်းမှာသေဆုံးခဲ့သလို ဟားမတ်စ်အဖွဲ့ရဲ့အဓိ ကခေါင်းဆောင်တွေ သေဆုံးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာ အဖွဲ့ အဓိကခေါင်းဆောင် ဟတ်ဆန်နက်ရယ်လာ သေဆုံးခဲ့ပြီးနောက် အစ္စရေးနဲ့ဟစ်ဇ်ဘိုလာအဖွဲ့ကြား စစ်ရေးတင်းမာမှုအရှိန် ပိုမိုမြင့်တက်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် အမေရိကန်နိုင်ငံအပြင် ဒေသအ တွင်းနိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် လက် ရှိအချိန်မှာ အပစ်အခတ်ရပ်စဲရေးရယူထားနိုင်တယ် လို့သိရပါတယ်။

အီရန်သမ္မတ လေယာဉ်ပျက်ကျသေဆုံးမှု

အီရန်သမ္မတ အီဘရာဟင်ရိုင်စီဟာ အီရန်နဲ့ အာဇာဘိုင်ဂျန်နယ်စပ်ကို မေလ (၁၉)ရက်က သွား ရောက်ချိန်အတွင်း ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ အားလုံးသေဆုံးသွားခဲ့ပါတယ်။ အီရန်သမ္မတနဲ့အတူ အီရန်အစိုးရတာဝန်ရှိသူတွေဟာ Bell (၂၁၂) အမျိုး အစား ရဟတ်ယာဉ်နဲ့သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီ ရဟတ်ယာဉ်ဟာ စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်တွေ ကြောင့် ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ Bell (၂၁၂)အမျိုးအစားရဟတ်ယာဉ်ဟာ သက်တမ်း ရင့်နေတဲ့ ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး အီရန်ဟာ စီးပွားရေးပိတ်ဆို့ခံထားရတဲ့အတွက် လေယာဉ်နဲ့ပတ် သက်တဲ့အပိုပစ္စည်းတွေ လုံလောက်စွာတင်သွင်းနိုင် တာမျိုးမရှိတဲ့အတွက် စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက် တွေဖြစ်ခဲ့ကာ ပျက်ကျခဲ့ခြင်းဖြစ်တယ်လို့ အီရန် အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ရွေးကောက်ပွဲနဲ့ ဒေါ်နယ်ထရမ့်အနိုင်ရမှု
အမေရိကန်ရွေးကောက်ပွဲကို (၂၀၂၄)ခုနှစ် နိုဝင်ဘာ (၅)ရက်မှာကျင်းပခဲ့ရာ သမ္မတဟောင်း ဒေါ် နယ်ထရမ့်ဟာ ကာမီလာဟဲရစ်ကိုအနိုင်ရခဲ့ပြီး အမေ ရိကန်နိုင်ငံရဲ့သမ္မတအဖြစ် ထပ်မံရွေးကောက်ခံခဲ့ရပါ တယ်။ အသက်(၇၆)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမတိုင်ခင် ကြီးမားတဲ့စိန်ခေါ်မှု တွေကိုရင်ဆိုင်ခဲ့ရပြီး ဒီမိုကရက်တစ်ပါတီရဲ့ အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုး ရက ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲမဝင်နိုင်အောင် နေအိမ်တွေကို စီးနင်းရှာဖွေမှုအပြင် စွဲချက်အမျိုးမျိုး တင်ကာ ဟန့်တားဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် ဟာ သမ္မတရွေးကောက်ပွဲမတိုင်ခင် ဇူလိုင် (၁၃) ရက် မှာလုပ်ကြံခံရမှု ရင်ဆိုင်ခဲ့ရပေမယ့်အသက်ရှင်လွတ် မြောက်ခဲ့ပြီး သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် မြောက်ထပ်မံအနိုင်ရခဲ့ကာ တိုင်းမ်မဂ္ဂဇင်းကချီးမြှင့်တဲ့ တစ်နှစ်တာအကျော်ကြားဆုံးလူသားဆုကို ရယူနိုင်ခဲ့ ပါတယ်။

ဆီးရီးယားသမ္မတ ပြည်ပထွက်ပြေးရမှု
ဆီးရီးယားနိုင်ငံမှာ နိုဝင်ဘာ နောက်ဆုံးသီတင်း ပတ်က လက်နက်ကိုင်တိုက်ပွဲတွေတစ်ကျော့ပြန် အ ရှိန်မြင့်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာလ (၈) ရက် မှာတော့ ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း (၂၄)နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဘာရှားအယ်အာဆက်ဟာ စစ် ရှုံးကာ ရုရှားနိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။ ဆီးရီးယား အစ္စလမ္မစ်လက်နက်ကိုင်အဖွဲ့ HTS အဖွဲ့ဟာ ဆီးရီး ယားနိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ဒမတ်စကတ်မြို့ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆီးရီးယားနိုင် ငံမှာ (၁၃) နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံး သတ်ခဲ့ရပါတယ်။ ဆီးရီးယားနိုင်ငံမှာ HTS အဖွဲ့က ဦးဆောင်ပြီး ဆီးရီးယားအသွင်ကူးပြောင်းရေးအစိုးရ အဖွဲ့ကိုဖွဲ့စည်းထားကာ လေးနှစ်အတွင်း ဆီးရီးယား ရွေးကောက်ပွဲကို တစ်ကျော့ပြန်ကျင်းပနိုင်အောင် ကြိုး ပမ်းသွားမယ်လို့ပြောဆိုထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ (၂၀၁၁)ခုနှစ်က ဆန္ဒပြပွဲ တွေဖြစ်လာခဲ့ပြီး သမ္မတ အာဆတ်ဦးဆောင်တဲ့အစိုးရ အဖွဲ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာက နေ ပြည်တွင်းစစ် (၁၃)နှစ်ကြာဖြစ်လာခဲ့တာဖြစ်ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲနဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ပြည်ပထွက်ပြေးရမှု
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင်လအတွင်း စတင် ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ဦးဆောင် ဆန္ဒပြပွဲတွေကြောင့် နိုင်ငံကို နှစ်ပေါင်း(၂၀)နီးပါး ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ ဩ ဂုတ် (၈) ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒ ပြအုပ်စုတွေဟာ ဩဂုတ်လ (၈)ရက်မှာ ဒါကာမြို့ရှိ ဝန်ကြီးချုပ်ရုံးကိုစီးနင်းခဲ့ရာ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဟာ ရာထူးကနုတ်ထွက်ကာ ရဟတ်ယာဉ်နဲ့ အိန္ဒိယ နိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။ ရှိတ်ဟာစီနာ ဝန်ကြီး ချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အငြင်းပွားဖွယ်ရာအ များအပြားဖြစ်ပွားခဲ့သလို ဆန္ဒပြပွဲတွေလည်း မကြာ ခဏဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်း အရှိန်မြင့်ဖြစ်လာခဲ့တဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေဟာအသက် (၇၆) နှစ်အရွယ် ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ပြည်ပထွက်ပြေးရတဲ့အထိ အောင်မြင်ခဲ့တယ်လို့ဆို ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်ခံပါတီက ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမယ့် ရှိတ်ဟာစီနာဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက တော့ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့ရာ က အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန် မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်က ဘင်္ဂလား ဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့ကိုဦးဆောင်နေပြီး နိုင်ငံ အတွင်း ရွေးကောက်ပွဲကို(၂)နှစ်အတွင်း ကျင်းပ မယ်လို့ ကတိပြုထားပါတယ်။

တောင်ကိုရီးယားစစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှု နဲ့ သမ္မတ ရာထူးကဆိုင်းငံ့ခံရမှု
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က ဒီဇင်ဘာ (၃)ရက်မှာ နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ဥပဒေကိုထုတ်ပြန်ခဲ့ရာ အတိုက်ခံပါတီတွေရဲ့လွှတ် တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်း စွပ်စွဲ ပြစ်တင်ခဲ့ပြီး ဒီဇင်ဘာ (၁၄)ရက်မှာ ယွန်ဆက်ယိုလ် ကို ရာထူးက ဆိုင်းငံ့ခဲ့ပါတယ်။
ယွန်ဆက်ယိုလ် ရာထူးကဆိုင်းငံ့ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ ဟန်ဒက်ဆိုက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပေမယ့် ဒီဇင်ဘာ (၂၈)ရက်မှာ ထပ်မံပြီး လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံကာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။ လွှတ်တော်ကစွပ်စွဲပြစ်တင်ခံ ရကာ ရာထူးကဆိုင်းငံ့ခံရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်နဲ့ ဟန်ဒက်ဆိုတို့ နှစ်ဦးဟာဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ခံယူရမှာဖြစ် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံဟာ ယွန်ဆက် ယိုလ် နဲ့ ဟန်ဒက်ဆိုတို့ နှစ်ဦးကို ရာထူးမှာ ဆက်လက် ခန့်ထားဖို့သင့်မသင့်ဆိုတာကို ရက်ပေါင်း (၁၈၀) အတွင်း အပြီးသတ်ဆုံးဖြတ်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟာ ယာယီသမ္မတအဖြစ်တာဝန်ယူနေပြီး အတိုက်ခံပါတီတွေရဲ့တောင်းဆိုချက်ကို မလိုက် လျောရင် လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်အပြောင်းအလဲနဲ့အတူ ပေတွန် တန် ရှင်နာဝါထရာ ဝန်ကြီးချုပ်ဖြစ်လာ
ထိုင်းနိုင်ငံရေးဟာ (၂၀၂၄) ခုနှစ် အစောပိုင်း ကာလတွေမှာ အလှုပ်ခတ်များခဲ့ပြီး ဩဂုတ်လ အတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူး ကနေဖယ်ရှားဖို့ ဆုံးဖြတ်ခံရပြီးနောက် ဖြူထိုင်းပါတီ ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ပေတွန်တန်ရှင်နာဝါထ ရာက ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။ ဆာ ရက်သာတာဗီဆင်ဟာ အစိုးရအဖွဲ့ဝင်အဖြစ် ဝန်ကြီး တွေခန့်အပ်ရာမှာ အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် အတိုက်ခံပါတီတွေရဲ့ဝေဖန်ပြစ်တင်မှုတွေကိုခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆာ ရက်သာတာ ဗီဆင်ကို နိုင်ငံအပေါ်သစ္စာမရှိတဲ့ဆုံးဖြတ်ချက်နဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ပေတွန်တန်ရှင်နာဝါထရာဟာ ဩဂုတ်လ (၁၆) ရက်မှာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်သမိုင်းမှာ အသက် အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ခံရပြီးထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုက ထိုင်း ဝန်ကြီးချုပ်အဖြစ်ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်မြောက် တာဝန်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရက အကျင့်ပျက်လာဘ်စားမှုတွေကြောင့် ဝန်ကြီးတွေကိုထုတ်ပယ်
တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အကျင့်ပျက်လာဘ်စားမှုတွေကို အရှိန်မြင့် ဖြိုခွင်းခဲ့ရာ (၂၀၂၄)ခုနှစ်အတွင်းမှာ အ ကျင့်ပျက်လာဘ်စားမှုတွေနဲ့ ဆက်နွှယ်ပြီး တရုတ် အစိုးရအဖွဲ့ဝန်ကြီးတွေကို ရာထူးကနေ ထုတ်ပယ်ခံခဲ့ ရပါတယ်။ တရုတ်အစိုးရဟာ တရုတ်ကာကွယ်ရေး ဝန်ကြီးတွေအပြင် စစ်ဘက်ထိပ်တန်းအရာရှိကြီး တွေကို ရာထူးထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ကာကွယ်ရေးဝန်ကြီးဖြစ်သူ Wei Fenghe ဝေဖန်ဟဲကိုလည်း ရာထူးက ထုတ် ပယ်ခဲ့ကြောင်း ဇွန်လ (၂၇)ရက်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲ ဟာ (၂၀၂၃) ခုနှစ် စက်တင်ဘာလတည်းက အကျင့် ပျက်လာဘ်စားမှုနဲ့ဆက်နွှယ်ပြီးစတင်စုံစမ်းစစ်ဆေး ခံရကာဇွန်လမှာ ရာထူးကထုတ်ပယ်တယ်လို့ တရုတ် အစိုးရက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရဟာ ဇူလိုင်လအတွင်းမှာပဲ တရုတ် ဒုံး ကျည်တပ်ဖွဲ့ကတပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လီယူချို အပါအဝင် တရုတ်စစ်တပ်က အကြီးတန်းအရာရှိ အနည်းဆုံး (၉) ဦးကို ရာထူးကထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲနေရာကို ဆက်ခံခဲ့သူ လီရှန်ဖုကိုလည်း အ ကျင့်ပျက်လာဘ်စားမှုနဲ့ဆက်နွှယ်ပြီး စုံစမ်းစစ်ဆေး ကာအောက်တိုဘာ (၂၄) ရက်မှာလည်း ကာကွယ်ရေး ဝန်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဖြစ်လာ
အင်ဒိုနီးရှားအငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ် တဲ့ ပရာဘိုဝီဟာ ရွေးကောက်ပွဲမှာနိုင်ရခဲ့ပြီးနောက် (၂၀၂၄) ခုနှစ် အောက်တိုဘာ (၂၁)ရက်မှာ သမ္မတ အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အသက် (၇၃)နှစ်အရွယ်ရှိ ပရာဘိုဝီဟာ လူအခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ နှစ်ပေါင်းများစွာကြာစွပ်စွဲခံရပေ မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ (၈) ဦးမြောက်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အင်ဒိုနိးရှားနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့ရာ ပရာဘိုဝီက မဲပေးခွင့်ရှိသူအားလုံးရဲ့ထောက်ခံမဲ (၅၈)ရာခိုင်နှုန်း ရရှိခဲ့တယ်လို့သိရပါတယ်။ ပရာဘိုဝီ ဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် အင်ဒိုနီးရှား အစိုးရအဖွဲ့သမိုင်းမှာ အကြီးမားဆုံးအစိုးရအဖွဲ့ကိုဖွဲ့ စည်းခဲ့ပြီး ဝန်ကြီးအနည်းဆုံး (၄၈)ဦးခန့်အပ်ခဲ့ပါ တယ်။ ပရာဘိုဝီဟာ သမ္မတရွေးကောက်ပွဲကို နှစ် ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီ လအတွင်းကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရပြီး သမ္မတအသစ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဟာ (၂၀၂၄)ခုနှစ် ဒီဇင်ဘာ (၂၉)ရက်မှာ ကွယ်လွန် သွားခဲ့တယ်လို့သိရပါတယ်။ ဂျင်မီကာတာဟာ သေ ဆုံးချိန်မှာအသက် (၁၀ဝ)အရွယ်ရှိနေပြီး ဆေးရုံမှာ (၂)နှစ်ကြာတက်ရောက်ကုသခဲ့ပေမယ့် ဒီဇင်ဘာ (၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဂျင်မီကာတာဟာ အမေရိကန်နိုင်ငံရဲ့ (၃၉)ဦးမြောက် သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးပြီး (၂၀ဝ၂)ခုနှစ်မှာ ငြိမ်း ချမ်းရေးနိုဘယ်ဆုကိုရယူနိုင်ခဲ့ကာ ဂျော်ဂျီယာပြည် နယ်ရှိနေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဂျင်မီ ကာတာဟာ အမေရိကန်နိုင်ငံရဲ့သက်ရှိထင်ရှားရှိနေ တဲ့ သမ္မတတွေထဲမှာ အသက်အကြီးဆုံးလည်းဖြစ်ပါ တယ်။ သမ္မတဟောင်းဂျင်မီကာတာရဲ့ဈာပနကို အမေရိကန်အစိုးရက နိုင်ငံတော်အဆင့်ကျင်းပပေးမှာဖြစ်ပြီး ဝါရှင်တန်မြို့အပြင် အမေရိကန်ရှိ တ ခြားမြို့တွေမှာ ဂျင်မီကာတာကို အောက်မေ့ဖွယ် ဈာပနပွဲကျင်းပမှာဖြစ်ပါတယ်။
ဂျင်မီကာတာရဲ့ရုပ်အလောင်းကို ဂျော်ဂျီယာ ပြည်နယ် Plains မြို့မှာ ဂူသွင်းမမြှုပ်နှံခင် (၂၀၂၅)ခုနှစ် ဇန်ဝါရီ (၉)ရက်မှာ နိုင်ငံတော်အဆင့် ဈာပနနဲ့ ဂုဏ်ပြပေးမှာလည်းဖြစ်ပါတယ်။ ဂျင်မီကာတာဟာ အမေရိကန်သမ္မတအဖြစ် (၁၉၇၇)ခုနှစ်ကနေ (၁၉၈၁)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။ ဂျင်မီကာတာရဲ့ဈာပနကို နိုင်ငံတော် အဆင့် ဂုဏ်ပြုကျင်းပမှာဖြစ်တဲ့အတွက် အမေရိကန် အစိုးရဟာ (၂၀၂၅)ခုနှစ် ဇန်နဝါရီ (၉)ရက်မှာ ဝမ်း နည်းခြင်းအထိမ်းမှတ်အဖြစ် ရုံးပိတ်ပေးမှာဖြစ်သလို နယူးယောက်အိတ်ချိန်းဈေးကွက်အပါအဝင် အမေရိ ကန်ဘဏ္ဍာရေးဈေးကွက်ကိုလည်း ပိတ်မှာဖြစ်ပါ တယ်။ ဒါ့ပြင် အမေရိကန်အစိုးရရုံးအဆောက်အအုံတွေမှာလည်း အမေရိကန်နိုင်ငံအလံကို ရက်ပေါင်း (၃၀)ကြာ တိုင်တစ်ဝက်လွှင့်ထူပြီး ဂုဏ်ပြုပေးမှာဖြစ် တယ်လို့သိရပါတယ်။

zawgyi version
ႏိုင္ငံ့ေခါင္းေဆာင္ေတြ ႏိုင္ငံတြင္းကေနထြက္ေျပးရတဲ့ (၂၀၂၄)ရဲ႕ စိတ္ဝင္စားဖြယ္ျဖစ္ရပ္အႏွစ္ခ်ဳပ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၈

သမိုင္းတြင္က်န္ရစ္မယ့္အျဖစ္ပ်က္ေတြဟာ ႏွစ္ စဥ္ႏွစ္တိုင္း ျဖစ္ပြားေလ့ရွိေနရာ (၂၀၂၄)ခုႏွစ္မွာလည္း ကမာၻ႔သမိုင္းမွာ သမိုင္းတြင္က်န္ရစ္မယ့္ အ ျဖစ္အပ်က္မ်ားစြာ ျဖစ္ပြားခဲ့ပါတယ္။ (၂၀၂၄)ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ အျဖစ္ပ်က္ ေတြထဲကေန မွတ္မွတ္ထင္ထင္ျဖစ္ေစခဲ့သလို လူ စိတ္ဝင္စားမႈအမ်ားဆုံးျဖစ္ခဲ့ရတဲ့ ကမာၻ႔အေၾကာင္း အရာေတြကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။

အီရန္ နဲ႔ အစၥေရးစစ္ပြဲ

အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားခဲ့တဲ့ ဂါဇာစစ္ပြဲနဲ႔ဆက္ႏႊယ္ၿပီး အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို (၂၀၂၄)ခုႏွစ္ ဧၿပီလ(၁၃)ရက္အ တြင္း ပဲ့ထိန္းဒုံးက်ည္အစင္းေရ (၃၀ဝ)အျပင္၊ ဒ႐ုန္း ေတြအသုံးျပဳၿပီးတိုက္ခိုက္ခဲ့ရာ အစၥေရးႏိုင္ငံကလည္း တိုက္ေလယာဥ္ေတြအသုံးျပဳၿပီး လက္တုံ႔ျပန္ခဲ့သလို အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ျမင့္ တက္ခဲ့ရာ စိုးရိမ္မႈမ်ားစြာျဖစ္လာေစခဲ့ပါတယ္။ အီရန္ ႏိုင္ငံက ဒုံးက်ည္ေတြနဲ႔တိုက္ခိုက္မႈေၾကာင့္ အစၥေရး ႏိုင္ငံရဲ႕ ေလတပ္အေဆာက္အအုံတခ်ိဳ႕ ထိခိုက္ပ်က္ စီးခဲ့ရသလို အစၥေရးႏိုင္ငံရဲ႕လက္တုံ႔ျပန္မႈေတြေၾကာင့္ အီရန္ႏိုင္ငံရဲ႕ အဓိကအေရးပါတဲ့ အေဆာက္အအုံ ေတြ၊ ထိခိုက္ပ်က္စီးခဲ့ရပါတယ္။ အီရန္ဟာ ေအာက္ တိုဘာ (၂)ရက္ေန႔မွာ အစၥေရးႏိုင္ငံကို ပဲ့ထိန္းဒုံး က်ည္အစင္းေရ (၁၈၀)နဲ႔ ထပ္မံတိုက္ခိုက္ခဲ့ၿပီး အစၥေရးကလည္း အီရန္ကို ေအာက္တိုဘာလ (၂၆) ရက္မွာ တိုက္ေလယာဥ္ေတြ အသုံးျပဳကာ လက္တုံ႔ ျပန္တိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား စစ္ေရးတင္းမာမႈ ပိုမိုျဖစ္လာခဲ့ပါတယ္။

အစၥေရးနဲ႔ဟစ္ဇ္ဘိုလာစစ္ပြဲ

အစၥေရးဟာ ဂါဇာစစ္ပြဲနဲ႔ဆက္ႏႊယ္ၿပီး ၎ႏိုင္ငံဘက္ျခမ္းကို ေရာ့ကတ္ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ေနတဲ့ ဟစ္ဇ္ဘိုလာအဖြဲ႕ကို စက္တင္ဘာ (၂၆)ရက္မွာ ထိုးစစ္အရွိန္ျမႇင့္တိုက္ခိုက္ခဲ့ရာ ႏွစ္ဖက္ စစ္ေရးတင္းမာမႈျမင့္တက္ခဲ့ၿပီး အစၥေရးနဲ႔ဟစ္ဇ္ဘို လာအဖြဲ႕ၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ဟစ္ဇ္ဘိုလာအဖြဲ႕ ေခါင္းေဆာင္အျဖစ္ ႏွစ္ေပါင္း(၃၀)ၾကာ တာဝန္ယူ ေနတဲ့ ဟတ္ဆန္နက္ရယ္လာဟာ ေအာက္တိုဘာလ အေစာပိုင္းမွာေသဆုံးခဲ့သလို ဟားမတ္စ္အဖြဲ႕ရဲ႕အဓိ ကေခါင္းေဆာင္ေတြ ေသဆုံးခဲ့ပါတယ္။ ဟစ္ဇ္ဘိုလာ အဖြဲ႕ အဓိကေခါင္းေဆာင္ ဟတ္ဆန္နက္ရယ္လာ ေသဆုံးခဲ့ၿပီးေနာက္ အစၥေရးနဲ႔ဟစ္ဇ္ဘိုလာအဖြဲ႕ၾကား စစ္ေရးတင္းမာမႈအရွိန္ ပိုမိုျမင့္တက္ကာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံအျပင္ ေဒသအ တြင္းႏိုင္ငံေတြရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ လက္ ရွိအခ်ိန္မွာ အပစ္အခတ္ရပ္စဲေရးရယူထားႏိုင္တယ္ လို႔သိရပါတယ္။

အီရန္သမၼတ ေလယာဥ္ပ်က္က်ေသဆုံးမႈ

အီရန္သမၼတ အီဘရာဟင္႐ိုင္စီဟာ အီရန္နဲ႔ အာဇာဘိုင္ဂ်န္နယ္စပ္ကို ေမလ (၁၉)ရက္က သြား ေရာက္ခ်ိန္အတြင္း ရဟတ္ယာဥ္ေပၚလိုက္ပါလာသူ အားလုံးေသဆုံးသြားခဲ့ပါတယ္။ အီရန္သမၼတနဲ႔အတူ အီရန္အစိုးရတာဝန္ရွိသူေတြဟာ Bell (၂၁၂) အမ်ိဳး အစား ရဟတ္ယာဥ္နဲ႔သြားေရာက္ခဲ့တာျဖစ္ၿပီး အဲဒီ ရဟတ္ယာဥ္ဟာ စက္ပိုင္းဆိုင္ရာခြၽတ္ယြင္းခ်က္ေတြ ေၾကာင့္ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ Bell (၂၁၂)အမ်ိဳးအစားရဟတ္ယာဥ္ဟာ သက္တမ္း ရင့္ေနတဲ့ ရဟတ္ယာဥ္အမ်ိဳးအစားျဖစ္ၿပီး အီရန္ဟာ စီးပြားေရးပိတ္ဆို႔ခံထားရတဲ့အတြက္ ေလယာဥ္နဲ႔ပတ္ သက္တဲ့အပိုပစၥည္းေတြ လုံေလာက္စြာတင္သြင္းႏိုင္ တာမ်ိဳးမရွိတဲ့အတြက္ စက္ပိုင္းဆိုင္ရာခြၽတ္ယြင္းခ်က္ ေတြျဖစ္ခဲ့ကာ ပ်က္က်ခဲ့ျခင္းျဖစ္တယ္လို႔ အီရန္ အာဏာပိုင္ေတြက သတင္းထုတ္ျပန္ထားပါတယ္။

အေမရိကန္ေ႐ြးေကာက္ပြဲနဲ႔ ေဒၚနယ္ထရမ့္အႏိုင္ရမႈ
အေမရိကန္ေ႐ြးေကာက္ပြဲကို (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာ (၅)ရက္မွာက်င္းပခဲ့ရာ သမၼတေဟာင္း ေဒၚ နယ္ထရမ့္ဟာ ကာမီလာဟဲရစ္ကိုအႏိုင္ရခဲ့ၿပီး အေမ ရိကန္ႏိုင္ငံရဲ႕သမၼတအျဖစ္ ထပ္မံေ႐ြးေကာက္ခံခဲ့ရပါ တယ္။ အသက္(၇၆)ႏွစ္အ႐ြယ္ရွိ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ႀကီးမားတဲ့စိန္ေခၚမႈ ေတြကိုရင္ဆိုင္ခဲ့ရၿပီး ဒီမိုကရက္တစ္ပါတီရဲ႕ အေမရိ ကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုး ရက ေဒၚနယ္ထရမ့္ကို ေ႐ြးေကာက္ပြဲမဝင္ႏိုင္ေအာင္ ေနအိမ္ေတြကို စီးနင္းရွာေဖြမႈအျပင္ စြဲခ်က္အမ်ိဳးမ်ိဳး တင္ကာ ဟန႔္တားဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ ဟာ သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ ဇူလိုင္ (၁၃) ရက္ မွာလုပ္ႀကံခံရမႈ ရင္ဆိုင္ခဲ့ရေပမယ့္အသက္ရွင္လြတ္ ေျမာက္ခဲ့ၿပီး သမၼတေ႐ြးေကာက္ပြဲမွာ ဒုတိယအႀကိမ္ ေျမာက္ထပ္မံအႏိုင္ရခဲ့ကာ တိုင္းမ္မဂၢဇင္းကခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေက်ာ္ၾကားဆုံးလူသားဆုကို ရယူႏိုင္ခဲ့ ပါတယ္။

ဆီးရီးယားသမၼတ ျပည္ပထြက္ေျပးရမႈ
ဆီးရီးယားႏိုင္ငံမွာ ႏိုဝင္ဘာ ေနာက္ဆုံးသီတင္း ပတ္က လက္နက္ကိုင္တိုက္ပြဲေတြတစ္ေက်ာ့ျပန္ အ ရွိန္ျမင့္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဒီဇင္ဘာလ (၈) ရက္ မွာေတာ့ ဆီးရီးယားႏိုင္ငံကို ႏွစ္ေပါင္း (၂၄)ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ သမၼတ ဘာရွားအယ္အာဆက္ဟာ စစ္ ရႈံးကာ ႐ုရွားႏိုင္ငံကိုထြက္ေျပးခဲ့ရပါတယ္။ ဆီးရီးယား အစၥလမၼစ္လက္နက္ကိုင္အဖြဲ႕ HTS အဖြဲ႕ဟာ ဆီးရီး ယားႏိုင္ငံရဲ႕ အဓိကၿမိဳ႕ေတာ္ျဖစ္တဲ့ ဒမတ္စကတ္ၿမိဳ႕ ကို တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီးေနာက္ ဆီးရီးယားႏိုင္ ငံမွာ (၁၃) ႏွစ္ၾကာျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ အဆုံး သတ္ခဲ့ရပါတယ္။ ဆီးရီးယားႏိုင္ငံမွာ HTS အဖြဲ႕က ဦးေဆာင္ၿပီး ဆီးရီးယားအသြင္ကူးေျပာင္းေရးအစိုးရ အဖြဲ႕ကိုဖြဲ႕စည္းထားကာ ေလးႏွစ္အတြင္း ဆီးရီးယား ေ႐ြးေကာက္ပြဲကို တစ္ေက်ာ့ျပန္က်င္းပႏိုင္ေအာင္ ႀကိဳး ပမ္းသြားမယ္လို႔ေျပာဆိုထားပါတယ္။
ဆီးရီးယားႏိုင္ငံမွာ (၂၀၁၁)ခုႏွစ္က ဆႏၵျပပြဲ ေတြျဖစ္လာခဲ့ၿပီး သမၼတ အာဆတ္ဦးေဆာင္တဲ့အစိုးရ အဖြဲ႕က ဆႏၵျပသူေတြကို အၾကမ္းဖက္ၿဖိဳခြင္းခဲ့ရာက ေန ျပည္တြင္းစစ္ (၁၃)ႏွစ္ၾကာျဖစ္လာခဲ့တာျဖစ္ပါ တယ္။

ဘဂၤလားေဒ့ရွ္ဆႏၵျပပြဲနဲ႔ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ျပည္ပထြက္ေျပးရမႈ
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဇူလိုင္လအတြင္း စတင္ ျဖစ္ပြားခဲ့တဲ့ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ဦးေဆာင္ ဆႏၵျပပြဲေတြေၾကာင့္ ႏိုင္ငံကို ႏွစ္ေပါင္း(၂၀)နီးပါး ၾကာအုပ္ခ်ဳပ္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာဟာ ဩ ဂုတ္ (၈) ရက္မွာ အိႏၵိယႏိုင္ငံကို ထြက္ေျပးခဲ့ရပါတယ္။
တကၠသိုလ္ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵ ျပအုပ္စုေတြဟာ ဩဂုတ္လ (၈)ရက္မွာ ဒါကာၿမိဳ႕ရွိ ဝန္ႀကီးခ်ဳပ္႐ုံးကိုစီးနင္းခဲ့ရာ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ ဟာ ရာထူးကႏုတ္ထြက္ကာ ရဟတ္ယာဥ္နဲ႔ အိႏၵိယ ႏိုင္ငံကိုထြက္ေျပးခဲ့ရပါတယ္။ ရွိတ္ဟာစီနာ ဝန္ႀကီး ခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အျငင္းပြားဖြယ္ရာအ မ်ားအျပားျဖစ္ပြားခဲ့သလို ဆႏၵျပပြဲေတြလည္း မၾကာ ခဏျဖစ္ပြားခဲ့ၿပီး ဇူလိုင္လအတြင္း အရွိန္ျမင့္ျဖစ္လာခဲ့တဲ့တကၠသိုလ္ေက်ာင္းသားေတြရဲ႕ဆႏၵျပပြဲေတြဟာအသက္ (၇၆) ႏွစ္အ႐ြယ္ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာကို ျပည္ပထြက္ေျပးရတဲ့အထိ ေအာင္ျမင္ခဲ့တယ္လို႔ဆို ၾကပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အတိုက္ခံပါတီက ေ႐ြးေကာက္ပြဲကို ဆန႔္က်င္သပိတ္ေမွာက္ခဲ့ေပမယ့္ ရွိတ္ဟာစီနာဦးေဆာင္တဲ့ ဘဂၤလားေဒ့ရွ္အစိုးရက ေတာ့ ဇန္နဝါရီလအတြင္း ေ႐ြးေကာက္ပြဲက်င္းပခဲ့ရာ က အျငင္းပြားမႈေတြျဖစ္ပြားခဲ့ပါတယ္။ လက္ရွိအခ်ိန္ မွာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ယူႏြတ္က ဘဂၤလား ေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕ကိုဦးေဆာင္ေနၿပီး ႏိုင္ငံ အတြင္း ေ႐ြးေကာက္ပြဲကို(၂)ႏွစ္အတြင္း က်င္းပ မယ္လို႔ ကတိျပဳထားပါတယ္။

ေတာင္ကိုရီးယားစစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈ နဲ႔ သမၼတ ရာထူးကဆိုင္းငံ့ခံရမႈ
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က ဒီဇင္ဘာ (၃)ရက္မွာ ႏိုင္ငံအတြင္း စစ္အုပ္ခ်ဳပ္ေရး ဥပေဒကိုထုတ္ျပန္ခဲ့ရာ အတိုက္ခံပါတီေတြရဲ႕လႊတ္ ေတာ္ကိုယ္စားလွယ္ေတြက လႊတ္ေတာ္အတြင္း စြပ္စြဲ ျပစ္တင္ခဲ့ၿပီး ဒီဇင္ဘာ (၁၄)ရက္မွာ ယြန္ဆက္ယိုလ္ ကို ရာထူးက ဆိုင္းငံ့ခဲ့ပါတယ္။
ယြန္ဆက္ယိုလ္ ရာထူးကဆိုင္းငံ့ခံရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ျဖစ္သူ ဟန္ဒက္ဆိုက ယာယီသမၼတအျဖစ္ တာဝန္ယူခဲ့ေပမယ့္ ဒီဇင္ဘာ (၂၈)ရက္မွာ ထပ္မံၿပီး လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံကာ ရာထူးကေန ဆိုင္းငံ့ခံခဲ့ရပါတယ္။ လႊတ္ေတာ္ကစြပ္စြဲျပစ္တင္ခံ ရကာ ရာထူးကဆိုင္းငံ့ခံရတဲ့ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္နဲ႔ ဟန္ဒက္ဆိုတို႔ ႏွစ္ဦးဟာဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ခံယူရမွာျဖစ္ ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံဟာ ယြန္ဆက္ ယိုလ္ နဲ႔ ဟန္ဒက္ဆိုတို႔ ႏွစ္ဦးကို ရာထူးမွာ ဆက္လက္ ခန႔္ထားဖို႔သင့္မသင့္ဆိုတာကို ရက္ေပါင္း (၁၈၀) အတြင္း အၿပီးသတ္ဆုံးျဖတ္မွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ေတာင္ကိုရီးယား ဘ႑ာေရးဝန္ႀကီး ဟာ ယာယီသမၼတအျဖစ္တာဝန္ယူေနၿပီး အတိုက္ခံပါတီေတြရဲ႕ေတာင္းဆိုခ်က္ကို မလိုက္ ေလ်ာရင္ လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္မႈေတြကို ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္အေျပာင္းအလဲနဲ႔အတူ ေပတြန္ တန္ ရွင္နာဝါထရာ ဝန္ႀကီးခ်ဳပ္ျဖစ္လာ
ထိုင္းႏိုင္ငံေရးဟာ (၂၀၂၄) ခုႏွစ္ အေစာပိုင္း ကာလေတြမွာ အလႈပ္ခတ္မ်ားခဲ့ၿပီး ဩဂုတ္လ အတြင္းမွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဝန္ႀကီးခ်ဳပ္ရာထူး ကေနဖယ္ရွားဖို႔ ဆုံးျဖတ္ခံရၿပီးေနာက္ ျဖဴထိုင္းပါတီ ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေပတြန္တန္ရွင္နာဝါထ ရာက ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာခဲ့ပါတယ္။ ဆာ ရက္သာတာဗီဆင္ဟာ အစိုးရအဖြဲ႕ဝင္အျဖစ္ ဝန္ႀကီး ေတြခန႔္အပ္ရာမွာ အျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ အတိုက္ခံပါတီေတြရဲ႕ေဝဖန္ျပစ္တင္မႈေတြကိုခံရၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဆာ ရက္သာတာ ဗီဆင္ကို ႏိုင္ငံအေပၚသစၥာမရွိတဲ့ဆုံးျဖတ္ခ်က္နဲ႔ ဝန္ႀကီးခ်ဳပ္ရာထူးကေန ဖယ္ရွားခဲ့တာျဖစ္ပါတယ္။
ေပတြန္တန္ရွင္နာဝါထရာဟာ ဩဂုတ္လ (၁၆) ရက္မွာ ထိုင္းႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္သမိုင္းမွာ အသက္ အငယ္ဆုံး ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီးထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္မိသားစုက ထိုင္း ဝန္ႀကီးခ်ဳပ္အျဖစ္ဝန္ႀကီးခ်ဳပ္အျဖစ္ သုံးႀကိမ္ေျမာက္ တာဝန္ယူခြင့္ရခဲ့တာျဖစ္ပါတယ္။

တ႐ုတ္အစိုးရက အက်င့္ပ်က္လာဘ္စားမႈေတြေၾကာင့္ ဝန္ႀကီးေတြကိုထုတ္ပယ္
တ႐ုတ္ႏိုင္ငံမွာ ရွီက်င့္ဖ်င္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း အက်င့္ပ်က္လာဘ္စားမႈေတြကို အရွိန္ျမင့္ ၿဖိဳခြင္းခဲ့ရာ (၂၀၂၄)ခုႏွစ္အတြင္းမွာ အ က်င့္ပ်က္လာဘ္စားမႈေတြနဲ႔ ဆက္ႏႊယ္ၿပီး တ႐ုတ္ အစိုးရအဖြဲ႕ဝန္ႀကီးေတြကို ရာထူးကေန ထုတ္ပယ္ခံခဲ့ ရပါတယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္ကာကြယ္ေရး ဝန္ႀကီးေတြအျပင္ စစ္ဘက္ထိပ္တန္းအရာရွိႀကီး ေတြကို ရာထူးထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။
တ႐ုတ္အစိုးရဟာ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ Wei Fenghe ေဝဖန္ဟဲကိုလည္း ရာထူးက ထုတ္ ပယ္ခဲ့ေၾကာင္း ဇြန္လ (၂၇)ရက္မွာ သတင္းထုတ္ ျပန္ခဲ့ပါတယ္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဝဖန္ဟဲ ဟာ (၂၀၂၃) ခုႏွစ္ စက္တင္ဘာလတည္းက အက်င့္ ပ်က္လာဘ္စားမႈနဲ႔ဆက္ႏႊယ္ၿပီးစတင္စုံစမ္းစစ္ေဆး ခံရကာဇြန္လမွာ ရာထူးကထုတ္ပယ္တယ္လို႔ တ႐ုတ္ အစိုးရက သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ တ႐ုတ္အစိုးရဟာ ဇူလိုင္လအတြင္းမွာပဲ တ႐ုတ္ ဒုံး က်ည္တပ္ဖြဲ႕ကတပ္မႉးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး လီယူခ်ိဳ အပါအဝင္ တ႐ုတ္စစ္တပ္က အႀကီးတန္းအရာရွိ အနည္းဆုံး (၉) ဦးကို ရာထူးကထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္အစိုးရဟာ ကာကြယ္ေရးဝန္ႀကီး ေဝဖန္ဟဲေနရာကို ဆက္ခံခဲ့သူ လီရွန္ဖုကိုလည္း အ က်င့္ပ်က္လာဘ္စားမႈနဲ႔ဆက္ႏႊယ္ၿပီး စုံစမ္းစစ္ေဆး ကာေအာက္တိုဘာ (၂၄) ရက္မွာလည္း ကာကြယ္ေရး ဝန္ႀကီးရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။

အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲနဲ႔ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သမၼတျဖစ္လာ
အင္ဒိုနီးရွားအၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္ တဲ့ ပရာဘိုဝီဟာ ေ႐ြးေကာက္ပြဲမွာႏိုင္ရခဲ့ၿပီးေနာက္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာ (၂၁)ရက္မွာ သမၼတ အျဖစ္က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ အသက္ (၇၃)ႏွစ္အ႐ြယ္ရွိ ပရာဘိုဝီဟာ လူအခြင့္ေရးခ်ိဳးေဖာက္မႈေတြရွိခဲ့တယ္လို႔ ႏွစ္ေပါင္းမ်ားစြာၾကာစြပ္စြဲခံရေပ မယ့္ အင္ဒိုနီးရွားႏိုင္ငံရဲ႕ (၈) ဦးေျမာက္သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ အင္ဒိုနိးရွားႏိုင္ငံမွာ ေဖေဖာ္ဝါရီလအတြင္း ေ႐ြးေကာက္ပြဲက်င္းပခဲ့ရာ ပရာဘိုဝီက မဲေပးခြင့္ရွိသူအားလုံးရဲ႕ေထာက္ခံမဲ (၅၈)ရာခိုင္ႏႈန္း ရရွိခဲ့တယ္လို႔သိရပါတယ္။ ပရာဘိုဝီ ဟာ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ အင္ဒိုနီးရွား အစိုးရအဖြဲ႕သမိုင္းမွာ အႀကီးမားဆုံးအစိုးရအဖြဲ႕ကိုဖြဲ႕ စည္းခဲ့ၿပီး ဝန္ႀကီးအနည္းဆုံး (၄၈)ဦးခန႔္အပ္ခဲ့ပါ တယ္။ ပရာဘိုဝီဟာ သမၼတေ႐ြးေကာက္ပြဲကို ႏွစ္ ႀကိမ္ယွဥ္ၿပိဳင္ခဲ့ဖူးေပမယ့္ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီ လအတြင္းက်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးနဲ႔ အႏိုင္ရၿပီး သမၼတအသစ္ျဖစ္လာခဲ့သူျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ျဖစ္တဲ့ အေမရိကန္ သမၼတေဟာင္း ဂ်င္မီကာတာ ကြယ္လြန္
အေမရိကန္သမၼတေဟာင္း ဂ်င္မီကာတာ ဟာ (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာ (၂၉)ရက္မွာ ကြယ္လြန္ သြားခဲ့တယ္လို႔သိရပါတယ္။ ဂ်င္မီကာတာဟာ ေသ ဆုံးခ်ိန္မွာအသက္ (၁၀ဝ)အ႐ြယ္ရွိေနၿပီး ေဆး႐ုံမွာ (၂)ႏွစ္ၾကာတက္ေရာက္ကုသခဲ့ေပမယ့္ ဒီဇင္ဘာ (၂၉)ရက္ေန႔မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ဂ်င္မီကာတာဟာ အေမရိကန္ႏိုင္ငံရဲ႕ (၃၉)ဦးေျမာက္ သမၼတအျဖစ္တာဝန္ယူခဲ့ဖူးၿပီး (၂၀ဝ၂)ခုႏွစ္မွာ ၿငိမ္း ခ်မ္းေရးႏိုဘယ္ဆုကိုရယူႏိုင္ခဲ့ကာ ေဂ်ာ္ဂ်ီယာျပည္ နယ္ရွိေနအိမ္မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ ဂ်င္မီ ကာတာဟာ အေမရိကန္ႏိုင္ငံရဲ႕သက္ရွိထင္ရွားရွိေန တဲ့ သမၼတေတြထဲမွာ အသက္အႀကီးဆုံးလည္းျဖစ္ပါ တယ္။ သမၼတေဟာင္းဂ်င္မီကာတာရဲ႕ဈာပနကို အေမရိကန္အစိုးရက ႏိုင္ငံေတာ္အဆင့္က်င္းပေပးမွာျဖစ္ၿပီး ဝါရွင္တန္ၿမိဳ႕အျပင္ အေမရိကန္ရွိ တ ျခားၿမိဳ႕ေတြမွာ ဂ်င္မီကာတာကို ေအာက္ေမ့ဖြယ္ ဈာပနပြဲက်င္းပမွာျဖစ္ပါတယ္။
ဂ်င္မီကာတာရဲ႕႐ုပ္အေလာင္းကို ေဂ်ာ္ဂ်ီယာ ျပည္နယ္ Plains ၿမိဳ႕မွာ ဂူသြင္းမျမႇဳပ္ႏွံခင္ (၂၀၂၅)ခုႏွစ္ ဇန္ဝါရီ (၉)ရက္မွာ ႏိုင္ငံေတာ္အဆင့္ ဈာပနနဲ႔ ဂုဏ္ျပေပးမွာလည္းျဖစ္ပါတယ္။ ဂ်င္မီကာတာဟာ အေမရိကန္သမၼတအျဖစ္ (၁၉၇၇)ခုႏွစ္ကေန (၁၉၈၁)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသူ ျဖစ္တယ္လို႔ သိရပါတယ္။ ဂ်င္မီကာတာရဲ႕ဈာပနကို ႏိုင္ငံေတာ္ အဆင့္ ဂုဏ္ျပဳက်င္းပမွာျဖစ္တဲ့အတြက္ အေမရိကန္ အစိုးရဟာ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီ (၉)ရက္မွာ ဝမ္း နည္းျခင္းအထိမ္းမွတ္အျဖစ္ ႐ုံးပိတ္ေပးမွာျဖစ္သလို နယူးေယာက္အိတ္ခ်ိန္းေဈးကြက္အပါအဝင္ အေမရိ ကန္ဘ႑ာေရးေဈးကြက္ကိုလည္း ပိတ္မွာျဖစ္ပါ တယ္။ ဒါ့ျပင္ အေမရိကန္အစိုးရ႐ုံးအေဆာက္အအုံေတြမွာလည္း အေမရိကန္ႏိုင္ငံအလံကို ရက္ေပါင္း (၃၀)ၾကာ တိုင္တစ္ဝက္လႊင့္ထူၿပီး ဂုဏ္ျပဳေပးမွာျဖစ္ တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.